မော်တော်ယာဉ်များဖြင့် နေ့စဉ်မောင်းနှင်သွာလာနေရသူတွေအတွက် ယာဉ်တိုက်မှုဆိုတာ အချိန်မရွေး နေရာမရွေးမှာ အကြောင်းအမျိုးမျိုးနဲ့ တွေ့ကြုံရတတ်ပါတယ် (မကြုံကြရပါစေနဲ့)။
အကယ်၍ ကံမကောင်းအကြောင်းမလှလို့ ကြုံလာခဲ့ရင်တော့ သူမှားတာလား၊ ကိုယ်မှားတာလား။ ယာဉ်စည်းကမ်း လမ်းစည်းကမ်းမှာ ဘယ်လိုအချက်အလက်တွေနဲ့ အမှန်အမှား တာဝန်ယူမှုတွေ ဆုံးဖြတ်ကြမလဲဆိုတာ မဖြစ်မနေ သိထားသင့်ပါတယ်။
ယာဉ်တိုက်မှုအခြေနေပေါင်းများစွာကို ခြုံငုံမိစေတဲ့ ယာဉ်တိုက်မိခြင်း ပုံစံ (၁၀) မျိုးကို ဖော်ပြပေးလိုက်ပါတယ်။
၁။ ရပ်ထားသောယာဉ်ကို ဝင်တိုက်မိခြင်း
ရပ်ထားသောယာဉ်ကို အခြားယာဉ်တစ်စီးမှ ဝင်တိုက်မိတဲ့အခါမှာ တိုက်တဲ့ယာဉ်ရဲ့ အမှားပဲ ဖြစ်ပါတယ်။
ဒါပေမယ့် ညအချိန် အမှောင်ထဲမှာ ဘေးမီးဖွင့်မထားပဲ လမ်းမပေါ် ရပ်ထားခဲ့မယ်ဆိုရင် အန္တရာယ်မဖြစ်နိုင်အောင် သတိပေးမယ့်သူ ရှိမနေခဲ့ရင်တော့ ရပ်ထားတဲ့ယာဉ်မှာလည်း တာဝန်ရှိပါတယ်။
၂။ ရှေ့ယာဉ်အား နောက်ယာဉ်မှ ဝင်တိုက်မိခြင်း
နောက်ကယာဉ်မှာ တာဝန်ရှိပါတယ်၊ အရှေ့ကယာဉ်မှ ရုတ်တရက် ဘရိတ်စောင့်နင်းလို့ တိုက်သည်ဖြစ်စေ နည်းဥပဒေပုဒ်မ ၁၄၅ မှာ ရှေ့ယာဉ်ရုတ်တရက် ရပ်တန့်လျှင် နောက်ယာဉ်မှ ထိခိုက်မှုမဖြစ်စေရန် သင့်လျော်သော အကွာအဝေးမှ မောင်းနှင် လိုက်ပါရမည်ဟု ဖော်ပြထားပါတယ်။
သင့်လျော်သည့် အကွာအဝေးဆိုသည်မှာ ပုံသေမရှိသည့်အတွက် ရှေ့မှမောင်းနှင်သော ယာဉ်၏အရျိန်အပေါ် မူတည်ကာ ရုတ်တရက် ဘရိတ်အုတ်သည့်အခါ ရောက်ရှိမည့် အကွာအဝေး (Breaking Distance) ကို ချိညှိမောင်းနှင်ရမှာပါ။
ဒါပေမယ့် ချွင်းချက် တစ်ခုအနေနဲ့ ဖရီးယာဉ်ကြော အဖြစ် သတ်မှတ်ထားပြီး ရပ်မျဉ်းမရှိတဲ့ ကွေ့ကြောနေရာ တည့်တည့်မှာ တိုက်မိရင်တော့ ရှေ့ယာဉ်ရဲ့ အမှားဖြစ်ပါတယ်။ (လမ်းအမှတ်သား လိုက်နာခြင်းမရှိသည့်အတွက်)
၃။ လမ်းဆုံတွင် ယာဉ်နှစ်စီးတိုက်မိခြင်း
မိန်းလမ်းမကြီးနဲ့ လမ်သွယ်ဖြစ်ခဲ့ရင်တော့ လမ်းသွယ်ထဲက ယာဉ်ရဲ့တာဝန်ဖြစ်ပါတယ်။
နည်းဥပဒေ ၁၄၉(ခ)အရ လမ်းမကြီးမှယာဉ်ကို ဦးစားပေးရပါမယ်။ အကယ်၍ တူညီလမ်းဆုံမှာ တိုက်မိကြရင်တော့ နည်းဥပဒေ ၁၄၉(က)အရ လက်ယာဘက်က ယာဉ်ကို ဦးစားပေးရမှာဖြစ်ပါတယ်။ တူညီလမ်းဆုံသို့ ယာဉ်နှစ်စီး တစ်ပြိုင်တည်းရောက်ရှိပါက ဦးစွာရောက်သောယာဉ်ကို ဦးစားပေးရမည်ဖြစ်ပြီး။ တစ်ချိန်တည်း ရောက်ရှိပါက လက်ယာဘက်က ယာဉ်ကို ဦးစားပေးရမှာဖြစ်ပါတယ်။
၄။ လမ်းအလယ်တွင် ရင်ဆိုင်တိုက်မိခြင်း
ယာဉ်နှစ်စီးလုံးမှာ တာဝန်ရှိပါတယ်။ လက်ယာကပ်မောင်းစနစ် ကျင့်သုံးသည့်အတွက် မည်သည့်ယာဉ်မဆို လက်ယာဘက်ကပ်ပြီး မောင်းနှင်ရမှာဖြစ်ကြောင်း နည်းဥပဒေ ၁၄၁ မှာ ဖော်ပြထားပါတယ်။
အမြန်လမ်းကဲ့သို့ ယာဉ်ကြော ၃ ခုရှိသောလမ်းများမှာ လက်ဝဲဘက် အစွန်ဆုံးယာဉ်ကြောသည် ကျော်တက်ရန်နှင့် အမြန်မောင်းနှင်သည့်အခါတွင်သာ အသုံးပြုရပါမည်။
၅။ T ပုံသဏ္ဍန်လမ်းဆုံတွင် တိုက်မိခြင်း
T ပုံစံလမ်းပေါ်မှာ တိုက်မိပါက လမ်းမပေါ် ကွေ့ထွက်လာသည့် ယာဉ်၏အမှားဖြစ်သည်။
၆။ တည့်ယာဉ်နှင့် လက်ဝဲသို့ ဂငယ်ကွေ့ ကွေ့ယာဉ်တိုက်မိခြင်း
နည်းဥပဒေ ၁၄၈ နှင့် ၁၅၀ အရ တည့်တည့်လာနေသော ယာဉ်များ မရှင်းလင်းမီ ကွေ့ထွက်သော ယာဉ်၏အမှား ဖြစ်ပါတယ်။
၇။ လမ်းပြောင်းပြန်ကျော်တက် မျက်နှာချင်းဆိုင်ယာဉ်နှင့် တိုက်မိခြင်း
နည်းဥပဒေ ၁၄၆ အရ တစ်ဖက်ယာဉ်ကြောတွင် ယာဉ်မရှင်းလင်းပဲ လမ်းပြောင်းပြန်ကျော်တက်တဲ့ ယာဉ်၏အမှားဖြစ်ပြီး တာဝန်ရှိပါတယ်။
၈။ ဘေးချင်းယှဉ်ကျော်တက်၍ ပွတ်တိုက်မိခြင်း
လက်ဝဲဘက်မှ ကျော်တက် ပွတ်တိုက်မိသည့် ယာဉ်၏အမှားသာဖြစ်သည်။
၉။ အဝိုင်းတွင် ယာဉ်နှစ်စီးတိုက်မိခြင်း
နည်းဥပဒေ ၁၄၉ အရ အဝိုင်းပတ်နေသော ယာဉ်အမှန်ဖြစ်ပါတယ်။ အဝိုင်းပတ်ယာဉ်အချင်းချင်း တိုက်မိပါက လက်ဝဲဘက် အတွင်းယာဉ်ကြောက ယာဉ်က အမှန်ဖြစ်ပါတယ်။
၁၀။ မော်တော်ယာဉ်မှ လူကိုတိုက်မိခြင်း
စက်တပ်ယာဉ်နှင့် လူ တိုက်မိပါက စက်တပ်ယာဉ်၏ အမှားသာဖြစ်ပါတယ်။
ယာဉ်တိုက်မှုဟာ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်ပွားရပြီး အထူးသဖြင့် ယာဉ်မောင်းများရဲ့ ပေါ့လျော့မှု၊ သူတစ်ပါး၏ ပေါ့လျော့မှု၊ ယာဉ်၏စက်ချို့ယွင်းမှု၊ လမ်းအသုံးပြုသူများရဲ့ စည်းကမ်းမလိုက်နာမှုတွေကြောင့် အဖြစ်များရခြင်းဖြစ်ပါတယ်။
ယာဉ်မောင်းသူတိုင်း၊ လမ်းအသုံးပြုသူတိုင်း ဘေးအန္တရာယ် ကင်းရှင်းစွာနဲ့ လိုရာခရီးကို ရောက်နိုင်ကြပါစေ။
သင့်မိတ်ဆွေ သူငယ်ချင်းများလည်း သိရှိပြီး အားလုံးအန္တရာယ်ကင်းစေဖို့ မေတ္တာဖြင့် ရှယ်ပေးရင်း ယာဉ်အန္တရာယ်ကင်းရှင်းစေဖို့ ပါဝင်လိုက်ပါဦးနော်..။
ကိုးကား – Bo Win
Credit
Zawgyi
ေမာ္ေတာ္ယာဥ္မ်ားျဖင့္ ေန႔စဥ္ေမာင္းႏွင္သြာလာေနရသူေတြအတြက္ ယာဥ္တိုက္မႈဆိုတာ အခ်ိန္မေ႐ြး ေနရာမေ႐ြးမွာ အေၾကာင္းအမ်ိဳးမ်ိဳးနဲ႔ ေတြ႕ႀကဳံရတတ္ပါတယ္ (မႀကဳံၾကရပါေစနဲ႔)။
အကယ္၍ ကံမေကာင္းအေၾကာင္းမလွလို႔ ႀကဳံလာခဲ့ရင္ေတာ့ သူမွားတာလား၊ ကိုယ္မွားတာလား။ ယာဥ္စည္းကမ္း လမ္းစည္းကမ္းမွာ ဘယ္လိုအခ်က္အလက္ေတြနဲ႔ အမွန္အမွား တာဝန္ယူမႈေတြ ဆုံးျဖတ္ၾကမလဲဆိုတာ မျဖစ္မေန သိထားသင့္ပါတယ္။
ယာဥ္တိုက္မႈအေျခေနေပါင္းမ်ားစြာကို ၿခဳံငုံမိေစတဲ့ ယာဥ္တိုက္မိျခင္း ပုံစံ (၁၀) မ်ိဳးကို ေဖာ္ျပေပးလိုက္ပါတယ္။
၁။ ရပ္ထားေသာယာဥ္ကို ဝင္တိုက္မိျခင္း
ရပ္ထားေသာယာဥ္ကို အျခားယာဥ္တစ္စီးမွ ဝင္တိုက္မိတဲ့အခါမွာ တိုက္တဲ့ယာဥ္ရဲ႕ အမွားပဲ ျဖစ္ပါတယ္။
ဒါေပမယ့္ ညအခ်ိန္ အေမွာင္ထဲမွာ ေဘးမီးဖြင့္မထားပဲ လမ္းမေပၚ ရပ္ထားခဲ့မယ္ဆိုရင္ အႏၲရာယ္မျဖစ္ႏိုင္ေအာင္ သတိေပးမယ့္သူ ရွိမေနခဲ့ရင္ေတာ့ ရပ္ထားတဲ့ယာဥ္မွာလည္း တာဝန္ရွိပါတယ္။
၂။ ေရွ႕ယာဥ္အား ေနာက္ယာဥ္မွ ဝင္တိုက္မိျခင္း
ေနာက္ကယာဥ္မွာ တာဝန္ရွိပါတယ္၊ အေရွ႕ကယာဥ္မွ ႐ုတ္တရက္ ဘရိတ္ေစာင့္နင္းလို႔ တိုက္သည္ျဖစ္ေစ နည္းဥပေဒပုဒ္မ ၁၄၅ မွာ ေရွ႕ယာဥ္႐ုတ္တရက္ ရပ္တန႔္လွ်င္ ေနာက္ယာဥ္မွ ထိခိုက္မႈမျဖစ္ေစရန္ သင့္ေလ်ာ္ေသာ အကြာအေဝးမွ ေမာင္းႏွင္ လိုက္ပါရမည္ဟု ေဖာ္ျပထားပါတယ္။
သင့္ေလ်ာ္သည့္ အကြာအေဝးဆိုသည္မွာ ပုံေသမရွိသည့္အတြက္ ေရွ႕မွေမာင္းႏွင္ေသာ ယာဥ္၏အရ်ိန္အေပၚ မူတည္ကာ ႐ုတ္တရက္ ဘရိတ္အုတ္သည့္အခါ ေရာက္ရွိမည့္ အကြာအေဝး (Breaking Distance) ကို ခ်ိညႇိေမာင္းႏွင္ရမွာပါ။
ဒါေပမယ့္ ခြၽင္းခ်က္ တစ္ခုအေနနဲ႔ ဖရီးယာဥ္ေၾကာ အျဖစ္ သတ္မွတ္ထားၿပီး ရပ္မ်ဥ္းမရွိတဲ့ ေကြ႕ေၾကာေနရာ တည့္တည့္မွာ တိုက္မိရင္ေတာ့ ေရွ႕ယာဥ္ရဲ႕ အမွားျဖစ္ပါတယ္။ (လမ္းအမွတ္သား လိုက္နာျခင္းမရွိသည့္အတြက္)
၃။ လမ္းဆုံတြင္ ယာဥ္ႏွစ္စီးတိုက္မိျခင္း
မိန္းလမ္းမႀကီးနဲ႔ လမ္သြယ္ျဖစ္ခဲ့ရင္ေတာ့ လမ္းသြယ္ထဲက ယာဥ္ရဲ႕တာဝန္ျဖစ္ပါတယ္။
နည္းဥပေဒ ၁၄၉(ခ)အရ လမ္းမႀကီးမွယာဥ္ကို ဦးစားေပးရပါမယ္။ အကယ္၍ တူညီလမ္းဆုံမွာ တိုက္မိၾကရင္ေတာ့ နည္းဥပေဒ ၁၄၉(က)အရ လက္ယာဘက္က ယာဥ္ကို ဦးစားေပးရမွာျဖစ္ပါတယ္။ တူညီလမ္းဆုံသို႔ ယာဥ္ႏွစ္စီး တစ္ၿပိဳင္တည္းေရာက္ရွိပါက ဦးစြာေရာက္ေသာယာဥ္ကို ဦးစားေပးရမည္ျဖစ္ၿပီး။ တစ္ခ်ိန္တည္း ေရာက္ရွိပါက လက္ယာဘက္က ယာဥ္ကို ဦးစားေပးရမွာျဖစ္ပါတယ္။
၄။ လမ္းအလယ္တြင္ ရင္ဆိုင္တိုက္မိျခင္း
ယာဥ္ႏွစ္စီးလုံးမွာ တာဝန္ရွိပါတယ္။ လက္ယာကပ္ေမာင္းစနစ္ က်င့္သုံးသည့္အတြက္ မည္သည့္ယာဥ္မဆို လက္ယာဘက္ကပ္ၿပီး ေမာင္းႏွင္ရမွာျဖစ္ေၾကာင္း နည္းဥပေဒ ၁၄၁ မွာ ေဖာ္ျပထားပါတယ္။
အျမန္လမ္းကဲ့သို႔ ယာဥ္ေၾကာ ၃ ခုရွိေသာလမ္းမ်ားမွာ လက္ဝဲဘက္ အစြန္ဆုံးယာဥ္ေၾကာသည္ ေက်ာ္တက္ရန္ႏွင့္ အျမန္ေမာင္းႏွင္သည့္အခါတြင္သာ အသုံးျပဳရပါမည္။
၅။ T ပုံသ႑န္လမ္းဆုံတြင္ တိုက္မိျခင္း
T ပုံစံလမ္းေပၚမွာ တိုက္မိပါက လမ္းမေပၚ ေကြ႕ထြက္လာသည့္ ယာဥ္၏အမွားျဖစ္သည္။
၆။ တည့္ယာဥ္ႏွင့္ လက္ဝဲသို႔ ဂငယ္ေကြ႕ ေကြ႕ယာဥ္တိုက္မိျခင္း
နည္းဥပေဒ ၁၄၈ ႏွင့္ ၁၅၀ အရ တည့္တည့္လာေနေသာ ယာဥ္မ်ား မရွင္းလင္းမီ ေကြ႕ထြက္ေသာ ယာဥ္၏အမွား ျဖစ္ပါတယ္။
၇။ လမ္းေျပာင္းျပန္ေက်ာ္တက္ မ်က္ႏွာခ်င္းဆိုင္ယာဥ္ႏွင့္ တိုက္မိျခင္း
နည္းဥပေဒ ၁၄၆ အရ တစ္ဖက္ယာဥ္ေၾကာတြင္ ယာဥ္မရွင္းလင္းပဲ လမ္းေျပာင္းျပန္ေက်ာ္တက္တဲ့ ယာဥ္၏အမွားျဖစ္ၿပီး တာဝန္ရွိပါတယ္။
၈။ ေဘးခ်င္းယွဥ္ေက်ာ္တက္၍ ပြတ္တိုက္မိျခင္း
လက္ဝဲဘက္မွ ေက်ာ္တက္ ပြတ္တိုက္မိသည့္ ယာဥ္၏အမွားသာျဖစ္သည္။
၉။ အဝိုင္းတြင္ ယာဥ္ႏွစ္စီးတိုက္မိျခင္း
နည္းဥပေဒ ၁၄၉ အရ အဝိုင္းပတ္ေနေသာ ယာဥ္အမွန္ျဖစ္ပါတယ္။ အဝိုင္းပတ္ယာဥ္အခ်င္းခ်င္း တိုက္မိပါက လက္ဝဲဘက္ အတြင္းယာဥ္ေၾကာက ယာဥ္က အမွန္ျဖစ္ပါတယ္။
၁၀။ ေမာ္ေတာ္ယာဥ္မွ လူကိုတိုက္မိျခင္း
စက္တပ္ယာဥ္ႏွင့္ လူ တိုက္မိပါက စက္တပ္ယာဥ္၏ အမွားသာျဖစ္ပါတယ္။
ယာဥ္တိုက္မႈဟာ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ျဖစ္ပြားရၿပီး အထူးသျဖင့္ ယာဥ္ေမာင္းမ်ားရဲ႕ ေပါ့ေလ်ာ့မႈ၊ သူတစ္ပါး၏ ေပါ့ေလ်ာ့မႈ၊ ယာဥ္၏စက္ခ်ိဳ႕ယြင္းမႈ၊ လမ္းအသုံးျပဳသူမ်ားရဲ႕ စည္းကမ္းမလိုက္နာမႈေတြေၾကာင့္ အျဖစ္မ်ားရျခင္းျဖစ္ပါတယ္။
ယာဥ္ေမာင္းသူတိုင္း၊ လမ္းအသုံးျပဳသူတိုင္း ေဘးအႏၲရာယ္ ကင္းရွင္းစြာနဲ႔ လိုရာခရီးကို ေရာက္ႏိုင္ၾကပါေစ။
သင့္မိတ္ေဆြ သူငယ္ခ်င္းမ်ားလည္း သိရွိၿပီး အားလုံးအႏၲရာယ္ကင္းေစဖို႔ ေမတၱာျဖင့္ ရွယ္ေပးရင္း ယာဥ္အႏၲရာယ္ကင္းရွင္းေစဖို႔ ပါဝင္လိုက္ပါဦးေနာ္..။
ကိုးကား – Bo Win
Credit