ဂျပန်ဘုရားသွား ငရဲလား ဘာအထောက်အထားရှိလဲ။ ရှိတယ်။ ဘယ်သူလဲ။ ဦးလူအောင်လေ။(၁) မနက်စောကတော့ အတော်အဆင်ပြေတယ်။ ထုံးစံအတိုင်း အိပ်ရာထ ဘုရားပန်း ဆွမ်းနဲ့ သောက်တော်ရေချမ်း ကပ်တယ်။ ငါးပါးသီလ ယူတယ်။ နှင်းလူစာအုပ် အမှတ်-၁ ထွက်ခြင်း အထိမ်းအမှတ် ဦးဇင်းငနုချောင်းသားရဲ့ ဓမ္မနဒီကျောင်း (ကြူးနှစ်စာပေကျောင်း) ကို ဆွမ်းဟင်းသွားကပ်ဖို့ မဒမ်လူအောင် ချက်ပြုတ်ရာမှာ ကူတယ်။ ပဲသီးကို ခပ်စောင်းစောင်းလေး မလှီးတတ်တာကလွဲရင် ကျန်တာ အေးအေးဆေးဆေးရယ်။ မှော်ဘီရောက်၊ ဆွမ်းကပ်၊ ဦးကြူး ဦးငနုတို့နဲ့ စကားနည်းနည်းပြော၊ ဆွမ်းကျန်ကွမ်းကျန်စားပြီး ပြန်လာကြတယ်။ ဒီအထိလည်း ဟုတ်နေတုန်းပဲ။(၂)တစ်ခါမှ မရောက်ဖူးဘူး၊ လမ်းကြုံနေတာပဲ၊ ဂျပန်ဘုရား ဝင်ဖူးကြစို့။ လင်မယားနှစ်ယောက် အဲ့ဒီလိုအကြံပေါက်တာက စတယ် ပြောပါတော့။
ဇွန်လရဲ့မိုးရေစက်များ တသည်းသည်း။ ရုံးပိတ်ရက်လည်း ဖြစ်လို့ထင်ရဲ့ စောင့်ဆိုင်းလူတန်းက တမျှော်တခေါ်။ အပေါ်က အမိုးစိမ်းယာယီစောင်းတန်း စင်္ကြံလမ်းလေးကြောင့် ခေါင်းလုံပေမဲ့ အောက်ကြွေပြားက တလျှောက်လုံးစို ဗွက်ပေါက်။ တစ်ခါခေါ် သုံးရာ့ငါးဆယ်နှုန်းနဲ့ကို ခြေတောင့်အောင် စောင့်ရတယ်။ ပျောက်ခါစ ချောင်းခြောက်လေးက ဖိနပ်မပါတဲ့ အအေးဓာတ်ကြောင့် တစ်ကျော့ပြန် ဟွတ်ချင်လာပြီ။ (သက်ကြီးပိုင်း ဂိလာနဆို ကွိုင်ပြီ) ဒါတောင် ကိုယ်က စောရောက်ပြီး ဝင်နေဆဲတစ်သုတ်အပြီးကိုပဲ စောင့်ကံကြုံလို့။ နှစ်ကျော့ သုံးကျော့ တေးကိုများသီရရင်တော့ ရောက်ဖူးသမျှ ဘယ်ဘုရားနဲ့မှမတူ အသုတ်လိုက်သွင်းနေတာမို့၊ ဝင်သွားကြချိန်ကလည်း နာရီဝက်ကျော်မို့ အတွင်းထဲမှာ ရှေးဟောင်းဘုရားတွေအကြောင်းများ စနစ်တကျ လုံးစေ့ပတ်စေ့ ရှင်းပြနေလေသလား..
ဆိုင်ကယ်ပေါ် နှစ်ယောက်ကြား ဆွမ်းချိုင့်ခြင်းချပြီး ခွစီးရတာမို့ မဒမ်လူက ဘောင်းဘီလက်ရှည်နဲ့။ အတိုနဲ့သာ မသင့်တော်တာ၊ အရှည်က ရပါတယ်လို့ မိန်းမကို ပြောလာတာ အဟောသိကံ။ ဝင်ခွင့်မရဘူး၊ ဟိုအနားမှာ ထဘီရောင်းတယ်၊ တစ်ထည် ၁၅၀၀ တဲ့။ ဝယ်ပေါ့.. ယောဂီရောင် အပါးအစလေး ဘောင်းဘီပေါ်ကထပ်ပတ် (ကွင်းမဟုတ်လို့ ထပ်ပဲပတ်ရမယ်)။အတွင်းထဲ ရောက်၊ လူသုံးရာကျော် နေရာချမပြီးသေးမီ ၁. အလှူခံခွက် မျက်နှာရှေ့ထိုးလာတယ်, ၂. ဘုရားဆိုင်ရာစီဒီချပ် တစ်ချပ် တစ်ထောင်နဲ့ လိုက်ရောင်းတယ်, ၃. သိန်းလေးသောင်းကျော်မယ်ဆိုတဲ့ ဆောက်လက်စ ငါးထပ်ဗိမာန်ကြီးထဲ ဌာပနာကုသိုလ်ယူနိုင်ပါသည်ဆိုပြီး ဘုရားလက်တစ်သစ် တစ်ဆူကို ၅ ထောင်နဲ့ ရောင်းတယ်, ၄. ဆရာတော်ကြီးအဆောင်ပါတယ်ဆိုတဲ့ ဘုရားပုံတော်တွေ ရောင်းတယ်။ ပုံသေး ၁ထောင်၊ ပုံကြီး ၂ထောင် (သူပြောပြတဲ့ အစွမ်းကတော့ အံ့မခန်းပဲ တစ်သက်လုံး အလုပ်မလုပ်ဘဲရမယ်), ၅. သံဃာစစ်သံဃာမှန်နဲ့တွေ့နေတဲ့ အလွန်အင်မတန်ကြုံကြိုက်ခဲအချိန်မှာ ကပ်လှူသွားကြပါဆိုပြီး သင်္ကန်းတစ်စုံ ၂ သောင်း ရောင်းတယ်။ ပြောသေးတယ် အပြင်မှာ အလှူခံပုံးမထားပါဘူးခင်ဗျတဲ့ သာဓုဗျာပေါ့။
ဒီလောက်လူအုပ်ကြားထဲ ထထွက်သွားဖို့ မစဉ်းစားနဲ့နော်။ ဓာတ်ပုံရိုက်ခွင့်လည်း မရှိဘူး လော်တပ်အော်နေတာ မကြားဘူးလား ဓာတ်ပုံမရိုက်နဲ့ ငရဲကြီးတယ် တဲ့။ အပေါ်ထပ် ရှေးဟောင်းဘုရားတွေကြားမှာ ဘုရားကိုယ်တော် ဖလက်ရှ်အလင်းကြောင့် တစ်စုံတစ်ရာ ဖြစ်မှာစိုးလို့ဆို နားလည်တယ်။ ခု အောက်ထပ်မှာတော့ ဘုရားလည်း သိပ်ရှိတာ မဟုတ်ဘူး။ ဘာလို့ ဓာတ်ပုံ မရိုက်ရတာပါလိမ့်။ ငရဲကြီးတယ်ဆိုတော့ အသာကုပ်နေရုံပေါ့လေ။ ယောဂီရောင်တွေ ဝတ်ထားတဲ့ အာပေါင်အာရင်းသန်သန် ကြော်ငြာအားကောင်းကောင်း နိဗ္ဗာန်ဆော် လူရည်သန့် ဥပါသကာ ဥပါသိကာမကြီးများ အပြိုင်အဆိုင် မရအရ ချိုင်နေတာ ထားတော့။ ဆရာတော်ကလည်း မိန့်မိန့်ထိုင်ပြီး လာသမျှလူကုန် ငါးပါးသီလပေး၊ သင်္ကန်းကပ်ခံ။ (ကိုယ်က အိမ်ကသီလယူခဲ့ပြီးသား၊ သီလယူလာတာမဟုတ်ဘူး၊ ဘုရားဖူးလာတာ၊ ရှေးဟောင်းစိတ်ဝင်စားလို့လာတာ) (လော်ဒကာရဲ့ သံဃာစစ်သံဃာမှန်ဆိုတဲ့ အသုံးအနှုန်းကို တားမြစ်ရမယ်၊ တခြားသံဃာကို ထိခိုက်တယ်။ အဲ့ဝါကျကြောင့် ရလာတဲ့ သင်္ကန်းကိုလည်း အကပ်ခံဖို့ရှက်ရမယ်)
နာရီဝက်ကျော် ကြာတဲ့အထိ ရှေးဟောင်းဘုရား မမြင်ရသေးဘူးနော် ပရိသတ်ကြီး.. စောနကပြောတဲ့ အေးဓားပြကိစ္စ အကုန်ပြီးရင် နှစ်ယောက်တစ်တွဲ အပေါ်ထပ် ဘုရားဟောင်းများ စုဆောင်းပြထားရာဆီ တက်လို့ရပါပြီ။အပေါ်ထပ် တက်တက်ချင်း လှေကားထိပ်မှာ မြင်ရမှာက ရှေးဟောင်း သစ်သားလက်တော်ပြတ်ကြီး။ လက်တော်ပက်လက်ဆိုမှတော့ ဗုဒ္ဓဘာသာ ဗမာပီပီ သူ့ထက်ငါ နဝကမ္မဝတ္ထုငွေယားလေးများ ညှပ်ကြပြီလေ။ ကောင်းလင့်တေး ဟဲ့ ဒကာ ရှေ့ဆက်လျှောက် နောက်လူတွေ ရှိသေးတယ်။သုတ်သုတ်သုတ်သုတ်နဲ့ ဘုရားတွေကြား မပြေးရုံတမယ် လှည့်ပတ်လမ်းလျှောက်။ ဘီလူးပလ္လင်ဆိုတာ ဒါလား (ဟဲ့ ဒကာ ဆက်လျှောက်၊ တမား) ဒီမျက်နှာကျက ပုဂံခေတ်ထင်ပါ့ (ဟဲ့ ဒကာ ဆက်လျှောက်၊ တမား) နဂါးရုံအဓိပ္ပါယ်က.. (ဟဲ့ ဒကာ ဆက်လျှောက်၊ တမား) ဘာမှမသိလိုက်ဘဲ တစ်နေရာရောက်တော့
တကယ့်ပဓာနဆန္ဒ ရှေးဟောင်းဘုရားတွေ ဖူးတွေ့ချိန်က ဆယ်မိနစ်မပြည့်ဘူး။ နောက်လူရှိသေးတယ် ဆင်းပေရော့ ဒကာတော်။ တမားပါဖ်..အပြင်ပြန်ရောက်ပြီ။ အဆောင်လိုလို လက်ဖွဲ့လိုလို ဆိုင်တွေနောက် ဘုန်းကြီးထိုင်နေတာ တွေ့ရ။ ဟော.. ဟိုမှာ မြက်ဖြတ်စက်နဲ့ မြက်ခင်းအလှ ပြင်နေတာလည်း ဘုန်းတော်ကြီးပါပဲလား.. အံ့ဖွယ် (ဘူတဂါမပါတဗျတာယ ပါစိတ္တိယံ)စုဆောင်းသူ ဂျပန်လူမျိုးကြီးတစ်ဦးက လှူခဲ့တယ်တဲ့။ အလိုနည်းပါပေ့။ ထိန်းသိမ်းထားသူလည်း မြန်မာမှု မြန်မာ့ရိုးရာ မြန်မာ့သမိုင်းအတွက် ကျေးဇူးများပါပေ့။ ရှေးဟောင်းဘုရားတစ်ဆူ နိုင်ငံခြားခိုးရောင်းရင် အလွန်ဆုံးရ သိန်း ၁ ရာပေါ့။ ခုများ လာထား သိန်း ၁ ထောင်၊ သိန်း ၁ သောင်း၊ ဟွင်း.. ဟွင်းး..(နိဂုံး) ကဲ.. မပြောဘူးလား တကယ်ငရဲလားပါတယ်ဆို။ ဦးလူအောင်ဆို တစ်ခေါက်သွား တစ်ခါလားပဲ နောင်များလည်း သွားချင်ပေါင်။လူအောင် (ဝမ်းတွင်း)
Credit
Zawgyi
ဂ်ပန္ဘုရားသြား ငရဲလား ဘာအေထာက္အထားရွိလဲ။ ရွိတယ္။ ဘယ္သူလဲ။ ဦးလူေအာင္ေလ။(၁) မနက္ေစာကေတာ့ အေတာ္အဆင္ေျပတယ္။ ထုံးစံအတိုင္း အိပ္ရာထ ဘုရားပန္း ဆြမ္းနဲ႔ ေသာက္ေတာ္ေရခ်မ္း ကပ္တယ္။ ငါးပါးသီလ ယူတယ္။ ႏွင္းလူစာအုပ္ အမွတ္-၁ ထြက္ျခင္း အထိမ္းအမွတ္ ဦးဇင္းငႏုေခ်ာင္းသားရဲ႕ ဓမၼနဒီေက်ာင္း (ၾကဴးႏွစ္စာေပေက်ာင္း) ကို ဆြမ္းဟင္းသြားကပ္ဖို႔ မဒမ္လူေအာင္ ခ်က္ျပဳတ္ရာမွာ ကူတယ္။ ပဲသီးကို ခပ္ေစာင္းေစာင္းေလး မလွီးတတ္တာကလြဲရင္ က်န္တာ ေအးေအးေဆးေဆးရယ္။ ေမွာ္ဘီေရာက္၊ ဆြမ္းကပ္၊ ဦးၾကဴး ဦးငႏုတို႔နဲ႔ စကားနည္းနည္းေျပာ၊ ဆြမ္းက်န္ကြမ္းက်န္စားၿပီး ျပန္လာၾကတယ္။ ဒီအထိလည္း ဟုတ္ေနတုန္းပဲ။(၂)တစ္ခါမွ မေရာက္ဖူးဘူး၊ လမ္းႀကဳံေနတာပဲ၊ ဂ်ပန္ဘုရား ဝင္ဖူးၾကစို႔။ လင္မယားႏွစ္ေယာက္ အဲ့ဒီလိုအႀကံေပါက္တာက စတယ္ ေျပာပါေတာ့။
ဇြန္လရဲ႕မိုးေရစက္မ်ား တသည္းသည္း။ ႐ုံးပိတ္ရက္လည္း ျဖစ္လို႔ထင္ရဲ႕ ေစာင့္ဆိုင္းလူတန္းက တေမွ်ာ္တေခၚ။ အေပၚက အမိုးစိမ္းယာယီေစာင္းတန္း စႀကႍလမ္းေလးေၾကာင့္ ေခါင္းလုံေပမဲ့ ေအာက္ေႂကြျပားက တေလွ်ာက္လုံးစို ဗြက္ေပါက္။ တစ္ခါေခၚ သုံးရာ့ငါးဆယ္ႏႈန္းနဲ႔ကို ေျခေတာင့္ေအာင္ ေစာင့္ရတယ္။ ေပ်ာက္ခါစ ေခ်ာင္းေျခာက္ေလးက ဖိနပ္မပါတဲ့ အေအးဓာတ္ေၾကာင့္ တစ္ေက်ာ့ျပန္ ဟြတ္ခ်င္လာၿပီ။ (သက္ႀကီးပိုင္း ဂိလာနဆို ကြိဳင္ၿပီ) ဒါေတာင္ ကိုယ္က ေစာေရာက္ၿပီး ဝင္ေနဆဲတစ္သုတ္အၿပီးကိုပဲ ေစာင့္ကံႀကဳံလို႔။ ႏွစ္ေက်ာ့ သုံးေက်ာ့ ေတးကိုမ်ားသီရရင္ေတာ့ ေရာက္ဖူးသမွ် ဘယ္ဘုရားနဲ႔မွမတူ အသုတ္လိုက္သြင္းေနတာမို႔၊ ဝင္သြားၾကခ်ိန္ကလည္း နာရီဝက္ေက်ာ္မို႔ အတြင္းထဲမွာ ေရွးေဟာင္းဘုရားေတြအေၾကာင္းမ်ား စနစ္တက် လုံးေစ့ပတ္ေစ့ ရွင္းျပေနေလသလား..
ဆိုင္ကယ္ေပၚ ႏွစ္ေယာက္ၾကား ဆြမ္းခ်ိဳင့္ျခင္းခ်ၿပီး ခြစီးရတာမို႔ မဒမ္လူက ေဘာင္းဘီလက္ရွည္နဲ႔။ အတိုနဲ႔သာ မသင့္ေတာ္တာ၊ အရွည္က ရပါတယ္လို႔ မိန္းမကို ေျပာလာတာ အေဟာသိကံ။ ဝင္ခြင့္မရဘူး၊ ဟိုအနားမွာ ထဘီေရာင္းတယ္၊ တစ္ထည္ ၁၅၀၀ တဲ့။ ဝယ္ေပါ့.. ေယာဂီေရာင္ အပါးအစေလး ေဘာင္းဘီေပၚကထပ္ပတ္ (ကြင္းမဟုတ္လို႔ ထပ္ပဲပတ္ရမယ္)။အတြင္းထဲ ေရာက္၊ လူသုံးရာေက်ာ္ ေနရာခ်မၿပီးေသးမီ ၁. အလႉခံခြက္ မ်က္ႏွာေရွ႕ထိုးလာတယ္, ၂. ဘုရားဆိုင္ရာစီဒီခ်ပ္ တစ္ခ်ပ္ တစ္ေထာင္နဲ႔ လိုက္ေရာင္းတယ္, ၃. သိန္းေလးေသာင္းေက်ာ္မယ္ဆိုတဲ့ ေဆာက္လက္စ ငါးထပ္ဗိမာန္ႀကီးထဲ ဌာပနာကုသိုလ္ယူႏိုင္ပါသည္ဆိုၿပီး ဘုရားလက္တစ္သစ္ တစ္ဆူကို ၅ ေထာင္နဲ႔ ေရာင္းတယ္, ၄. ဆရာေတာ္ႀကီးအေဆာင္ပါတယ္ဆိုတဲ့ ဘုရားပုံေတာ္ေတြ ေရာင္းတယ္။ ပုံေသး ၁ေထာင္၊ ပုံႀကီး ၂ေထာင္ (သူေျပာျပတဲ့ အစြမ္းကေတာ့ အံ့မခန္းပဲ တစ္သက္လုံး အလုပ္မလုပ္ဘဲရမယ္), ၅. သံဃာစစ္သံဃာမွန္နဲ႔ေတြ႕ေနတဲ့ အလြန္အင္မတန္ႀကဳံႀကိဳက္ခဲအခ်ိန္မွာ ကပ္လႉသြားၾကပါဆိုၿပီး သကၤန္းတစ္စုံ ၂ ေသာင္း ေရာင္းတယ္။ ေျပာေသးတယ္ အျပင္မွာ အလႉခံပုံးမထားပါဘူးခင္ဗ်တဲ့ သာဓုဗ်ာေပါ့။
ဒီေလာက္လူအုပ္ၾကားထဲ ထထြက္သြားဖို႔ မစဥ္းစားနဲ႔ေနာ္။ ဓာတ္ပုံ႐ိုက္ခြင့္လည္း မရွိဘူး ေလာ္တပ္ေအာ္ေနတာ မၾကားဘူးလား ဓာတ္ပုံမ႐ိုက္နဲ႔ ငရဲႀကီးတယ္ တဲ့။ အေပၚထပ္ ေရွးေဟာင္းဘုရားေတြၾကားမွာ ဘုရားကိုယ္ေတာ္ ဖလက္ရွ္အလင္းေၾကာင့္ တစ္စုံတစ္ရာ ျဖစ္မွာစိုးလို႔ဆို နားလည္တယ္။ ခု ေအာက္ထပ္မွာေတာ့ ဘုရားလည္း သိပ္ရွိတာ မဟုတ္ဘူး။ ဘာလို႔ ဓာတ္ပုံ မ႐ိုက္ရတာပါလိမ့္။ ငရဲႀကီးတယ္ဆိုေတာ့ အသာကုပ္ေန႐ုံေပါ့ေလ။ ေယာဂီေရာင္ေတြ ဝတ္ထားတဲ့ အာေပါင္အာရင္းသန္သန္ ေၾကာ္ျငာအားေကာင္းေကာင္း နိဗၺာန္ေဆာ္ လူရည္သန႔္ ဥပါသကာ ဥပါသိကာမႀကီးမ်ား အၿပိဳင္အဆိုင္ မရအရ ခ်ိဳင္ေနတာ ထားေတာ့။ ဆရာေတာ္ကလည္း မိန႔္မိန႔္ထိုင္ၿပီး လာသမွ်လူကုန္ ငါးပါးသီလေပး၊ သကၤန္းကပ္ခံ။ (ကိုယ္က အိမ္ကသီလယူခဲ့ၿပီးသား၊ သီလယူလာတာမဟုတ္ဘူး၊ ဘုရားဖူးလာတာ၊ ေရွးေဟာင္းစိတ္ဝင္စားလို႔လာတာ) (ေလာ္ဒကာရဲ႕ သံဃာစစ္သံဃာမွန္ဆိုတဲ့ အသုံးအႏႈန္းကို တားျမစ္ရမယ္၊ တျခားသံဃာကို ထိခိုက္တယ္။ အဲ့ဝါက်ေၾကာင့္ ရလာတဲ့ သကၤန္းကိုလည္း အကပ္ခံဖို႔ရွက္ရမယ္)
နာရီဝက္ေက်ာ္ ၾကာတဲ့အထိ ေရွးေဟာင္းဘုရား မျမင္ရေသးဘူးေနာ္ ပရိသတ္ႀကီး.. ေစာနကေျပာတဲ့ ေအးဓားျပကိစၥ အကုန္ၿပီးရင္ ႏွစ္ေယာက္တစ္တြဲ အေပၚထပ္ ဘုရားေဟာင္းမ်ား စုေဆာင္းျပထားရာဆီ တက္လို႔ရပါၿပီ။အေပၚထပ္ တက္တက္ခ်င္း ေလွကားထိပ္မွာ ျမင္ရမွာက ေရွးေဟာင္း သစ္သားလက္ေတာ္ျပတ္ႀကီး။ လက္ေတာ္ပက္လက္ဆိုမွေတာ့ ဗုဒၶဘာသာ ဗမာပီပီ သူ႔ထက္ငါ နဝကမၼဝတၳဳေငြယားေလးမ်ား ညႇပ္ၾကၿပီေလ။ ေကာင္းလင့္ေတး ဟဲ့ ဒကာ ေရွ႕ဆက္ေလွ်ာက္ ေနာက္လူေတြ ရွိေသးတယ္။သုတ္သုတ္သုတ္သုတ္နဲ႔ ဘုရားေတြၾကား မေျပး႐ုံတမယ္ လွည့္ပတ္လမ္းေလွ်ာက္။ ဘီလူးပလႅင္ဆိုတာ ဒါလား (ဟဲ့ ဒကာ ဆက္ေလွ်ာက္၊ တမား) ဒီမ်က္ႏွာက်က ပုဂံေခတ္ထင္ပါ့ (ဟဲ့ ဒကာ ဆက္ေလွ်ာက္၊ တမား) နဂါး႐ုံအဓိပၸါယ္က.. (ဟဲ့ ဒကာ ဆက္ေလွ်ာက္၊ တမား) ဘာမွမသိလိုက္ဘဲ တစ္ေနရာေရာက္ေတာ့
တကယ့္ပဓာနဆႏၵ ေရွးေဟာင္းဘုရားေတြ ဖူးေတြ႕ခ်ိန္က ဆယ္မိနစ္မျပည့္ဘူး။ ေနာက္လူရွိေသးတယ္ ဆင္းေပေရာ့ ဒကာေတာ္။ တမားပါဖ္..အျပင္ျပန္ေရာက္ၿပီ။ အေဆာင္လိုလို လက္ဖြဲ႕လိုလို ဆိုင္ေတြေနာက္ ဘုန္းႀကီးထိုင္ေနတာ ေတြ႕ရ။ ေဟာ.. ဟိုမွာ ျမက္ျဖတ္စက္နဲ႔ ျမက္ခင္းအလွ ျပင္ေနတာလည္း ဘုန္းေတာ္ႀကီးပါပဲလား.. အံ့ဖြယ္ (ဘူတဂါမပါတဗ်တာယ ပါစိတၱိယံ)စုေဆာင္းသူ ဂ်ပန္လူမ်ိဳးႀကီးတစ္ဦးက လႉခဲ့တယ္တဲ့။ အလိုနည္းပါေပ့။ ထိန္းသိမ္းထားသူလည္း ျမန္မာမႈ ျမန္မာ့႐ိုးရာ ျမန္မာ့သမိုင္းအတြက္ ေက်းဇူးမ်ားပါေပ့။ ေရွးေဟာင္းဘုရားတစ္ဆူ ႏိုင္ငံျခားခိုးေရာင္းရင္ အလြန္ဆုံးရ သိန္း ၁ ရာေပါ့။ ခုမ်ား လာထား သိန္း ၁ ေထာင္၊ သိန္း ၁ ေသာင္း၊ ဟြင္း.. ဟြင္းး..(နိဂုံး) ကဲ.. မေျပာဘူးလား တကယ္ငရဲလားပါတယ္ဆို။ ဦးလူေအာင္ဆို တစ္ေခါက္သြား တစ္ခါလားပဲ ေနာင္မ်ားလည္း သြားခ်င္ေပါင္။လူေအာင္ (ဝမ္းတြင္း)
Credit