” အချစ်ရေးကံကောင်းစေရန် “
တနင်္လာနံတွေဖြစ်တဲ့ ငါး ၊ ခို ၊ ကျီး ၊ ခွေး ၊ကြောင် အစရှိသဖြင့် ရေသတ္တဝါ ၊ ကုန်းသတ္တဝါ ၊ လေသတ္တဝါတို့ကို သင့်လျော်ရာအစာများ ကျွေးပါ ။အစာမကျွေးမီ
အဂ္ဂေါဗုဒ္ဓေါ
အဂ္ဂေါဓမ္မော
အဂ္ဂေါသံဃော
အဂ္ဂေါမေ ဝိပါကော ဟောတု
ယံ ယံ ဣစ်ဆံ သမိဇ်ဈတု
ဟု ကျွေးမည့် အစာကို (၇) ခေါက်မန်း၍ ကျွေးပါ ။
အစာကျွေးနေစဉ် မိမိရဲ့ အချစ်ရေး ကံကောင်းပါစေ ။ မိမိချစ်ရသူ၏ အချစ်ကို ရရှိပါစေ ။ မိမိချစ်သူက မိမိအပေါ် သစ္စာ ရှိပါစေ စသည်ဖြင့် ဆုတောင်းပါ ။
” ကြွေးတောင်းယတြာ မခက်ပါ “
ကြံရည်တစ်ခွက်ထဲသို့ ခရေညွန့် ၆ ညွန့်ထည့်ပါ ။ အိမ်ဘုရားတွင် လှူပြီး အကြွေးရစေဖို့ ဆုတောင်းပါ။
တနင်္လာနေ့ ၉ နာရီ ၄၅ မိနစ်မှာ လှူပြီး
ဆုတောင်းခြင်းဖြင့် အကြွေးများ အမြန်ရစေပါတယ် ။
” ငွေရေးကြေးရေး ယတြာများ “
ကဲ လလည်း ကုန်ခါနီးပြီ ။ လစာကလည်း ထုတ်ရတော့မယ် ။ အကြွေးရှိတဲ့သူတွေက အကြွေးတွေဖယ်ဆပ် ၊ အကြွေးမရှိတဲ့လူတွေကျ တစ်လလုံး အားခဲထားသမျှ စားမယ် ၊ သောက်မယ် ပျော်မယ် ၊ ပါးမယ်နဲ့ ဖြစ်နေကြမယ့် အချိန်ကာလလေးပေါ့ ။
အချို့သူတွေက ငွေစုမယ်ဆိုပြီး ငွေမစုမိဘဲ ကုန်သွားလို့ မျောက်မှိုင် မှိုင်နေရတဲ့ အဖြစ်မျိုး ။ အချို့ကလည်း မသုံးရက်မစားရက်ဘဲ ပြိတ္တာဖြစ်နေတဲ့ အဖြစ်မျိုးတွေ မကြုံရလေအောင်အတွက် ကျွန်တော် ဂမ္ဘီရမျက်ရှင် ကနေပြီးတော့ စေတနာရှေ့ထားပြီးငွေရေးကြေးရေးနဲ့ ပတ်သက်တဲ့ ယတြာလေးတွေကို ဖန်တီးပေးလိုက်ရပါတယ်ဗျာ ။
၁ ။ ငွေရေးကြေးရေး အဆင်မပြေဘူးဆိုရင် –
တြင်ကာ ဆိုတဲ့ စကားကို (၅) ခွန်းရွတ်ဆိုပါ ။
ရွတ်ဆိုသည့်အခါတွင်လည်းငွေရေးကြေးရေးပြေလည်နေပြီဟူသည့် အတွေးမျိုးကိုပါ စိတ်ထဲ ပုံဖော်တွေးရမှာဖြစ်ပါတယ် ။
၂ ။ ငွေဝင်ယတြာတစ်ခုကတော့ ပထမဆုံး
ဘယ်ဘက်လက်ဝါးပြင် အထက်နားလောက်မှာ ညာဘက် လက်ညှိုးနဲ့ ‘က’ (ကကြီး) ပုံရေးလိုက်ပါ ။
ပြီးတာနဲ့ ညာဘက်လက်ဝါးပြင် အောက်နားလောက်မှာ ဘယ်ဘက်လက်ညှိုးနဲ့ ‘ယ'(ယပလပ်) ပုံရေးလိုက်ပါ ။ သတိထားရမှာက လက်ဝါးနှစ်ဖက်ကို ပူးထပ်လိုက်ချိန်မှာ ‘ထ’ ပုံစံလေး ဖြစ်နေပါစေ ။ အဆင်သင့်ဖြစ်ပြီ ဆိုရင်တော့ စောစောက ရေးထားတဲ့ လက်ဝါး နှစ်ဖက်ကို ”ငွေဝင်စေ” လို့ ပြောပြီး
လက်ခုပ်တီးသလို ရိုက်ချလိုက်ရုံပါပဲ ။
၃ ။ လကလည်းကုန်ပြီ အကြွေးတွေကလည်း မပေးကြသေးဘူးဆိုရင်တော့အကြွေးတောင်းယတြာရှိပါတယ် ။
(က) မုန့်စိမ်းပေါင်းကို ကြွေပုဂံထဲကို ထည့်ပါ ။ ထိုမုန့်စိမ်းပေါင်းပေါ် ဖယောင်းတိုင် တစ်တိုင်ထွန်းပါ ။ ပြီးတော့ ဘုရားမှာ ကပ်လှူပြီး အကြွေးယူထားသူ၏ မျက်နှာကို မြင်အောင်ကြည့်ပါ ။ နောက် နာမည်ခေါ်ပြီး ငါ့အကြွေးတွေ အမြန် လာပေးစေဟု (၉)ကြိမ် ပြောပါ ။ ရက်ပိုင်းအတွင်း အဆင်ပြေသွားပါလိမ့်မည် ။
(ခ) အကြွေးပြန်လိုချင်ရင် မိမိချေးထားသော
ငွေများအမြန်ပြန်ရစေရန် အိမ်နောက်ဖေးမှမြက်ပင်နှင့် စပါးတွဲကိုပူချည်ပြီး အိမ်ရှေ့တွင် ချိတ်၍ စာကလေးများကိုကျွေးပါ ။ စပါးတွဲတွေကို ချိတ်တဲ့အချိန်မှာ “မောင်အဝှာ ငါ့ငွေတွေအမြန် လာပေးပါ” လို့ အကြွေးယူထားသူရဲ့. နာမည်ကိုခေါ်ပြီးချိတ်ပါ ။
၄ ။ လကုန်ဆိုတော့ ငွေကတော့ ဝင်လာပါပြီ ။ ဒါပေမဲ့ မလိုအပ်တဲ့ နေရာတွေမှာ ကုန်ကုန်သွားတယ် ။ အပိုငွေမထွက်ချင်ဘူးဆိုသူများအတွက် ငါးသေတ္တာတစ်ဗူးဝယ်လိုက်ပါ ။ ထိုငါးသေတ္တာဗူးပေါ်မှာ ဖယောင်းတိုင်အစိမ်းတစ်တိုင်ထွန်းပြီး ငွေအပိုမထွက်ရပါစေလို့ ဆုတောင်းပေးပါ ။
၅ ။ ငွေမြဲစေရန်ယတြာ တစ်မျိုး ၊ ကြွေပန်းကန်ပြား( အသေး )တစ်ချပ်ပေါ်တွင် မတ်စေ့တစ်စေ့ကိုခိုင်မြဲအောင်ကပ်၍ မတ်စေ့ပေါ်ဖယောင်းတိုင်ထွန်းပါ ။ နေ့စဉ် တစ်တိုင်စီ ထွန်းရင်းလိုရာဆုတောင်းပါလေ ။
ကဲ ယတြာတွေကတော့ ပြီးပြီ ။ အဆောင်အပိုင်းဘက်လှည့်ရအောင်ဗျာ ။ ကျွန်တော့်ဆီမှာ ငွေရေးကြေးရေးပြေလည်စေသော အဆောင်များ ၊ ဆိုင်ရောင်းကောင်းစေသည့် ဂဝံများ ၊ အကြွေးတောင်းပေးသည့် အဆောင်ဂဝံအစီအရင်များ ၊ ကိုယ့်ငွေရေးကြေးရေးကိစ္စများအား လိုက်လံတိုက်ခိုက်နေသည့် သူများအား ကာကွယ်တိုက်ခိုက် ရန်ပြိုစေသော ဆေးဖယောင်းတိုင်များ ၊ အနောက်တိုင်းကာဗလာအဆောင်များအား သူတို့၏ အဖိုးအခများဖြင့် မှာယူနိုင်ပါသည် ။
Source-ဂမ္ဘီရမျက်ရှင် ဆရာပိုင်ဖြိုးကျော်
Credit
Zawgyi
” အခ်စ္ေရးကံေကာင္းေစရန္ “
တနလၤာနံေတြျဖစ္တဲ့ ငါး ၊ ခို ၊ က်ီး ၊ ေခြး ၊ေၾကာင္ အစရွိသျဖင့္ ေရသတၱဝါ ၊ ကုန္းသတၱဝါ ၊ ေလသတၱဝါတို႔ကို သင့္ေလ်ာ္ရာအစာမ်ား ေကြၽးပါ ။အစာမေကြၽးမီ
အေဂၢါဗုေဒၶါ
အေဂၢါဓေမၼာ
အေဂၢါသံေဃာ
အေဂၢါေမ ဝိပါေကာ ေဟာတု
ယံ ယံ ဣစ္ဆံ သမိဇ္ဈတု
ဟု ေကြၽးမည့္ အစာကို (၇) ေခါက္မန္း၍ ေကြၽးပါ ။
အစာေကြၽးေနစဥ္ မိမိရဲ႕ အခ်စ္ေရး ကံေကာင္းပါေစ ။ မိမိခ်စ္ရသူ၏ အခ်စ္ကို ရရွိပါေစ ။ မိမိခ်စ္သူက မိမိအေပၚ သစၥာ ရွိပါေစ စသည္ျဖင့္ ဆုေတာင္းပါ ။
” ေႂကြးေတာင္းယၾတာ မခက္ပါ “
ႀကံရည္တစ္ခြက္ထဲသို႔ ခေရၫြန္႔ ၆ ၫြန္႔ထည့္ပါ ။ အိမ္ဘုရားတြင္ လႉၿပီး အေႂကြးရေစဖို႔ ဆုေတာင္းပါ။
တနလၤာေန႔ ၉ နာရီ ၄၅ မိနစ္မွာ လႉၿပီး
ဆုေတာင္းျခင္းျဖင့္ အေႂကြးမ်ား အျမန္ရေစပါတယ္ ။
” ေငြေရးေၾကးေရး ယၾတာမ်ား “
ကဲ လလည္း ကုန္ခါနီးၿပီ ။ လစာကလည္း ထုတ္ရေတာ့မယ္ ။ အေႂကြးရွိတဲ့သူေတြက အေႂကြးေတြဖယ္ဆပ္ ၊ အေႂကြးမရွိတဲ့လူေတြက် တစ္လလုံး အားခဲထားသမွ် စားမယ္ ၊ ေသာက္မယ္ ေပ်ာ္မယ္ ၊ ပါးမယ္နဲ႔ ျဖစ္ေနၾကမယ့္ အခ်ိန္ကာလေလးေပါ့ ။
အခ်ိဳ႕သူေတြက ေငြစုမယ္ဆိုၿပီး ေငြမစုမိဘဲ ကုန္သြားလို႔ ေမ်ာက္မႈိင္ မႈိင္ေနရတဲ့ အျဖစ္မ်ိဳး ။ အခ်ိဳ႕ကလည္း မသုံးရက္မစားရက္ဘဲ ၿပိတၱာျဖစ္ေနတဲ့ အျဖစ္မ်ိဳးေတြ မႀကဳံရေလေအာင္အတြက္ ကြၽန္ေတာ္ ဂမၻီရမ်က္ရွင္ ကေနၿပီးေတာ့ ေစတနာေရွ႕ထားၿပီးေငြေရးေၾကးေရးနဲ႔ ပတ္သက္တဲ့ ယၾတာေလးေတြကို ဖန္တီးေပးလိုက္ရပါတယ္ဗ်ာ ။
၁ ။ ေငြေရးေၾကးေရး အဆင္မေျပဘူးဆိုရင္ –
ၾတင္ကာ ဆိုတဲ့ စကားကို (၅) ခြန္း႐ြတ္ဆိုပါ ။
႐ြတ္ဆိုသည့္အခါတြင္လည္းေငြေရးေၾကးေရးေျပလည္ေနၿပီဟူသည့္ အေတြးမ်ိဳးကိုပါ စိတ္ထဲ ပုံေဖာ္ေတြးရမွာျဖစ္ပါတယ္ ။
၂ ။ ေငြဝင္ယၾတာတစ္ခုကေတာ့ ပထမဆုံး
ဘယ္ဘက္လက္ဝါးျပင္ အထက္နားေလာက္မွာ ညာဘက္ လက္ညႇိဳးနဲ႔ ‘က’ (ကႀကီး) ပုံေရးလိုက္ပါ ။
ၿပီးတာနဲ႔ ညာဘက္လက္ဝါးျပင္ ေအာက္နားေလာက္မွာ ဘယ္ဘက္လက္ညႇိဳးနဲ႔ ‘ယ'(ယပလပ္) ပုံေရးလိုက္ပါ ။ သတိထားရမွာက လက္ဝါးႏွစ္ဖက္ကို ပူးထပ္လိုက္ခ်ိန္မွာ ‘ထ’ ပုံစံေလး ျဖစ္ေနပါေစ ။ အဆင္သင့္ျဖစ္ၿပီ ဆိုရင္ေတာ့ ေစာေစာက ေရးထားတဲ့ လက္ဝါး ႏွစ္ဖက္ကို ”ေငြ၀င္ေစ” လို႔ ေျပာၿပီး
လက္ခုပ္တီးသလို ႐ိုက္ခ်လိုက္႐ုံပါပဲ ။
၃ ။ လကလည္းကုန္ၿပီ အေႂကြးေတြကလည္း မေပးၾကေသးဘူးဆိုရင္ေတာ့အေႂကြးေတာင္းယၾတာရွိပါတယ္ ။
(က) မုန္႔စိမ္းေပါင္းကို ေႂကြပုဂံထဲကို ထည့္ပါ ။ ထိုမုန္႔စ္ိမ္းေပါင္းေပၚ ဖေယာင္းတိုင္ တစ္တိုင္ထြန္းပါ ။ ၿပီးေတာ့ ဘုရားမွာ ကပ္လႉၿပီး အေႂကြးယူထားသူ၏ မ်က္ႏွာကို ျမင္ေအာင္ၾကည့္ပါ ။ ေနာက္ နာမည္ေခၚၿပီး ငါ့အေႂကြးေတြ အျမန္ လာေပးေစဟု (၉)ႀကိမ္ ေျပာပါ ။ ရက္ပိုင္းအတြင္း အဆင္ေျပသြားပါလိမ့္မည္ ။
(ခ) အေႂကြးျပန္လိုခ်င္ရင္ မိမိေခ်းထားေသာ
ေငြမ်ားအျမန္ျပန္ရေစရန္ အိမ္ေနာက္ေဖးမွျမက္ပင္ႏွင့္ စပါးတြဲကိုပူခ်ည္ၿပီး အိမ္ေရွ႕တြင္ ခ်ိတ္၍ စာကေလးမ်ားကိုေကြၽးပါ ။ စပါးတြဲေတြကို ခ်ိတ္တဲ့အခ်ိန္မွာ “ေမာင္အဝွာ ငါ့ေငြေတြအျမန္ လာေပးပါ” လို႔ အေႂကြးယူထားသူရဲ႕. နာမည္ကိုေခၚၿပီးခ်ိတ္ပါ ။
၄ ။ လကုန္ဆိုေတာ့ ေငြကေတာ့ ဝင္လာပါၿပီ ။ ဒါေပမဲ့ မလိုအပ္တဲ့ ေနရာေတြမွာ ကုန္ကုန္သြားတယ္ ။ အပိုေငြမထြက္ခ်င္ဘူးဆိုသူမ်ားအတြက္ ငါးေသတၱာတစ္ဗူးဝယ္လိုက္ပါ ။ ထိုငါးေသတၱာဗူးေပၚမွာ ဖေယာင္းတိုင္အစိမ္းတစ္တိုင္ထြန္းၿပီး ေငြအပိုမထြက္ရပါေစလို႔ ဆုေတာင္းေပးပါ ။
၅ ။ ေငြၿမဲေစရန္ယၾတာ တစ္မ်ိဳး ၊ ေႂကြပန္းကန္ျပား( အေသး )တစ္ခ်ပ္ေပၚတြင္ မတ္ေစ့တစ္ေစ့ကိုခိုင္ၿမဲေအာင္ကပ္၍ မတ္ေစ့ေပၚဖေယာင္းတိုင္ထြန္းပါ ။ ေန႔စဥ္ တစ္တိုင္စီ ထြန္းရင္းလိုရာဆုေတာင္းပါေလ ။
ကဲ ယၾတာေတြကေတာ့ ၿပီးၿပီ ။ အေဆာင္အပိုင္းဘက္လွည့္ရေအာင္ဗ်ာ ။ ကြၽန္ေတာ့္ဆီမွာ ေငြေရးေၾကးေရးေျပလည္ေစေသာ အေဆာင္မ်ား ၊ ဆိုင္ေရာင္းေကာင္းေစသည့္ ဂဝံမ်ား ၊ အေႂကြးေတာင္းေပးသည့္ အေဆာင္ဂဝံအစီအရင္မ်ား ၊ ကိုယ့္ေငြေရးေၾကးေရးကိစၥမ်ားအား လိုက္လံတိုက္ခိုက္ေနသည့္ သူမ်ားအား ကာကြယ္တိုက္ခိုက္ ရန္ၿပိဳေစေသာ ေဆးဖေယာင္းတိုင္မ်ား ၊ အေနာက္တိုင္းကာဗလာအေဆာင္မ်ားအား သူတို႔၏ အဖိုးအခမ်ားျဖင့္ မွာယူႏိုင္ပါသည္ ။
Source-ဂမၻီရမ်က္ရွင္ ဆရာပိုင္ၿဖိဳးေက်ာ္
Credit