တံမြက်စည်း (၃) ချောင်း၊ ဈေးဦးပေါက် တသိန်းဖိုးနဲ့ မျက်ရည်တွေ ကြားက အဘွားပေးတဲ့ ဆုတောင်း

တံမြက်စည်း (၃) ချောင်း၊ ဈေးဦးပေါက် တသိန်းဖိုးနဲ့ မျက်ရည်တွေ ကြားက အဘွားပေးတဲ့ ဆုတောင်း အဖွား ဈေးဦးပေါက်က…တသိန်းတောင် ရတာလား အဖွား အသက် (၉၀) နှစ်၊ သမီး တယောက်ရှိတယ်လို့ သိရပါတယ်။ သမီးက လေဖြတ်နေပါတယ်တဲ့…သမီးကို တံမြက်စည်း ရောင်းပြီ ရှာကျွေးတယ်လို့ သိရပါတယ် ဗျ။အဖွားကို ဈေးထဲ တွေ့တဲ့ အချိန်က…အဖွား ချမ်းပြီ တုန်နေရှာတယ်…ဈေးဦးလဲ မပေါက်သေးဘူး ထင်တယ်

အဖွား…တံမြက်စည်း ဘယ်လိုရောင်းလဲ ဗျ၊ သားရယ်…(၃)မျိုးရှိပါတယ်၊ တခုက ၁၂၀၀၊ ဒါက ၁၇၀၀၊ ဒါလေးက ၁၈၀၀ ပါ သားဟုတ် အဖွား…ဈေးဦးပေါက်ပြီလား ဗျ၊ မပေါက်သေးပါဘူး သားရယ်၊ ဒါဆို သား တမျိုးကို တခုဆီ ယူမယ် ဗျ။ အင်း သား ကြိုက်တာ ရွေးနော်ဟုတ် အဖွား ရပြီ…သား ဒီ(၃)ချောင်း ယူမယ်နော်…ဘယ်လောက်ကျလဲ အဖွား၊ အဖွား မသိဘူး…သားပဲ တွက်ကြည့်ပြီ အဖွားကို ပေးပါနော်၊ ဒါဆို သားတွက်ကြည့်တာ…(၁)သိန်းရှိတယ် အဖွား၊ ရော့ ၁၀၀၀၀၀ နော် အဖွား

ဟာ အဖွား ဈေးဦးပေါက်က (၁)သိန်းတောင် ရတာလား… အဖွား ဝမ်းသာလိုက်တာ သားရယ်၊ အဖွား သားကို ဆု တခု ပေးပါရစေ…သား ဘဝမှာ…သား စိတ်ထဲရှိတဲ့တိုင်း လိုရာပြည့်ဝပါစေ…လိုရာ ပြည့်ပါစေ သားလေး၊ ပေးတဲ့ဆုနဲ့ ပြည့်ရပါလို၏ အဖွား…အဖွား ပြန်တော့နော်…ပြန်မယ်သားလေး…သားက ပြန်ခိုင်းပြီဆို ပြန်တော့မယ်…အဖွား ဆိုက်ကား ခေါ်အုံးမယ်။ ရတယ် အဖွား…သား ခေါ်ပေးမယ်နော်…အဖွား အိမ် ဂရုစိုက်ပြန်နော်…သား ဆိုက်ကားခပါ ရှင်းပြီနော် အဖွား၊ ကျေးဇူးတင်ပါတယ် သားရယ်…လိုရာ ပြည့်ပါစေ…လိုရာပြည့်ပါစေ

(ကျနော်တို့နှင့်အတူ ပူးပေါင်းပါဝင်လှူဒါန်းပေးကြသော (၇)ရက်သားသမီးများအား အဖွားကိုယ်စား ကျေးဇူးတင်ပါတယ် ဗျ)ဪ…အဖွား မနက်က ထိုင်နေတုန်း…ချမ်းနေတာလေး ကြည့်ပြီ…ကျနော် အရမ်း ဝမ်းနည်းရတယ်ဆင်းရဲနွမ်းပါး အဖိုးအဖွားများအတွက် အတူအကွ ပူးပေါင်း ကူညီလှူဒါန်းလိုပါကကိုပူတူးနှင့်ဘော်ဒါများ


Credit

Zawgyi




Credit

Leave a Comment