မင်းကွန်းခေါင်းလောင်းကြီးနှင့် ပတ်သက်ပြီး လူသိနည်းတဲ့ ထူးခြားသောအကြောင်းအရာအချို့

မင်းကွန်းခေါင်းလောင်းကြီးသည် ကမ္ဘာပေါ်တွင် တတိယအကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်ပြီး၎င်းကို ဧရာဝတီမြစ် အရှေ့ဘက်ကမ်း၊ စွန်းလွန်းရွာတွင် မြန်မာသက္ကရာဇ် ၁၁၇၀-ပြည့်နှစ်၊ ကဆုန်လဆန်း ၁၅-ရက်နေ့တွင်ပန်းတင်းဝန် မဟာနန္ဒကျော်စွာ ဦးစီးသော

ကြေးသွန်းလုပ် သား ပညာရှင်များက သွန်းလောင်းခဲ့ကြသည်။ ခေါင်းလောင်းကြီးရဲ့ ပကတိ အလေးချိန်မှာ ၆၀၀၀၀ ရှိပြီး အလောင်းဘုရားလက်ထက်မှစ၍ စစ်နိုင်၍

သိမ်းခဲ့သမျှကြေးအမြှောက်များကို စုပေါင်းအရည်ကြို၍ သွန်းလောင်းထားခြင်းလည်းဖြစ်သည်။သို့သော် ဘိုးတော်ဘုရားသည် တနင်္လာ သားဖြစ်၍ မြန့်မာ့ရိုးရာ ဓာတ်ပညာအရ ဂဗ္ဘေ ( တနင်္လာ နှင့် ကြာသာပတေး) ကိုယူ၍ ကြာသာပတေး ( ၅ ) လည်းဖြစ်ပေါင်းရင် လဲ ၂ နှင့် ၅ ( တနင်္လာ ကြာသာပတေး) လည်းဖြစ်အောင် မင်းဖြူမှန်မှန်ပြော

၅၅၅၅၅ ဟု ဓာတ်အရ ရေးထိုးခဲ့သည်။အမှန်သော်က ပိဿာ ၆၀၀၀၀ ရှိပေသည် ။ထိုမျှမကသေးပဲ ခေါင်းလောင်းတော်ကိုမြန်မာ့ရိုးရာ ဓာတ်ပညာများဖြင့်လည်း စီရင်ခဲ့ပေသေးသည်။

ထိုအရာများက စီးပွားတိုးတက်စေလိုလျှင် တောင်အရပ်ကထိုးရမည်။ရာထူးတိုး အပြောင်းအရွှေ့အတွက်ဆုတောင်းလျှင်အရှေ့အရပ်ကထိုးရမည် စသည်ဖြင့်အသီတိဓာတ်ကို ထည့်သွင်းစီရင်ခဲ့ပေသေးသည် ထိုမျှမကသေးပဲ ခေါင်းလောင်း အောက်နုတ်ခမ်းမှ အ ထက် သို့ လက်မ ၂၀ အကွာတွင် နက္ခတ် ၂၇ လုံး ကိုယ်စားပြု့ ၍အမှတ်အသားများဖြင့် ထည့်ခဲပေသေးသည်။ကိုယ်လိုသောဆုနှင့် နက္ခတ်ရွေး၍ ထိုးနှက်ဆုတောင်းနိုင်ရန်ဖြစ်ပေသည်။ ကိုးကား – သမိုင်း ဦးကိုကိုလေး စာစောင်မှ ထုတ်နုတ်ရေးသားအပ်ပါသည်။Credit – မူရင်းရေးသားသူ

Zawgyi

မင္းကြန္းေခါင္းေလာင္းႀကီးသည္ ကမာၻေပၚတြင္ တတိယအႀကီးဆုံး ေခါင္းေလာင္းႀကီး ျဖစ္ၿပီး၎ကို ဧရာဝတီျမစ္ အေရွ႕ဘက္ကမ္း၊ စြန္းလြန္း႐ြာတြင္ ျမန္မာသကၠရာဇ္ ၁၁၇၀-ျပည့္ႏွစ္၊ ကဆုန္လဆန္း ၁၅-ရက္ေန႔တြင္ပန္းတင္းဝန္ မဟာနႏၵေက်ာ္စြာ ဦးစီးေသာ

ေၾကးသြန္းလုပ္ သား ပညာရွင္မ်ားက သြန္းေလာင္းခဲ့ၾကသည္။ ေခါင္းေလာင္းႀကီးရဲ႕ ပကတိ အေလးခ်ိန္မွာ ၆၀၀၀၀ ရွိၿပီး အေလာင္းဘုရားလက္ထက္မွစ၍ စစ္ႏိုင္၍

သိမ္းခဲ့သမွ်ေၾကးအေျမႇာက္မ်ားကို စုေပါင္းအရည္ႀကိဳ၍ သြန္းေလာင္းထားျခင္းလည္းျဖစ္သည္။သို႔ေသာ္ ဘိုးေတာ္ဘုရားသည္ တနလၤာ သားျဖစ္၍ ျမန႔္မာ့႐ိုးရာ ဓာတ္ပညာအရ ဂေဗၻ ( တနလၤာ ႏွင့္ ၾကာသာပေတး) ကိုယူ၍ ၾကာသာပေတး ( ၅ ) လည္းျဖစ္ေပါင္းရင္ လဲ ၂ ႏွင့္ ၅ ( တနလၤာ ၾကာသာပေတး) လည္းျဖစ္ေအာင္ မင္းျဖဴမွန္မွန္ေျပာ

၅၅၅၅၅ ဟု ဓာတ္အရ ေရးထိုးခဲ့သည္။အမွန္ေသာ္က ပိႆာ ၆၀၀၀၀ ရွိေပသည္ ။ထိုမွ်မကေသးပဲ ေခါင္းေလာင္းေတာ္ကိုျမန္မာ့႐ိုးရာ ဓာတ္ပညာမ်ားျဖင့္လည္း စီရင္ခဲ့ေပေသးသည္။

ထိုအရာမ်ားက စီးပြားတိုးတက္ေစလိုလွ်င္ ေတာင္အရပ္ကထိုးရမည္။ရာထူးတိုး အေျပာင္းအေ႐ႊ႕အတြက္ဆုေတာင္းလွ်င္အေရွ႕အရပ္ကထိုးရမည္ စသည္ျဖင့္အသီတိဓာတ္ကို ထည့္သြင္းစီရင္ခဲ့ေပေသးသည္ ထိုမွ်မကေသးပဲ ေခါင္းေလာင္း ေအာက္ႏုတ္ခမ္းမွ အ ထက္ သို႔ လက္မ ၂၀ အကြာတြင္ နကၡတ္ ၂၇ လုံး ကိုယ္စားျပဳ႕ ၍အမွတ္အသားမ်ားျဖင့္ ထည့္ခဲေပေသးသည္။ကိုယ္လိုေသာဆုႏွင့္ နကၡတ္ေ႐ြး၍ ထိုးႏွက္ဆုေတာင္းႏိုင္ရန္ျဖစ္ေပသည္။ ကိုးကား – သမိုင္း ဦးကိုကိုေလး စာေစာင္မွ ထုတ္ႏုတ္ေရးသားအပ္ပါသည္။Credit – မူရင္းေရးသားသူ

Leave a Comment