နေအိမ်၏ လှေကားလက်ရန်းစတီးပိုက်လုံးထဲတွင် မိန်းမမသိအောင် ပိုက်ဆံခိုးစုခဲ့ပြီး ၃နှစ်အကြာတွင် ဖွင့်ကြည့်ခဲ့ရာမှ ယွမ်တစ်သိန်းကျော်အထိရရှိခဲ့သည့်အမျိုးသား

နေအိမ်၏ လှေကားလက်ရန်းစတီးပိုက်လုံးထဲတွင် မိန်းမမသိအောင် ပိုက်ဆံခိုးစုခဲ့ပြီး ၃နှစ်အကြာတွင် ဖွင့်ကြည့်ခဲ့ရာမှ ယွမ်တစ်သိန်းကျော်အထိရရှိခဲ့သည့်အမျိုးသား

လူ့လောကကြီးထဲတွင် အလုပ်များစွာကို ကြိုးစားလုပ်ကိုင်ပြီး ပိုက်ဆံများကို ရှာဖွေနေရုံဖြင့် အဆင်မပြေနိုင်ဘဲ စည်းကမ်းရှိစွာ သုံးစွဲနိုင်မှသာလျှင် ဘဝက ပိုမိုတိုးတက်လာမည်ဖြစ်ပါတယ်။

ထို့ကြောင့်လည်း လူအများစုတို့ဟာ ငွေကြေးစုဆောင်းခြင်းမျိုးကို ပြုလုပ်တတ်ကြပါတယ် ။ ယခုတွင်လည်း တရုတ်နိုင်ငံ ယူနန်ပြည်နယ်တွင်နေထိုင်သော အမျိုးသားတစ်ဦးဟာ မိသားစုအတွက် ငွေကြေးများကို ရှာဖွေပြီး ဇနီးဖြစ်သူကို ပုံမှန်အပ်ထားလေ့ရှိပါတယ်။

ထို့အပြင်အမျိုးသားဟာ ဇနီးသည်မသိအောင်လည်း လှေကားလက်ရန်းစတီးပိုက်လုံးထဲသို့ ပိုက်ဆံများကိုထည့်ပြီး စုထားခဲ့တာဖြစ်ပါတယ်။၃နှစ်ကြာ၍ ဇနီးသည်ကိုပြောပြပြီး ဖွင့်ကြည့်ခဲ့ရာတွင် ပိုက်ဆံများလှသဖြင့် မိသားစုဝင်အကုန်က ဝိုင်းရေကူခဲ့ရပြီး ယွမ်ငွေ ၁၁၀၀၀၀ကျော် မြန်မာငွေဖြင့် သိန်းသုံးရာ့တစ်ဆယ်ကျော်ကို စုထားမိတာဖြစ်ပါတယ်။


Credit

Zawgyi




Credit

Leave a Comment