” ဟင်းမကောင်းလည်း ဆွမ်းလောင်းပေးပါ “

ဟင်းမကောင်းလည်း ဆွမ်းလောင်းပေးပါ မြန်မာနိုင်ငံဟာ ရှေးပဝေသဏီထဲက နေဒီနေ့ချိန်ထိ မပျောက်ကွယ်ပဲ တည်တံ့နေတဲ့အရာဟာ နံနက်မိုးလင်းပြီးဆိုတာနဲ့ရဟန်းသံဃာများ ဆွမ်းအလှူခံ ကြွ နေခြင်း ဆွမ်းထချက် ပြီး နေ့စဉ် နေ့တိုင်းဆွမ်း လောင်းလှူတဲ့ “ပိဏ္ဍပါတ-ဒါနအလှူ ” ဖြစ်ပါတယ် ။(သပိတ်ထဲသို့ ထည့်၍ ဆွ မ်းလှူခြင်း) ဝတ်ကို နေ့စဉ် “အာစိဏ္ဏကံ”အမြဲမပြတ် လှူဒါန်းနေခဲ့ကြတာ လွန်ခဲ့သောနှစ်ပေါင်း ၂၆၀၀ကျော်ကနေ ဒီနေ့ထိ ဖြစ်ပါတ ယ်။ဗုဒ္ဓဘာသာဝင်များ နေ့စဉ်လောင်းလှူနေကြတဲ့ဆွမ်းအလှူဒါန ဖြစ်ပါတယ်။မိမိတို့အိမ်ရှေ့ဆွမ်းခံရပ်တဲ့ ရပ်ဆွမ်းသံဃာပဲဖြစ်ဖြစ်,မိမိတို့မှ ဖိတ်မန်ထားတဲ့ ထိုင်ဆွမ်းသံဃာပဲဖြစ်ဖြစ် မိမိတို့စားဖို့ရာချက်ထားတဲ့အထဲကနေ ခွဲဝေပြီး နေ့စဉ်ပုံမှန်လောင်းလှူနေတဲ့ဆွမ်းကို ပိဏ္ဍပတ်ဆွမ်းလို့ ေ ခါ်ပါတယ်။ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတိုင်း ဒီဆွမ်းဒါနကိုနေ့စဉ် နဲ့အမျှ ပြုနေကြတာပဲဖြစ်ပါတယ်။

ဘုရားရဲ့ အဆုံးအမကို ခံယူကြတဲ့ဗုဒ္ဓဘာသာဝင် တိုင်းလိုလို အဦးအဖျားကို မွန်မွန်မြတ်မြတ် လောင်းလှူလိုက်ရမှ စိတ်နှလုံးသန့်ရှင်းပြီး အေးမြကြည်လင်တတ်ကြပါတယ်။ ဘုရားနဲ့ရဟန်းသံဃာကို အဦးအဖျားကိုမှ လှူတဲ့အလေ့အကျင့်ဟာ ရှေးက မိဘ ဘိုးဘွား ဘီ ဘင်ဘောင် ဘော ေ ဘးတို့အဘိုးအဖွား အစဉ်အဆက် ပေးခဲ့တဲ့အမွေကောင်းတစ်ခုဆိုရင်လဲ မမှားပါဘူး။ အရင်ကလဲ ကျင့်သုံးကြသလို ယခုလဲ ကျင့်သုံးနေဆဲပါပဲ။ဆွမ်းဆိုလဲ ဆွမ်းဦးမှ၊ သစ်သီးဆိုလဲ သန့်ရှင်းလက်ဆက်ပြီး အဦးအဖျားမှ၊ ပန်းဆိုလဲ လှပတင့်ဆန်း လန်းလန်းလေးမှ၊ရေဆိုလဲအေးမြကြည်လ င် သန့်ရှင်းနေမှ လှူလိုက်ချင်ကြတယ်။ဒီအကျင့်ဟာ လေးစားစရာလဲကောင်းချစ်စရာလဲကောင်းတဲ့ အလေ့အထကောင်းပါပဲ။ဒါဟာ မြန်မာမှာပဲ ရှိတယ်။

ဗုဒ္ဓဘာသာနှင့် မြန်မာလူမျိုးသာသနာနှင့်ရဟန်းသံဃာဟာဒင်္ဂါးပြား၏ ခေါင်းနဲ့ ပန်းလိုပဲခွဲလို့မရပါဘူး။တည်တံ့နေသ၍ တေ့ာဗုဒ္ဓ ဘာသာ ဟာ တည်မြဲနေဦးမှာပါ။ရဟန်းတော်တွေဟာနံနက်အာရုံတက်ပြီဆိုတာနဲ့ဘုရားရှိခိုးပြီး ဆွမ်းအလှူခံကြရတယ်။သင်္ကန်းရုံ သပိတ်ပိုက် ကာခြေလျင်ကြွပြီး ဆွမ်းခံကြရတယ်။“ပိဏ္ဍပါတ (သို့) “နိစ္စဘတ်”လို့ခေါ်ပါတယ်။ (မြန်မာ-လိုပြန်ရင် “သပိတ်၌ ခံ၍ ရသောဆွမ်း”-လို့ ဖွင့်ပါတယ်။)ဆွမ်းအမျိုးမျိုးတွင် ပိဏ္ဍပါတ် အလှူသည်အကျိုးအကြီးဆုံးဖြစ်ပါသည်။သာသနာတော်ကြီးယနေ့အထိ ရှည်မြင့်စွာ တည်ရှိနေသည်မှာ တခြားအမျိုးမျိုးသောအလှူကြီး ဆွမ်းများကိုရရှိ၍ မဟုတ်ပါ။ပိဏ္ဍပါတ် ဆွမ်းကြောင့် တည်နေခြင်းဖြစ်ပါသည်။ ပိဏ္ဍပါတ် ဆွမ်းဟူသည် ဆွမ်းခံစားသော ရဟန်းများအား တစ်ဇွန်း တစ်ယောက်မ လောင်းလှူသော ဆွ မ်းကိုခေါ်ပါသည်။

တာဝန်လည်းမကြီး ကုသိုလ်အရလည်းများသော ဆွမ်းအလှူဖြစ်ပါသည်။ဆွမ်းလောင်းလှူသော အလှူစေတနာမှာလည်း နေ့စဉ်မပြတ် ဆက်စပ်နေ၍ အလှူခံပုဂ္ဂိုလ်မှာ ရဟန်းသံဃာတော်များဖြစ်ပါသည်။ စေတနာဆက်စပ်ခြင်း၊အမြင်ပြတ်ခြင်း အောက်မေ့ရမှုမြတ်ခြင်း သာသနာအသက် ဆက်ခြင်း စသော အကြောင်းကြောင်းတွေကြောင့်ပိဏ္ဍပါတ်ဆွမ်းသည် အမြ့င်မြတ်ဆုံးဖြစ်နေခြင်း ဖြစ်သည်။“မိမိ”အိမ်ရှေ့သို့ -ရှေးရှေး “မြတ်စွာဘုရားရှင်”၏ အလေ့အထဖြစ်တဲ့“ဆွမ်းခံခြင်း”-အမှု၊-“အဂ္ဂသာဝက”၊“မဟာသာဝက”၊“ပကတိ သာဝက”-အရှင်အမြတ်၏ ထုံးကို နှလုံးမူ၍-စာသင်-စာချ၊-တရားဟော ၊-တရားထိုင်၊“ပရိယတ္တိဝန်”ကိုဆောင်တော်မူနေကြသော “သံဃာတော်အရှင်မြတ်များ”၊ -“ပဋိပတ္တိဝန်”ကို ဆောင်တော်မူကြသော “သံဃာေ တာ်”တို့၏ “သပိတ်”ထဲသို့ -ဆွမ်း တစ်ဇွန်း၊-ဟင်း တစ်ခွက်၊ နေ့စဉ်မှန်မှန်ချက်ပြီး လောင်းလှူမယ်ဆိုရင်,-ပုဂ္ဂိုလ်စွဲလည်းကင်း၊ -စေတနာ လည်းနိုင်နင်း၊-သဒ္ဓါတရား လည်း ဖြူဝင်းပြီး-စိတ်နိုင်, ကိုယ်နိုင်လှူရလို့ ဝမ်းမြောက်ဝမ်းသာဖြစ်မယ်။

“ရက်မှန်မှန် ဆွမ်းလောင်းလှူသူ”မှာ “တစ်ရက်”လျှင်, -“ပုဗ္ဗ စေတနာ”(မလှူမီဖြစ်တဲ့စေတနာ)၊ -“မုဉ်စစတေနာ” (လှူဆဲအခါမှာဖြစ်တဲ့စေတ နာ)၊ -“အပရ စေတနာ” (လှူပြီးနောက်ဝမ်းမြောက်ဝမ်းသာဖြစ်တဲ့စေတနာ) ကုသိုလ်ဆိုပြီး “သုံးမျိုး”-ရတာပေါ့။ “တစ်နှစ်”မှာ ” (၃၆၅)ရက်”ဆိုတော့ “တစ်နှစ်”မှာ”(၁၀၉၅)မျိုး”ရတယ်လို့ဆိုရမှာပါ။နောက် တစ်ချက် “သံဃာတော်”တို့အနေဖြင့်”အလှူရှင် ဆွမ်းဒကာ ,ဆွမ်းဒကာမများ”ထဲမှ တတ်စွမ်းသမျှ လှူဒါန်း-တဲ့ -“ဆွမ်း၊ ဆွမ်းဟ င်း”ကိုသာအလှူခံကြပြီး၊-ဆွမ်း ကောင်းတာ, မကောင်းတာ၊ -ဆွမ်းဟင်း ကောင်းတာ , မကောင်းတာဟု တစ်ခွန်းမှ မပြောြ က။လောင်းသမျှနှင့်သာ တင်းတိမ် ရောင့်ရဲ ကြတာပါ။

“တင်းတိမ် ရောင့်ရဲ တဲ့တရား” ကိန်းနေပြီဆိုရင် လိုချင်တပ်မက်မှု “လောဘ”အား “တဒင်္ဂ” အနေဖြင့် ကင်း နေပါတော့တယ်။-ဆွမ်းခံခြ င်း အမှုပြုတော့မည့် အချိန်၊ – ပြုနေဆဲအချိန်၊ -ပြု ပြီးသည့်အချိန် -များမှာ“ဆွမ်းအလှူရှင်များ”အား “မေတ္တာပို့သ”ကြရပါတယ်။“မေ တ္တာဓာတ်ကိန်းနေမည်”-ဆိုပါရင်”မေတ္တာ”နှင့်ဆန့်ကျင်ဘက် “ဒေါသ ကိလေသာ”လည်း “တဒင်္ဂ”မှာ ကင်း နေမှာဖြစ်ပါတယ်။“ဆွမ်းခံကြွသူ အရှင်မြတ်များ”မှာ –“သတိ”ဖြင့် သွားလာနေကြရတာဖြစ်လို့ “သတိ”၏ ဆန့်ကျင်ဘက် “မောဟ တရား”လည်း “တဒင်္ဂ”ကင်း နေမည်သာ။“ဆွမ်းခံခြင်း ကျင့်ဝတ်”ဟာ, “မာန်မာနတရားများ”ကို ချိုးနှိမ်ပြီးမှ ကြွရသဖြင့် “မာန တရား”လည်း “တဒင်္ဂ”ကင်း နေမည်သာ၊ “ဆွမ်းခံကျင့် ဝတ်”ဖြင့် ကျင့်သုံးပြီး “ဆွမ်းခံထွက်တော်မူကြသော သံဃာတော် အရှင် အမြတ်များ”အား-ဖူးတွေ့ရခြင်း၊-လှူဒါန်းရခြင်းများ ဟာ“ဒကာ, ဒကာမများ”အဖို့ -ကြည်နူးစရာ -ဝမ်းမြောက်စရာ၊-ကုသိုလ်ဖြစ်စရာ-လို့ “အမြင်မှန်”သောကြောင့် “မိစ္ဆာဒိဋ္ဌိ”(မှားယွင်းသော အမြင်)လည်း “တဒင်္ဂ”ကင်း နေမည်သာ၊

နောက်တစ်ချက်, “ဆွမ်းခံခြင်း”အမှုဟာ “တစ်ပါးသူ”ထံမှာ -ခိုးယူ -လုယက် -ခြိမ်းခြောက်ပြီး ရယူခြင်းမျိုး”-မဟုတ်ပဲ, -“မေတ္တာတရား ပြ ည့်ဝသည့် စိတ်”၊ -“မာန ကင်းရှင်းနေတဲ့ စိတ်”၊ -“လောဘ ကင်းရှင်းနေတဲ့ စိတ်ထား”နဲ့ “အလှူခံခြင်း” ဖြစ်လို့ “ရရှိလာတဲ့ ဆွမ်း”ဟာ လည်း “ဖြူစင်သော အသက်မွေးမှု” ဖြစ်သဖြင့် “မဖြူမစင် နှင့်ရအပ်သော ဆွမ်းမဟုတ်”-ဟု “နှလုံးသွင်း”လိုက် သည်နှင့် “သံသယ ဝိစိကိစ္ဆာ”၊-“ကုသိုလ်အမှု”ဖြစ်တာကြောင့် “ရှက်စရာ၊ ကြောက်စရာ”လည်းမလိုသည့် အတွက် “အဟိရိက၊ အနောတ္တပ္ပ”-စသည့် “ကိလေသာတရား”- များ “တဒင်္ဂ”တော့ ကင်းရှင်း နေမည် ဖြစ်ပေသည်။ ထို့ကြောင့်, “ပိဏ်တပါတ်ဆွမ်း”ဟာ “လောင်းလှူနေသူ” ဒကာ/ဒကာမများ အဖို့ အ ကျိုးကျေးဇူးများတယ်”လို့ ဆိုရမည်ဖြစ်ပါတယ်။

“နိရောဓသမာပတ်”မှထသည့်အခါ၊ “ဖလသမာပတ်”မှ ထသည့်အခါများမှာ လှူဒါန်းပါလျှင် “အကျိုးကျေးဇူးများတယ်”ဆိုတာ အားလုံး အသိပင်၊ နောက်တစ်ချက်က, “မိမိ လောင်းလှူလိုက်သော ဆွမ်း”ဟာ -“ပုဂ္ဂိုလ် တစ်ဦး တစ်ယောက် အတွက်”လည်း မဟုတ်ပေ။ ထို”ဆွမ်း”ဖြင့် ခံ ယူသော အရှင်များဘုဉ်းပေးနိုင်သကဲ့သို့၊ -နာမကျန်းဖြစ်နေသော ရဟန်း၊-ခရီးသွား အာဂန္တု ရဟန်းများ၊-သံဃာတော်များ၏ ဝေယျဝေစ္စပြုေ နသော ပုဂ္ဂိုလ်များ၊ -အောက်ထစ်ဆုံး “တိရစ္ဆာန်လေးများ”ပါ မကျန် ခွဲဝေသုံးဆောင်ကြတာဖြစ် လို့ “သံဃိကဒါန”ဟုလည်း ဆိုနိုင်မည်ဖြစ်ပါတယ်။

“သံဃာ”ကို”လှူဒါန်း”တာဟာ “အကျိုးကျေးဇူးများတယ်”-ဆိုတာ အားလုံးအသိပင်ဖြစ်ပါတယ်။ နေ့စဉ် လှူဒါန်းနေသော “ပိဏ္ဍပါတ- ပိဏ်တပါတ်ဆွမ်း (နိစ္စဘတ်)”ဟာ “သာသနာအတွက် အကျိုးကျေးဇူးများတဲ့ ဆွမ်း” ဖြစ်သောကြောင့် “ဆွမ်းလောင်းလှူတဲ့ ဒကာ-ဒကာများ”လ ည်း “ဆွမ်း-အကျိုး ငါးပါး”-အပါအဝင် “ထူးမြတ်သော အကျိုးကျေးဇူးများ”ကို ရရှိပါတယ်။ဆွမ်းလှူရခြင်းသည် (၁) အသက်ကိုလှူရာ ရောက်တယ်၊ လှူတဲ့ ပုဂ္ဂိုလ်မှာ အသက်ရှည်တယ်၊ မိမိတို့က တရားအသက်ပါ ရပါရေစေပါ့၊ရှည်တဲ့အသက်ဟာ ဗလာအသက်တော့ မလိုချင်၊တရားအသက်ပါ ရှည်ပါရစေပေါ့၊(၂) အဆင်းကျက်သရေကို လှူရာရောက်တယ်၊လှူတဲ့ ပုဂ္ဂိုလ်မှာ အဆင်းလှတယ်၊မိမိတို့က ရုပ်ရ ည်လှရုံမျှသာမက စိတ်ပါလှပါရစေ၊တရားပါ လှပါရစေလို့ ဉာဏ်နဲ့ဦးဆောင်ရမယ်ပေါ့။

(၃)ဆွမ်းခဲဖွယ်ဘောဇဉ်ကို လှူလို့ရှိရင်ချမ်းသာကို လှူရာရောက်တယ်၊လှူတဲ့ ပုဂ္ဂိုလ်မှာလည်း ကိုယ်စိတ်နှစ်ပါး ချမ်းသာတယ်၊မိမိတို့ကတရားအသိပါ တွဲပြီးတော့လောကုတ္တရာချမ်းသာ တရားချမ်းသာပါရဖို့နိဗ္ဗာန်မရောက်မချင်း အသိတရားနဲ့ခန္ဓာကို ပိုင်နိုင်စွာထိန်းပြီးတော့ငြိမ်းငြိမ်းချမ်း ချမ်းသွားနိုင်ဖို့ဉာဏ်နဲ့ ဦးဆောင်ရမယ်ပေါ့။ နိဗ္ဗာန်ရောက်ရင် ချမ်းသာမှာ သေချာသော်လည်း နိဗ္ဗာန်မရောက်ခင် ချမ်းသာအောင် နေသွားတ တ်ဖို့ပိုလို့ အရေးကြီးနေတယ်၊နောက်ဘဝ ချမ်းသာဖို့ဆိုတာထက်ယခုဘဝ တွေ့သမျှ အခြေအနေနဲ့ ချမ်းသာအောင် နေသွားတတ်ဖို့ တရား အသိကလိုတယ်။မနက်ဖြန် ချမ်းသာဖို့ ဆိုတာထက်ယနေ့ ပစ္စုပ္ပန်မှာ (ယနေ့မှာပဲ)တွေ့သမျှအခြေအနေနဲ့၊ ပေးလာသမျှ အခြေအနေနဲ့ချမ်းသာအော င် နေတတ်ဖို့ကအရေးကြီးတယ်။ တရားအသိလေးပါ ဦးဆောင်ရမယ်ပေါ့၊ဒါကြောင့် လောကုတ္တရာချမ်းသာ တရားချမ်းသာက ပညာနဲ့ ဦးဆောင်ရမယ်။

(၄) စားဖွယ်ဘောဇဉ်ကို လှူဒါန်းရင်ခွန်အားကို လှူရာရောက်တယ်ကျန်းမာရေးကို လှူရာရောက်တယ်၊လှူဒါန်းတဲ့ ပုဂ္ဂိုလ်မှာလည်း ခွန် အားကောင်းတယ်၊ကျန်းမာရေးကောင်းတယ်၊မိမိတို့က တရားခွန်အားအထိလောကုတ္တရာခွန်အားအထိရပါစေရလို့ ဉာဏ်နဲ့ ဦးဆောင်ရမယ်(၅) ဆွမ်းခဲဖွယ် ဘောဇဉ်လှူဒါန်းရင်ဉာဏ်ကို လှူရာရောက်တယ်၊လှူဒါန်းတဲ့ပုဂ္ဂိုလ်မှာလည်း ဉာဏ်ကောင်းတယ်၊မိမိတို့က တစ်ဖက်မြင်ပညာမျှသာမက နှစ်ဖက်မြင်ပညာ၊တရားပိုင်းဆိုင်ရာ အသိပညာတွေ ရပါရစေလို့ဉာဏ်နဲ့ ဦးဆောင်ရမယ်ပေါ့။ သို့သော်လည်းရှေးယခင်များဆီကတေ့ာလူကြီး လူငယ်ပါမကျန်ဆွမ်းအကျိုးတရားလဲ နားလည်ကြတယ်။ရဟန်းသံဃာတွေကိုလည်းကြည်ညိုကြတယ်။အာရုံဆွမ်းလဲ လောင်လှူကြတယ်။ ရ ဟန်းသံဃာတွေရဲ့သွန်သင်ဆုံးမ မှုကိုလဲ နာယူ မှတ်သားတယ်။ ဒီဘက်ခေတ်ကြတေ့ာ အဲလိုမဟုတ်တေ့ာဘူး။ ခေတ်ကာလ အတိုင်းအတာရ သော်လ ည်ကောင်းတခဏ သာဝတ်ကြတဲ့ ဒုလ္လဘ ရဟန်း များ၏ အပြုအမူ ကြောင့်သော်လည်ကောင်းဗုဒ္ဓသာသနာကို ပုတ်ခက်စော်ကား လိုတဲ့ လုပ်ြ ကံဖန်တီးကြတဲ့ တစ်ချို့သော ဘာသာခြားတို့ကြောင့်လည်ကောင်း တကယ့် ဝိနည်း စည်းကမ်း လိုက်နာကျင့်သုံးနေကြတဲ့ရဟန်းတော်များ အပေါ် ကိုကြည်ညိုလေးစားတဲ့သူ ဆွမ်းလောင်ချင်တဲ့သူရှားပါးသွားပြီ။

ကျေးလက်တောရွာများမှာသာလူကြီး လူငယ်တွေသာဘုန်းကြီးကျောင်းကိုမှန်မှန်ရောက်ကြတယ်။ဆွမ်း ဆွမ်းဟင်း ကောင်းကောင်း မကောင်းကောင်း ဆွမ်းလောင်ကြတယ်။ကလေး လူကြီး ပါမကျန်ဘုန်းကြီးကျောင်း ရောက်ကြတယ်။ ဆွမ်း ကွမ်း ပူစရာမလို။ ြ မို့ကြီးပြကြီးတွေမှာတေ့ာစာသင်သားများရဟန်းတော်များအတွက် ဆွမ်း ဆွမ်းဟင်း ခက်ခဲလာတယ်။မနက် မနက် ဆွမ်းခံကြွရဖို့အရေး လိုင်းကားစောင့်ရတယ်။ လိုင်းကားလာတေ့ာလည်းအတင်းတိုးတက်ရတယ်။ဒီခေတ်မှာ များသောအားဖြင့်ရဟန်းရယ် သီးသန့် နေရာ မပေး ချင်ကြတေ့ာဘူး။လမ်းလျှောက်ပြန်တေ့ာလည်းကား အန္တရာယ် က သတိထားရတယ်။

ဆွမ်းခံအမှီ ရောက်ပြန်တေ့ာလည်း ဆွမ်းလောင်းတဲ့ ဒကာ ဒကာမတွေက အလုပ်ချိန် နီးတေ့ာ ဆွမ်းမလောင်းတေ့ာသလိုတစ်ချို့ကြတေ့ာ လည်း ဟင်းမကောင်းလို့ ဆွမ်းမလောင်းကြတေ့ာ။စာသင်သား ရဟန်းတော်များအတွက် မြို့ မှာဆိုဆွမ်း တစ်ပါးစာ ပြည့်စုံဖို့ ခက်ခဲလာတယ်။ ဒကာ၊ဒကာမများမှာလည်း အရင်ခေတ်ကဲ့သို့ ဘုန်းကြီးကျောင်းသို့ မှန်မှန်မလာနိုင်ကြတော့ဘဲ စီးပွားရေးအတွက်သာလုံးပမ်းနေကြရသောအခါဘာ သာရေးနှင့် ပို၍ဝေးလာကြပါသည်။ ဆွမ်း ကွမ်း မပြည့်စုံခြင်းသည် ယနေ့ခေတ် ရဟန်းများအတွက် ခက်ခဲမှုတစ်ခုဖြစ်နေလေသည်။ အရင်ခေတ်များတွင် ရဟန်းတော်များကို လွန်စွာရိုသေကြပြီး ဆွမ်းအတွက် စောစောထကာ ဆွမ်းချက်၍လောင်းလှူကြသော်လည်း ယနေ့ခေတ်တွင်မူ ထိုကဲ့သို့ အလေးထားကာ ဆွမ်းထချက်သူ နည်းပါးလာလေသည်။

အကျိုးဆက်အနေဖြင့် ဆွမ်းချိန်တွင်ဆွမ်းအမီမကျက်ကြသောအခါဆွမ်းရှားပါးလာကြလေသည်။ ရန်ကုန်၊မန္တလေးကဲ့သို့ မြို့ကြီးများတွင် စာသင်တိုက် များ၊ဗုဒ္ဓတက္ကသိုလ်များ အများအပြား ရှိသောကြောင့် စာသင်သားများပေါများသော်လည်း ဆွမ်းလောင်းနိုင်သောအိမ်မှာ ယခင်ထက်နည်းပါးလာေ သာအခါ ဆွမ်းရှားပါးလေသည်။ ကုန်ဈေးနှုန်းမြင့်တက်လာခြင်းကြောင့် လှူဒါန်းနိုင်စွမ်းနည်းပါးလာကြသကဲ့သို့ စီးပွားရေးကြပ်တ ည်းလာမှုကြောင့် အိမ်ရှိလူကုန် စီးပွားထွက်ရှာကြရသော အဖြစ်များလည်းရှိလေရာ ဆွမ်းလောင်းလှူနိုင်သောအိမ်အရေအတွက်မှာ ပို၍လျော့ နည်းရပြန်ပါသည်။

ဆွမ်းမရသော စာသင်သားများမှာ ဝယ်စားရသော အဖြစ်ကိုရောက်ကြရသောကြောင့် စရိတ်ပို၍ကုန်ခြင်း(ဆင်းရဲသောစာသင်သားများအတွက် အခက်အ ခဲဖြစ်စေပါသည်)၊ ဝိနည်းနှင့်ပက်သက်၍ ဒွိဟဖြစ်ကာ စိတ်ဆင်းရဲကြရခြင်းသည်လည်းလူထွက်ရသည့် အကြောင်းအရင်းတစ်ရပ်ဖြစ်ပါသည်။ ရဟ န်း မစစ်ဘူး စစ်တယ်နဲ့ ဝေဖန်စရာ မလိုပါဘူး။ဘုရားသားတော်သံဃာတစ်ပါးအဖြစ်သာ မြင်ပြီး ဆွမ်းလောင်းလှူစေချင်ပါတယ်။ဘာကြောင့်လဲ ဆိုေ တ့ာရဟန်း သံဃာတော်တွေဟာဆွမ်း သင်္ကန်း ကျောင်း ဆေးစသဖြင့်ပစ္စည်းလေးပါး အလိုရှိရာတွေကိုဒါယိကာ ဒါယိကာမ အပေါ င်းတို့က ထောက်ပံ့လှူဒါန်းပေးမှသာ သာသနာအသက် ဆက်လို့ရနိုင်တာဖြစ်ပါတယ်။
Credit

Zawgyi

ဟင္းမေကာင္းလည္း ဆြမ္းေလာင္းေပးပါ ျမန္မာႏိုင္ငံဟာ ေရွးပေဝသဏီထဲက ေနဒီေန႔ခ်ိန္ထိ မေပ်ာက္ကြယ္ပဲ တည္တံ့ေနတဲ့အရာဟာ နံနက္မိုးလင္းၿပီးဆိုတာနဲ႔ရဟန္းသံဃာမ်ား ဆြမ္းအလႉခံ ႂကြ ေနျခင္း ဆြမ္းထခ်က္ ၿပီး ေန႔စဥ္ ေန႔တိုင္းဆြမ္း ေလာင္းလႉတဲ့ “ပိ႑ပါတ-ဒါနအလႉ ” ျဖစ္ပါတယ္ ။(သပိတ္ထဲသို႔ ထည့္၍ ဆြ မ္းလႉျခင္း) ဝတ္ကို ေန႔စဥ္ “အာစိဏၰကံ”အၿမဲမျပတ္ လႉဒါန္းေနခဲ့ၾကတာ လြန္ခဲ့ေသာႏွစ္ေပါင္း ၂၆၀၀ေက်ာ္ကေန ဒီေန႔ထိ ျဖစ္ပါတ ယ္။ဗုဒၶဘာသာဝင္မ်ား ေန႔စဥ္ေလာင္းလႉေနၾကတဲ့ဆြမ္းအလႉဒါန ျဖစ္ပါတယ္။မိမိတို႔အိမ္ေရွ႕ဆြမ္းခံရပ္တဲ့ ရပ္ဆြမ္းသံဃာပဲျဖစ္ျဖစ္,မိမိတို႔မွ ဖိတ္မန္ထားတဲ့ ထိုင္ဆြမ္းသံဃာပဲျဖစ္ျဖစ္ မိမိတို႔စားဖို႔ရာခ်က္ထားတဲ့အထဲကေန ခြဲေဝၿပီး ေန႔စဥ္ပုံမွန္ေလာင္းလႉေနတဲ့ဆြမ္းကို ပိ႑ပတ္ဆြမ္းလို႔ ေ ခၚပါတယ္။ဗုဒၶဘာသာဝင္ ျမန္မာလူမ်ိဳးတိုင္း ဒီဆြမ္းဒါနကိုေန႔စဥ္ နဲ႔အမွ် ျပဳေနၾကတာပဲျဖစ္ပါတယ္။

ဘုရားရဲ႕ အဆုံးအမကို ခံယူၾကတဲ့ဗုဒၶဘာသာဝင္ တိုင္းလိုလို အဦးအဖ်ားကို မြန္မြန္ျမတ္ျမတ္ ေလာင္းလႉလိုက္ရမွ စိတ္ႏွလုံးသန႔္ရွင္းၿပီး ေအးျမၾကည္လင္တတ္ၾကပါတယ္။ ဘုရားနဲ႔ရဟန္းသံဃာကို အဦးအဖ်ားကိုမွ လႉတဲ့အေလ့အက်င့္ဟာ ေရွးက မိဘ ဘိုးဘြား ဘီ ဘင္ေဘာင္ ေဘာ ေ ဘးတို႔အဘိုးအဖြား အစဥ္အဆက္ ေပးခဲ့တဲ့အေမြေကာင္းတစ္ခုဆိုရင္လဲ မမွားပါဘူး။ အရင္ကလဲ က်င့္သုံးၾကသလို ယခုလဲ က်င့္သုံးေနဆဲပါပဲ။ဆြမ္းဆိုလဲ ဆြမ္းဦးမွ၊ သစ္သီးဆိုလဲ သန႔္ရွင္းလက္ဆက္ၿပီး အဦးအဖ်ားမွ၊ ပန္းဆိုလဲ လွပတင့္ဆန္း လန္းလန္းေလးမွ၊ေရဆိုလဲေအးျမၾကည္လ င္ သန႔္ရွင္းေနမွ လႉလိုက္ခ်င္ၾကတယ္။ဒီအက်င့္ဟာ ေလးစားစရာလဲေကာင္းခ်စ္စရာလဲေကာင္းတဲ့ အေလ့အထေကာင္းပါပဲ။ဒါဟာ ျမန္မာမွာပဲ ရွိတယ္။

ဗုဒၶဘာသာႏွင့္ ျမန္မာလူမ်ိဳးသာသနာႏွင့္ရဟန္းသံဃာဟာဒဂၤါးျပား၏ ေခါင္းနဲ႔ ပန္းလိုပဲခြဲလို႔မရပါဘူး။တည္တံ့ေနသ၍ ေတ့ာဗုဒၶ ဘာသာ ဟာ တည္ၿမဲေနဦးမွာပါ။ရဟန္းေတာ္ေတြဟာနံနက္အာ႐ုံတက္ၿပီဆိုတာနဲ႔ဘုရားရွိခိုးၿပီး ဆြမ္းအလႉခံၾကရတယ္။သကၤန္း႐ုံ သပိတ္ပိုက္ ကာေျခလ်င္ႂကြၿပီး ဆြမ္းခံၾကရတယ္။“ပိ႑ပါတ (သို႔) “နိစၥဘတ္”လို႔ေခၚပါတယ္။ (ျမန္မာ-လိုျပန္ရင္ “သပိတ္၌ ခံ၍ ရေသာဆြမ္း”-လို႔ ဖြင့္ပါတယ္။)ဆြမ္းအမ်ိဳးမ်ိဳးတြင္ ပိ႑ပါတ္ အလႉသည္အက်ိဳးအႀကီးဆုံးျဖစ္ပါသည္။သာသနာေတာ္ႀကီးယေန႔အထိ ရွည္ျမင့္စြာ တည္ရွိေနသည္မွာ တျခားအမ်ိဳးမ်ိဳးေသာအလႉႀကီး ဆြမ္းမ်ားကိုရရွိ၍ မဟုတ္ပါ။ပိ႑ပါတ္ ဆြမ္းေၾကာင့္ တည္ေနျခင္းျဖစ္ပါသည္။ ပိ႑ပါတ္ ဆြမ္းဟူသည္ ဆြမ္းခံစားေသာ ရဟန္းမ်ားအား တစ္ဇြန္း တစ္ေယာက္မ ေလာင္းလႉေသာ ဆြ မ္းကိုေခၚပါသည္။

တာဝန္လည္းမႀကီး ကုသိုလ္အရလည္းမ်ားေသာ ဆြမ္းအလႉျဖစ္ပါသည္။ဆြမ္းေလာင္းလႉေသာ အလႉေစတနာမွာလည္း ေန႔စဥ္မျပတ္ ဆက္စပ္ေန၍ အလႉခံပုဂၢိဳလ္မွာ ရဟန္းသံဃာေတာ္မ်ားျဖစ္ပါသည္။ ေစတနာဆက္စပ္ျခင္း၊အျမင္ျပတ္ျခင္း ေအာက္ေမ့ရမႈျမတ္ျခင္း သာသနာအသက္ ဆက္ျခင္း စေသာ အေၾကာင္းေၾကာင္းေတြေၾကာင့္ပိ႑ပါတ္ဆြမ္းသည္ အျမ့င္ျမတ္ဆုံးျဖစ္ေနျခင္း ျဖစ္သည္။“မိမိ”အိမ္ေရွ႕သို႔ -ေရွးေရွး “ျမတ္စြာဘုရားရွင္”၏ အေလ့အထျဖစ္တဲ့“ဆြမ္းခံျခင္း”-အမႈ၊-“အဂၢသာဝက”၊“မဟာသာဝက”၊“ပကတိ သာဝက”-အရွင္အျမတ္၏ ထုံးကို ႏွလုံးမူ၍-စာသင္-စာခ်၊-တရားေဟာ ၊-တရားထိုင္၊“ပရိယတၱိဝန္”ကိုေဆာင္ေတာ္မူေနၾကေသာ “သံဃာေတာ္အရွင္ျမတ္မ်ား”၊ -“ပဋိပတၱိဝန္”ကို ေဆာင္ေတာ္မူၾကေသာ “သံဃာေ တာ္”တို႔၏ “သပိတ္”ထဲသို႔ -ဆြမ္း တစ္ဇြန္း၊-ဟင္း တစ္ခြက္၊ ေန႔စဥ္မွန္မွန္ခ်က္ၿပီး ေလာင္းလႉမယ္ဆိုရင္,-ပုဂၢိဳလ္စြဲလည္းကင္း၊ -ေစတနာ လည္းႏိုင္နင္း၊-သဒၶါတရား လည္း ျဖဴဝင္းၿပီး-စိတ္ႏိုင္, ကိုယ္ႏိုင္လႉရလို႔ ဝမ္းေျမာက္ဝမ္းသာျဖစ္မယ္။

“ရက္မွန္မွန္ ဆြမ္းေလာင္းလႉသူ”မွာ “တစ္ရက္”လွ်င္, -“ပုဗၺ ေစတနာ”(မလႉမီျဖစ္တဲ့ေစတနာ)၊ -“မုဥ္စစေတနာ” (လႉဆဲအခါမွာျဖစ္တဲ့ေစတ နာ)၊ -“အပရ ေစတနာ” (လႉၿပီးေနာက္ဝမ္းေျမာက္ဝမ္းသာျဖစ္တဲ့ေစတနာ) ကုသိုလ္ဆိုၿပီး “သုံးမ်ိဳး”-ရတာေပါ့။ “တစ္ႏွစ္”မွာ ” (၃၆၅)ရက္”ဆိုေတာ့ “တစ္ႏွစ္”မွာ”(၁၀၉၅)မ်ိဳး”ရတယ္လို႔ဆိုရမွာပါ။ေနာက္ တစ္ခ်က္ “သံဃာေတာ္”တို႔အေနျဖင့္”အလႉရွင္ ဆြမ္းဒကာ ,ဆြမ္းဒကာမမ်ား”ထဲမွ တတ္စြမ္းသမွ် လႉဒါန္း-တဲ့ -“ဆြမ္း၊ ဆြမ္းဟ င္း”ကိုသာအလႉခံၾကၿပီး၊-ဆြမ္း ေကာင္းတာ, မေကာင္းတာ၊ -ဆြမ္းဟင္း ေကာင္းတာ , မေကာင္းတာဟု တစ္ခြန္းမွ မေျပာျ က။ေလာင္းသမွ်ႏွင့္သာ တင္းတိမ္ ေရာင့္ရဲ ၾကတာပါ။

“တင္းတိမ္ ေရာင့္ရဲ တဲ့တရား” ကိန္းေနၿပီဆိုရင္ လိုခ်င္တပ္မက္မႈ “ေလာဘ”အား “တဒဂၤ” အေနျဖင့္ ကင္း ေနပါေတာ့တယ္။-ဆြမ္းခံျခ င္း အမႈျပဳေတာ့မည့္ အခ်ိန္၊ – ျပဳေနဆဲအခ်ိန္၊ -ျပဳ ၿပီးသည့္အခ်ိန္ -မ်ားမွာ“ဆြမ္းအလႉရွင္မ်ား”အား “ေမတၱာပို႔သ”ၾကရပါတယ္။“ေမ တၱာဓာတ္ကိန္းေနမည္”-ဆိုပါရင္”ေမတၱာ”ႏွင့္ဆန႔္က်င္ဘက္ “ေဒါသ ကိေလသာ”လည္း “တဒဂၤ”မွာ ကင္း ေနမွာျဖစ္ပါတယ္။“ဆြမ္းခံႂကြသူ အရွင္ျမတ္မ်ား”မွာ –“သတိ”ျဖင့္ သြားလာေနၾကရတာျဖစ္လို႔ “သတိ”၏ ဆန႔္က်င္ဘက္ “ေမာဟ တရား”လည္း “တဒဂၤ”ကင္း ေနမည္သာ။“ဆြမ္းခံျခင္း က်င့္ဝတ္”ဟာ, “မာန္မာနတရားမ်ား”ကို ခ်ိဳးႏွိမ္ၿပီးမွ ႂကြရသျဖင့္ “မာန တရား”လည္း “တဒဂၤ”ကင္း ေနမည္သာ၊ “ဆြမ္းခံက်င့္ ဝတ္”ျဖင့္ က်င့္သုံးၿပီး “ဆြမ္းခံထြက္ေတာ္မူၾကေသာ သံဃာေတာ္ အရွင္ အျမတ္မ်ား”အား-ဖူးေတြ႕ရျခင္း၊-လႉဒါန္းရျခင္းမ်ား ဟာ“ဒကာ, ဒကာမမ်ား”အဖို႔ -ၾကည္ႏူးစရာ -ဝမ္းေျမာက္စရာ၊-ကုသိုလ္ျဖစ္စရာ-လို႔ “အျမင္မွန္”ေသာေၾကာင့္ “မိစာၦဒိ႒ိ”(မွားယြင္းေသာ အျမင္)လည္း “တဒဂၤ”ကင္း ေနမည္သာ၊

ေနာက္တစ္ခ်က္, “ဆြမ္းခံျခင္း”အမႈဟာ “တစ္ပါးသူ”ထံမွာ -ခိုးယူ -လုယက္ -ၿခိမ္းေျခာက္ၿပီး ရယူျခင္းမ်ိဳး”-မဟုတ္ပဲ, -“ေမတၱာတရား ျပ ည့္ဝသည့္ စိတ္”၊ -“မာန ကင္းရွင္းေနတဲ့ စိတ္”၊ -“ေလာဘ ကင္းရွင္းေနတဲ့ စိတ္ထား”နဲ႔ “အလႉခံျခင္း” ျဖစ္လို႔ “ရရွိလာတဲ့ ဆြမ္း”ဟာ လည္း “ျဖဴစင္ေသာ အသက္ေမြးမႈ” ျဖစ္သျဖင့္ “မျဖဴမစင္ ႏွင့္ရအပ္ေသာ ဆြမ္းမဟုတ္”-ဟု “ႏွလုံးသြင္း”လိုက္ သည္ႏွင့္ “သံသယ ဝိစိကိစာၦ”၊-“ကုသိုလ္အမႈ”ျဖစ္တာေၾကာင့္ “ရွက္စရာ၊ ေၾကာက္စရာ”လည္းမလိုသည့္ အတြက္ “အဟိရိက၊ အေနာတၱပၸ”-စသည့္ “ကိေလသာတရား”- မ်ား “တဒဂၤ”ေတာ့ ကင္းရွင္း ေနမည္ ျဖစ္ေပသည္။ ထို႔ေၾကာင့္, “ပိဏ္တပါတ္ဆြမ္း”ဟာ “ေလာင္းလႉေနသူ” ဒကာ/ဒကာမမ်ား အဖို႔ အ က်ိဳးေက်းဇူးမ်ားတယ္”လို႔ ဆိုရမည္ျဖစ္ပါတယ္။

“နိေရာဓသမာပတ္”မွထသည့္အခါ၊ “ဖလသမာပတ္”မွ ထသည့္အခါမ်ားမွာ လႉဒါန္းပါလွ်င္ “အက်ိဳးေက်းဇူးမ်ားတယ္”ဆိုတာ အားလုံး အသိပင္၊ ေနာက္တစ္ခ်က္က, “မိမိ ေလာင္းလႉလိုက္ေသာ ဆြမ္း”ဟာ -“ပုဂၢိဳလ္ တစ္ဦး တစ္ေယာက္ အတြက္”လည္း မဟုတ္ေပ။ ထို”ဆြမ္း”ျဖင့္ ခံ ယူေသာ အရွင္မ်ားဘုဥ္းေပးႏိုင္သကဲ့သို႔၊ -နာမက်န္းျဖစ္ေနေသာ ရဟန္း၊-ခရီးသြား အာဂႏၲဳ ရဟန္းမ်ား၊-သံဃာေတာ္မ်ား၏ ေဝယ်ေဝစၥျပဳေ နေသာ ပုဂၢိဳလ္မ်ား၊ -ေအာက္ထစ္ဆုံး “တိရစာၦန္ေလးမ်ား”ပါ မက်န္ ခြဲေဝသုံးေဆာင္ၾကတာျဖစ္ လို႔ “သံဃိကဒါန”ဟုလည္း ဆိုႏိုင္မည္ျဖစ္ပါတယ္။

“သံဃာ”ကို”လႉဒါန္း”တာဟာ “အက်ိဳးေက်းဇူးမ်ားတယ္”-ဆိုတာ အားလုံးအသိပင္ျဖစ္ပါတယ္။ ေန႔စဥ္ လႉဒါန္းေနေသာ “ပိ႑ပါတ- ပိဏ္တပါတ္ဆြမ္း (နိစၥဘတ္)”ဟာ “သာသနာအတြက္ အက်ိဳးေက်းဇူးမ်ားတဲ့ ဆြမ္း” ျဖစ္ေသာေၾကာင့္ “ဆြမ္းေလာင္းလႉတဲ့ ဒကာ-ဒကာမ်ား”လ ည္း “ဆြမ္း-အက်ိဳး ငါးပါး”-အပါအဝင္ “ထူးျမတ္ေသာ အက်ိဳးေက်းဇူးမ်ား”ကို ရရွိပါတယ္။ဆြမ္းလႉရျခင္းသည္ (၁) အသက္ကိုလႉရာ ေရာက္တယ္၊ လႉတဲ့ ပုဂၢိဳလ္မွာ အသက္ရွည္တယ္၊ မိမိတို႔က တရားအသက္ပါ ရပါေရေစပါ့၊ရွည္တဲ့အသက္ဟာ ဗလာအသက္ေတာ့ မလိုခ်င္၊တရားအသက္ပါ ရွည္ပါရေစေပါ့၊(၂) အဆင္းက်က္သေရကို လႉရာေရာက္တယ္၊လႉတဲ့ ပုဂၢိဳလ္မွာ အဆင္းလွတယ္၊မိမိတို႔က ႐ုပ္ရ ည္လွ႐ုံမွ်သာမက စိတ္ပါလွပါရေစ၊တရားပါ လွပါရေစလို႔ ဉာဏ္နဲ႔ဦးေဆာင္ရမယ္ေပါ့။

(၃)ဆြမ္းခဲဖြယ္ေဘာဇဥ္ကို လႉလို႔ရွိရင္ခ်မ္းသာကို လႉရာေရာက္တယ္၊လႉတဲ့ ပုဂၢိဳလ္မွာလည္း ကိုယ္စိတ္ႏွစ္ပါး ခ်မ္းသာတယ္၊မိမိတို႔ကတရားအသိပါ တြဲၿပီးေတာ့ေလာကုတၱရာခ်မ္းသာ တရားခ်မ္းသာပါရဖို႔နိဗၺာန္မေရာက္မခ်င္း အသိတရားနဲ႔ခႏၶာကို ပိုင္ႏိုင္စြာထိန္းၿပီးေတာ့ၿငိမ္းၿငိမ္းခ်မ္း ခ်မ္းသြားႏိုင္ဖို႔ဉာဏ္နဲ႔ ဦးေဆာင္ရမယ္ေပါ့။ နိဗၺာန္ေရာက္ရင္ ခ်မ္းသာမွာ ေသခ်ာေသာ္လည္း နိဗၺာန္မေရာက္ခင္ ခ်မ္းသာေအာင္ ေနသြားတ တ္ဖို႔ပိုလို႔ အေရးႀကီးေနတယ္၊ေနာက္ဘဝ ခ်မ္းသာဖို႔ဆိုတာထက္ယခုဘဝ ေတြ႕သမွ် အေျခအေနနဲ႔ ခ်မ္းသာေအာင္ ေနသြားတတ္ဖို႔ တရား အသိကလိုတယ္။မနက္ျဖန္ ခ်မ္းသာဖို႔ ဆိုတာထက္ယေန႔ ပစၥဳပၸန္မွာ (ယေန႔မွာပဲ)ေတြ႕သမွ်အေျခအေနနဲ႔၊ ေပးလာသမွ် အေျခအေနနဲ႔ခ်မ္းသာေအာ င္ ေနတတ္ဖို႔ကအေရးႀကီးတယ္။ တရားအသိေလးပါ ဦးေဆာင္ရမယ္ေပါ့၊ဒါေၾကာင့္ ေလာကုတၱရာခ်မ္းသာ တရားခ်မ္းသာက ပညာနဲ႔ ဦးေဆာင္ရမယ္။

(၄) စားဖြယ္ေဘာဇဥ္ကို လႉဒါန္းရင္ခြန္အားကို လႉရာေရာက္တယ္က်န္းမာေရးကို လႉရာေရာက္တယ္၊လႉဒါန္းတဲ့ ပုဂၢိဳလ္မွာလည္း ခြန္ အားေကာင္းတယ္၊က်န္းမာေရးေကာင္းတယ္၊မိမိတို႔က တရားခြန္အားအထိေလာကုတၱရာခြန္အားအထိရပါေစရလို႔ ဉာဏ္နဲ႔ ဦးေဆာင္ရမယ္(၅) ဆြမ္းခဲဖြယ္ ေဘာဇဥ္လႉဒါန္းရင္ဉာဏ္ကို လႉရာေရာက္တယ္၊လႉဒါန္းတဲ့ပုဂၢိဳလ္မွာလည္း ဉာဏ္ေကာင္းတယ္၊မိမိတို႔က တစ္ဖက္ျမင္ပညာမွ်သာမက ႏွစ္ဖက္ျမင္ပညာ၊တရားပိုင္းဆိုင္ရာ အသိပညာေတြ ရပါရေစလို႔ဉာဏ္နဲ႔ ဦးေဆာင္ရမယ္ေပါ့။ သို႔ေသာ္လည္းေရွးယခင္မ်ားဆီကေတ့ာလူႀကီး လူငယ္ပါမက်န္ဆြမ္းအက်ိဳးတရားလဲ နားလည္ၾကတယ္။ရဟန္းသံဃာေတြကိုလည္းၾကည္ညိဳၾကတယ္။အာ႐ုံဆြမ္းလဲ ေလာင္လႉၾကတယ္။ ရ ဟန္းသံဃာေတြရဲ႕သြန္သင္ဆုံးမ မႈကိုလဲ နာယူ မွတ္သားတယ္။ ဒီဘက္ေခတ္ၾကေတ့ာ အဲလိုမဟုတ္ေတ့ာဘူး။ ေခတ္ကာလ အတိုင္းအတာရ ေသာ္လ ည္ေကာင္းတခဏ သာဝတ္ၾကတဲ့ ဒုလႅဘ ရဟန္း မ်ား၏ အျပဳအမူ ေၾကာင့္ေသာ္လည္ေကာင္းဗုဒၶသာသနာကို ပုတ္ခက္ေစာ္ကား လိုတဲ့ လုပ္ျ ကံဖန္တီးၾကတဲ့ တစ္ခ်ိဳ႕ေသာ ဘာသာျခားတို႔ေၾကာင့္လည္ေကာင္း တကယ့္ ဝိနည္း စည္းကမ္း လိုက္နာက်င့္သုံးေနၾကတဲ့ရဟန္းေတာ္မ်ား အေပၚ ကိုၾကည္ညိဳေလးစားတဲ့သူ ဆြမ္းေလာင္ခ်င္တဲ့သူရွားပါးသြားၿပီ။

ေက်းလက္ေတာ႐ြာမ်ားမွာသာလူႀကီး လူငယ္ေတြသာဘုန္းႀကီးေက်ာင္းကိုမွန္မွန္ေရာက္ၾကတယ္။ဆြမ္း ဆြမ္းဟင္း ေကာင္းေကာင္း မေကာင္းေကာင္း ဆြမ္းေလာင္ၾကတယ္။ကေလး လူႀကီး ပါမက်န္ဘုန္းႀကီးေက်ာင္း ေရာက္ၾကတယ္။ ဆြမ္း ကြမ္း ပူစရာမလို။ ျ မို႔ႀကီးျပႀကီးေတြမွာေတ့ာစာသင္သားမ်ားရဟန္းေတာ္မ်ားအတြက္ ဆြမ္း ဆြမ္းဟင္း ခက္ခဲလာတယ္။မနက္ မနက္ ဆြမ္းခံႂကြရဖို႔အေရး လိုင္းကားေစာင့္ရတယ္။ လိုင္းကားလာေတ့ာလည္းအတင္းတိုးတက္ရတယ္။ဒီေခတ္မွာ မ်ားေသာအားျဖင့္ရဟန္းရယ္ သီးသန႔္ ေနရာ မေပး ခ်င္ၾကေတ့ာဘူး။လမ္းေလွ်ာက္ျပန္ေတ့ာလည္းကား အႏၲရာယ္ က သတိထားရတယ္။

ဆြမ္းခံအမွီ ေရာက္ျပန္ေတ့ာလည္း ဆြမ္းေလာင္းတဲ့ ဒကာ ဒကာမေတြက အလုပ္ခ်ိန္ နီးေတ့ာ ဆြမ္းမေလာင္းေတ့ာသလိုတစ္ခ်ိဳ႕ၾကေတ့ာ လည္း ဟင္းမေကာင္းလို႔ ဆြမ္းမေလာင္းၾကေတ့ာ။စာသင္သား ရဟန္းေတာ္မ်ားအတြက္ ၿမိဳ႕ မွာဆိုဆြမ္း တစ္ပါးစာ ျပည့္စုံဖို႔ ခက္ခဲလာတယ္။ ဒကာ၊ဒကာမမ်ားမွာလည္း အရင္ေခတ္ကဲ့သို႔ ဘုန္းႀကီးေက်ာင္းသို႔ မွန္မွန္မလာႏိုင္ၾကေတာ့ဘဲ စီးပြားေရးအတြက္သာလုံးပမ္းေနၾကရေသာအခါဘာ သာေရးႏွင့္ ပို၍ေဝးလာၾကပါသည္။ ဆြမ္း ကြမ္း မျပည့္စုံျခင္းသည္ ယေန႔ေခတ္ ရဟန္းမ်ားအတြက္ ခက္ခဲမႈတစ္ခုျဖစ္ေနေလသည္။ အရင္ေခတ္မ်ားတြင္ ရဟန္းေတာ္မ်ားကို လြန္စြာ႐ိုေသၾကၿပီး ဆြမ္းအတြက္ ေစာေစာထကာ ဆြမ္းခ်က္၍ေလာင္းလႉၾကေသာ္လည္း ယေန႔ေခတ္တြင္မူ ထိုကဲ့သို႔ အေလးထားကာ ဆြမ္းထခ်က္သူ နည္းပါးလာေလသည္။

အက်ိဳးဆက္အေနျဖင့္ ဆြမ္းခ်ိန္တြင္ဆြမ္းအမီမက်က္ၾကေသာအခါဆြမ္းရွားပါးလာၾကေလသည္။ ရန္ကုန္၊မႏၲေလးကဲ့သို႔ ၿမိဳ႕ႀကီးမ်ားတြင္ စာသင္တိုက္ မ်ား၊ဗုဒၶတကၠသိုလ္မ်ား အမ်ားအျပား ရွိေသာေၾကာင့္ စာသင္သားမ်ားေပါမ်ားေသာ္လည္း ဆြမ္းေလာင္းႏိုင္ေသာအိမ္မွာ ယခင္ထက္နည္းပါးလာေ သာအခါ ဆြမ္းရွားပါးေလသည္။ ကုန္ေဈးႏႈန္းျမင့္တက္လာျခင္းေၾကာင့္ လႉဒါန္းႏိုင္စြမ္းနည္းပါးလာၾကသကဲ့သို႔ စီးပြားေရးၾကပ္တ ည္းလာမႈေၾကာင့္ အိမ္ရွိလူကုန္ စီးပြားထြက္ရွာၾကရေသာ အျဖစ္မ်ားလည္းရွိေလရာ ဆြမ္းေလာင္းလႉႏိုင္ေသာအိမ္အေရအတြက္မွာ ပို၍ေလ်ာ့ နည္းရျပန္ပါသည္။

ဆြမ္းမရေသာ စာသင္သားမ်ားမွာ ဝယ္စားရေသာ အျဖစ္ကိုေရာက္ၾကရေသာေၾကာင့္ စရိတ္ပို၍ကုန္ျခင္း(ဆင္းရဲေသာစာသင္သားမ်ားအတြက္ အခက္အ ခဲျဖစ္ေစပါသည္)၊ ဝိနည္းႏွင့္ပက္သက္၍ ဒြိဟျဖစ္ကာ စိတ္ဆင္းရဲၾကရျခင္းသည္လည္းလူထြက္ရသည့္ အေၾကာင္းအရင္းတစ္ရပ္ျဖစ္ပါသည္။ ရဟ န္း မစစ္ဘူး စစ္တယ္နဲ႔ ေဝဖန္စရာ မလိုပါဘူး။ဘုရားသားေတာ္သံဃာတစ္ပါးအျဖစ္သာ ျမင္ၿပီး ဆြမ္းေလာင္းလႉေစခ်င္ပါတယ္။ဘာေၾကာင့္လဲ ဆိုေ တ့ာရဟန္း သံဃာေတာ္ေတြဟာဆြမ္း သကၤန္း ေက်ာင္း ေဆးစသျဖင့္ပစၥည္းေလးပါး အလိုရွိရာေတြကိုဒါယိကာ ဒါယိကာမ အေပါ င္းတို႔က ေထာက္ပံ့လႉဒါန္းေပးမွသာ သာသနာအသက္ ဆက္လို႔ရႏိုင္တာျဖစ္ပါတယ္။
Credit

 

Leave a Comment