ဆင်းရဲနွမ်းပါးသော ကျောင်းသားလေးတွေပါ ဝယ်စားနိုင်အောင် မုန့်ကြော်လေးတွေကို စျေးနှုန်းချိုသာစွာဖြင့် အမြတ်မယူပဲ ရောင်းချပေးနေသော ဦးလေးကြီး

စီးပွားရေးသမားတိုင်းသည် ကိုယ့်အတွက် အကျိုးအမြတ်ကျန်မည့် လုပ်ငန်းတွေကိုသာ လုပ်ကိုင်ရင်းနှီးမြှပ်ကြပေသည်။

သို့ဖြစ်၍ ဂျပန်နိုင်ငံ ရှီဂါစုရင်စုတွင် နေထိုင်သော အသက်၅၂နှစ်အရွယ် အမျိုးသားကြီးတစ်ဦးသည် ဒေသထွက်အစားအစာမုန့်ကြော်ဆိုင်လေးဖွင့်ထားရင်းနဲ့ အသက်မွေးဝမ်းကျောင်း ပြုခဲ့သည်။

အမျိုးသားကြီးသည် ကိုယ်တိုင်က မိဘမဲ့ဘဝနဲ့ ကြီးပြင်းလာခဲ့ရကာ မုန့်ကြော်ရောင်းရာတွင် ဆင်းရဲနွမ်းပါးသော ကျောင်းသားလေးတွေကို စာနာမိကာ သူတို့လေးတွေ ဝယ်စားနိုင်ဖို့ရာအတွက် တစ်ခါတစ်လေ အရှုံးခံပြီးတော့ ရောင်းချခဲ့သည်။

အမျိုးသားကြီးသည် သူ့ကြော်ရောင်းသောမုန့်တွေမှာ အရသာရှိလွန်းပြီးစားကောင်းကာ လူကြိုက်များသော်လည်းဈေးတက်လိုက်ပါက အချို့သောဆင်းရဲသားများ ဝယ်မစားနိုင်ကြပဲ ငေးကြည့်ရုံဘဝမျိုးကို တွေးမိပြီးတော့ ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့ရာ အများရဲ့ ချီးကျူးခြင်းများစွာကို ခံခဲ့ရသည်။

Credit

Zawgyi





Credit

Leave a Comment