ပါချုပ်ဆရာတော်ဘုရားကြီးမိန့်သော -နတ်တွေမှာသော စကားသုံးခွန်း

ပါချုပ်ဆရာတော်ဘုရားကြီးမိန့်သော -နတ်တွေမှာသော စကားသုံးခွန်း

“နတ်တွေမှာသော စကားသုံးခွန်း”

သဒ္ဓါရဲ့တန်ဖိုးကို လူတွေထက်နတ်တွေက ပိုသိတယ်။ ဘာဖြစ်လို့ပိုသိသလဲဆိုတော့ လူတွေက စီးပွားဥစ္စာကို ကြိုးစားပြီးရှာကြတယ်၊ ကိုယ့်ရဲ့လုံ့လဝီရိယကြောင့် စီးပွားဥစ္စာတွေ တိုးတက်ကြ တယ်ဆိုတော့ ကံကံရဲ့အကျိုးကို သိပ်ပြီးမယုံကြည်ဘူး။ သဒ္ဓါရဲ့စွမ်းအားကို သိပ်ပြီးမသိကြဘူး။

နတ်တွေကြတော့ ကံကံရဲ့အကျိုးကို သိပ်ပြီးယုံကြည်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ သူတို့မှာက လုပ်ကိုင်ပြီးစားရတဲ့ ဘဝမှမဟုတ်တာ၊ ကံကံရဲ့အကျိုုးကြောင့်ရလာတဲ့ ဘဝသာဖြစ်တယ်။ အရာရာဟာ ကံပေါ်မှာမူတည်နေတယ်။

ကံမရှိရင် ဘာမှမရပါဘူး။ လူ့ပြည်မှာလို အရောင်းအဝယ် လုပ်လို့မရဘူး။ နတ်ပြည်မှာ ရွှေဆိုင်တွေဖွှင့်လို့ရတာ မဟုတ်ဘူး။ အဲဒီတော့ကံပေးတာလေးပဲ သူတို့တတွေ ရကြတာနော်။

နတ်တွေကလူတွေနဲ့ မတူဘူး၊ ဖြစ်ပေါ်လာတဲ့ ဘဝတစ်ခုမှာ သူတို့နတ်သက်တမ်း တစ်လျှောက်လုံး ဝတ်ထားတ ဲ့အဝတ်လည်းဘယ်တော့မှ ဖွတ်ရတယ်မရှိဘူး။ ပန်ထားတဲ့ပန်းကလည်း ဘယ်တော့မှ နွမ်းသွားတယ်မရှိဘူး။

အို…ပူလို့အိုက်လို့ ချွေးထွက်တာလည်း မရှိဘူး။ အမြဲတမ်း သန့်ရှင်း သန့်ပြန့် နေတယ်။ သို့သော်နတ်တွေဟာ ကံကုန်တော့မယ်ဆိုရင် ဝတ်ထားတဲ့အဝတ်တွေ နွမ်းလာတယ်၊ ပန်ထားတဲ့ပန်းတွေ ညိုးလာတယ်။

ခန္ဓာကိုယ်ဟာလည်း စိုစိုပြေပြေ မရှိတော့ဘဲ မွဲမွဲခြောက်ခြောက် ဖြစ်လာတယ်။ ချိုင်းကြားကနေ ချွေးတွေဘာတွေ ထွက်လာတယ်။ ဒါကသူတို့ သေခါနီးပြီဆိုတဲ့ signပြတာလို့ ခေါ်တယ်။

အဲဒီလိုအခြေအနေတွေ ပေါ်လာတဲ့ နတ်တွေကို မိတ်ဆွေနတ်က နန္ဒဝန်ဥယျာဉ်ထဲကို ဆွဲခေါ်သွား ကြတယ်။ ဆွဲခေါ်သွားပြီးတော့ စကား(၃)ခွန်း ပြောဆိုမှာ ကြားကြတယ်။

“အေး…ဘာမှမစိုးရိမ်ပါနဲ့ ဒီဘဝက သေသွားလို့ရှိရင် အကောင်းဆုံးဘုံကို ရောက်အောင်သွားပါ၊ အကောင်းဆုံးဘုံကို ရောက်တဲ့အခါကျတော့ အကောင်းဆုံးလက်ဆောင်ကို ရအောင်ယူလာပါ၊ ရထားတဲ့ လာဘ်လာဘကို ခိုင်မာအောင်ကြိုးစားပါ” ဆိုတဲ့ စကား(၃)ခွန်းကို ပြောလိုက်ကြတယ်။

စကား(၃)ခွန်းရဲ့အဓိပ္ပါယ်ကဘာလဲဆိုရင်….

(၁)အကောင်းဆုံးဘုံကို ရောက်အောင်သွားဆိုတာက လူ့ဘုံကို ရောက်အောင်သွားလို့ပြောတာ ဖြစ်တယ်။

(၂)အကောင်းဆုံး လာဘ်ကို ရအောင်ယူဆိုတာက သဒ္ဓါတရားကိုပြောတာဖြစ်တယ်။

(၃)ခိုင်မာအောင် လုပ်ပါဆိုတာ အဲဒီ့ရထားတဲ့ သဒ္ဓါတရားကို ခိုင်မာအောင် လုပ်ပါလို့ ဒီလို ဆိုလိုတာ ဖြစ်တယ်။

အဲဒီတော့ နတ်သားတစ်ယောက်၊ နတ်သမီးတစ်ယောက် စုတေခါနီးပြီဆိုရင် နန္ဒဝန်ဥယျာဉ်ကို ခေါ်သွားပြီးတော့ အဲဒီစကား(၃)ခွန်းကို မှာကြားကြပါတယ်။ အဲဒါကြောင့်သဒ္ဓါစွမ်းအားရဲ့တန်ဖိုးကို သူတို့က ပိုသိကြတယ်။

လူ့ပြည်ရဲ့ တန်ဖိုးကို သူတို့က ပိုသိကြတယ်။ လူ့ပြည်မှာ ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးရှိတဲ့ အတွက် ကုသိုလ်ကောင်းမှုတွေ အကုန်လုံးလုပ်နိုင်တယ်။ လူ့ပြည်မှာ ကုသိုလ်ကောင်းမှုများများ လုပ်လာတဲ့ ပုဂ္ဂိုလ်သည် နတ်ပြည်ရောက်တဲ့အခါ သာမန်ထက် ပိုပြီးထူးခြားတဲ့ စည်းစိမ် ခံစားရတယ်။

ဒါကြောင့်သွားချင်ရင် ဘယ်မှ မသွားပါနဲ့ လူ့ပြည်ကိုသွားပါ။ သဒ္ဓါတရား ရှိလာပြီဆိုရင် ဒီသဒ္ဓါစွမ်းအားကို အကြောင်းပြုပြီးတော့ ကုသိုလ်များများလုပ်ပါ။ လုပ်ပြီးရင် တို့နတ်ပြည်ကို ပြန်လာပါလို့ ဒီလိုမှာကြတယ်။

ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး ဒေါက်တာနန္ဒမာလာဘိဝံသ

Zawgyi

ပါခ်ဳပ္ဆရာေတာ္ဘုရားႀကီးမိန႔္ေသာ -နတ္ေတြမွာေသာ စကားသုံးခြန္း

“နတ္ေတြမွာေသာ စကားသုံးခြန္း”

သဒၶါရဲ႕တန္ဖိုးကို လူေတြထက္နတ္ေတြက ပိုသိတယ္။ ဘာျဖစ္လို႔ပိုသိသလဲဆိုေတာ့ လူေတြက စီးပြားဥစၥာကို ႀကိဳးစားၿပီးရွာၾကတယ္၊ ကိုယ့္ရဲ႕လုံ႔လဝီရိယေၾကာင့္ စီးပြားဥစၥာေတြ တိုးတက္ၾက တယ္ဆိုေတာ့ ကံကံရဲ႕အက်ိဳးကို သိပ္ၿပီးမယုံၾကည္ဘူး။ သဒၶါရဲ႕စြမ္းအားကို သိပ္ၿပီးမသိၾကဘူး။

နတ္ေတြၾကေတာ့ ကံကံရဲ႕အက်ိဳးကို သိပ္ၿပီးယုံၾကည္တယ္။ ဘာျဖစ္လို႔လည္းဆိုေတာ့ သူတို႔မွာက လုပ္ကိုင္ၿပီးစားရတဲ့ ဘဝမွမဟုတ္တာ၊ ကံကံရဲ႕အက်ိဳုးေၾကာင့္ရလာတဲ့ ဘဝသာျဖစ္တယ္။ အရာရာဟာ ကံေပၚမွာမူတည္ေနတယ္။

ကံမရွိရင္ ဘာမွမရပါဘူး။ လူ႔ျပည္မွာလို အေရာင္းအဝယ္ လုပ္လို႔မရဘူး။ နတ္ျပည္မွာ ေ႐ႊဆိုင္ေတြဖႊင့္လို႔ရတာ မဟုတ္ဘူး။ အဲဒီေတာ့ကံေပးတာေလးပဲ သူတို႔တေတြ ရၾကတာေနာ္။

နတ္ေတြကလူေတြနဲ႔ မတူဘူး၊ ျဖစ္ေပၚလာတဲ့ ဘဝတစ္ခုမွာ သူတို႔နတ္သက္တမ္း တစ္ေလွ်ာက္လုံး ဝတ္ထားတ ဲ့အဝတ္လည္းဘယ္ေတာ့မွ ဖြတ္ရတယ္မရွိဘူး။ ပန္ထားတဲ့ပန္းကလည္း ဘယ္ေတာ့မွ ႏြမ္းသြားတယ္မရွိဘူး။

အို…ပူလို႔အိုက္လို႔ ေခြၽးထြက္တာလည္း မရွိဘူး။ အၿမဲတမ္း သန႔္ရွင္း သန႔္ျပန႔္ ေနတယ္။ သို႔ေသာ္နတ္ေတြဟာ ကံကုန္ေတာ့မယ္ဆိုရင္ ဝတ္ထားတဲ့အဝတ္ေတြ ႏြမ္းလာတယ္၊ ပန္ထားတဲ့ပန္းေတြ ညိဳးလာတယ္။

ခႏၶာကိုယ္ဟာလည္း စိုစိုေျပေျပ မရွိေတာ့ဘဲ မြဲမြဲေျခာက္ေျခာက္ ျဖစ္လာတယ္။ ခ်ိဳင္းၾကားကေန ေခြၽးေတြဘာေတြ ထြက္လာတယ္။ ဒါကသူတို႔ ေသခါနီးၿပီဆိုတဲ့ signျပတာလို႔ ေခၚတယ္။

အဲဒီလိုအေျခအေနေတြ ေပၚလာတဲ့ နတ္ေတြကို မိတ္ေဆြနတ္က နႏၵဝန္ဥယ်ာဥ္ထဲကို ဆြဲေခၚသြား ၾကတယ္။ ဆြဲေခၚသြားၿပီးေတာ့ စကား(၃)ခြန္း ေျပာဆိုမွာ ၾကားၾကတယ္။

“ေအး…ဘာမွမစိုးရိမ္ပါနဲ႔ ဒီဘဝက ေသသြားလို႔ရွိရင္ အေကာင္းဆုံးဘုံကို ေရာက္ေအာင္သြားပါ၊ အေကာင္းဆုံးဘုံကို ေရာက္တဲ့အခါက်ေတာ့ အေကာင္းဆုံးလက္ေဆာင္ကို ရေအာင္ယူလာပါ၊ ရထားတဲ့ လာဘ္လာဘကို ခိုင္မာေအာင္ႀကိဳးစားပါ” ဆိုတဲ့ စကား(၃)ခြန္းကို ေျပာလိုက္ၾကတယ္။

စကား(၃)ခြန္းရဲ႕အဓိပၸါယ္ကဘာလဲဆိုရင္….

(၁)အေကာင္းဆုံးဘုံကို ေရာက္ေအာင္သြားဆိုတာက လူ႔ဘုံကို ေရာက္ေအာင္သြားလို႔ေျပာတာ ျဖစ္တယ္။

(၂)အေကာင္းဆုံး လာဘ္ကို ရေအာင္ယူဆိုတာက သဒၶါတရားကိုေျပာတာျဖစ္တယ္။

(၃)ခိုင္မာေအာင္ လုပ္ပါဆိုတာ အဲဒီ့ရထားတဲ့ သဒၶါတရားကို ခိုင္မာေအာင္ လုပ္ပါလို႔ ဒီလို ဆိုလိုတာ ျဖစ္တယ္။

အဲဒီေတာ့ နတ္သားတစ္ေယာက္၊ နတ္သမီးတစ္ေယာက္ စုေတခါနီးၿပီဆိုရင္ နႏၵဝန္ဥယ်ာဥ္ကို ေခၚသြားၿပီးေတာ့ အဲဒီစကား(၃)ခြန္းကို မွာၾကားၾကပါတယ္။ အဲဒါေၾကာင့္သဒၶါစြမ္းအားရဲ႕တန္ဖိုးကို သူတို႔က ပိုသိၾကတယ္။

လူ႔ျပည္ရဲ႕ တန္ဖိုးကို သူတို႔က ပိုသိၾကတယ္။ လူ႔ျပည္မွာ ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးရွိတဲ့ အတြက္ ကုသိုလ္ေကာင္းမႈေတြ အကုန္လုံးလုပ္ႏိုင္တယ္။ လူ႔ျပည္မွာ ကုသိုလ္ေကာင္းမႈမ်ားမ်ား လုပ္လာတဲ့ ပုဂၢိဳလ္သည္ နတ္ျပည္ေရာက္တဲ့အခါ သာမန္ထက္ ပိုၿပီးထူးျခားတဲ့ စည္းစိမ္ ခံစားရတယ္။

ဒါေၾကာင့္သြားခ်င္ရင္ ဘယ္မွ မသြားပါနဲ႔ လူ႔ျပည္ကိုသြားပါ။ သဒၶါတရား ရွိလာၿပီဆိုရင္ ဒီသဒၶါစြမ္းအားကို အေၾကာင္းျပဳၿပီးေတာ့ ကုသိုလ္မ်ားမ်ားလုပ္ပါ။ လုပ္ၿပီးရင္ တို႔နတ္ျပည္ကို ျပန္လာပါလို႔ ဒီလိုမွာၾကတယ္။

ပါေမာကၡခ်ဳပ္ဆရာေတာ္ဘုရားႀကီး ေဒါက္တာနႏၵမာလာဘိဝံသ

Leave a Comment