ဒို့ဘုန်းကြီးလူထွက်တွေများညားလိုက်တိုင်းသူများအကျန်ဂျို(ချို)ကျိုးနားရွက်ပဲ့တွေ ချည်းပါလားကွာ…

ဒို့ဘုန်းကြီးလူထွက်တွေများညားလိုက်တိုင်းသူများအကျန်ဂျို(ချို)ကျိုးနားရွက်ပဲ့တွေ ချည်းပါလားကွာ…

“ဟဲ့…ကပ္ပိယကြီး”

“ဘုရား”

ဘုန်းကြီး‌ရဲ့ ခက်ခက်ခဲခဲ မွေးလာရတဲ့ တပည့်ရဟန်းလေးတွေ နှစ်ပါးလုံး လူထွက်ပြီး မိန်းမရသွားကြပြီကွဲ့

“မွန္ပါ့ဘုရား”

အဲဒါက ထားပါ ဘယ်သူမှ တစ်သက်လုံး ဝတ်ပါ့မယ်ဆိုပြီး စာချုပ်နဲ့ စာတမ်းနဲ့ ဝတ်ကြတာ မဟုတ်လေတော့ နှမျောပေမဲ့ နားလည်ပေးလို့ရပါတယ်

ဘဝင်မကျတာက သူတို့ရတဲ့မိန်းမတွေပဲ၊ လူထွက်တစ်‌ယောက်က တစ်ခုလပ်မနဲ့ရသကွ၊

နောက်တစ်ယောက် ကျပြန်တော့လည်း မုဆိုးမနဲ့ ရသတဲ့ကွာ။

ဒို့ဘုန်းကြီး လူထွက်တွေများ ညားလိုက်တိုင်း သူများအကျန် ဂျို (ချို)ကျိုးနားရွက်ပဲ့တွေ ချည်းပါလားကွာ”

“မှန်ပါ ဒါဟာ …ကာလဝိပါက် နောက်ပိုးတက်တာပါ ဘုရား ရှင်းရှင်းပြောရရင် ဝဋ်လိုက်တာပေါ့ဘုရာ့”

“ဟေ..ဘာဆိုင်လို့တုန်း အဆန်းပါလား ကပ္ပိယကြီးရဲ့ လင်းစမ်းပါဦး”

“ဘုန်းကြီးပဲ စဉ်းစားကြည့်လေ ဘုန်းကြီးဘဝတုန်းက ဦးဦးဖျားဖျား ဘုဉ်းပေးပြီး မကုန်လို့ကျန်တာရယ် မစားချင်လို့ကျန်တာရယ်

စားကြွင်းစားကျန်ရယ်ပဲ သူများတွေကို ချကျွေးတာလေဘုရားကိုယ့်အလှည့်ကျလဲ သူများမစားချင်လို ကျန်တာရယ်၊ စားမကုန်လို့ကျန်တာရယ်၊

စားကြွင်းကျန်ကြတဲ့ဟာတွေလို့ ပြောရမယ့် မုဆိုးမတို့ ၊ တစ်ခုလပ်တို့နဲ့ ညားကြတာဟာ အဲဒါ ဝဋ်လည်တာပေါ့ ဘုရား”

“ဂလွမ်း”

ဘုန်ကြီးက ကပ္ပိယအား ထွေးခံနဲ့ ကောက်ပေါက်လိုက်သည်။

အားလုံးပဲ ဘဝအမောတွေပြေကြပါစေ။

Credit – မူရင်း

Zawgyi

ဒို႔ဘုန္းႀကီးလူထြက္ေတြမ်ားညားလိုက္တိုင္းသူမ်ားအက်န္ဂ်ိဳ(ခ်ိဳ)က်ိဳးနား႐ြက္ပဲ့ေတြ ခ်ည္းပါလားကြာ…

“ဟဲ့…ကပၸိယႀကီး”

“ဘုရား”

ဘုန္းႀကီး‌ရဲ႕ ခက္ခက္ခဲခဲ ေမြးလာရတဲ့ တပည့္ရဟန္းေလးေတြ ႏွစ္ပါးလုံး လူထြက္ၿပီး မိန္းမရသြားၾကၿပီကြဲ႕

“မြႏၸါ့ဘုရား”

အဲဒါက ထားပါ ဘယ္သူမွ တစ္သက္လုံး ဝတ္ပါ့မယ္ဆိုၿပီး စာခ်ဳပ္နဲ႔ စာတမ္းနဲ႔ ဝတ္ၾကတာ မဟုတ္ေလေတာ့ ႏွေမ်ာေပမဲ့ နားလည္ေပးလို႔ရပါတယ္

ဘဝင္မက်တာက သူတို႔ရတဲ့မိန္းမေတြပဲ၊ လူထြက္တစ္‌ေယာက္က တစ္ခုလပ္မနဲ႔ရသကြ၊

ေနာက္တစ္ေယာက္ က်ျပန္ေတာ့လည္း မုဆိုးမနဲ႔ ရသတဲ့ကြာ။

ဒို႔ဘုန္းႀကီး လူထြက္ေတြမ်ား ညားလိုက္တိုင္း သူမ်ားအက်န္ ဂ်ိဳ (ခ်ိဳ)က်ိဳးနား႐ြက္ပဲ့ေတြ ခ်ည္းပါလားကြာ”

“မွန္ပါ ဒါဟာ …ကာလဝိပါက္ ေနာက္ပိုးတက္တာပါ ဘုရား ႐ွင္း႐ွင္းေျပာရရင္ ဝဋ္လိုက္တာေပါ့ဘုရာ့”

“ေဟ..ဘာဆိုင္လို႔တုန္း အဆန္းပါလား ကပၸိယႀကီးရဲ႕ လင္းစမ္းပါဦး”

“ဘုန္းႀကီးပဲ စဥ္းစားၾကည့္ေလ ဘုန္းႀကီးဘဝတုန္းက ဦးဦးဖ်ားဖ်ား ဘုဥ္းေပးၿပီး မကုန္လို႔က်န္တာရယ္ မစားခ်င္လို႔က်န္တာရယ္

စားႂကြင္းစားက်န္ရယ္ပဲ သူမ်ားေတြကို ခ်ေကြၽးတာေလဘုရားကိုယ့္အလွည့္က်လဲ သူမ်ားမစားခ်င္လို က်န္တာရယ္၊ စားမကုန္လို႔က်န္တာရယ္၊

စားႂကြင္းက်န္ၾကတဲ့ဟာေတြလို႔ ေျပာရမယ့္ မုဆိုးမတို႔ ၊ တစ္ခုလပ္တို႔နဲ႔ ညားၾကတာဟာ အဲဒါ ဝဋ္လည္တာေပါ့ ဘုရား”

“ဂလြမ္း”

ဘုန္ႀကီးက ကပၸိယအား ေထြးခံနဲ႔ ေကာက္ေပါက္လိုက္သည္။

အားလုံးပဲ ဘဝအေမာေတြေျပၾကပါေစ။

Credit – မူရင္း

Leave a Comment