ဆရာ၊ဆရာမ တစ်ယောက်ကို မြင်ရုံနဲ့ ဘယ်အတန်းမှာ သင်နေတယ်ဆိုတာ သိနိုင်တဲ့ နည်းလမ်း

ကျောင်း တစ်ကျောင်းသို့ ဝင်လိုက်တာနဲ့ ထိုထိုသောဆရာ/မများသည် မည်သည့်အတန်းကို သင်ကြားပို့ချပေးနေသောသူဟု အတတ်သိစေခြင်းဌာ…..။

(၁) မျက်နှာအမူအရာမှာ ရွှင်လန်းတက်ကြွနေပြီး စိတ်သောကများမရှိဘဲ ပြုံးပျော်နေသော ပုံစံကို တွေ့မြင်ရပါက ထိုထိုသော ဆရာ/မများသည် KG မှ နှစ်တန်းအထိ သင်ပြပေးနေသူများအဖြစ် ခန့်မှန်းနိုင်ပါသည်။

(၂) ဆံပင်များဖြီးသိမ်းထားခြင်းမရှိ၊ ထဘီ-ပုဆိုးကို တိုတိုဝတ်ထားပြီး စကားပြောရင် အသံကျယ်ပါက ထိုထိုသောသူတို့သည် ၃တန်း၄တန်းကို သင်ပြနေကြသူများပင်တည်း။

(၃) တွေ့မိသမျှလူတိုင်းကို စကားဖောင်ဖွဲ့တဲ့အခါတိုင်းရူးချင်တဲ့စိတ်တွေဖြစ်လာမိကြောင်းကို အသံအစ်အစ်ဖြင့် ပြောလျှင့် (အသံနာနေသောပုံစံ)မျိုးဆို သေချာတယ် ထိုထိုသောသူတို့သည် ၅တန်းကို သင်ပြနေကြသောသူများဖြစ်ပေသည်။ မျောက်အုပ်လောင်းတွေကို စတွေ့တာကိုး ။

(၄) ကြည့်လိုက်ရင် လက်ထဲမှာဘဲဖြစ်ဖြစ်…ခြင်းထဲမှာဘဲဖြစ်ဖြစ် ကွာစေ့ထုပ်၊နေကြာစေ့ထုပ်၊ကော်ဖီထုပ်များ တွေ့ရပြီး ကွာစေ့ ဖရဲသီးစေ့များကို စိတ်ရှည်လက်ရှည် နွှာစားနိုင်သူဆိုလျှင် ထိုထိုသောသူသည် ၆တန်း ၇ တန်းကို သင်ပြနေကြသူများပင်တည်း။ ဘာဖိအားမှမရှိ..

(၅) ကြည့်မိရင် ကိုယ့်ကိုဘဲမကျေနပ်သလိုလို့ တစ်ခြားသူတွေကို ဘဲမကျေနပ်သလိုလိုပုံစံမျိုးဖြင့် မိမိကိုယ်ကို အထီးကျန်နေသလိုမျိုး ပုံစံပေါက်နေရင် ထိုထိုသော ဆရာ/မတို့သည် ၈တန်းကို သင်ပြပို့ချပေးနေသူများပင်တည်း။ ဖိအားနဲနဲရှိတာကိုး..

(၆) ဘသူကိုဘဲတွေ့တွေ့ ပြုံးပြခြင်းမရှိ လမ်းလျှောက်တဲ့အခါ ကျောကုန်းပေါ်မှာ ၊ပုခုံးပေါ်မှာ ဧရာမကြီးမားသော ဝန်ထုပ်ဝန်ပိုးကို ထမ်းထားရသကဲ့သို့ နှေးကွေးလေးလံတဲ့ပုံစံမျိုးနဲ့ ကိုယ့်ဘဝနဲ့ကိုယ်ရှိပါစေတော့ ဆိုတဲ့ပုံစံမျိုး၊ ဝဠ်ကြွေးရှိတော့လည်း ဆပ်ရတော့တာပေါ့ဆိုတဲ့ ပုံစံမျိုး ဘယ်သူ့ကိုမှလည်း

မမေးအား နှုတ်မဆက်အားတဲ့ ပုံစံမျိုးဆို မအောင်မရှိနဲ့တက်လာတဲ့ အားလုံးအားလုံးကို ခက်ခဲတဲ့ဘာသာရပ်တွေနဲ့ စည်းချက်ဝါးချက်မညီစွာ သင်နေရတဲ့ ၉/၁၀ ကဆရာ/မတွေ ဖြစ်ပါကြောင်း..

(၇) အခန်းတစ်ခန်းထဲမှာ အငြိမ်မနေဘဲ ဟိုကိုင်သည်ကိုင် ဟိုဆွဲသည်ဆွဲ ဟိုမေးသည်မေး ဟိုလုပ်သည်လုပ် ဟိုသွားသည်သွား ဟိုလျှောက်သည်လျှောက် ဟိုလှန်သည်လှန် ဟိုထိုင်သည်ထိုင်လုပ်နေရင် သေချာတယ် အမြင်မမှားရင် အာ့ကျောင်းက အုပ်ကြီးဗျ

L.Z (အခြေခံပညာ)

Zawgyi

ေက်ာင္း တစ္ေက်ာင္းသို႔ ဝင္လိုက္တာနဲ႔ ထိုထိုေသာဆရာ/မမ်ားသည္ မည္သည့္အတန္းကို သင္ၾကားပို႔ခ်ေပးေနေသာသူဟု အတတ္သိေစျခင္းဌာ…..။

(၁) မ်က္ႏွာအမူအရာမွာ ႐ႊင္လန္းတက္ႂကြေနၿပီး စိတ္ေသာကမ်ားမရွိဘဲ ၿပဳံးေပ်ာ္ေနေသာ ပုံစံကို ေတြ႕ျမင္ရပါက ထိုထိုေသာ ဆရာ/မမ်ားသည္ KG မွ ႏွစ္တန္းအထိ သင္ျပေပးေနသူမ်ားအျဖစ္ ခန႔္မွန္းႏိုင္ပါသည္။

(၂) ဆံပင္မ်ားၿဖီးသိမ္းထားျခင္းမရွိ၊ ထဘီ-ပုဆိုးကို တိုတိုဝတ္ထားၿပီး စကားေျပာရင္ အသံက်ယ္ပါက ထိုထိုေသာသူတို႔သည္ ၃တန္း၄တန္းကို သင္ျပေနၾကသူမ်ားပင္တည္း။

(၃) ေတြ႕မိသမွ်လူတိုင္းကို စကားေဖာင္ဖြဲ႕တဲ့အခါတိုင္း႐ူးခ်င္တဲ့စိတ္ေတြျဖစ္လာမိေၾကာင္းကို အသံအစ္အစ္ျဖင့္ ေျပာလွ်င့္ (အသံနာေနေသာပုံစံ)မ်ိဳးဆို ေသခ်ာတယ္ ထိုထိုေသာသူတို႔သည္ ၅တန္းကို သင္ျပေနၾကေသာသူမ်ားျဖစ္ေပသည္။ ေမ်ာက္အုပ္ေလာင္းေတြကို စေတြ႕တာကိုး ။

(၄) ၾကည့္လိုက္ရင္ လက္ထဲမွာဘဲျဖစ္ျဖစ္…ျခင္းထဲမွာဘဲျဖစ္ျဖစ္ ကြာေစ့ထုပ္၊ေနၾကာေစ့ထုပ္၊ေကာ္ဖီထုပ္မ်ား ေတြ႕ရၿပီး ကြာေစ့ ဖရဲသီးေစ့မ်ားကို စိတ္ရွည္လက္ရွည္ ႏႊာစားႏိုင္သူဆိုလွ်င္ ထိုထိုေသာသူသည္ ၆တန္း ၇ တန္းကို သင္ျပေနၾကသူမ်ားပင္တည္း။ ဘာဖိအားမွမရွိ..

(၅) ၾကည့္မိရင္ ကိုယ့္ကိုဘဲမေက်နပ္သလိုလို႔ တစ္ျခားသူေတြကို ဘဲမေက်နပ္သလိုလိုပုံစံမ်ိဳးျဖင့္ မိမိကိုယ္ကို အထီးက်န္ေနသလိုမ်ိဳး ပုံစံေပါက္ေနရင္ ထိုထိုေသာ ဆရာ/မတို႔သည္ ၈တန္းကို သင္ျပပို႔ခ်ေပးေနသူမ်ားပင္တည္း။ ဖိအားနဲနဲရွိတာကိုး..

(၆) ဘသူကိုဘဲေတြ႕ေတြ႕ ၿပဳံးျပျခင္းမရွိ လမ္းေလွ်ာက္တဲ့အခါ ေက်ာကုန္းေပၚမွာ ၊ပုခုံးေပၚမွာ ဧရာမႀကီးမားေသာ ဝန္ထုပ္ဝန္ပိုးကို ထမ္းထားရသကဲ့သို႔ ေႏွးေကြးေလးလံတဲ့ပုံစံမ်ိဳးနဲ႔ ကိုယ့္ဘဝနဲ႔ကိုယ္ရွိပါေစေတာ့ ဆိုတဲ့ပုံစံမ်ိဳး၊ ဝဠ္ေႂကြးရွိေတာ့လည္း ဆပ္ရေတာ့တာေပါ့ဆိုတဲ့ ပုံစံမ်ိဳး ဘယ္သူ႔ကိုမွလည္း

မေမးအား ႏႈတ္မဆက္အားတဲ့ ပုံစံမ်ိဳးဆို မေအာင္မရွိနဲ႔တက္လာတဲ့ အားလုံးအားလုံးကို ခက္ခဲတဲ့ဘာသာရပ္ေတြနဲ႔ စည္းခ်က္ဝါးခ်က္မညီစြာ သင္ေနရတဲ့ ၉/၁၀ ကဆရာ/မေတြ ျဖစ္ပါေၾကာင္း..

(၇) အခန္းတစ္ခန္းထဲမွာ အၿငိမ္မေနဘဲ ဟိုကိုင္သည္ကိုင္ ဟိုဆြဲသည္ဆြဲ ဟိုေမးသည္ေမး ဟိုလုပ္သည္လုပ္ ဟိုသြားသည္သြား ဟိုေလွ်ာက္သည္ေလွ်ာက္ ဟိုလွန္သည္လွန္ ဟိုထိုင္သည္ထိုင္လုပ္ေနရင္ ေသခ်ာတယ္ အျမင္မမွားရင္ အာ့ေက်ာင္းက အုပ္ႀကီးဗ်

L.Z (အေျခခံပညာ)

Leave a Comment