ရွှေနဲ့ ဒေါ်လာဈေး အတက်အကျ မြန်ဆန်လွန်း၍ ရောင်းဝယ်မှုမရှိတော့ (ဈေးကွက်တွေ ပျက်သွားပါပြီ)

ပြင်ပငွေကြေးဈေးကွက်မှာ ဒီနေ့နံနက် ၁၁ နာရီခွဲအချိန် ဈေးအရ အမေရိကန်တစ်ဒေါ်လာကို ကျပ် ၂၉၀၀ ဝန်းကျင်ပြန်ရောက်လာတယ်လို့ နိုင်ငံခြားငွေကြေးလဲလှယ်သူတွေဆီက သိရပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၁ရက်က ပြင်ပဒေါ်လာ အနိမ့်ဆုံးဈေး ကျပ်၂၅၅၀ ကျပ်ဝန်းကျင်အထိ ကျခဲ့ပေမယ့် ဈေးကွက်ပိတ်ခါနီးမှာတော့ တစ်ဒေါ်လာ ကျပ် ၂၈၀၀ ဝန်းကျင်ပြန်တက်လာခဲ့တယ်လို့ သိရပါတယ်။

ဗဟိုဘဏ်ရဲ့ ဒေါ်လာသတ်မှတ်ရည်ညွှန်းဈေးကတော့ ၂၁၀၀ ကျပ်ဖြစ်ပြီး ပြင်ပဈေးကွက်မှာတော့ ဒေါ်လာဈေးအတက်အကျမြန်ဆန်စွာဖြစ်ပေါ်နေလို့ ဈေးနှုန်းမခန့်မှန်းနိုင်တော့တဲ့အတွက် ဒေါ်လာဝယ်ရောင်း ရပ်နားထားတဲ့သူတွေရှိတယ်လို့ သိရပါတယ်။

ဒီနေ့ပြင်ပဒေါ်လာဈေးကွက်စဖွင့်ချိန်မှာတော့ တစ်ဒေါ်လာကို ၂၈၈၀ မှ ၂၉၃၀ ကျပ်ကြား အရောင်းအဝယ်လုပ်ကြပြီး ဈေးတည်ငြိမ်မှုမရှိဘူးလို့ သိရပါတယ်။ ပြင်ပဒေါ်လာလဲလှယ်နှုန်းပြန်တက်လာတဲ့အတွက် ဒေါ်လာနဲ့ချိတ်ဆက်မှုရှိတဲ့ ပြည်တွင်းရွှေဈေးကလည်း ကျပ် ၂၅ သိန်းအထက်ကို ပြန်ရောက်လာခဲ့ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လအတွင်းက စံချိန်တင်အမြင့်ဆုံးဈေးနှုန်း တစ်ဒေါ်လာကို ကျပ် ၅၀၀၀ ဝန်းကျင်ပြင်ပငွေကြေးဈေးကွက်မှာဖြစ်ပေါ်ခဲ့ပြီး စက်တင်ဘာလအတွင်းမှာတော့ ကျပ် ၃၅၀၀ ဝန်းကျင်ကနေ တရိပ်ရိပ်ပြန်ကျခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အောက်တိုဘာလ အစမှာတော့ အနိမ့်ဆုံးဒေါ်လာဈေး ၂၅၀၀ ကျပ်ဝန်းကျင်ထိဖြစ်ပေါ်ခဲ့ပေမယ့် ဈေးကွက်မတည်ငြိမ်တာကြောင့် အောက်တိုဘာ ၃ရက်မှာတော့ ကျပ် ၂၉၀၀ ဝန်းကျင်ပြန်တက်လာခဲ့တယ်လို့ သိရပါတယ်။

ရွှေပိဿနဲ့ချီပြီး စစ်ကောင်စီက လေလံတင်ရောင်းချနေတာတွေရှိနေပေမယ့် ဒီနေ့မှာပဲ ရွှေဈေးပြန်တက်လာတာတွေ့ရပါတယ်။ ရွှေဈေးဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက ၁ ကျပ်သားကို ကျပ် ၂၃ သိန်းဝန်းကျင်ထိ ကျသွားခဲ့ပေမယ့် ဒီနေ့ မွန်းလွဲပိုင်းမှာ ကျပ် ၂၅ သိန်း ၈ သောင်း ဖြစ်သွားပါတယ်။

ဈေးကွက်ထဲမှာ ရောင်းဈေးနဲ့ ဝယ်ဈေးကြား ကျပ် ၂ သောင်းကွာဟ တယ်လို့လည်းသိရပါတယ်။ ယနေ့မှာတော့ ရွှေဈေးနှုန်းနဲ့ ဒေါ်လာဈေးနှုန်း အတက်အကျ မြန်ဆန်လွန်းသဖြင့် နာမည်ကြီး ရွှေဆိုင်အများအပြား ရွှေဈေး မဖော်ပြတော့တာကို တွေ့ရပါတယ်။ ဒေါ်လာဈေးလည်း အတက်အကျ များပြားမှုကြောင့် ဈေးကွက်အတွင်း အရောင်းအဝယ် မရှိတော့ဘဲ ဈေးကွက်ပျက်သလို ဖြစ်နေတယ်လို့ နီးစပ်သူက ပြောပါတယ်။

Credit

Zawgyi

ျပင္ပေငြေၾကးေဈးကြက္မွာ ဒီေန႔နံနက္ ၁၁ နာရီခြဲအခ်ိန္ ေဈးအရ အေမရိကန္တစ္ေဒၚလာကို က်ပ္ ၂၉၀၀ ဝန္းက်င္ျပန္ေရာက္လာတယ္လို႔ ႏိုင္ငံျခားေငြေၾကးလဲလွယ္သူေတြဆီက သိရပါတယ္။ ၿပီးခဲ့တဲ့ ေအာက္တိုဘာ ၁ရက္က ျပင္ပေဒၚလာ အနိမ့္ဆုံးေဈး က်ပ္၂၅၅၀ က်ပ္ဝန္းက်င္အထိ က်ခဲ့ေပမယ့္ ေဈးကြက္ပိတ္ခါနီးမွာေတာ့ တစ္ေဒၚလာ က်ပ္ ၂၈၀၀ ဝန္းက်င္ျပန္တက္လာခဲ့တယ္လို႔ သိရပါတယ္။

ဗဟိုဘဏ္ရဲ႕ ေဒၚလာသတ္မွတ္ရည္ၫႊန္းေဈးကေတာ့ ၂၁၀၀ က်ပ္ျဖစ္ၿပီး ျပင္ပေဈးကြက္မွာေတာ့ ေဒၚလာေဈးအတက္အက်ျမန္ဆန္စြာျဖစ္ေပၚေနလို႔ ေဈးႏႈန္းမခန႔္မွန္းႏိုင္ေတာ့တဲ့အတြက္ ေဒၚလာဝယ္ေရာင္း ရပ္နားထားတဲ့သူေတြရွိတယ္လို႔ သိရပါတယ္။

ဒီေန႔ျပင္ပေဒၚလာေဈးကြက္စဖြင့္ခ်ိန္မွာေတာ့ တစ္ေဒၚလာကို ၂၈၈၀ မွ ၂၉၃၀ က်ပ္ၾကား အေရာင္းအဝယ္လုပ္ၾကၿပီး ေဈးတည္ၿငိမ္မႈမရွိဘူးလို႔ သိရပါတယ္။ ျပင္ပေဒၚလာလဲလွယ္ႏႈန္းျပန္တက္လာတဲ့အတြက္ ေဒၚလာနဲ႔ခ်ိတ္ဆက္မႈရွိတဲ့ ျပည္တြင္းေ႐ႊေဈးကလည္း က်ပ္ ၂၅ သိန္းအထက္ကို ျပန္ေရာက္လာခဲ့ပါတယ္။

ၿပီးခဲ့တဲ့ ၾသဂုတ္လအတြင္းက စံခ်ိန္တင္အျမင့္ဆုံးေဈးႏႈန္း တစ္ေဒၚလာကို က်ပ္ ၅၀၀၀ ဝန္းက်င္ျပင္ပေငြေၾကးေဈးကြက္မွာျဖစ္ေပၚခဲ့ၿပီး စက္တင္ဘာလအတြင္းမွာေတာ့ က်ပ္ ၃၅၀၀ ဝန္းက်င္ကေန တရိပ္ရိပ္ျပန္က်ခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။

ေအာက္တိုဘာလ အစမွာေတာ့ အနိမ့္ဆုံးေဒၚလာေဈး ၂၅၀၀ က်ပ္ဝန္းက်င္ထိျဖစ္ေပၚခဲ့ေပမယ့္ ေဈးကြက္မတည္ၿငိမ္တာေၾကာင့္ ေအာက္တိုဘာ ၃ရက္မွာေတာ့ က်ပ္ ၂၉၀၀ ဝန္းက်င္ျပန္တက္လာခဲ့တယ္လို႔ သိရပါတယ္။

ေ႐ႊပိႆနဲ႔ခ်ီၿပီး စစ္ေကာင္စီက ေလလံတင္ေရာင္းခ်ေနတာေတြရွိေနေပမယ့္ ဒီေန႔မွာပဲ ေ႐ႊေဈးျပန္တက္လာတာေတြ႕ရပါတယ္။ ေ႐ႊေဈးဟာ ၿပီးခဲ့တဲ့ ရက္ပိုင္းက ၁ က်ပ္သားကို က်ပ္ ၂၃ သိန္းဝန္းက်င္ထိ က်သြားခဲ့ေပမယ့္ ဒီေန႔ မြန္းလြဲပိုင္းမွာ က်ပ္ ၂၅ သိန္း ၈ ေသာင္း ျဖစ္သြားပါတယ္။

ေဈးကြက္ထဲမွာ ေရာင္းေဈးနဲ႔ ဝယ္ေဈးၾကား က်ပ္ ၂ ေသာင္းကြာဟ တယ္လို႔လည္းသိရပါတယ္။ ယေန႔မွာေတာ့ ေ႐ႊေဈးႏႈန္းနဲ႔ ေဒၚလာေဈးႏႈန္း အတက္အက် ျမန္ဆန္လြန္းသျဖင့္ နာမည္ႀကီး ေ႐ႊဆိုင္အမ်ားအျပား ေ႐ႊေဈး မေဖာ္ျပေတာ့တာကို ေတြ႕ရပါတယ္။ ေဒၚလာေဈးလည္း အတက္အက် မ်ားျပားမႈေၾကာင့္ ေဈးကြက္အတြင္း အေရာင္းအဝယ္ မရွိေတာ့ဘဲ ေဈးကြက္ပ်က္သလို ျဖစ္ေနတယ္လို႔ နီးစပ္သူက ေျပာပါတယ္။

Credit

Leave a Comment