စားဝတ်နေရေး ပြေလည်စေဖို့ တပိုင်တနိုင် တောင်ပို့မှို ဖောက်နည်းလေးကို တင်ပြပေး မှာဖြစ် ပါတယ်။
ဒီနည်းဟာ အလွယ်ကူဆုံးနဲ့ ကုန်ကျ စရိတ် ဘာမှမရှိတာမို့ မြန်မာပြည်သူပြည်သားအားလုံး တပိုင်တစ်နိုင် လုပ်ကိုင်နိုင်သလို မြေဧက အနည်းငယ်ရှိသူတွေအတွက်လည်း စီးပွားဖြစ်ထုပ်လုပ်ရောင်းချနိုင်ပါတယ်။ ယနေ့ မှိုတစ်ပိဿာဈေးဟာ လည်း ၁သောင်းကျော်နေတာမို့ မက်လောက်စရာဖြစ်ပါတယ်။အရေးကြီးတာက နည်းသိဖို့ပါဘဲ။
သဘာဝနည်းဖြစ် တာကြောင့် ဓာတုဗေဒဆေးဝါး ကင်းတာကြောင့် စားသုံးသူများ အန္တရယ် မရှိယုံသာမက အနံအရသာဟာလည်း သဘာဝမှိုကဲ့သို့ စိမ့်ချိုနေစေမှာပါ။
နည်းမှာ ပါဝင်ပစ္စည်း ၃မျိုးသာရှိပြီး မိမိပတ်ဝန်းကျင်မှာ အလွယ်တကူ ရှာဖွေရလွယ်ပါတယ်။
၁။ ခြတောင်ပို့ အတွင်းပိုင်းမှ မြေသား၂ဝသားခန့်။
၂။ ထမင်းဖြူ ၆၅ ကျပ်သား( တစ်ကီလို)
၃။ ရေ၂လီတာ(ရေသန့်ဗူး၂ဘူး) တို့ ဘဲ ဖြစ်ပါတယ်။
ပထမဦးစွာ တောင်ပို့မြေနဲ့ ထမင်းဖြူတို့ကို ဇလုံတစ်ခုထဲ မှာရောထည့်ပြီး သမအောင် မွှေပေးရပါမယ်။
ထို့နောက် ရေကိုဖျန်းလိုက် မွှေလိုက်ဖြင့် ရေသန်ဘူး ၂ဘူးစာ ကုန်တဲ့အထိ မွှေပေးရပါမယ်။
ပြီးနောက် ထိုဇလုံကို နေရောင်ခြည် တိုက်ရိုက်မကျတဲ့နေရာ မပူလွန်းမအေးလွန်းတဲ့ နေရာမှာ ၇ ရက်ခန့်ထားရပါမယ်။
ထိုအတောအတွင်း ဇလုံကို ရွှေ့ပြောင်းခြင်းမပြုဘဲ ငြိမ်သက်စွာ ထားရမှာပါ။ ၇ ရက်ကျော်တဲ့အခါ ဇလုံရဲ့ မျက်နှာပြင်ပေါ်မှာ အမြှပ်အဖက် ဖြူဖြူမဲမဲများ တက်လာတာကို တွေ့ရပါမယ်။
အဲဒါဟာ မှိုဖောက်ဖို့ ကျူလ္လင်စီတွေဘဲ ဖြစ်ပါတယ်။ (တနည်းအားဖြင့် မှိုမျိုးစေ့တွေဘဲ ဖြစ်ပါတယ်)ထိုမှိုမျိုးများအား ခပ်ယူ၍ အစိုဓာတ်ရှိသော မြေဆွေးပုံ ကောက်ရိုးဆွေးပုံ သစ်ပင်အောက်ရှိ မြေဆွေးတွေအပေါ် နှံစပ်အောင်ချထားပေးပြီး ထားရပါမယ်။
မှိုမျိုးစေ့များ ချထားသောနေရာအား ၇/၈ ရက်တစ်ကြိမ် ရေစိုရုံသာ ဖျန်းပေးရုံဖြင့်အနံ့အရသာနှင့် ပြည်စုံတဲ့ တောင်ပို့မှို တနည်း ကောက်ရိုးမှိုတို့ကို လွယိကူစွာ စိတ်ခူး စားသုံးနိုင်ပြီး ပိုလျှံပါက ရောင်းချ၍ ဝင်ငွေတိုးစေမှာပါ။
အိမ်တွင်း၊ တိုက်ခန်း၊ ကွန်ဒိုနေသူများအဖို့ ပန်းအိုးများအတွင်း မြေဆွေးထည့်၍ စိုက်ပျိုးနိုင်ပါတယ်။
(အကယ်၍ ကျူလင်စီများ ပိုလျှံနေပါက ဌင်းကျူလင်စီ ရေသန့်ဘူးတစ်ဗူးစာကို ရေသန့်ဗူး ၁၀ ဗူးနဲ့ရောပြီး အပင်များပေါ် ဖျန်းပေးခြင်းဖြင့် ၎င်းမှိုမျိူးစေ့ ချထားသော နေရာများအား ပက်ဖျန်းခြင်းဖြင့် အပင်များ ရှင်သန်ကြီးထွားစေသော မြေဩဇာကဲသို့အသုံးပြုနိုင်ပါသည်။စားဝတ်နေရေး ပြေလည်စေနိုင်ပါမည်။
Credit
Zawgyi
စားဝတ္ေနေရး ေျပလည္ေစဖို႔ တပိုင္တႏိုင္ ေတာင္ပို႔မႈိ ေဖာက္နည္းေလးကို တင္ျပေပး မွာျဖစ္ ပါတယ္။
ဒီနည္းဟာ အလြယ္ကူဆုံးနဲ႔ ကုန္က် စရိတ္ ဘာမွမရွိတာမို႔ ျမန္မာျပည္သူျပည္သားအားလုံး တပိုင္တစ္ႏိုင္ လုပ္ကိုင္ႏိုင္သလို ေျမဧက အနည္းငယ္ရွိသူေတြအတြက္လည္း စီးပြားျဖစ္ထုပ္လုပ္ေရာင္းခ်ႏိုင္ပါတယ္။ ယေန႔ မႈိတစ္ပိႆာေဈးဟာ လည္း ၁ေသာင္းေက်ာ္ေနတာမို႔ မက္ေလာက္စရာျဖစ္ပါတယ္။အေရးႀကီးတာက နည္းသိဖို႔ပါဘဲ။
သဘာဝနည္းျဖစ္ တာေၾကာင့္ ဓာတုေဗဒေဆးဝါး ကင္းတာေၾကာင့္ စားသုံးသူမ်ား အႏၲရယ္ မရွိယုံသာမက အနံအရသာဟာလည္း သဘာဝမႈိကဲ့သို႔ စိမ့္ခ်ိဳေနေစမွာပါ။
နည္းမွာ ပါဝင္ပစၥည္း ၃မ်ိဳးသာရွိၿပီး မိမိပတ္ဝန္းက်င္မွာ အလြယ္တကူ ရွာေဖြရလြယ္ပါတယ္။
၁။ ျခေတာင္ပို႔ အတြင္းပိုင္းမွ ေျမသား၂ဝသားခန႔္။
၂။ ထမင္းျဖဴ ၆၅ က်ပ္သား( တစ္ကီလို)
၃။ ေရ၂လီတာ(ေရသန႔္ဗူး၂ဘူး) တို႔ ဘဲ ျဖစ္ပါတယ္။
ပထမဦးစြာ ေတာင္ပို႔ေျမနဲ႔ ထမင္းျဖဴတို႔ကို ဇလုံတစ္ခုထဲ မွာေရာထည့္ၿပီး သမေအာင္ ေမႊေပးရပါမယ္။
ထို႔ေနာက္ ေရကိုဖ်န္းလိုက္ ေမႊလိုက္ျဖင့္ ေရသန္ဘူး ၂ဘူးစာ ကုန္တဲ့အထိ ေမႊေပးရပါမယ္။
ၿပီးေနာက္ ထိုဇလုံကို ေနေရာင္ျခည္ တိုက္႐ိုက္မက်တဲ့ေနရာ မပူလြန္းမေအးလြန္းတဲ့ ေနရာမွာ ၇ ရက္ခန႔္ထားရပါမယ္။
ထိုအေတာအတြင္း ဇလုံကို ေ႐ႊ႕ေျပာင္းျခင္းမျပဳဘဲ ၿငိမ္သက္စြာ ထားရမွာပါ။ ၇ ရက္ေက်ာ္တဲ့အခါ ဇလုံရဲ႕ မ်က္ႏွာျပင္ေပၚမွာ အျမႇပ္အဖက္ ျဖဴျဖဴမဲမဲမ်ား တက္လာတာကို ေတြ႕ရပါမယ္။
အဲဒါဟာ မႈိေဖာက္ဖို႔ က်ဴလႅင္စီေတြဘဲ ျဖစ္ပါတယ္။ (တနည္းအားျဖင့္ မႈိမ်ိဳးေစ့ေတြဘဲ ျဖစ္ပါတယ္)ထိုမႈိမ်ိဳးမ်ားအား ခပ္ယူ၍ အစိုဓာတ္ရွိေသာ ေျမေဆြးပုံ ေကာက္႐ိုးေဆြးပုံ သစ္ပင္ေအာက္ရွိ ေျမေဆြးေတြအေပၚ ႏွံစပ္ေအာင္ခ်ထားေပးၿပီး ထားရပါမယ္။
မႈိမ်ိဳးေစ့မ်ား ခ်ထားေသာေနရာအား ၇/၈ ရက္တစ္ႀကိမ္ ေရစို႐ုံသာ ဖ်န္းေပး႐ုံျဖင့္အနံ႔အရသာႏွင့္ ျပည္စုံတဲ့ ေတာင္ပို႔မႈိ တနည္း ေကာက္႐ိုးမႈိတို႔ကို လြယိကူစြာ စိတ္ခူး စားသုံးႏိုင္ၿပီး ပိုလွ်ံပါက ေရာင္းခ်၍ ဝင္ေငြတိုးေစမွာပါ။
အိမ္တြင္း၊ တိုက္ခန္း၊ ကြန္ဒိုေနသူမ်ားအဖို႔ ပန္းအိုးမ်ားအတြင္း ေျမေဆြးထည့္၍ စိုက္ပ်ိဳးႏိုင္ပါတယ္။
(အကယ္၍ က်ဴလင္စီမ်ား ပိုလွ်ံေနပါက ဌင္းက်ဴလင္စီ ေရသန႔္ဘူးတစ္ဗူးစာကို ေရသန႔္ဗူး ၁၀ ဗူးနဲ႔ေရာၿပီး အပင္မ်ားေပၚ ဖ်န္းေပးျခင္းျဖင့္ ၎မႈိမ်ိဴးေစ့ ခ်ထားေသာ ေနရာမ်ားအား ပက္ဖ်န္းျခင္းျဖင့္ အပင္မ်ား ရွင္သန္ႀကီးထြားေစေသာ ေျမဩဇာကဲသို႔အသုံးျပဳႏိုင္ပါသည္။စားဝတ္ေနေရး ေျပလည္ေစႏိုင္ပါမည္။
Credit