စားဆီကို ပြည်ပကို ပြန်ပို့နိုင်အောင် လုပ်မည်ဟု အကြံကုန် လေလုံးကြီး (အပြင်မှာ ၈၀၀၀ ဈေး ဖြစ်နေ)

စားသုံးဆီကို ပြည်ပမှ တင်သွင်းနေရသူအဖြစ်ကနေ ပြည်တွင်းမှာ ပိုလျှံပြီး ပြည်ပသို့ ပြန်လည်တင်သွင်းသူ အဖြစ် ရောက်ရှိအောင် ကြိုးပမ်းဆောင်ရွက်သွားကြရမယ်လို့ စကစ ခေါင်းဆောင် မင်းအောင်လှိုင်က ပြောလိုက်ပါတယ်။

“စားသုံးဆီကို ပြည်ပမှ တင်သွင်းနေရသူ (Importer) အဖြစ်မှ ပြည်တွင်း၌ ပိုလျှံသည်အထိ ထုတ်လုပ်၍ ပြည်ပသို့ ပြန်လည်တင်သွင်းသူ (Exporter) အဖြစ်ထိ ရောက်ရှိအောင် ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊၂၀၂၁ ခုနှစ်မှစတင်၍ ပြည်ပမှ တင်သွင်းသည့် စားသုံးဆီများကို ထိန်းသိမ်းဆောင်ရွက်ခဲ့ကြောင်း၊ မိမိတို့နိုင်ငံ တွင် ဆီစားသုံးမှုများပြားခြင်းနှင့် ပြည်တွင်းဆီထုတ်လုပ်မှုနည်းပါးခြင်းကြောင့် ပြည်တွင်း စားသုံးဆီလိုအပ်ချက် များပြားနေခြင်းဖြစ်တယ်” လို့ ရန်ကုန်က (MSME) လုပ်ငန်းရှင် တွေနဲ့ တွေ့ဆုံပွဲမှာ ပြောတာပါ။

ပြည်တွင်းဆီလိုအပ်ချက် ပြည့်မီဖူလုံစေရေးအတွက် လိုအပ်သည်များကို နိုင်ငံတော်မှ ဖြည့်ဆည်းပေးသွားမည်ဖြစ်သည့်အတွက် ဆီထွက်သီးနှံစိုက်ပျိုးသည့် လုပ်ငန်းရှင်များနှင့် ဆီထုတ်လုပ်သူများ အနေဖြင့်လည်း အမှန်တကယ် အလုပ်လုပ်ကြရန်လိုအပ်ပြီး စိုက်ပျိုးရေးတောင်သူ၊ လုပ်ငန်းရှင်များနှင့် အစိုးရတို့ ပေါင်းစပ် ဆောင်ရွက် သွားမည်ဆိုပါက မကြာမီကာလအတွင်း ပြည်တွင်းဆီလိုအပ်ချက်ကို ပြည့်မီအောင် ဆောင်ရွက်နိုင်မယ်ဆိုပြီးတော့လည်း မင်းအောင်လှိုင်က ထပ်မံ ပြောသွားပါတယ်။

လက်တွေ့ ဈေးကွက်မှာတော့ ပြည်တွင်း ထုတ်လုပ်မှုဟာ ပြည်တွင်းစားသုံးမှုရဲ့ ၁၅ ရာခိုင်နှုန်းခန့်သာ ရှိပြီး ကျန်တဲ့ ၈၅ ရာခိုင်နှုန်းကို ပြည်ပကနေ တင်သွင်းနေရတာ ဖြစ်ပါတယ်။ မြန်မာ့ကျပ်ငွေတန်ဖိုး အလွန်အကျွံ ကျဆင်းမှုကြောင့် စားအုန်းဆီ တပိဿာ တသောင်းနီးပါး အထိ ဖြစ်ခဲ့ကာ လက်ရှိအချိန်မှာ ၈၀၀၀ ဝန်းကျင် ရှိနေတာ ဖြစ်ပါတယ်။

ဆီလုပ်ငန်းရှင်များ အသင်းက တပိဿာ ၄ ထောင်ကျော်ဖြင့် ဦးရာလူစနစ်နဲ့ ရောင်းချပေးမှုကြောင့် ရန်ကုန်မြို့ ရပ်ကွက်တွေမှာ စားအုန်းဆီ တန်းစီနေတဲ့ လူတန်းကြီးတွေကို တွေ့ရှိနေရပါတယ်။ စားအုန်းဆီ ဈေးကြီးမှုကြောင့် စားသောက်ကုန်များလည်း ဈေးနှုန်းလိုက်လံ မြင့်တက်လာကာ ပြည်သူများအနေနဲ့ စားဝတ်နေရေး ပိုမိုကျပ်တည်းလာကြတာကို တွေ့ရပါတယ်။

Credit

Zawgyi

စားသုံးဆီကို ျပည္ပမွ တင္သြင္းေနရသူအျဖစ္ကေန ျပည္တြင္းမွာ ပိုလွ်ံၿပီး ျပည္ပသို႔ ျပန္လည္တင္သြင္းသူ အျဖစ္ ေရာက္ရွိေအာင္ ႀကိဳးပမ္းေဆာင္႐ြက္သြားၾကရမယ္လို႔ စကစ ေခါင္းေဆာင္ မင္းေအာင္လႈိင္က ေျပာလိုက္ပါတယ္။

“စားသုံးဆီကို ျပည္ပမွ တင္သြင္းေနရသူ (Importer) အျဖစ္မွ ျပည္တြင္း၌ ပိုလွ်ံသည္အထိ ထုတ္လုပ္၍ ျပည္ပသို႔ ျပန္လည္တင္သြင္းသူ (Exporter) အျဖစ္ထိ ေရာက္ရွိေအာင္ ႀကိဳးပမ္းေဆာင္႐ြက္သြားၾကရမည္ျဖစ္ေၾကာင္း၊၂၀၂၁ ခုႏွစ္မွစတင္၍ ျပည္ပမွ တင္သြင္းသည့္ စားသုံးဆီမ်ားကို ထိန္းသိမ္းေဆာင္႐ြက္ခဲ့ေၾကာင္း၊ မိမိတို႔ႏိုင္ငံ တြင္ ဆီစားသုံးမႈမ်ားျပားျခင္းႏွင့္ ျပည္တြင္းဆီထုတ္လုပ္မႈနည္းပါးျခင္းေၾကာင့္ ျပည္တြင္း စားသုံးဆီလိုအပ္ခ်က္ မ်ားျပားေနျခင္းျဖစ္တယ္” လို႔ ရန္ကုန္က (MSME) လုပ္ငန္းရွင္ ေတြနဲ႔ ေတြ႕ဆုံပြဲမွာ ေျပာတာပါ။

ျပည္တြင္းဆီလိုအပ္ခ်က္ ျပည့္မီဖူလုံေစေရးအတြက္ လိုအပ္သည္မ်ားကို ႏိုင္ငံေတာ္မွ ျဖည့္ဆည္းေပးသြားမည္ျဖစ္သည့္အတြက္ ဆီထြက္သီးႏွံစိုက္ပ်ိဳးသည့္ လုပ္ငန္းရွင္မ်ားႏွင့္ ဆီထုတ္လုပ္သူမ်ား အေနျဖင့္လည္း အမွန္တကယ္ အလုပ္လုပ္ၾကရန္လိုအပ္ၿပီး စိုက္ပ်ိဳးေရးေတာင္သူ၊ လုပ္ငန္းရွင္မ်ားႏွင့္ အစိုးရတို႔ ေပါင္းစပ္ ေဆာင္႐ြက္ သြားမည္ဆိုပါက မၾကာမီကာလအတြင္း ျပည္တြင္းဆီလိုအပ္ခ်က္ကို ျပည့္မီေအာင္ ေဆာင္႐ြက္ႏိုင္မယ္ဆိုၿပီးေတာ့လည္း မင္းေအာင္လႈိင္က ထပ္မံ ေျပာသြားပါတယ္။

လက္ေတြ႕ ေဈးကြက္မွာေတာ့ ျပည္တြင္း ထုတ္လုပ္မႈဟာ ျပည္တြင္းစားသုံးမႈရဲ႕ ၁၅ ရာခိုင္ႏႈန္းခန႔္သာ ရွိၿပီး က်န္တဲ့ ၈၅ ရာခိုင္ႏႈန္းကို ျပည္ပကေန တင္သြင္းေနရတာ ျဖစ္ပါတယ္။ ျမန္မာ့က်ပ္ေငြတန္ဖိုး အလြန္အကြၽံ က်ဆင္းမႈေၾကာင့္ စားအုန္းဆီ တပိႆာ တေသာင္းနီးပါး အထိ ျဖစ္ခဲ့ကာ လက္ရွိအခ်ိန္မွာ ၈၀၀၀ ဝန္းက်င္ ရွိေနတာ ျဖစ္ပါတယ္။

ဆီလုပ္ငန္းရွင္မ်ား အသင္းက တပိႆာ ၄ ေထာင္ေက်ာ္ျဖင့္ ဦးရာလူစနစ္နဲ႔ ေရာင္းခ်ေပးမႈေၾကာင့္ ရန္ကုန္ၿမိဳ႕ ရပ္ကြက္ေတြမွာ စားအုန္းဆီ တန္းစီေနတဲ့ လူတန္းႀကီးေတြကို ေတြ႕ရွိေနရပါတယ္။ စားအုန္းဆီ ေဈးႀကီးမႈေၾကာင့္ စားေသာက္ကုန္မ်ားလည္း ေဈးႏႈန္းလိုက္လံ ျမင့္တက္လာကာ ျပည္သူမ်ားအေနနဲ႔ စားဝတ္ေနေရး ပိုမိုက်ပ္တည္းလာၾကတာကို ေတြ႕ရပါတယ္။

Credit

Leave a Comment