ပြည်တွင်းမှဆန်စပါး ပြည်ပသို့တင်ပို့မှု နောက်ထပ် (၅)နှစ်သက်ထပ်တမ်းတိုး
မြန်မာနိုင်ငံကနေဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဆန်တင်ပို့မှု နောက်ထပ်ငါးနှစ်သက်တမ်းတိုးဖို့ဆောင်ရွက်နေတယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကသိရပါတယ်။
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်အနေဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ဆန်တန်ချိန် (၂)သိန်းတင်ပို့နိုင်ရန်သဘောတူညီမှုရရှိထားကြောင်းသိရသည်။မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံကြား G to G စနစ်နဲ့ ဆန်ရောင်းဝယ်ဖို့ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် စက်တင်ဘာလအတွင်းက
ဆန်ကုန်သွယ်မှုဆိုင်ရာနားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးခဲ့တာဖြစ်ပြီး စာချုပ်အရနှစ်စဉ် ဆန်ဖြူတန်ချိန် နှစ်သိန်းခွဲနဲ့ပေါင်းဆန်တန်ချိန် ငါးသောင်းကို ဘင်္ဂလားဒေ့ရှ်နိုင်ငံကဝယ်ယူနေတာလည်းဖြစ်ပါတယ်။
လက်ရှိမှာတော့နှစ်နိုင်ငံနားလည်မှုစာချွန်လွှာ သက်တမ်းဟာအခုနှစ်စက်တင်ဘာလကုန်ဆုံးမှာဖြစ်တဲ့အတွက်ဆက်လက်ဆန်တင်ပို့နိုင်ရေးနောက်ထပ်သက်တမ်းငါးနှစ်ထပ်တိုးမယ့်နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးဖို့ဆောင်ရွက်နေတာဖြစ်တယ်လို့
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကသိရပါတယ်။အဆိုပါနားလည်မှုစာချွန်လွှာအရ မြန်မာနိုင်ငံမှ ဆန်ဖြူတန်ချိန် (၁)သိန်းခွဲနှင့် ပေါင်းဆန် တန်ချိန်(၅)သောင်းကို ၅နှစ်ထပ်တိုးတင်ပို့နိုင်ရန်စီစဉ်နေခြင်းဖြစ်သည်။
နှစ်နိုင်ငံသေဘောတူညီမှုအရ ၂၀၁၇ခုနှစ် စတင်ဘာလမှ ၂၀၂၂ခုနှစ်စတင်ဘာလအထိ ပထမအကြိမ်တွင် ဆန်ဖြူ တန်ချိန် (၁)သိန်း၊ဒုတိယအကြိမ်တွင် ဆန်ဖြူတန်ချိန်(၁)သိန်းတင်ပို့ထားပြီး ယခုတတိယအကြိမ်အနေဖြင့် တန်ချိန် (၂)သိန်းတင်ပို့ရန် နှစ်နိုင်ငံအကြားသဘောတူလက်မှတ်ရေးထုးပြီးဖြစ်ကြောင်းလည်းသိရပါသည်။
ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်က ပြည်ပကိုဆန်နဲ့ ဆန်ကွဲတင်ပို့မှုကနေ အမေရိကန်ဒေါ်လာ ၆၈၇ သန်းကျော် ရရှိခဲ့ပြီး အခု ၂၀၂၂ ခုနှစ် ရှစ်လအတွင်းမှာတော့ ဆန်နဲ့ ဆန်ကွဲတန်ချိန်တစ်သန်းခွဲကျော်တင်ပို့ထားပြီးဖြစ်တယ်လို့လည်း
စီးပွားရေးနှင့် ကူးသန်းရောင် ဝယ်ရေးဝန်ကြီးဌာနထုတ်ပြန်ချက်အရသိရပါတယ်။မြန်မာနိုင်ငံကနေ ဆန်တင်ပို့မှုအများဆုံးကတော့တရုတ်နိုင်ငံ၊ အိမ်နီးချင်းနိုင်ငံတွေ၊ ဥရောပနိုင်ငံတွေနဲ့ အာဖရိက နိုင်ငံတွေ ဖြစ်တယ်လို့သိရပါတယ်။
Credit
Zawgyi
ျပည္တြင္းမွဆန္စပါး ျပည္ပသို႔တင္ပို႔မႈ ေနာက္ထပ္ (၅)ႏွစ္သက္ထပ္တမ္းတိုး
ျမန္မာႏိုင္ငံကေနဘဂၤလားေဒ့ရွ္ႏိုင္ငံကို ဆန္တင္ပို႔မႈ ေနာက္ထပ္ငါးႏွစ္သက္တမ္းတိုးဖို႔ေဆာင္႐ြက္ေနတယ္လို႔ စီးပြားေရးႏွင့္ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာနကသိရပါတယ္။
ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္အေနျဖင့္ ဘဂၤလားေဒ့ရွ္ႏိုင္ငံသို႔ဆန္တန္ခ်ိန္ (၂)သိန္းတင္ပို႔ႏိုင္ရန္သေဘာတူညီမႈရရွိထားေၾကာင္းသိရသည္။ျမန္မာနဲ႔ ဘဂၤလားေဒ့ရွ္ ႏွစ္ႏိုင္ငံၾကား G to G စနစ္နဲ႔ ဆန္ေရာင္းဝယ္ဖို႔ ၿပီးခဲ့တဲ့ ၂၀၁၇ ခုႏွစ္ စက္တင္ဘာလအတြင္းက
ဆန္ကုန္သြယ္မႈဆိုင္ရာနားလည္မႈစာခြၽန္လႊာလက္မွတ္ေရးထိုးခဲ့တာျဖစ္ၿပီး စာခ်ဳပ္အရႏွစ္စဥ္ ဆန္ျဖဴတန္ခ်ိန္ ႏွစ္သိန္းခြဲနဲ႔ေပါင္းဆန္တန္ခ်ိန္ ငါးေသာင္းကို ဘဂၤလားေဒ့ရွ္ႏိုင္ငံကဝယ္ယူေနတာလည္းျဖစ္ပါတယ္။
လက္ရွိမွာေတာ့ႏွစ္ႏိုင္ငံနားလည္မႈစာခြၽန္လႊာ သက္တမ္းဟာအခုႏွစ္စက္တင္ဘာလကုန္ဆုံးမွာျဖစ္တဲ့အတြက္ဆက္လက္ဆန္တင္ပို႔ႏိုင္ေရးေနာက္ထပ္သက္တမ္းငါးႏွစ္ထပ္တိုးမယ့္နားလည္မႈစာခြၽန္လႊာ လက္မွတ္ေရးထိုးဖို႔ေဆာင္႐ြက္ေနတာျဖစ္တယ္လို႔
စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာနကသိရပါတယ္။အဆိုပါနားလည္မႈစာခြၽန္လႊာအရ ျမန္မာႏိုင္ငံမွ ဆန္ျဖဴတန္ခ်ိန္ (၁)သိန္းခြဲႏွင့္ ေပါင္းဆန္ တန္ခ်ိန္(၅)ေသာင္းကို ၅ႏွစ္ထပ္တိုးတင္ပို႔ႏိုင္ရန္စီစဥ္ေနျခင္းျဖစ္သည္။
ႏွစ္ႏိုင္ငံေသေဘာတူညီမႈအရ ၂၀၁၇ခုႏွစ္ စတင္ဘာလမွ ၂၀၂၂ခုႏွစ္စတင္ဘာလအထိ ပထမအႀကိမ္တြင္ ဆန္ျဖဴ တန္ခ်ိန္ (၁)သိန္း၊ဒုတိယအႀကိမ္တြင္ ဆန္ျဖဴတန္ခ်ိန္(၁)သိန္းတင္ပို႔ထားၿပီး ယခုတတိယအႀကိမ္အေနျဖင့္ တန္ခ်ိန္ (၂)သိန္းတင္ပို႔ရန္ ႏွစ္ႏိုင္ငံအၾကားသေဘာတူလက္မွတ္ေရးထုးၿပီးျဖစ္ေၾကာင္းလည္းသိရပါသည္။
ၿပီးခဲ့တဲ့ ၂၀၂၁ ခုႏွစ္က ျပည္ပကိုဆန္နဲ႔ ဆန္ကြဲတင္ပို႔မႈကေန အေမရိကန္ေဒၚလာ ၆၈၇ သန္းေက်ာ္ ရရွိခဲ့ၿပီး အခု ၂၀၂၂ ခုႏွစ္ ရွစ္လအတြင္းမွာေတာ့ ဆန္နဲ႔ ဆန္ကြဲတန္ခ်ိန္တစ္သန္းခြဲေက်ာ္တင္ပို႔ထားၿပီးျဖစ္တယ္လို႔လည္း
စီးပြားေရးႏွင့္ ကူးသန္းေရာင္ ဝယ္ေရးဝန္ႀကီးဌာနထုတ္ျပန္ခ်က္အရသိရပါတယ္။ျမန္မာႏိုင္ငံကေန ဆန္တင္ပို႔မႈအမ်ားဆုံးကေတာ့တ႐ုတ္ႏိုင္ငံ၊ အိမ္နီးခ်င္းႏိုင္ငံေတြ၊ ဥေရာပႏိုင္ငံေတြနဲ႔ အာဖရိက ႏိုင္ငံေတြ ျဖစ္တယ္လို႔သိရပါတယ္။
Credit