တချိန်က မြန်မာငွေတကျပ် ထိုင်းငွေတစ်ဘတ် (ကျပ်တိုက် ဘတ်တိုက်) ငွေလဲနှုန်းနဲ့ ဝမ်းနည်းစရာ ကောင်းလွန်းတဲ့ အဖြစ်

ကျနော် မှတ်မိသလောက် မြန်မာငွေ တစ်ကျပ် ထိုင်းငွေ တစ်ဘတ် ဘတ်တိုက် ကျပ်တိုက် ဆိုတာကို ကိုယ်တိုင် ကြုံခဲ့ဘူးပါတယ်။

အကယ်၍များ မြဝတီမြို့က မြန်မာတစ်ယောက်မှာ ကျပ်ငွေ တစ်သိန်း ရှိတယ် ဆိုပါတော့

မဲဆောက်မြို့က ထိုင်းတစ်ယောက်ကလည်း ဘတ်ငွေ တစ်သိန်း ရှိတယ်ဆိုပါတော့ သူတို့ နှစ်ဦးရဲ့ ပိုင်ဆိုင်မှုတန်ဘိုးကလည်း အတူတူပဲ ဖြစ်နေမှာပါ။

သူတို့ နှစ်ဦးစလုံးက ငပျင်းတွေဘဲ ဖြစ်ကြပြီး ဘာအလုပ် ဘာ ရင်းနှီးမြှုပ်နှံမှုမှ မလုပ်ကြဘဲ ကိုယ့်ငွေတွေကို သေတ္တာထဲမှာဘဲ သိမ်းထားလိုက်ကြတယ် ဆိုပါတော့

အခု အချိန်မှာ သူတို့ရဲ့ သေတ္တာတွေကို ဖွင့်ပြီး ငွေတွေကို ထုတ်ယူလိုက်တဲ့အခါမှာ မြဝတီက မြန်မာရဲ့ ကျပ်တစ်သိန်း ရဲ့တန်ဘိုးက မဲဆောက်က ထိုင်းရဲ့ဘတ် ၁၆၀၀ လောက်ဘဲ တန်ဘိုးရှိတော့မှာပါ။

အဆ မ်ားစြာ ကွာခြား သွားပါပြီ။ အဲ့ဒါက ကိုယ်လုပ်မှ ကိုယ်စားရတယ် ဆိုတဲ့ စကားက မှန်ရဲ့လား စဉ်းစားစရာပါ

ဘာမွ မလုပ်တာချင်း တူတဲ့ လူနှစ်ယောက်ရဲ ပိုင်ဆိုင်တာချင်း တူခဲ့ကြတဲ့ လူနှစ်ယောက်ရဲ့ ပိုင်ဆိုင်မှု တန်ဘိုးတွေ ကွာခြားသွားတာက ဘာကြောင့်များပါလိမ့်?

မြန်မာပြည်မှာနေ မြန်မာ အစိုးရရဲ့ စီမံ အုပ်ချုပ်မှုအောက်မှာ နေရတဲ့ မြန်မာနိုင်ငံသား တစ်ယောက်ရဲ့အခွင့်အရေးနဲ့

ထိုင်းမှာနေ ထိုင်း အစိုးရရဲ့ စီမံအုပ်ချုပ်မှုအောက်မှာ နေရတဲ့ ထိုင်းနိုင်ငံသားတစ်ယောက်ရဲ့ အခွင့်အရေး ကွာခြားချက်ကြောင့်များလေလားကွယ်?

အဲ့လိုဘဲ ထိုင်း စင်္ကါပူ ကိုရီးယား ဂျပန် အင်္ဂလန် အမေရိကန် စတဲ့ နိုင်ငံတွေ ကွာခြားသွားကြသလို

အုပ်ချုပ်သူ အစိုးရရဲ့ စီမံခန့်ခွဲမှုတွေ ကွာခြားသွားကြသလို နိုင်ငံသားအခွင့်အရေးတွေ ပိုင်ဆိုင်မှုတွေ လည်း ကွာခြားနေကြရတာများလား?

Credit

Zawgyi












Credit

Leave a Comment