ရင်သားဆီလီကွန်ထည့်ခဲ့ရာမှာ ထင်မှတ်မထားတာဖြစ်ခဲ့တဲ့ အမျိုးသမီးတစ်ဦး၏ကိုယ်တွေ့ဖြစ်ရပ်

ရင်သားဆီလီကွန်ထည့်ခဲ့ရာမှာ ထင်မှတ်မထားတာဖြစ်ခဲ့တဲ့ အမျိုးသမီးတစ်ဦး၏ကိုယ်တွေ့ဖြစ်ရပ်

10 နှစ်ကြာ ထူးထူးခြားခြား ဖျားနာနေတဲ့ အမျိုးသမီးတစ်ဦး ဆရာဝန်ပြလည်းမသက်သာ ဆီလီကွန် မှိုတက်နေတာတွေ့ပြီးထိန့်လန့်ခဲ့ရတဲ့ ကိုယ့်တွေ့ဖြစ်ရပ်လေးတစ်ခုဖြစ်ပါသည်။

ဒိုမီနီကန်လူမျိုးဘေ့စ်တီးသူ၏ ဇနီးဟောင်း Melissa Lima ရဲ့ သူကိုယ်တိုင်ဖြစ်ပျက်ခဲ့တဲ့ကြောက်စရာအကောင်းဆုံးအကြောင်းကိုထုတ်ဖော်ခဲ့ကြောင်းဝဘ်ဆိုဒ်တစ်ခုကအစီရင်ခံထားပါတယ်။သူမက ပြင်းထန်အဆစ်နာပြီးနားမလည်နိုင်သောရောဂါဝေဒနာကို ၁၀ နှစ်ကြာခံစားနေခဲ့ရပါတယ်။

အထူးသဖြင့်လက္ခဏာများမှအဆစ်အမြစ်ကိုက်ခဲခြင်း၊စိတ်ဓာတ်ကျခြင်းနှင့်အမည်မသိဇာစ်မြစ်ရောင်ရမ်းခြင်းလက္ခဏာများဖြစ်ပါတယ်။Lima ကသူမက 2002 ခုနှစ်တွင်ရင်သားကိုပြုပြင်ရန်ဆုံးဖြတ်ခဲ့ပါတယ်။

8 နှစ်ကြာပြီးနောက် 2010 ခုနှစ်တွင်သူမသည်ထူးဆန်းသောဖျားနာမှုဖြစ်လာပြီးအဆစ်အမြစ်နာကျင်မှုနှင့်ထူးဆန်းစွာခံစားလာရပါတယ်။ပြင်းထန်သောအဆစ်များနာကျင်ပြီး ခွဲခြား၍မရသောရောင်ရမ်းမှုတို့ဖြစ်ပါတယ်။

သူမမျက်နှာကသိသိသာသာရောင်လာတာကိုမြင်တွေ့ရပြီးသူမ၏ခြေချင်းဝတ်များကလည်းပုံမှန်ထက်ပိုရောင်ရမ်းလာပါတယ်။Lima ကရာနှင့်ချီဆရာဝန်များထံသွားရောက်မေးမြန်းခဲ့သော်လည်းဒါပေမယ့်တိကျတဲ့အဖြေမရတာကြောင့်နောက်ဆုံးတော့သူမလက်လျှော့လိုက်တယ်လို့သူမပြောကြားခဲ့ပါတယ်။


ဘယ်လိုပဲဖြစ်ဖြစ် 2020 တွင် Lima က ဆီလီကွန်ရင်သားလက်တုကို ခွဲစိတ်ဖယ်ရှားရန် ဆုံးဖြတ်ခဲ့ပါတယ်။သူမရဲ့သူငယ်ချင်းတစ်ယောက်က BII ရောဂါ နဲ့ပတ်သက်တဲ့အချက်အလက်တွေကိုလေ့လာဖို့အကြံပြုပြီးနောက်

ရင်သားကနေခွဲစိတ်ယူထုတ်လိုက်တဲ့ဆီလီကွန်မှာမှိုတက်နေတာကိုတွေ့လိုက်ရတော့အံ့သြသွားတယ်။ဆီလီကွန်တွင်အနက်ရောင်အစွန်းအထင်းများရှိပြီးခွဲစိတ်ပြီးနောက်နာရီအနည်းငယ်အတွင်းမှာသူမ၏ မျက်နှာကမနေ့တနေ့ကလိုပျော်ရွှင်မှုတွေပြန်ရလာတဲ့အထိရုတ်တရက်သိသိသာသာပြောင်းလဲသွားခဲ့ပါတယ်။

ရင်သားဆီလီကွန်ထည့်ချင်သူများအတွက် သတိချပ်စရာအဖြစ်တစ်ခု ဖြစ်ပါတယ်။ “လှတာမက်ရင် ညစာခက်တယ်” ဆိုရိုးစကားအတိုင်း ရင်သားဆီလီကွန်ထည့်မှ လှမယ်ဟုထင်သူများအတွက် အထူးသတိထားနိုင်ကြစေရန် မျှဝေပေးလိုက်ခြင်းဖြစ်ပါသည်။

ခရက်ဒစ်

Zawgyi










ခရက်ဒစ်

Leave a Comment