ကမ္ဘာကြီးလည်တာ ရပ်သွားခဲ့ရင် ?

ကမ္ဘာကြီးက ၂၄ နာရီကို တစ်ကြိမ် သူ့ဝင်ရိုး ပေါ်မှာ လည်နေပါတယ်။ ဒီလို လည်နေ ခဲ့တာ နှစ်ပေါင်း သန်း ထောင်ချီ ကြာခဲ့ပါပြီ။ ဒီလို လည်နေတာ ရပ်သွားဖို့ ဆိုတာက နောက် နှစ်သန်း ထောင်ပေါင်းများစွာ ကြာတာတောင် ဖြစ်နိုင်မှာ မဟုတ်ပါဘူး။ ရုတ်တရက် ရပ်သွားဖို့ ဆိုတာက ပိုလို့တောင် မဖြစ်နိုင် သေးပါဘူး။ ဒါပေမယ့် အကယ်လို့ ကမ္ဘာ လည်တာ ရပ်သွား ခဲ့မယ် ဆိုရင် နောက်ဆက်တွဲ အကျိုးဆက် အနေနဲ့ ဘာတွေ ဆက်ပြီး ဖြစ်လာမလဲ ဆိုတာကို စဉ်းစား ကြည့်လိုက် ကြရအောင်ပါ။

ဒီနေရာမှာ ကမ္ဘာလည်တာ ရပ်သွားတာ နှစ်နည်း ဖြစ်နိုင်ပါတယ်။ ပထမ တစ်ခုကတော့ မော်တော်ကား ဘရိတ် အုပ်လိုက် သလိုများ ရုတ်တရက် ထိုးရပ်သွားတာ ဖြစ်ပါတယ်။ နောက် တနည်းကတော့ နှစ်သန်း ထောင်ပေါင်းများစွာ ကြာတော့ လည်နှုန်း တဖြည်းဖြည်း နှေးလာပြီး ရပ်သွားတာပါ။ ဒီတော့ ဒီ ဖြစ်ရပ် နှစ်ခုမှာ တစ်ခုချင်းစီအတွက် ဖြစ်လာမယ့် အကျိုးဆက်တွေ စဉ်းစားကြည့် ကြရအောင်ပါ။

ကမ္ဘာကြီးရုတ်တရက်ရပ်သွားခဲ့ရင်

လက်တွေ့မှာတော့ ဒီနည်းနဲ့ ရပ်သွားဖို့ ဆိုတာက လုံးဝကို မဖြစ်နိုင်တဲ့ ကိစ္စ တစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့် Thought Experiment (အတွေး သုတေသန စမ်းသပ်မှု) တစ်ခု အနေနဲ့ စဉ်းစားကြည့် ကြရအောင်ပါ။

ပထမဆုံး ကမ္ဘာ မရပ်သွားခင်က ရှိနေခဲ့တဲ့ လည်ပတ်နှုန်းကို ပြန်ကြည့်ကြရအောင်။ အီကွေတာ အရပ်မှာ ကမ္ဘာရဲ့ လည်ပတ်နှုန်းဟာ တစ်နာရီကို ၁,၁၀၀ မိုင်နှုန်းလောက် ရှိနေပါတယ်။ အီကွေတာနဲ့ ဝေးသွားတဲ့ အရပ်တွေမှာ သွားနေတဲ့ နှုန်းက နှေးသွားပြီး တောင် နဲ့ မြောက် ဝင်ရိုးစွန်း တွေမှာ ရပ်နေတဲ့ သူအဖို့ကတော့ သူရပ်နေတဲ့ နေရာမှာပဲ ၃၆၀ ဒီဂရီ ပတ်ခြာ လည်နေမှာ ဖြစ်ပါတယ်။

ရပ်သွားရင် ဖြစ်လာမှာကို မပြောခင် အခု စဉ်းစား မှုအတွက် အရေးပါတဲ့ ရူပဗေဒ နိယာမ တစ်ခုကို အရင် ဆွေးနွေး ပါမယ်။ ဒါကတော့ နယူတန်ရဲ့ ပထမ နိယာမ (Newtons First Law of Motion) ပဲ ဖြစ်ပါတယ်။ အင်နား ရှား (Inertia) နဲ့ သက်ဆိုင်တဲ့ နိယာမပဲ ဖြစ်ပါတယ်။

နယူတန်ရဲ့ ပထမ နိယာမ အရ ဒြပ်ထု ရှိတဲ့ အရာ ဝတ္ထုတိုင်းမှာ အင်နားရှား ရှိပါတယ်။ အင်နားရှား ဆိုတာကို ပြောရရင် ဒြပ်ထု ရှိတဲ့ အရာ ဝတ္ထုတွေ ပျင်းကျောဆွဲ တဲ့ အကျင့်ပဲ ဖြစ်ပါတယ်။ ဘယ်လို ပျင်းကျောဆွဲလဲ ဆိုတော့ ရပ်နေတဲ့ အရာဝတ္ထုဟာ အပြင်က လာမတွန်းရင် မရွှေ့ပဲ ရပ်ပဲ ရပ်နေချင်တယ်။ ရွှေ့နေတဲ့ အရာ ဝတ္ထုကလဲ အပြင်က လာပြီး တွန်းတာ ဆွဲတာ မလုပ်ရင် သူ့မူလ လမ်းကြောင်း အတိုင်း အေးအေး ဆေးဆေး လေးပဲ ဆက်ပြီး သွားနေချင်တယ်။ ဒီလို ရွှေ့နေတဲ့ အရာက ရွှေ့မြဲ ရွှေ့နေလိုပြီး ရပ်နေတဲ့ အရာကလဲ ရပ်မြဲ ရပ်နေ လိုတဲ့ ဂုဏ်သတ္တိကို အင်နားရှား လို့ ခေါ်တာ ဖြစ်ပါတယ်။

တနည်းအားဖြင့် ပြောရရင် အပြောင်းအလဲကို မလိုလား ဆန့်ကျင်တဲ့ စိတ်ဓါတ် ကို အင်နားရှား လို့ ခေါ်တာပါ။

ဒါဆို ဒီ ရပ်နေ သွားနေတဲ့ အရာ ဝတ္ထု တွေဟာ လုံးဝ မပြောင်းတော့ ဘူးလား။ မဟုတ်ပါဘူး။ ပြောင်းပါတယ်။ ဘယ်အချိန်မှာ ပြောင်းလဲ ဆိုတော့ ပြင်ပက အားတစ်ခုခု လာပြီး သက်ရောက်တဲ့ အခါမှာ ပြောင်းလဲ သွားပါတယ်။ ဒါ့ကြောင့် ရပ်နေတဲ့ အရာ ဝတ္ထု တစ်ခုကို ရွှေ့အောင် တွန်းပေးရသလို ရွှေ့နေတဲ့ အရာ ဝတ္ထု တစ်ခုကို ရပ်အောင်၊ လမ်းကြောင်း ပြောင်းအောင် ဆိုရင်လဲပြင်ပက အားတစ်ခုခုနဲ့ တွန်းပေး / ဆွဲပေး ရတာ ဖြစ်ပါတယ်။

အင်နားရှားကို အသိသာဆုံး မြင်တွေ့ နိုင်တာကတော့ ကားစီးရင်ပါ။ ကားစီးရင်း ရုတ်တရက် ဘရိတ် အုပ်လိုက်ရင် ကားက ရပ်သွားပေမယ့် ကားပေါ်က လူတွေကတော့ မူလ အင်နားရှား ရှိနေတာကြောင့် မူလ လမ်းကြောင်း အတိုင်း ဆက်ပြီး သွားနေချင် ကြပါတယ်။ ဒါ့ကြောင့်လဲ ကားရပ် လိုက်တဲ့ အချိန်မှာ ရှေ့ဖက်ကို ငိုက်သွားတာ၊ လွင့်ထွက် သွားတာတွေ ဖြစ်လာတာ ဖြစ်ပါတယ်။

တခါ ရပ်နေရာက ရုတ်တရက် ကားက ဆောင့်ထွက် သွားရင်လဲ ကားပေါ်က လူတွေ နောက်ကျောနဲ့ ထိုင်ခုံနဲ့ ကပ်ကုန်ပါတယ်။ ဒါလဲ အင်နားရှား အရ ကားပေါ်က လူတွေဟာ မူလ နေမြဲ နေရာ မှာ ဆက်နေလို ကြတာမို့ ကားထွက်သွားတဲ့ အခါ မူလ နေရာမှာ ကျန်ခဲ့ပြီး ကားထိုင်ခုံ နောက်ကျောနဲ့ ကပ်သွားရတာ ဖြစ်ပါတယ်။

ကောင်းပါပြီ။ ဒါဆို ကမ္ဘာလည်တာ ရုတ်တရက် ရပ်သွားပြီ ဆိုပါစို့။ ဘာဆက်ဖြစ် ကြမယ် ထင်ပါသလဲ။

ဟုတ်ပါတယ်။ အလွန် မြန်တဲ့ နှုန်းနဲ့ သွားနေတဲ့ကား ရုတ်တရက် ရပ်သွားသလိုမျိုး ဖြစ်လာမှာပါ။ ကမ္ဘာကြီးက ရပ်သွားပေမယ့် ကမ္ဘာပေါ်က လူတွေ၊ အဆောက် အဦတွေ၊ သစ်ပင်တွေ တိရစ္ဆာန်တွေ အားလုံးဟာ ကမ္ဘာ မူလ လည်နေတဲ့ အရှေးဖက်ကို ပြင်းထန်တဲ့ အရှိန်နဲ့ လွင့်စဉ် ထွက်သွားမှာ ဖြစ်ပါတယ်။ အီကွေတာ အရပ်မှာဆို အရှေ့ဖက်ကို တစ်နာရီ မိုင် ၁,၀၀၀ လောက် နှုန်းနဲ့ လွင့်ထွက်သွားမှာပါ။

လူတွေ၊ အဆောက် အဦတွေ တင် မဟုတ်ပါဘူး။ ပင်လယ် သမုဒ္ဒရာ ထဲက ရေတွေဟာလဲ အရှေ့ဖက်ကို လွင့်ထွက်ပြီး ကုန်းမြေတွေ ပေါ်ကို ကြီးမားတဲ့ ဆူနာမီ လှိုင်းလုံးကြီးတွေ အနေနဲ့ ရိုက်ခတ်ကြမှာ ဖြစ်ပါတယ်။ ကျစ်လစ်မှု မရှိတဲ့ မြေတောင် လိုမျိုးတွေဆိုလဲ ပြားပြားဝပ်သွားကြမှာ ဖြစ်ပါတယ်။ ကုန်းကမူတွေ တောင်ကုန်းတွေ တောင် ပုလေးတွေ ဆိုရင်လဲ လွင့်ထွက်ပြီး သွားမှာ ဖြစ်ပါတယ်။ ကမ္ဘာမြေကြီးဟာ အပျက်အစီးတွေ ပုံနေတဲ့ အပျက်အစီး ပုံကြီး အဖြစ် ကျန်ရစ်ခဲ့မှာ ဖြစ်ပါတယ်။


ကမ္ဘာကြီးတဖြည်းဖြည်းရပ်သွားရင်

ဒီနေရာမှာ ပိုပြီး သဘာဝ နဲနဲ ကျတဲ့ နှေးပြီး ရပ်သွားတဲ့ နည်းလမ်းကို စဉ်းစားကြည့် ရအောင်ပါ။ ကမ္ဘာ လည်နေတာက တဖြည်းဖြည်း နှေးလာပြီး နှစ်သန်း ထောင်ဂဏန်း လောက်မှာ ရပ်သွားတယ် ဆိုပါစို့။ ဘာတွေ ဆက်ဖြစ် ကြမယ် ထင်ပါသလဲ။

ဒီနေရာ မှာ ရပ်သွားပြီး ဖြစ်လာတဲ့ အနေအထား နှစ်ခု ရှိပါတယ်။ ပထမ တစ်ခုကတော့ ယခု လက ကမ္ဘာဖက်ကို မျက်နှာ တစ်ခြမ်း အမြဲ မူထားသလိုမျိုး ကမ္ဘာကလဲ နေဖက်ကို မျက်နှာ တစ်ခြမ်း အမြဲ မူတွေတာမျိုးပါ။ ဒီလို အခြေအနေမှာ ကမ္ဘာက နေကို တစ်ပတ် ပါတ်တဲ့ အချိန်ဟာ ကမ္ဘာ တစ်ပါတ် လည်တဲ့အချိန်နဲ့ တူသွားပါမယ်။ ဒီလိုဆိုရင် ကမ္ဘာ တစ်ခြမ်းက နေဖက် ကို အမြဲ မျက်နှာ မူနေတာမို့ ဒီ နေ့ဖက် အခြမ်းဟာ မြဲ ထာဝရ နေ့ဖြစ်နေပြီး နေနဲ့ ဝေးရာဖက် အခြမ်းကတော့ အမြဲ ည ဖြစ်နေတော့မှာ ဖြစ်ပါတယ်။ ရူပဗေဒ သဘော အရလဲ ဒီလိုနည်းနဲ့ ရပ်သွားတာက ပိုပြီး သဘာဝကျ အဓိပ်ပါယျ ရှိပါတယ်။

ဒီလို အခြေအနေ မျိုးမှာ နေ့ဖက်ခြမ်းက နေရောင် အမြဲ ရနေတာမို့ မီးဖိုထဲ ရောက်နေသလို ခြစ်ခြစ်တောက် ပူပြင်းနေမှာ ဖြစ်ပြီး ကျန်တဖက် ကတော့ အမြဲ ညဖြစ်နေတာမို့ ရေခဲမှတ်အောက် ခိုက်ခိုက်တုန်အောင် အေးစက်နေမှာ ဖြစ်ပါတယ်။ ဒီလို အခြေအနေ မျိုးမှာ သက်ရှိတွေ အနေနဲ့ အသက်ရှင် နိုင်ဖို့ အခွင့်အလမ်း အရမ်း နည်းသွဦးပါမယ်။ ဒါပေမယ့် လုံးဝ မရှင်နိုင် တော့တာတော့ မဟုတ်ပါဘူး။

နေ့ဖက်ခြမ်းနဲ့ ညဖက်ခြမ်း ဆုံတဲ့ နေရာမှာ အမြဲ ညနေခင်း (မနက်ခင်း ပြောလဲ အတူတူပါပဲ) ဖြစ်နေပါ လိမ့်မယ်။ ဒီ ညနေခင်း ဖြစ်နေတဲ့ နေရာ လေးဟာ ရာသီဥတု သမ မျှတတာမို့ ဒီ နေရာ လေးမှာတော့ သက်ရှိတွေ ဆက်လက် အသက်ရှင် နေထိုင်နိုင် ကြလိမ့်မယ်လို့ ယူဆ ကြပါတယ်။

အကယ်လို့ ကမ္ဘာကြီးက လုံးဝ လည်တာ ရပ်သွားမယ် ဆိုပါစို့။

ဒီလို အခြေအနေမှာ ကမ္ဘာက လုံးဝ လည်ပတ်ခြင်း မရှိတော့တဲ့ အတွက် ကမ္ဘာရဲ့ နေ့တာနဲ့ ညတာတွေကို ကမ္ဘာက နေကို ပတ်တဲ့ ကာလကပဲ အဆုံး အဖြတ် ပေးပါလိမ့်မယ်။ ကမ္ဘာက နေရဲ့ တဖက်ခြမ်း ရောက်နေချိန်မှာ ကမ္ဘာ တခြမ်းက နေ့ဖြစ်နေပြီး ကျန် တခြမ်းက ညဖြစ်နေပါမယ်။ နောက် ၆ လ နေတော့ ကမ္ဘာက နေရဲ့ အခြား တဖက်ခြမ်း ရောက်သွားပါမယ်။ ဒီအခါ မူလက နေ့ဖြစ်ခဲ့တဲ့ အခြမ်းက ည ဖြစ်သွားပြီး ညဖြစ်ခဲ့တဲ့ အခြမ်းက နေ့ဖြစ်လာမှာ ဖြစ်ပါတယ်။ တနည်းအားဖြင့် ကမ္ဘာရဲ့ နေ့တာဟာ ၆ လ ကြာမှာ ဖြစ်ပြီး ညတာကလဲ ၆ လပဲ ကြာမြင့်မှာ ဖြစ်ပါတယ်။

ဒီလို ဖြစ်လာရင် နေ့ဖက် အပူချိန်ဟာ ကမ္ဘာ့ အီကွေတာနဲ့ ဘယ်လောက် နီးလဲ ဆိုတာပေါ် မူတည်ပါ လိမ့်မယ်။ အီကွေတာနား နီးတဲ့ အရပ်တွေမှာ နေ့ဖက်ဆို ကျစ်ကျစ်တောက် ပူပြင်းနေပြီး အီကွေတာနဲ့ ဝေးသွားပြီး ဝင်ရိုးစွန်း တွေနဲ့ နီးသွားလေလေ အပူချိန် ကျလာလေလေ ဖြစ်လာပါမယ်။ ညဖက် ရောက်သွားရင်တော့ ခိုက်ခိုက်တုန်အောင် ချမ်းအေးလှတဲ့ မှောင်မှောင်မဲမဲ ဆောင်းရာသီကို ဖြတ်သန်း ကြရမှာ ဖြစ်ပါတယ်။

ဒီလို အခြေအနေ မျိုးမှာ ကမ္ဘာပေါ်က လေတိုက်ခတ်တဲ့ ပုံစံကလဲ ပြောင်းလဲ သွားပါလိမ့်မယ်။ ယခု တိုက်ခတ်နေတဲ့ အီကွေတာနဲ့ အပြိုင် အရှေ့-အနောက် တိုက်ခတ်တဲ့ ပုံစံကနေ အီကွေတာကနေ တောင် ဝင်ရိုးစွန်းနဲ့ မြောက်ဝင်ရိုးစွန်း တွေရှိရာ ဆီကို တိုက်ခတ်တဲ့ ပုံစံ ဖြစ်လာပါမယ်။

ရာသီဥတု၊ နေ့ည ဖြစ်ပေါ်ပုံနဲ့ လေတိုက်ခတ်ပုံ တွေပဲ ကမ္ဘာလည်တာ ရပ်သွားတဲ့ အတွက် ပြောင်းလဲသွားတာ မဟုတ်ပါဘူး။ ကမ္ဘာ့သံလိုက် စက်ကွင်း (Magnetic Field) ဟာ ဝင်ရိုးပေါ် ကမ္ဘာ လည်နေတဲ့ အတွက် ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။ အကယ်လို့ ကမ္ဘာကြီးသာ ရပ်သွားခဲ့ရင် သံလိုက် စက်ကွင်းလဲ တဖြည်းဖြည်း နားနည်းသွားမှာ ဖြစ်ပါတယ်။ ဒီအခါ နေကနေ လာတဲ့ cosmic rays ဓါတ်ရောင်ခြည် တွေကို ကာကွယ် ပေးထားတဲ့ အကာအကွယ် ပျောက်ဆုံး သွားမှာ ဖြစ်ပါတယ်။ အကျိုးဆက် ကတော့ ကမ္ဘာပေါ်က သက်ရှိတွေ ရေဒီယို သတ္တိကြွ လှိုင်းတွေ ရိုက်ခတ် ခံရတဲ့ အတွက် (ရေဒီယို သတ္တိကြွ ဒါဏ်ခံနိုင်တဲ့ သက်ရှိ အနည်းအကျဉ်း ကလွဲလို့) သက်ရှိ အများစု မျိုးတုံး ပျောက်ကွယ် သွားတာပဲ ဖြစ်ပါတယ်။

Zawgyi

ကမာၻႀကီးက ၂၄ နာရီကို တစ္ႀကိမ္ သူ႔ဝင္႐ိုး ေပၚမွာ လည္ေနပါတယ္။ ဒီလို လည္ေန ခဲ့တာ ႏွစ္ေပါင္း သန္း ေထာင္ခ်ီ ၾကာခဲ့ပါၿပီ။ ဒီလို လည္ေနတာ ရပ္သြားဖို႔ ဆိုတာက ေနာက္ ႏွစ္သန္း ေထာင္ေပါင္းမ်ားစြာ ၾကာတာေတာင္ ျဖစ္ႏိုင္မွာ မဟုတ္ပါဘူး။ ႐ုတ္တရက္ ရပ္သြားဖို႔ ဆိုတာက ပိုလို႔ေတာင္ မျဖစ္ႏိုင္ ေသးပါဘူး။ ဒါေပမယ့္ အကယ္လို႔ ကမာၻ လည္တာ ရပ္သြား ခဲ့မယ္ ဆိုရင္ ေနာက္ဆက္တြဲ အက်ိဳးဆက္ အေနနဲ႔ ဘာေတြ ဆက္ၿပီး ျဖစ္လာမလဲ ဆိုတာကို စဥ္းစား ၾကည့္လိုက္ ၾကရေအာင္ပါ။

ဒီေနရာမွာ ကမာၻလည္တာ ရပ္သြားတာ ႏွစ္နည္း ျဖစ္ႏိုင္ပါတယ္။ ပထမ တစ္ခုကေတာ့ ေမာ္ေတာ္ကား ဘရိတ္ အုပ္လိုက္ သလိုမ်ား ႐ုတ္တရက္ ထိုးရပ္သြားတာ ျဖစ္ပါတယ္။ ေနာက္ တနည္းကေတာ့ ႏွစ္သန္း ေထာင္ေပါင္းမ်ားစြာ ၾကာေတာ့ လည္ႏႈန္း တျဖည္းျဖည္း ေႏွးလာၿပီး ရပ္သြားတာပါ။ ဒီေတာ့ ဒီ ျဖစ္ရပ္ ႏွစ္ခုမွာ တစ္ခုခ်င္းစီအတြက္ ျဖစ္လာမယ့္ အက်ိဳးဆက္ေတြ စဥ္းစားၾကည့္ ၾကရေအာင္ပါ။

ကမာၻႀကီး႐ုတ္တရက္ရပ္သြားခဲ့ရင္

လက္ေတြ႕မွာေတာ့ ဒီနည္းနဲ႔ ရပ္သြားဖို႔ ဆိုတာက လုံးဝကို မျဖစ္ႏိုင္တဲ့ ကိစၥ တစ္ခု ျဖစ္ပါတယ္။ ဒါေပမယ့္ Thought Experiment (အေတြး သုေတသန စမ္းသပ္မႈ) တစ္ခု အေနနဲ႔ စဥ္းစားၾကည့္ ၾကရေအာင္ပါ။

ပထမဆုံး ကမာၻ မရပ္သြားခင္က ရွိေနခဲ့တဲ့ လည္ပတ္ႏႈန္းကို ျပန္ၾကည့္ၾကရေအာင္။ အီေကြတာ အရပ္မွာ ကမာၻရဲ႕ လည္ပတ္ႏႈန္းဟာ တစ္နာရီကို ၁,၁၀၀ မိုင္ႏႈန္းေလာက္ ရွိေနပါတယ္။ အီေကြတာနဲ႔ ေဝးသြားတဲ့ အရပ္ေတြမွာ သြားေနတဲ့ ႏႈန္းက ေႏွးသြားၿပီး ေတာင္ နဲ႔ ေျမာက္ ဝင္႐ိုးစြန္း ေတြမွာ ရပ္ေနတဲ့ သူအဖို႔ကေတာ့ သူရပ္ေနတဲ့ ေနရာမွာပဲ ၃၆၀ ဒီဂရီ ပတ္ျခာ လည္ေနမွာ ျဖစ္ပါတယ္။

ရပ္သြားရင္ ျဖစ္လာမွာကို မေျပာခင္ အခု စဥ္းစား မႈအတြက္ အေရးပါတဲ့ ႐ူပေဗဒ နိယာမ တစ္ခုကို အရင္ ေဆြးေႏြး ပါမယ္။ ဒါကေတာ့ နယူတန္ရဲ႕ ပထမ နိယာမ (Newtons First Law of Motion) ပဲ ျဖစ္ပါတယ္။ အင္နား ရွား (Inertia) နဲ႔ သက္ဆိုင္တဲ့ နိယာမပဲ ျဖစ္ပါတယ္။

နယူတန္ရဲ႕ ပထမ နိယာမ အရ ျဒပ္ထု ရွိတဲ့ အရာ ဝတၳဳတိုင္းမွာ အင္နားရွား ရွိပါတယ္။ အင္နားရွား ဆိုတာကို ေျပာရရင္ ျဒပ္ထု ရွိတဲ့ အရာ ဝတၳဳေတြ ပ်င္းေက်ာဆြဲ တဲ့ အက်င့္ပဲ ျဖစ္ပါတယ္။ ဘယ္လို ပ်င္းေက်ာဆြဲလဲ ဆိုေတာ့ ရပ္ေနတဲ့ အရာဝတၳဳဟာ အျပင္က လာမတြန္းရင္ မေ႐ႊ႕ပဲ ရပ္ပဲ ရပ္ေနခ်င္တယ္။ ေ႐ႊ႕ေနတဲ့ အရာ ဝတၳဳကလဲ အျပင္က လာၿပီး တြန္းတာ ဆြဲတာ မလုပ္ရင္ သူ႔မူလ လမ္းေၾကာင္း အတိုင္း ေအးေအး ေဆးေဆး ေလးပဲ ဆက္ၿပီး သြားေနခ်င္တယ္။ ဒီလို ေ႐ႊ႕ေနတဲ့ အရာက ေ႐ႊ႕ၿမဲ ေ႐ႊ႕ေနလိုၿပီး ရပ္ေနတဲ့ အရာကလဲ ရပ္ၿမဲ ရပ္ေန လိုတဲ့ ဂုဏ္သတၱိကို အင္နားရွား လို႔ ေခၚတာ ျဖစ္ပါတယ္။

တနည္းအားျဖင့္ ေျပာရရင္ အေျပာင္းအလဲကို မလိုလား ဆန႔္က်င္တဲ့ စိတ္ဓါတ္ ကို အင္နားရွား လို႔ ေခၚတာပါ။

ဒါဆို ဒီ ရပ္ေန သြားေနတဲ့ အရာ ဝတၳဳ ေတြဟာ လုံးဝ မေျပာင္းေတာ့ ဘူးလား။ မဟုတ္ပါဘူး။ ေျပာင္းပါတယ္။ ဘယ္အခ်ိန္မွာ ေျပာင္းလဲ ဆိုေတာ့ ျပင္ပက အားတစ္ခုခု လာၿပီး သက္ေရာက္တဲ့ အခါမွာ ေျပာင္းလဲ သြားပါတယ္။ ဒါ့ေၾကာင့္ ရပ္ေနတဲ့ အရာ ဝတၳဳ တစ္ခုကို ေ႐ႊ႕ေအာင္ တြန္းေပးရသလို ေ႐ႊ႕ေနတဲ့ အရာ ဝတၳဳ တစ္ခုကို ရပ္ေအာင္၊ လမ္းေၾကာင္း ေျပာင္းေအာင္ ဆိုရင္လဲျပင္ပက အားတစ္ခုခုနဲ႔ တြန္းေပး / ဆြဲေပး ရတာ ျဖစ္ပါတယ္။

အင္နားရွားကို အသိသာဆုံး ျမင္ေတြ႕ ႏိုင္တာကေတာ့ ကားစီးရင္ပါ။ ကားစီးရင္း ႐ုတ္တရက္ ဘရိတ္ အုပ္လိုက္ရင္ ကားက ရပ္သြားေပမယ့္ ကားေပၚက လူေတြကေတာ့ မူလ အင္နားရွား ရွိေနတာေၾကာင့္ မူလ လမ္းေၾကာင္း အတိုင္း ဆက္ၿပီး သြားေနခ်င္ ၾကပါတယ္။ ဒါ့ေၾကာင့္လဲ ကားရပ္ လိုက္တဲ့ အခ်ိန္မွာ ေရွ႕ဖက္ကို ငိုက္သြားတာ၊ လြင့္ထြက္ သြားတာေတြ ျဖစ္လာတာ ျဖစ္ပါတယ္။

တခါ ရပ္ေနရာက ႐ုတ္တရက္ ကားက ေဆာင့္ထြက္ သြားရင္လဲ ကားေပၚက လူေတြ ေနာက္ေက်ာနဲ႔ ထိုင္ခုံနဲ႔ ကပ္ကုန္ပါတယ္။ ဒါလဲ အင္နားရွား အရ ကားေပၚက လူေတြဟာ မူလ ေနၿမဲ ေနရာ မွာ ဆက္ေနလို ၾကတာမို႔ ကားထြက္သြားတဲ့ အခါ မူလ ေနရာမွာ က်န္ခဲ့ၿပီး ကားထိုင္ခုံ ေနာက္ေက်ာနဲ႔ ကပ္သြားရတာ ျဖစ္ပါတယ္။

ေကာင္းပါၿပီ။ ဒါဆို ကမာၻလည္တာ ႐ုတ္တရက္ ရပ္သြားၿပီ ဆိုပါစို႔။ ဘာဆက္ျဖစ္ ၾကမယ္ ထင္ပါသလဲ။

ဟုတ္ပါတယ္။ အလြန္ ျမန္တဲ့ ႏႈန္းနဲ႔ သြားေနတဲ့ကား ႐ုတ္တရက္ ရပ္သြားသလိုမ်ိဳး ျဖစ္လာမွာပါ။ ကမာၻႀကီးက ရပ္သြားေပမယ့္ ကမာၻေပၚက လူေတြ၊ အေဆာက္ အဦေတြ၊ သစ္ပင္ေတြ တိရစာၦန္ေတြ အားလုံးဟာ ကမာၻ မူလ လည္ေနတဲ့ အေရွးဖက္ကို ျပင္းထန္တဲ့ အရွိန္နဲ႔ လြင့္စဥ္ ထြက္သြားမွာ ျဖစ္ပါတယ္။ အီေကြတာ အရပ္မွာဆို အေရွ႕ဖက္ကို တစ္နာရီ မိုင္ ၁,၀၀၀ ေလာက္ ႏႈန္းနဲ႔ လြင့္ထြက္သြားမွာပါ။

လူေတြ၊ အေဆာက္ အဦေတြ တင္ မဟုတ္ပါဘူး။ ပင္လယ္ သမုဒၵရာ ထဲက ေရေတြဟာလဲ အေရွ႕ဖက္ကို လြင့္ထြက္ၿပီး ကုန္းေျမေတြ ေပၚကို ႀကီးမားတဲ့ ဆူနာမီ လႈိင္းလုံးႀကီးေတြ အေနနဲ႔ ႐ိုက္ခတ္ၾကမွာ ျဖစ္ပါတယ္။ က်စ္လစ္မႈ မရွိတဲ့ ေျမေတာင္ လိုမ်ိဳးေတြဆိုလဲ ျပားျပားဝပ္သြားၾကမွာ ျဖစ္ပါတယ္။ ကုန္းကမူေတြ ေတာင္ကုန္းေတြ ေတာင္ ပုေလးေတြ ဆိုရင္လဲ လြင့္ထြက္ၿပီး သြားမွာ ျဖစ္ပါတယ္။ ကမာၻေျမႀကီးဟာ အပ်က္အစီးေတြ ပုံေနတဲ့ အပ်က္အစီး ပုံႀကီး အျဖစ္ က်န္ရစ္ခဲ့မွာ ျဖစ္ပါတယ္။

ကမာၻႀကီးတျဖည္းျဖည္းရပ္သြားရင္

ဒီေနရာမွာ ပိုၿပီး သဘာဝ နဲနဲ က်တဲ့ ေႏွးၿပီး ရပ္သြားတဲ့ နည္းလမ္းကို စဥ္းစားၾကည့္ ရေအာင္ပါ။ ကမာၻ လည္ေနတာက တျဖည္းျဖည္း ေႏွးလာၿပီး ႏွစ္သန္း ေထာင္ဂဏန္း ေလာက္မွာ ရပ္သြားတယ္ ဆိုပါစို႔။ ဘာေတြ ဆက္ျဖစ္ ၾကမယ္ ထင္ပါသလဲ။

ဒီေနရာ မွာ ရပ္သြားၿပီး ျဖစ္လာတဲ့ အေနအထား ႏွစ္ခု ရွိပါတယ္။ ပထမ တစ္ခုကေတာ့ ယခု လက ကမာၻဖက္ကို မ်က္ႏွာ တစ္ျခမ္း အၿမဲ မူထားသလိုမ်ိဳး ကမာၻကလဲ ေနဖက္ကို မ်က္ႏွာ တစ္ျခမ္း အၿမဲ မူေတြတာမ်ိဳးပါ။ ဒီလို အေျခအေနမွာ ကမာၻက ေနကို တစ္ပတ္ ပါတ္တဲ့ အခ်ိန္ဟာ ကမာၻ တစ္ပါတ္ လည္တဲ့အခ်ိန္နဲ႔ တူသြားပါမယ္။ ဒီလိုဆိုရင္ ကမာၻ တစ္ျခမ္းက ေနဖက္ ကို အၿမဲ မ်က္ႏွာ မူေနတာမို႔ ဒီ ေန႔ဖက္ အျခမ္းဟာ ၿမဲ ထာဝရ ေန႔ျဖစ္ေနၿပီး ေနနဲ႔ ေဝးရာဖက္ အျခမ္းကေတာ့ အၿမဲ ည ျဖစ္ေနေတာ့မွာ ျဖစ္ပါတယ္။ ႐ူပေဗဒ သေဘာ အရလဲ ဒီလိုနည္းနဲ႔ ရပ္သြားတာက ပိုၿပီး သဘာဝက် အဓိပ္ပါယ် ရွိပါတယ္။

ဒီလို အေျခအေန မ်ိဳးမွာ ေန႔ဖက္ျခမ္းက ေနေရာင္ အၿမဲ ရေနတာမို႔ မီးဖိုထဲ ေရာက္ေနသလို ျခစ္ျခစ္ေတာက္ ပူျပင္းေနမွာ ျဖစ္ၿပီး က်န္တဖက္ ကေတာ့ အၿမဲ ညျဖစ္ေနတာမို႔ ေရခဲမွတ္ေအာက္ ခိုက္ခိုက္တုန္ေအာင္ ေအးစက္ေနမွာ ျဖစ္ပါတယ္။ ဒီလို အေျခအေန မ်ိဳးမွာ သက္ရွိေတြ အေနနဲ႔ အသက္ရွင္ ႏိုင္ဖို႔ အခြင့္အလမ္း အရမ္း နည္းသြဦးပါမယ္။ ဒါေပမယ့္ လုံးဝ မရွင္ႏိုင္ ေတာ့တာေတာ့ မဟုတ္ပါဘူး။

ေန႔ဖက္ျခမ္းနဲ႔ ညဖက္ျခမ္း ဆုံတဲ့ ေနရာမွာ အၿမဲ ညေနခင္း (မနက္ခင္း ေျပာလဲ အတူတူပါပဲ) ျဖစ္ေနပါ လိမ့္မယ္။ ဒီ ညေနခင္း ျဖစ္ေနတဲ့ ေနရာ ေလးဟာ ရာသီဥတု သမ မွ်တတာမို႔ ဒီ ေနရာ ေလးမွာေတာ့ သက္ရွိေတြ ဆက္လက္ အသက္ရွင္ ေနထိုင္ႏိုင္ ၾကလိမ့္မယ္လို႔ ယူဆ ၾကပါတယ္။

အကယ္လို႔ ကမာၻႀကီးက လုံးဝ လည္တာ ရပ္သြားမယ္ ဆိုပါစို႔။

ဒီလို အေျခအေနမွာ ကမာၻက လုံးဝ လည္ပတ္ျခင္း မရွိေတာ့တဲ့ အတြက္ ကမာၻရဲ႕ ေန႔တာနဲ႔ ညတာေတြကို ကမာၻက ေနကို ပတ္တဲ့ ကာလကပဲ အဆုံး အျဖတ္ ေပးပါလိမ့္မယ္။ ကမာၻက ေနရဲ႕ တဖက္ျခမ္း ေရာက္ေနခ်ိန္မွာ ကမာၻ တျခမ္းက ေန႔ျဖစ္ေနၿပီး က်န္ တျခမ္းက ညျဖစ္ေနပါမယ္။ ေနာက္ ၆ လ ေနေတာ့ ကမာၻက ေနရဲ႕ အျခား တဖက္ျခမ္း ေရာက္သြားပါမယ္။ ဒီအခါ မူလက ေန႔ျဖစ္ခဲ့တဲ့ အျခမ္းက ည ျဖစ္သြားၿပီး ညျဖစ္ခဲ့တဲ့ အျခမ္းက ေန႔ျဖစ္လာမွာ ျဖစ္ပါတယ္။ တနည္းအားျဖင့္ ကမာၻရဲ႕ ေန႔တာဟာ ၆ လ ၾကာမွာ ျဖစ္ၿပီး ညတာကလဲ ၆ လပဲ ၾကာျမင့္မွာ ျဖစ္ပါတယ္။

ဒီလို ျဖစ္လာရင္ ေန႔ဖက္ အပူခ်ိန္ဟာ ကမာၻ႔ အီေကြတာနဲ႔ ဘယ္ေလာက္ နီးလဲ ဆိုတာေပၚ မူတည္ပါ လိမ့္မယ္။ အီေကြတာနား နီးတဲ့ အရပ္ေတြမွာ ေန႔ဖက္ဆို က်စ္က်စ္ေတာက္ ပူျပင္းေနၿပီး အီေကြတာနဲ႔ ေဝးသြားၿပီး ဝင္႐ိုးစြန္း ေတြနဲ႔ နီးသြားေလေလ အပူခ်ိန္ က်လာေလေလ ျဖစ္လာပါမယ္။ ညဖက္ ေရာက္သြားရင္ေတာ့ ခိုက္ခိုက္တုန္ေအာင္ ခ်မ္းေအးလွတဲ့ ေမွာင္ေမွာင္မဲမဲ ေဆာင္းရာသီကို ျဖတ္သန္း ၾကရမွာ ျဖစ္ပါတယ္။

ဒီလို အေျခအေန မ်ိဳးမွာ ကမာၻေပၚက ေလတိုက္ခတ္တဲ့ ပုံစံကလဲ ေျပာင္းလဲ သြားပါလိမ့္မယ္။ ယခု တိုက္ခတ္ေနတဲ့ အီေကြတာနဲ႔ အၿပိဳင္ အေရွ႕-အေနာက္ တိုက္ခတ္တဲ့ ပုံစံကေန အီေကြတာကေန ေတာင္ ဝင္႐ိုးစြန္းနဲ႔ ေျမာက္ဝင္႐ိုးစြန္း ေတြရွိရာ ဆီကို တိုက္ခတ္တဲ့ ပုံစံ ျဖစ္လာပါမယ္။

ရာသီဥတု၊ ေန႔ည ျဖစ္ေပၚပုံနဲ႔ ေလတိုက္ခတ္ပုံ ေတြပဲ ကမာၻလည္တာ ရပ္သြားတဲ့ အတြက္ ေျပာင္းလဲသြားတာ မဟုတ္ပါဘူး။ ကမာၻ႔သံလိုက္ စက္ကြင္း (Magnetic Field) ဟာ ဝင္႐ိုးေပၚ ကမာၻ လည္ေနတဲ့ အတြက္ ျဖစ္ေပၚလာတာ ျဖစ္ပါတယ္။ အကယ္လို႔ ကမာၻႀကီးသာ ရပ္သြားခဲ့ရင္ သံလိုက္ စက္ကြင္းလဲ တျဖည္းျဖည္း နားနည္းသြားမွာ ျဖစ္ပါတယ္။ ဒီအခါ ေနကေန လာတဲ့ cosmic rays ဓါတ္ေရာင္ျခည္ ေတြကို ကာကြယ္ ေပးထားတဲ့ အကာအကြယ္ ေပ်ာက္ဆုံး သြားမွာ ျဖစ္ပါတယ္။ အက်ိဳးဆက္ ကေတာ့ ကမာၻေပၚက သက္ရွိေတြ ေရဒီယို သတၱိႂကြ လႈိင္းေတြ ႐ိုက္ခတ္ ခံရတဲ့ အတြက္ (ေရဒီယို သတၱိႂကြ ဒါဏ္ခံႏိုင္တဲ့ သက္ရွိ အနည္းအက်ဥ္း ကလြဲလို႔) သက္ရွိ အမ်ားစု မ်ိဳးတုံး ေပ်ာက္ကြယ္ သြားတာပဲ ျဖစ္ပါတယ္။

Leave a Comment