ဆွမ်းအုပ်ဖြင့် ဆွမ်းပို့သည့် မြန်မာတို့ရဲ့ ချစ်စရာဓလေ့ကို ထိန်းသိမ်းနေကြဆဲ

ဆွမ်းအုပ်ဖြင့် ဆွမ်းပို့သည့် မြန်မာတို့ရဲ့ ချစ်စရာဓလေ့ကို ထိန်းသိမ်းနေကြဆဲ

ဂန့်ဂေါခရိုင်၊ထီးလင်းမြို့နယ်တွင် မြန်မာ့ ရိုးရာဓလေ့များထဲမှတစ်ခုဖြစ်သည့် ဆွမ်း အုပ်ဖြင့် ဆွမ်းပို့သည့်ဓလေ့မှာ ယနေ့ထိ တိုင်ရှိနေသေးကြောင်း ဒေသခံများထံက သိရသည်။
မြင့်မြတ်သော ဘုရားသားတော်များ သီ တင်းသုံးရာ ဘုန်းတော်ကြီးကျောင်းများသို့ဆွမ်းအုပ်ဖြင့် ဆွမ်းခဲဖွယ်များ ပို့ဆောင်လှူဒါန်းသည့် ဓလေ့မှာ မြန်မာတို့အတွက်သိမ်မွေ့လှပသော ယဉ်ကျေးမှုပြယုဂ်တစ်ခု လည်းဖြစ်သည်။

“ ကျွန်တော်တို့ရွာက ဆွမ်းပို့ရင် ဆွမ်းအုပ်နဲ့ပို့ရမှ ကျေနပ်ပါတယ်။ အခက်အခဲက ဒေသမှာ ယွန်းပညာရှင်မရှိတော့ ဆွမ်း အုပ်လုပ်ရောင်းတဲ့သူ မရှိဖြစ်နေတယ်။ အိမ်သစ်ခွဲတဲ့သူတွေ ဗန်းနဲ့ပို့နေကြရပါတယ်။ ဆွမ်းအုပ်သုံးစွဲတဲ့ရွာတွေမှာ အဲဒီအခက်အခဲရှိနေတယ် ” ဟု ဝါးဘိုးချောင်ကျေးရွာမှ ဦးမျိုးနိုင် ကပြောသည်။

ဆွမ်းအုပ်ကို အနီရောင် နှင့် အနက်ရောင်ကိုသာ အသုံးများကြပြီး ထီးလင်းမြို့နယ်သည် သစ်စေးထွက်ဒေသဖြစ်သည့်အတွက် သစ်စေးဖြင့်အချောကိုင်သုံးစွဲခြင်းကို ပိုမိုနှစ်သက်ကြကာ ဆွမ်းအုပ်ကိုလည်း သစ်စေးအရောင်ဖြစ်သည့် အနက် ရောင်ကို သုံးစွဲသူ ပိုမိုများပြားသည်ဟု သိရသည်။

ထီးလင်းမြို့နယ်၌ ဆွမ်းအုပ်ကိုသုံးစွဲ၍ ဆွမ်းပို့ကြသည့် ကျေးရွာ ၁၀ ရွာကျော်ရှိနေသေးသော်လည်း ဆွမ်းအုပ်အခက်အခဲကြောင့် ဓလေ့ထုံးတမ်းဆိုင်ရာ ယဉ်ကျေးမှုအလေ့ အထများ ကြာလျင်ပျောက်ကွယ်သွားမည်ကို စိုးရိမ်နေကြသည်။

ယင်းအခက်အခဲကို ကူညီသည့်အနေဖြင့်

ဂန့်ဂေါမြို့ရှိ စေတနာရှင်တစ်စုက ဆွမ်းအုပ် ၅ လုံး လာရောက်လှူဒါန်းထောက်ပံ့ခဲ့သော်လည်း ကျေးရွာများအတွက် ကူညီလှူဒါန်းမှုများ လိုအပ်နေဆဲဖြစ်သည်။


ဆွမ်းအုပ်များကို ပုဂံဒေသ ယွန်းလုပ်ငန်းများမှ အချိုးအစားဖော်ပြ မှာယူရကြောင်း ၊ ဆွမ်းအုပ်တစ်လုံးအတွက် တန်ဖိုးငွေ ကျပ် ၇၀၀၀၀ ဝန်းကျင်ရှိပြီး အချိန်ကာလ ၃ လခန့် ကြိုတင်မှာယူရကြောင်း အလှူရှင်များထံမှ သိရသည်။
Credit

Zawgyi

ဆြမ္းအုပ္ျဖင့္ ဆြမ္းပို႔သည့္ ျမန္မာတို႔ရဲ႕ ခ်စ္စရာဓေလ့ကို ထိန္းသိမ္းေနၾကဆဲ

ဂန္႔ေဂါခ႐ိုင္၊ထီးလင္းၿမိဳ႕နယ္တြင္ ျမန္မာ့ ႐ိုးရာဓေလ့မ်ားထဲမွတစ္ခုျဖစ္သည့္ ဆြမ္း အုပ္ျဖင့္ ဆြမ္းပို႔သည့္ဓေလ့မွာ ယေန႔ထိ တိုင္ရွိေနေသးေၾကာင္း ေဒသခံမ်ားထံက သိရသည္။
ျမင့္ျမတ္ေသာ ဘုရားသားေတာ္မ်ား သီ တင္းသုံးရာ ဘုန္းေတာ္ႀကီးေက်ာင္းမ်ားသို႔ဆြမ္းအုပ္ျဖင့္ ဆြမ္းခဲဖြယ္မ်ား ပို႔ေဆာင္လႉဒါန္းသည့္ ဓေလ့မွာ ျမန္မာတို႔အတြက္သိမ္ေမြ႕လွပေသာ ယဥ္ေက်းမႈျပယုဂ္တစ္ခု လည္းျဖစ္သည္။

“ ကြၽန္ေတာ္တို႔႐ြာက ဆြမ္းပို႔ရင္ ဆြမ္းအုပ္နဲ႔ပို႔ရမွ ေက်နပ္ပါတယ္။ အခက္အခဲက ေဒသမွာ ယြန္းပညာရွင္မရွိေတာ့ ဆြမ္း အုပ္လုပ္ေရာင္းတဲ့သူ မရွိျဖစ္ေနတယ္။ အိမ္သစ္ခြဲတဲ့သူေတြ ဗန္းနဲ႔ပို႔ေနၾကရပါတယ္။ ဆြမ္းအုပ္သုံးစြဲတဲ့႐ြာေတြမွာ အဲဒီအခက္အခဲရွိေနတယ္ ” ဟု ဝါးဘိုးေခ်ာင္ေက်း႐ြာမွ ဦးမ်ိဳးႏိုင္ ကေျပာသည္။

ဆြမ္းအုပ္ကို အနီေရာင္ ႏွင့္ အနက္ေရာင္ကိုသာ အသုံးမ်ားၾကၿပီး ထီးလင္းၿမိဳ႕နယ္သည္ သစ္ေစးထြက္ေဒသျဖစ္သည့္အတြက္ သစ္ေစးျဖင့္အေခ်ာကိုင္သုံးစြဲျခင္းကို ပိုမိုႏွစ္သက္ၾကကာ ဆြမ္းအုပ္ကိုလည္း သစ္ေစးအေရာင္ျဖစ္သည့္ အနက္ ေရာင္ကို သုံးစြဲသူ ပိုမိုမ်ားျပားသည္ဟု သိရသည္။

ထီးလင္းၿမိဳ႕နယ္၌ ဆြမ္းအုပ္ကိုသုံးစြဲ၍ ဆြမ္းပို႔ၾကသည့္ ေက်း႐ြာ ၁၀ ႐ြာေက်ာ္ရွိေနေသးေသာ္လည္း ဆြမ္းအုပ္အခက္အခဲေၾကာင့္ ဓေလ့ထုံးတမ္းဆိုင္ရာ ယဥ္ေက်းမႈအေလ့ အထမ်ား ၾကာလ်င္ေပ်ာက္ကြယ္သြားမည္ကို စိုးရိမ္ေနၾကသည္။
ယင္းအခက္အခဲကို ကူညီသည့္အေနျဖင့္

ဂန္႔ေဂါၿမိဳ႕ရွိ ေစတနာရွင္တစ္စုက ဆြမ္းအုပ္ ၅ လုံး လာေရာက္လႉဒါန္းေထာက္ပံ့ခဲ့ေသာ္လည္း ေက်း႐ြာမ်ားအတြက္ ကူညီလႉဒါန္းမႈမ်ား လိုအပ္ေနဆဲျဖစ္သည္။
ဆြမ္းအုပ္မ်ားကို ပုဂံေဒသ ယြန္းလုပ္ငန္းမ်ားမွ အခ်ိဳးအစားေဖာ္ျပ မွာယူရေၾကာင္း ၊ ဆြမ္းအုပ္တစ္လုံးအတြက္ တန္ဖိုးေငြ က်ပ္ ၇၀၀၀၀ ဝန္းက်င္ရွိၿပီး အခ်ိန္ကာလ ၃ လခန္႔ ႀကိဳတင္မွာယူရေၾကာင္း အလႉရွင္မ်ားထံမွ သိရသည္။
Credit

Leave a Comment