ပတ်စ်ပို့လုပ်မယ့်သူများ မနက်လေးနာရီမထိုးခင်ထဲက ကားငှားပြီးသွားပါ။ ကိုယ်တိုင်လုပ်မယ့်သူဆို ပန်းခြံဘက်မှာ တန်းစီရပါတယ်။ ရောက်တာနဲ့ ပုံထဲက နံပါတ် (၁) နေရာမှာ မိန်းခလေးယောက်ျားလေး ခွဲထားတဲ့နေရာမှာ ကိုယ့်ဘက်ကိုတန်းစီပါ။ ရှေ့လူနောက်လူနဲ့စကားပြော မိတ်ဖွဲ့ပါ။
၇ နာရီခွဲ၊ ၈ နာရီမှပေးဝင်တာမလို့ ဘာမှစားမလာရသေးရင် တန်းစီတဲ့ဘေးပလက်ဖောင်းမှာ ထမင်းကြော်တစ်ပွဲအသားနဲ့ ၁၅၀၀ ပေးစားပြီး ဝမ်းဖြည့်ထားပါ။ ဈေးဆိုင်တွေကို ပုံထဲမှာ ခရမ်းရောင်အတုံးတွေနဲ့ ပြထားပါတယ်။ တန်းစီနေချိန် ပွဲစားတွေ၊ ဈေးသည်တွေရော ခြေချင်းလိမ်နေပါမယ်။ ခုံငှားထိုင်လို့ ရပါတယ်။ ကိုယ့်တုန်းကတော့ မထိုင်ခဲ့ပါဘူး။
အမြန်ဝင်ချင်ရင် ဘယ်လောက်ဆိုပြီး လိုက်ဆွယ်ပါလိမ့်မယ်။ ကိုယ့်ဘာသာ တန်းစီပါ။ ပါမသွားပါစေနဲ့။ ၇ နာရီခွဲလို့ ဂိတ်ဖွင့်လို့ ဝင်ရကာနီးရင် အိတ်တို့ထီးတို့ပါတာ ဆိုင်တွေမှာသာအပ်ခဲ့ပါ။ ထီး ၅၀၀၊ အိတ် ၁၀၀၀ ပေးရပါတယ်။ ပြန်တဲ့ထိစောင့်ပေးကြပါတယ်။
ဝင်ရပြီဆိုရင် နံပါတ်၂ နေရာမှာ ရဲမေနဲ့ ရဲသားက ကျား/မခွဲပြီး စစ်ပါတယ်။ အဲ့နေရာကအစစ်ခံပြီးရင် မြှားပြထားတဲ့ လမ်းကြောင်း (၃) မှာ လမ်းကြောင်း (၄) နေရာကို ရောက်ဖို့ ခပ်သွက်သွက်သွားပါ။ မပြေးဖို့အော်ပါတယ်။ ကိုယ်အရင်ရောက်မှ ရှေ့နေရာရမှာမို့ နံပါတ် (၄) နေရာစီ သွက်သွက်လျှောက်ပါ။ နံပါတ် (၄) နေရာရောက်ရင် နံပါတ် (၅) QR စစ်တဲ့ဆီရောက်ဖို့ တန်းစီရပါတယ်။
နံပါတ် (၅) ကိုရောက်ရင် QR နဲ့ မှတ်ပုံတင်စစ်ပါတယ်။ အဲ့နေရာပြီးရင် နံပါတ် (၆) နေရာမှာ ရဲဆီကနေ ဖောင်ဝယ်ရပါတယ် ၁၀၀၀ ပါ။ ဖောင်ဝယ်ပြီး လဝကမှာ အချက်အလက်စစ်ဖို့ တန်းစီပါ။ တန်းစီရင်း အချိန်ရရင် ဖောင်ဖြည့်ထားပါ။ ဖောင်က နောက်ဆုံးဓာတ်ပုံရိုက်တဲ့နေရာ ရောက်မှ ပေးရတာပါ။ အချိန်ရရင် ကြိုဖြည့်ပါ။
နံပါတ် (၇) လဝက ဂိတ်ရောက်ရင် အိမ်ထောင်စုစာရင်း၊ မှတ်ပုံတင်၊ မိတ္တူရော အစစ်ပါ ပြရပါတယ်။ သက်တမ်းတိုးမယ့်သူက ပတ်စပို့အစစ် + မိတ္တူပါ ပြရပါမယ်။ အဲဒီနေရာမှာ ပုံမှန်က ၃၀၀၀ ပေးရပါတယ်။ သွေးနှောသမားတွေက ပိုပေးရတာ ရှိတတ်ပါတယ်။ သူတို့ထုတ်ပေးတဲ့စလစ်မှာ တံဆိပ်တုံး ပါမပါစစ်ပြီး အထဲဝင်ပါ။
အထဲရောက်ရင် တန်းစီနေကြသူတွေ တန်းတွေ့ပါလိမ့်မယ်။ သူတို့က ဓာတ်ပုံရိုက်ဖို့ တန်းစီနေတာပါ။ ကိုယ်ကအရင်ဆုံး နံပါတ် (၈) နေရာမှာ ဘဏ်ငွေအရင်သွင်းရပါမယ်။ လဝက က တုံးထုပေးတဲ့ စလစ်နဲ့ ငွေ ၂၅၀၀၀ ပေးလိုက်ရင် ရပါပြီ။ ငွေသွင်းပြီးရင် စလစ်ရဖို့ ကိုယ့်နာမည်ကို ခေါ်တာစောင့်ရပါတယ်။
အဲဒီအချိန်ထဲက ဓာတ်ပုံရိုက်မယ့် နေရာမှာ တန်းစီထားပါ။ ကိုယ့်နာမည်ခေါ်ကာမှ စလစ်ပြေးယူပါ။ နေရာကိုရှေ့နောက်လူ ကြည့်ခိုင်းထားပါ။ စလစ်ရမှ တန်းစီရင် အရမ်းနောက်ကျပါလိမ့်မယ်။ စလစ်ရတာနဲ့ ဓာတ်ပုံရိုက်ဖို့ ဆက်စီရင်ရပါပြီ။
အကြာဆုံးကတော့ ဓာတ်ပုံရိုက်ဖို့နေရာမှာ ကြာပါတယ်။ ပုံနဲ့စာနဲ့ တွဲကြည့်ရင် ပိုအဆင်ပြေပါတယ်။ မြှားအဝါက ကိုယ်သွားရမယ့် လမ်းကြောင်းပါ။ တတ်နိုင်သမျှ အဆင်ပြေစေချင်တဲ့စိတ်နဲ့ ကြိုးစားရှင်းပြပေးတာပါ။ သိပြီးသားသူတွေ သိပေမယ့်။ မသိသေးတဲ့သူတွေအတွက် အထောက်အကူတစ်ခုခုရစေချင်လို့ပါ။ အမှားပါသွားရင်တောင်းပန်ပါတယ်။ (R Kar Thurhain)
Zawgyi
ပတ္စ္ပို႔လုပ္မယ့္သူမ်ား မနက္ေလးနာရီမထိုးခင္ထဲက ကားငွားၿပီးသြားပါ။ ကိုယ္တိုင္လုပ္မယ့္သူဆို ပန္းၿခံဘက္မွာ တန္းစီရပါတယ္။ ေရာက္တာနဲ႔ ပုံထဲက နံပါတ္ (၁) ေနရာမွာ မိန္းခေလးေယာက္်ားေလး ခြဲထားတဲ့ေနရာမွာ ကိုယ့္ဘက္ကိုတန္းစီပါ။ ေရွ႕လူေနာက္လူနဲ႔စကားေျပာ မိတ္ဖြဲ႕ပါ။
၇ နာရီခြဲ၊ ၈ နာရီမွေပးဝင္တာမလို႔ ဘာမွစားမလာရေသးရင္ တန္းစီတဲ့ေဘးပလက္ေဖာင္းမွာ ထမင္းေၾကာ္တစ္ပြဲအသားနဲ႔ ၁၅၀၀ ေပးစားၿပီး ဝမ္းျဖည့္ထားပါ။ ေဈးဆိုင္ေတြကို ပုံထဲမွာ ခရမ္းေရာင္အတုံးေတြနဲ႔ ျပထားပါတယ္။ တန္းစီေနခ်ိန္ ပြဲစားေတြ၊ ေဈးသည္ေတြေရာ ေျခခ်င္းလိမ္ေနပါမယ္။ ခုံငွားထိုင္လို႔ ရပါတယ္။ ကိုယ့္တုန္းကေတာ့ မထိုင္ခဲ့ပါဘူး။
အျမန္ဝင္ခ်င္ရင္ ဘယ္ေလာက္ဆိုၿပီး လိုက္ဆြယ္ပါလိမ့္မယ္။ ကိုယ့္ဘာသာ တန္းစီပါ။ ပါမသြားပါေစနဲ႔။ ၇ နာရီခြဲလို႔ ဂိတ္ဖြင့္လို႔ ဝင္ရကာနီးရင္ အိတ္တို႔ထီးတို႔ပါတာ ဆိုင္ေတြမွာသာအပ္ခဲ့ပါ။ ထီး ၅၀၀၊ အိတ္ ၁၀၀၀ ေပးရပါတယ္။ ျပန္တဲ့ထိေစာင့္ေပးၾကပါတယ္။
ဝင္ရၿပီဆိုရင္ နံပါတ္၂ ေနရာမွာ ရဲေမနဲ႔ ရဲသားက က်ား/မခြဲၿပီး စစ္ပါတယ္။ အဲ့ေနရာကအစစ္ခံၿပီးရင္ ျမႇားျပထားတဲ့ လမ္းေၾကာင္း (၃) မွာ လမ္းေၾကာင္း (၄) ေနရာကို ေရာက္ဖို႔ ခပ္သြက္သြက္သြားပါ။ မေျပးဖို႔ေအာ္ပါတယ္။ ကိုယ္အရင္ေရာက္မွ ေရွ႕ေနရာရမွာမို႔ နံပါတ္ (၄) ေနရာစီ သြက္သြက္ေလွ်ာက္ပါ။ နံပါတ္ (၄) ေနရာေရာက္ရင္ နံပါတ္ (၅) QR စစ္တဲ့ဆီေရာက္ဖို႔ တန္းစီရပါတယ္။
နံပါတ္ (၅) ကိုေရာက္ရင္ QR နဲ႔ မွတ္ပုံတင္စစ္ပါတယ္။ အဲ့ေနရာၿပီးရင္ နံပါတ္ (၆) ေနရာမွာ ရဲဆီကေန ေဖာင္ဝယ္ရပါတယ္ ၁၀၀၀ ပါ။ ေဖာင္ဝယ္ၿပီး လဝကမွာ အခ်က္အလက္စစ္ဖို႔ တန္းစီပါ။ တန္းစီရင္း အခ်ိန္ရရင္ ေဖာင္ျဖည့္ထားပါ။ ေဖာင္က ေနာက္ဆုံးဓာတ္ပုံ႐ိုက္တဲ့ေနရာ ေရာက္မွ ေပးရတာပါ။ အခ်ိန္ရရင္ ႀကိဳျဖည့္ပါ။
နံပါတ္ (၇) လဝက ဂိတ္ေရာက္ရင္ အိမ္ေထာင္စုစာရင္း၊ မွတ္ပုံတင္၊ မိတၱဴေရာ အစစ္ပါ ျပရပါတယ္။ သက္တမ္းတိုးမယ့္သူက ပတ္စပို႔အစစ္ + မိတၱဴပါ ျပရပါမယ္။ အဲဒီေနရာမွာ ပုံမွန္က ၃၀၀၀ ေပးရပါတယ္။ ေသြးေႏွာသမားေတြက ပိုေပးရတာ ရွိတတ္ပါတယ္။ သူတို႔ထုတ္ေပးတဲ့စလစ္မွာ တံဆိပ္တုံး ပါမပါစစ္ၿပီး အထဲဝင္ပါ။
အထဲေရာက္ရင္ တန္းစီေနၾကသူေတြ တန္းေတြ႕ပါလိမ့္မယ္။ သူတို႔က ဓာတ္ပုံ႐ိုက္ဖို႔ တန္းစီေနတာပါ။ ကိုယ္ကအရင္ဆုံး နံပါတ္ (၈) ေနရာမွာ ဘဏ္ေငြအရင္သြင္းရပါမယ္။ လဝက က တုံးထုေပးတဲ့ စလစ္နဲ႔ ေငြ ၂၅၀၀၀ ေပးလိုက္ရင္ ရပါၿပီ။ ေငြသြင္းၿပီးရင္ စလစ္ရဖို႔ ကိုယ့္နာမည္ကို ေခၚတာေစာင့္ရပါတယ္။
အဲဒီအခ်ိန္ထဲက ဓာတ္ပုံ႐ိုက္မယ့္ ေနရာမွာ တန္းစီထားပါ။ ကိုယ့္နာမည္ေခၚကာမွ စလစ္ေျပးယူပါ။ ေနရာကိုေရွ႕ေနာက္လူ ၾကည့္ခိုင္းထားပါ။ စလစ္ရမွ တန္းစီရင္ အရမ္းေနာက္က်ပါလိမ့္မယ္။ စလစ္ရတာနဲ႔ ဓာတ္ပုံ႐ိုက္ဖို႔ ဆက္စီရင္ရပါၿပီ။
အၾကာဆုံးကေတာ့ ဓာတ္ပုံ႐ိုက္ဖို႔ေနရာမွာ ၾကာပါတယ္။ ပုံနဲ႔စာနဲ႔ တြဲၾကည့္ရင္ ပိုအဆင္ေျပပါတယ္။ ျမႇားအဝါက ကိုယ္သြားရမယ့္ လမ္းေၾကာင္းပါ။ တတ္ႏိုင္သမွ် အဆင္ေျပေစခ်င္တဲ့စိတ္နဲ႔ ႀကိဳးစားရွင္းျပေပးတာပါ။ သိၿပီးသားသူေတြ သိေပမယ့္။ မသိေသးတဲ့သူေတြအတြက္ အေထာက္အကူတစ္ခုခုရေစခ်င္လို႔ပါ။ အမွားပါသြားရင္ေတာင္းပန္ပါတယ္။ (R Kar Thurhain)