အောက်တိုဘာလ (၆)ရက်ယနေ့ ဒေါ်လာဈေး၊ကမ္ဘာရွှေဈေးနှင့်ပြည်တွင်ရွှေစျေးနှုန်းများ

အောက်တိုဘာလ (၆)ရက်ယနေ့ ဒေါ်လာဈေး၊ကမ္ဘာရွှေဈေးနှင့် ပြည်ရွှေဈေးနှုန်းများ

အောက်တိုဘာ(၆)ရက် နေ့လည် (၁၂:၃၀)နာရီ အချိန်ယနေ့ ပြင်ပဈေးကွင်းတွင်းရှိ ဒေါ်လာဈေးနှုန်းများမှာ –

အမေရိကန်ဒေါ်လာ တစ်ဒေါ်လာ-buy 2870 ကျပ်၊ Sell -2920ကျပ်

စင်ကာပူဒေါ်လာ -buy 2000 ကျပ်၊ Sell -2055 ကျပ်

ဂျပန်ယန်း – buy 19.50ကျပ်၊ Sell 21 ကျပ်

ယူရို – buy 2850 ကျပ်၊ Sell 2900 ကျပ်

ထိုင်းဘတ်ငွေ – buy 75 ကျပ်၊ Sell 80 ကျပ်

တရုတ်ယွမ် -buy 400 ကျပ်၊ Sell 415 ကျပ်

မလေးရှားရင်ဂစ် -buy 610 ကျပ်၊Sell 630 ကျပ်

ကိုရီးယား ငွေ- buy 2 ကျပ် Sell 2.2 ကျပ်၊

သြစတြေးလျဒေါ်လာ- buy 1850 ကျပ်၊ Sell 1950ကျပ်

ပေါင်စတာလင်- buy 3180 ကျပ် Sell 3280ကျပ် ဖြင့်အရောင်းအဝယ်ဖြစ်နေကြောင်း ငွေကြေးဈေးကွက်ထဲမှ သိရှိရပါသည်။

အောက်တိုဘာဘာလ ၄ရက်နေ့ညနေပိုင်းတွင် အခေါက်ရွှေဈေး တစ်ကျပ်သားကို (၂၆၈၀၀၀၀)ဖြင့်ဈေးပိတ်သွားပြီး အောက်တိုဘာ (၅)ရက်နေ့ နံနက်ပိုင်းမှာတော့ ပြည်တွင်းရွှေဈေးနှုန်းဟာ ၂၇သိန်းကျော်ထိ မြင့်တက်သွားပြီး ကျပ်တစ်သိန်းဝင်းကျင်ထိဈေးနှုန်းခုန်တက်သွားတာပဲဖြစ်ပါတယ်။

ယနေ့အောက်တိုဘာလ(၆)ရက်နေ့ နေ့လည် (၁၂:၄၃)အချိန်တွင် ပြည်တွင်းရွှေဈေးနှုန်းများမှာတစ်ကျပ်သားလျှင် အခေါက်ရွှေ ရောင်းဈေး -၂၆၃၀၀၀၀ကျပ်၊ ဝယ်ဈေး ၂၅၈၀၀၀၀ ကျပ်၊၁၅ပဲရည်ရွှေဈေး -၂၄၇၅၃၀၀ ကျပ်ဖြင့်အရောင်းအဝယ်လုပ်နေကြောင်း အောင်သမာဓိရွှေဆိုင်မှသိရှိရပါသည်။

မနေ့ကထက် ယနေ့မှာ ပြည်တွင်းရွှေဈေးနှုန်းအကျဘက်ပြန်ရောက်လာတာပဲဖြစ်ပါတယ်။ယနေ့နေ့လည်၁နာရီမှ ၃နာရီထိ သံယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ရွှေစင်တုံးနှင့် ရွှေစင်ခဲ(၃)ပိဿာကိုဈေးပြိုင်တင်စနစ်ဖြင့် ရောင်းချပေးမယ်လို့လည်းသိရပါသည်။

ပြီးခဲ့သည့် အပတ်တုန်းကလည်း ရွှေစင်တုံးနှင့် ရွှေစင်ခဲ (၃)ပိဿာကို ဈေးပြိုင်စနစ်ဖြင့် လေလံတင်ရောင်းခဲ့သော်လည်း လေလံဆွဲမည့်သူမရှိသောကြောင့် အရောင်းအဝယ်မဖြစ်ခဲ့ဘူးလို့လည်းသိရှိရပါတယ်။လက်ရှိကမ္ဘာရွှေဈေးမှာ တစ်အောင်စကို 1724 ဒေါ်လာဖြစ်ပါသည်။

မြန်မာနိုင်ငံရွှေအသင်းမှထုတ်ပြတ်ဈေးမှာ တော့နေ့လည် (၁၂:၃၀)နာရီအချိန်တွင် သတ်မှတ်ရွှေဈေး 2017000ကျပ်ဖြစ်ပြီး ဗဟိုဘဏ်၏ သတ်မှတ်ဒေါ်လာဈေးမှာ 2100 ကျပ်ဖြစ်ပါသည်။
Credit

Zawgyi

















Credit

Leave a Comment