ဂေါ်ဖီထုတ် တစ်ထုပ်လျှင် ယခင်က (၃၀၀)ကျပ်သာရှိခဲ့သည့် စျေးကယခု(၃၀၀၀)ကျပ်ထိစျေးနှုန်းမြင့်တက်လာရတဲ့အကြောင်း

ဂေါ်ဖီထုတ် တစ်ထုပ်လျှင် ယခင်က (၃၀၀)ကျပ်သာရှိခဲ့သည့် ဈေးကယခု(၃၀၀၀)ကျပ်ထိဈေးနှုန်းမြင့်တက်လာရတဲ့အကြောင်းနှင့် ဆက်လက်မြင့်တက်နိုင်အုံးမလားဆိုတာ

လက်ရှိကာလတွင်အောင်ပန်းမြို့ မှာဂေါ် ဖီထုပ်ဈေးကသမိုင်းတစ်လျှောက်ဈေးနှုန်းအမြင့်ဆုံးရောက်ရှိနေပြီးယခင်ကတစ်ထုပ်လျှင် ၄၀၀ ကျပ်ခန့်သာပေါက်ဈေးရှိသော်လည်းယခုကာလတွင်ဂေါ် ဖီထုပ်တစ်ထုပ်လျှင် ၁၅၀၀ ကျပ်အထိရောက်ရှိနေတာဖြစ်တယ်လို့သိရပါတယ်။

ဒါအပြင်ထိုင်းဘက်ကအဝယ်များလို့ ဂေါ် ဖီထုပ်နဲ့ပန်းဂေါ် ဖီထုပ် ဈေးကောင်းရနေပြီးတစ်ထုပ်လျှင် ဒေသပေါက်ဈေး ၁၅၀၀ မှ ၂၀၀၀ ကြားနှင့် ရန်ကုန် ဈေးကွက်တွင်ကျပ် ၃၀၀၀ အထိပေါက်ဈေးရှိနေတယ်လို့ ရှမ်းပြည်(အောင်ပန်းမြို့)ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရပါတယ်။

“လက်ရှိမှာ ဈေးကောင်းရနေတာပေါ့။ ဂေါ် ဖီတို့ ပန်းတို့က ဈေးကောင်းရနေတယ်။ ဒီဘက်ဒေသမှာက ပေါက်ဈေးကတစ်ထုပ်ကို ၁၅၀၀ ၊ ၂၀၀၀ လောက်ပေါက်တယ်လေ။ အဲ့ဘက်တွေဆိုသယ်ယူပို့ဆောင်ရေးစရိတ်တို့ ဘာတို့နဲ့ဆိုရင်ဈေးကမြှောက်သွားတာပေါ့နော်။

အဲ့လိုပေါ့၊သူကဂေါ် ဖီတို့ပန်းထုပ်တို့ကပြောရရင် ရှမ်းပြည်ဘက်မှာပေါပါတယ်၊အမြဲတမ်းပေါ်နေတယ်။ အခုဈေးမြှောက်တယ်ဆိုတာက ထိုင်းဘက်ကလည်း အဝယ်တွေဆွဲနေတယ်၊လိုက်နေတယ်။ပြည်တွင်းမှာကလည်းကုန်ရှားနေတဲ့သဘောရှိတယ်။

အဲ့လိုတွေကြောင့် ဈေးတက်သွားရတဲ့အခြေအနေပါ။” လို့ အောင်ပန်းမြို့ ရှိကုန်သည်တစ်ဦးကပြောပြခဲ့ပါတယ်။ယခုလိုဂေါ် ဖီထုပ်နဲ့ပန်းဂေါ်ဖီထုပ်များဈေးကောင်းရနေသော်လည်းတောင်သူများအတွက်ကတော့အထွေထွေ စရိတ်စကတွေကြီးမြင့်မှုကြောင့်

အရင်းသာပြန်ရတဲ့အခြေအနေမှာရှိနေတယ်လို့ ဒေသခံတောင်သူတွေကဆိုပါတယ်။ “ပြောရရင် တောင်သူတွေကသိပ်မစိုက်နိုင်ကြတော့တာပေါ့နော်။ လက်ရှိကစက်သုံးဆီတို့ ဓါတ်မြေသြဇာဈေးတွေက မြင့်နေတော့တောင်သူတွေမှာလည်းအခက်အခဲတွေကရှိတာပေါ့။

သူတို့ဝယ်ရတဲ့ ပစ္စည်းတွေကလည်းဈေးကြီးတယ်လေနော်။ နောက်တစ်ချက်ကတောင်သူတွေကအရင်လိုမစိုက်နိုင်တော့ဘူး။အရင်ကအရေအတွက်နှစ်သောင်းလောက်စိုက်ရင်အခုတစ်သောင်းလောက်ပဲ စိုက်နိုင်တော့တယ်။

အဲ့လိုအနေအထားရှိပါတယ်။အပင်အရေအတွက်ပေါ့နော်၊ပြောရရင်မြေသြဇာဈေးမကြီးခင်တုန်းကဆို အပင်နှစ်သောင်းစိုက်နိုင်တာကနေ အခုတစ်သောင်းဆိုတော့ အထွက်နှုန်းလည်းအတော်ကျသွားပြီ ကုန်ရှားသွားတဲ့သဘောပေါ့။ စိုက်နိုင်တဲ့အားက လျော့သွားတယ်၊

အထွက်ကျတယ်အဲ့တော့ဈေးတွေကမြှောက်နေတာပေါ့။တောင်သူတွေဘက်မှာလည်း အခက်အခဲလေးတွေကရှိတယ်အဲ့လိုလေးပဲပြောရမှာပေါ့။စိုက်နိုင်တဲ့အားနည်းသွားလို့ဈေးတက်တာပါ။”လို့ အောင်ပန်းမြို့ ဒေသခံတောင်သူတစ်ဦးက ပြောပြခဲ့ပါတယ်။

ရန်ကုန်မြို့ရဲ့အခြေခံစားသောက်ကုန်ဈေးကွက်အတွင်းမှာတော့ ဂေါ် ဖီတစ်ထုပ်လျှင် ကျပ် ၃၀၀၀ အထိပေါက်ဈေးရှိနေပြီးအချို့သောဈေးများတွင်ကုန်ပစ္စည်း ပြတ်လပ်မှုတွေလည်းရှိနေတယ်လို့ စုံစမ်း သိရှိရပါတယ်။ “ဂေါ် ဖီဈေးတွေက အတော်လေးတက်နေတာပါ။

အရင်က ၃၀၀၊ ၄၀၀ တန်ကအခု ၃၀၀၀ လောက်ဖြစ်နေတော့ရောင်းရတာဘယ်လိုမှမကိုက်ဘူးပေါ့။ ဂေါ် ဖီသေးသေးလေးတစ်စိတ်တောင် ၁၅၀၀ လောက်ဖြစ်နေတာအရင်က ၃၀၀၊၄၀၀ ဖိုးဆို စိတ်ကြိုက်ပဲလေ၊ အခုက ၃၀၀၀ ဖိုးဝယ်ထားတာတောင်ဘာမှမရဘူး။”လို့

ရန်ကုန်မြို့ ရှိလက်တွန်းလှည်းဖြင့် ဈေးရောင်းချသူ တစ်ဦးက ပြောပါတယ်။ ဆက်လက်ပြီး အောင်ပန်းမြို့ ရှိ ကုန်သည်တစ်ဦးမှလည်း “ပစ္စည်းရရင်တော့ ဈေးကပေါသွားတာလေ၊အခုကမြဝတီဘက်ကတအားဆွဲနေတော့ဒီဘက်မှာဂေါ် ဖီတို့ ပန်းတို့ကနည်းနည်းပြန်ရှားနေတယ်။

ါကြောင့်ဈေးနည်းနည်းမြှောက်သွားတာပါ။ ဈေးတက်ပေမယ့်ဈေးကောင်းရပေမဲ့တောင်သူတွေဘက်ပြန်ကြည့်ရင်လည်း မနည်းလုပ်နေရတဲ့အနေအထားပါ။တချို့ဆို အရင်းပဲ ပြန်ရတဲ့အနေအထားပါ။

အကုန်လုံးကဈေးတွေစရိတ်စကတွေကမြင့်နေတော့တောင်သူတွေမှာလည်း မဖြစ်မနေလုပ်နေရတဲ့ အနေအထားပဲရှိပါတယ်။”လို့ သူက ပြောပြခဲ့ပါတယ်။
Credit

Zawgyi

ေဂၚဖီထုတ္ တစ္ထုပ္လွ်င္ ယခင္က (၃၀၀)က်ပ္သာရွိခဲ့သည့္ ေစ်းကယခု(၃၀၀၀)က်ပ္ထိေစ်းႏႈန္းျမင့္တက္လာရတဲ့အေၾကာင္းႏွင့္ ဆက္လက္ျမင့္တက္ႏိုင္အုံးမလားဆိုတာ

လက္ရွိကာလတြင္ေအာင္ပန္းၿမိဳ႕ မွာေဂၚ ဖီထုပ္ေစ်းကသမိုင္းတစ္ေလွ်ာက္ေစ်းႏႈန္းအျမင့္ဆုံးေရာက္ရွိေနၿပီးယခင္ကတစ္ထုပ္လွ်င္ ၄၀၀ က်ပ္ခန္႔သာေပါက္ေစ်းရွိေသာ္လည္းယခုကာလတြင္ေဂၚ ဖီထုပ္တစ္ထုပ္လွ်င္ ၁၅၀၀ က်ပ္အထိေရာက္ရွိေနတာျဖစ္တယ္လို႔သိရပါတယ္။

ဒါအျပင္ထိုင္းဘက္ကအဝယ္မ်ားလို႔ ေဂၚ ဖီထုပ္နဲ႔ပန္းေဂၚ ဖီထုပ္ ေစ်းေကာင္းရေနၿပီးတစ္ထုပ္လွ်င္ ေဒသေပါက္ေစ်း ၁၅၀၀ မွ ၂၀၀၀ ၾကားႏွင့္ ရန္ကုန္ ေစ်းကြက္တြင္က်ပ္ ၃၀၀၀ အထိေပါက္ေစ်းရွိေနတယ္လို႔ ရွမ္းျပည္(ေအာင္ပန္းၿမိဳ႕)ေစ်းကြက္အတြင္းမွ စုံစမ္းသိရွိရပါတယ္။

“လက္ရွိမွာ ေစ်းေကာင္းရေနတာေပါ့။ ေဂၚ ဖီတို႔ ပန္းတို႔က ေစ်းေကာင္းရေနတယ္။ ဒီဘက္ေဒသမွာက ေပါက္ေစ်းကတစ္ထုပ္ကို ၁၅၀၀ ၊ ၂၀၀၀ ေလာက္ေပါက္တယ္ေလ။ အဲ့ဘက္ေတြဆိုသယ္ယူပို႔ေဆာင္ေရးစရိတ္တို႔ ဘာတို႔နဲ႔ဆိုရင္ေစ်းကေျမႇာက္သြားတာေပါ့ေနာ္။

အဲ့လိုေပါ့၊သူကေဂၚ ဖီတို႔ပန္းထုပ္တို႔ကေျပာရရင္ ရွမ္းျပည္ဘက္မွာေပါပါတယ္၊အၿမဲတမ္းေပၚေနတယ္။ အခုေစ်းေျမႇာက္တယ္ဆိုတာက ထိုင္းဘက္ကလည္း အဝယ္ေတြဆြဲေနတယ္၊လိုက္ေနတယ္။ျပည္တြင္းမွာကလည္းကုန္ရွားေနတဲ့သေဘာရွိတယ္။

အဲ့လိုေတြေၾကာင့္ ေစ်းတက္သြားရတဲ့အေျခအေနပါ။” လို႔ ေအာင္ပန္းၿမိဳ႕ ရွိကုန္သည္တစ္ဦးကေျပာျပခဲ့ပါတယ္။ယခုလိုေဂၚ ဖီထုပ္နဲ႔ပန္းေဂၚဖီထုပ္မ်ားေစ်းေကာင္းရေနေသာ္လည္းေတာင္သူမ်ားအတြက္ကေတာ့အေထြေထြ စရိတ္စကေတြႀကီးျမင့္မႈေၾကာင့္

အရင္းသာျပန္ရတဲ့အေျခအေနမွာရွိေနတယ္လို႔ ေဒသခံေတာင္သူေတြကဆိုပါတယ္။ “ေျပာရရင္ ေတာင္သူေတြကသိပ္မစိုက္ႏိုင္ၾကေတာ့တာေပါ့ေနာ္။ လက္ရွိကစက္သုံးဆီတို႔ ဓါတ္ေျမၾသဇာေစ်းေတြက ျမင့္ေနေတာ့ေတာင္သူေတြမွာလည္းအခက္အခဲေတြကရွိတာေပါ့။

သူတို႔ဝယ္ရတဲ့ ပစၥည္းေတြကလည္းေစ်းႀကီးတယ္ေလေနာ္။ ေနာက္တစ္ခ်က္ကေတာင္သူေတြကအရင္လိုမစိုက္ႏိုင္ေတာ့ဘူး။အရင္ကအေရအတြက္ႏွစ္ေသာင္းေလာက္စိုက္ရင္အခုတစ္ေသာင္းေလာက္ပဲ စိုက္ႏိုင္ေတာ့တယ္။

အဲ့လိုအေနအထားရွိပါတယ္။အပင္အေရအတြက္ေပါ့ေနာ္၊ေျပာရရင္ေျမၾသဇာေစ်းမႀကီးခင္တုန္းကဆို အပင္ႏွစ္ေသာင္းစိုက္ႏိုင္တာကေန အခုတစ္ေသာင္းဆိုေတာ့ အထြက္ႏႈန္းလည္းအေတာ္က်သြားၿပီ ကုန္ရွားသြားတဲ့သေဘာေပါ့။ စိုက္ႏိုင္တဲ့အားက ေလ်ာ့သြားတယ္၊

အထြက္က်တယ္အဲ့ေတာ့ေစ်းေတြကေျမႇာက္ေနတာေပါ့။ေတာင္သူေတြဘက္မွာလည္း အခက္အခဲေလးေတြကရွိတယ္အဲ့လိုေလးပဲေျပာရမွာေပါ့။စိုက္ႏိုင္တဲ့အားနည္းသြားလို႔ေစ်းတက္တာပါ။”လို႔ ေအာင္ပန္းၿမိဳ႕ ေဒသခံေတာင္သူတစ္ဦးက ေျပာျပခဲ့ပါတယ္။

ရန္ကုန္ၿမိဳ႕ရဲ႕အေျခခံစားေသာက္ကုန္ေစ်းကြက္အတြင္းမွာေတာ့ ေဂၚ ဖီတစ္ထုပ္လွ်င္ က်ပ္ ၃၀၀၀ အထိေပါက္ေစ်းရွိေနၿပီးအခ်ိဳ႕ေသာေစ်းမ်ားတြင္ကုန္ပစၥည္း ျပတ္လပ္မႈေတြလည္းရွိေနတယ္လို႔ စုံစမ္း သိရွိရပါတယ္။ “ေဂၚ ဖီေစ်းေတြက အေတာ္ေလးတက္ေနတာပါ။

အရင္က ၃၀၀၊ ၄၀၀ တန္ကအခု ၃၀၀၀ ေလာက္ျဖစ္ေနေတာ့ေရာင္းရတာဘယ္လိုမွမကိုက္ဘူးေပါ့။ ေဂၚ ဖီေသးေသးေလးတစ္စိတ္ေတာင္ ၁၅၀၀ ေလာက္ျဖစ္ေနတာအရင္က ၃၀၀၊၄၀၀ ဖိုးဆို စိတ္ႀကိဳက္ပဲေလ၊ အခုက ၃၀၀၀ ဖိုးဝယ္ထားတာေတာင္ဘာမွမရဘူး။”လို႔

ရန္ကုန္ၿမိဳ႕ ရွိလက္တြန္းလွည္းျဖင့္ ေစ်းေရာင္းခ်သူ တစ္ဦးက ေျပာပါတယ္။ ဆက္လက္ၿပီး ေအာင္ပန္းၿမိဳ႕ ရွိ ကုန္သည္တစ္ဦးမွလည္း “ပစၥည္းရရင္ေတာ့ ေစ်းကေပါသြားတာေလ၊အခုကျမဝတီဘက္ကတအားဆြဲေနေတာ့ဒီဘက္မွာေဂၚ ဖီတို႔ ပန္းတို႔ကနည္းနည္းျပန္ရွားေနတယ္။

ါေၾကာင့္ေစ်းနည္းနည္းေျမႇာက္သြားတာပါ။ ေစ်းတက္ေပမယ့္ေစ်းေကာင္းရေပမဲ့ေတာင္သူေတြဘက္ျပန္ၾကည့္ရင္လည္း မနည္းလုပ္ေနရတဲ့အေနအထားပါ။တခ်ိဳ႕ဆို အရင္းပဲ ျပန္ရတဲ့အေနအထားပါ။

အကုန္လုံးကေစ်းေတြစရိတ္စကေတြကျမင့္ေနေတာ့ေတာင္သူေတြမွာလည္း မျဖစ္မေနလုပ္ေနရတဲ့ အေနအထားပဲရွိပါတယ္။”လို႔ သူက ေျပာျပခဲ့ပါတယ္။
Credit

Leave a Comment