ရွှေဈေးကွက် စောင့်ကြည့်ထိန်းသိမ်းရေး ကော်မတီမှ ရွှေကစားသူများအား စီစစ် အရေးယူတော့မည်

မြန်မာပြည် ရွှေဈေးကွက် စောင့်ကြည့်ထိန်းသိမ်းကြပ်မတ်ရေး ဆပ်မကော်မတီမှ ရွှေကစားသူများအား စီစစ်အရေးယူတော့မည်..

ပြည်တွင်း ဒေါ်လာဈေးနှုန်းကို ထိန်းချုပ်နိုင်မှသာ မတည်မငြိမ်ဖြစ်နေသည့် ပြည်တွင်းရွှေဈေးနှုန်း တည်ငြိမ်လာမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်အသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောသည်။

“အစိုးရကလည်း ထိန်းတော့ ထိန်းပေးတာပဲကွ။ ထိန်းပေးပေမယ့်လည်း ဒီမှာက ဒေါ်လာဈေးကို မထိန်းနိုင်သေးဘူး။ ဒေါ်လာဈေးက မြောက်နေတဲ့အတွက် ဖြစ်သွားတာ။ ဒေါလာဈေး ထိန်းနိုင်မှ ရွေဈေးကငြိမ်မယ့်သဘောပေါ့။ အဲဒီသဘောပါပဲ” ဟု ဦးမျိုးမြင့်က ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလကုန်ပိုင်းအတွင် အခေါက်ရွှေ တစ်ကျပ်သားလျင် ၂၂ သိန်း ဝန်းကျင်အထိ အကျက်ဘက်သို့ ဦးတည်ခဲ့သည့် ပြည်တွင်း ရွှေဈေးနှုန်းသည် ယနေ့ အောက်တိုဘာ (၅) ရက် နံနက်ပိုင်းတွင် (၂၇) သိန်းကျော်အထိ ပြန်လည် မြင့်တက်လာခြင်း ဖြစ်သည်။

ယနေ့ နံနက်ပိုင်း ဈေးကွက်ပေါက်ဈေးအရ အခေါက်ရွှေ တစ်ကျပ်သားလျင် (၂၇၅၀၀၀၀) ကျပ် အရောင်းအဝယ် ပြုလုပ်ကြကြောင်း ရန်ကုန်ဈေးကွက်အတွင်းရှိ ရွှေအရောင်းကောင်တာအချို့မှ သိရသည်။ လက်ရှိတွင် ရွှေဈေးနှုန်း ပြန်တက်လာသည့်အတွက် ဈေးကွက်အတွင်း၌ ရောင်းလိုအားများနေသော်လည်း ထင်သလောက် အရောင်းအဝယ် မဖြစ်ကြောင်း ဦးမျိုးမြင့်က ဆိုသည်။

“အရောင်းအဝယ်က သိပ်မဖြစ်ပါဘူး။ ဈေးတွေသာ ကမ္ဘာ့ရွှေဈေးတက်လို့၊ ပြည်တွင်း ဒေါ်လာဈေးတက်လို့ ဈေးတွေမြင့်သွားတာပဲရှိတယ်။ တကယ်အရောင်းအဝယ်က သိပ်မဖြစ်ပါဘူး” ဟု ၎င်းကဆိုသည်။

လက်ရှိတွင် အကျဘက်သို့သွားနေသည့် ကမ္ဘာ့ရွှေဈေးနှုန်းမှာလည်း တစ်အောင်စလျင် အမေရိကန်ဒေါ်လာ ၁၇၀၀ အထက်သို့ ပြန်လည်ရောက်ရှိနေပြီး ယင်းသို့ ကမ္ဘာ့ရွှေဈေး မြင့်တက်မှုကလည်း ပြည်တွင်း ရွှေဈေးကို ရိုက်ခတ်မှုရှိကြောင်း သိရသည်။

ပြည်တွင်း နိုင်ငံခြားငွေလဲဈေးကွက်တွင် အမေရိကန် တစ်ဒေါ်လာလျင် ၃၀၅၀ ကျပ် ဝန်းကျင်အထိ ပြန်လည် မြင့်တက်နေပြီး ဗဟိုဘဏ်၏ ရည်ညွှန်းဈေးမှာ မပြောင်းလဲသောနှုန်း တစ်ဒေါ်လာ ၂၁၀၀ ကျပ် ဖြစ်သည်။

ကမ္ဘာ့ရွှေဈေးအတက်အကျ ပြောင်းလဲနေမှုအပေါ်လိုက်၍ ပြည်တွင်းရွှေဈေးနှုန်းများအား အချိန်နှင့်အမျှ အတက်အကျပြုလုပ်ပြီး ရွှေဈေးတည်ငြိမ်မှုမရှိစေရန် ဈေးကစားမှုများပြုလုပ်နေကြသည့် ရွှေအရောင်းအဝယ်သမားများ၊ ရွှေလုပ်ငန်း ရှင်များနှင့် ပွဲစားများအား စိစစ်ဖော်ထုတ်၍ လုပ်ငန်းလိုင်စင်များ ပိတ်သိမ်းခြင်းနှင့် အရေးယူခြင်းစသည်တို့ကို သက်ဆိုင်ရာဥပဒေများနှင့်အညီ ရွှေဈေးကွက် စောင့်ကြည့်ထိန်းသိမ်းကြပ်မတ်ရေး ဆပ်မကော်မတီက အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
Credit

Zawgyi

ျမန္မာျပည္ ေ႐ႊေဈးကြက္ ေစာင့္ၾကည့္ထိန္းသိမ္းၾကပ္မတ္ေရး ဆပ္မေကာ္မတီမွ ေ႐ႊကစားသူမ်ားအား စီစစ္အေရးယူေတာ့မည္..

ျပည္တြင္း ေဒၚလာေဈးႏႈန္းကို ထိန္းခ်ဳပ္ႏိုင္မွသာ မတည္မၿငိမ္ျဖစ္ေနသည့္ ျပည္တြင္းေ႐ႊေဈးႏႈန္း တည္ၿငိမ္လာမည္ျဖစ္ေၾကာင္း ရန္ကုန္တိုင္းေ႐ႊလုပ္ငန္းရွင္အသင္း ဥကၠ႒ ဦးမ်ိဳးျမင့္က ေျပာသည္။

“အစိုးရကလည္း ထိန္းေတာ့ ထိန္းေပးတာပဲကြ။ ထိန္းေပးေပမယ့္လည္း ဒီမွာက ေဒၚလာေဈးကို မထိန္းႏိုင္ေသးဘူး။ ေဒၚလာေဈးက ေျမာက္ေနတဲ့အတြက္ ျဖစ္သြားတာ။ ေဒါလာေဈး ထိန္းႏိုင္မွ ေ႐ြေဈးကၿငိမ္မယ့္သေဘာေပါ့။ အဲဒီသေဘာပါပဲ” ဟု ဦးမ်ိဳးျမင့္က ေျပာသည္။

ၿပီးခဲ့သည့္ စက္တင္ဘာလကုန္ပိုင္းအတြင္ အေခါက္ေ႐ႊ တစ္က်ပ္သားလ်င္ ၂၂ သိန္း ဝန္းက်င္အထိ အက်က္ဘက္သို႔ ဦးတည္ခဲ့သည့္ ျပည္တြင္း ေ႐ႊေဈးႏႈန္းသည္ ယေန႔ ေအာက္တိုဘာ (၅) ရက္ နံနက္ပိုင္းတြင္ (၂၇) သိန္းေက်ာ္အထိ ျပန္လည္ ျမင့္တက္လာျခင္း ျဖစ္သည္။

ယေန႔ နံနက္ပိုင္း ေဈးကြက္ေပါက္ေဈးအရ အေခါက္ေ႐ႊ တစ္က်ပ္သားလ်င္ (၂၇၅၀၀၀၀) က်ပ္ အေရာင္းအဝယ္ ျပဳလုပ္ၾကေၾကာင္း ရန္ကုန္ေဈးကြက္အတြင္းရွိ ေ႐ႊအေရာင္းေကာင္တာအခ်ိဳ႕မွ သိရသည္။ လက္ရွိတြင္ ေ႐ႊေဈးႏႈန္း ျပန္တက္လာသည့္အတြက္ ေဈးကြက္အတြင္း၌ ေရာင္းလိုအားမ်ားေနေသာ္လည္း ထင္သေလာက္ အေရာင္းအဝယ္ မျဖစ္ေၾကာင္း ဦးမ်ိဳးျမင့္က ဆိုသည္။

“အေရာင္းအဝယ္က သိပ္မျဖစ္ပါဘူး။ ေဈးေတြသာ ကမာၻ႔ေ႐ႊေဈးတက္လို႔၊ ျပည္တြင္း ေဒၚလာေဈးတက္လို႔ ေဈးေတြျမင့္သြားတာပဲရွိတယ္။ တကယ္အေရာင္းအဝယ္က သိပ္မျဖစ္ပါဘူး” ဟု ၎ကဆိုသည္။

လက္ရွိတြင္ အက်ဘက္သို႔သြားေနသည့္ ကမာၻ႔ေ႐ႊေဈးႏႈန္းမွာလည္း တစ္ေအာင္စလ်င္ အေမရိကန္ေဒၚလာ ၁၇၀၀ အထက္သို႔ ျပန္လည္ေရာက္ရွိေနၿပီး ယင္းသို႔ ကမာၻ႔ေ႐ႊေဈး ျမင့္တက္မႈကလည္း ျပည္တြင္း ေ႐ႊေဈးကို ႐ိုက္ခတ္မႈရွိေၾကာင္း သိရသည္။

ျပည္တြင္း ႏိုင္ငံျခားေငြလဲေဈးကြက္တြင္ အေမရိကန္ တစ္ေဒၚလာလ်င္ ၃၀၅၀ က်ပ္ ဝန္းက်င္အထိ ျပန္လည္ ျမင့္တက္ေနၿပီး ဗဟိုဘဏ္၏ ရည္ၫႊန္းေဈးမွာ မေျပာင္းလဲေသာႏႈန္း တစ္ေဒၚလာ ၂၁၀၀ က်ပ္ ျဖစ္သည္။

ကမာၻ႔ေ႐ႊေဈးအတက္အက် ေျပာင္းလဲေနမႈအေပၚလိုက္၍ ျပည္တြင္းေ႐ႊေဈးႏႈန္းမ်ားအား အခ်ိန္ႏွင့္အမွ် အတက္အက်ျပဳလုပ္ၿပီး ေ႐ႊေဈးတည္ၿငိမ္မႈမရွိေစရန္ ေစ်းကစားမႈမ်ားျပဳလုပ္ေနၾကသည့္ ေ႐ႊအေရာင္းအဝယ္သမားမ်ား၊ ေ႐ႊလုပ္ငန္း ရွင္မ်ားႏွင့္ ပြဲစားမ်ားအား စိစစ္ေဖာ္ထုတ္၍ လုပ္ငန္းလိုင္စင္မ်ား ပိတ္သိမ္းျခင္းႏွင့္ အေရးယူျခင္းစသည္တို႔ကို သက္ဆိုင္ရာဥပေဒမ်ားႏွင့္အညီ ေ႐ႊေဈးကြက္ ေစာင့္ၾကည့္ထိန္းသိမ္းၾကပ္မတ္ေရး ဆပ္မေကာ္မတီက အေကာင္အထည္ေဖာ္ ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း သိရွိရပါသည္။
Credit

Leave a Comment