ဘဏ်ထဲ(သို့မဟုတ်)လက်ထဲငွေမထားချင်လို့ကားဝယ်မယ်ဆို အခုချိန်မှာ ဝယ်သင့်မဝယ်သင့်..

ကားဈေးဟာ ဖွံ့ဖြိုးဆဲ နိုင်ငံတချို့မှာ မြေဈေးလို လိုက်တက်တဲ့အချက်ကတော့ ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ ရထားစနစ်၊ဘတ်စ်စနစ်၊ သင်္ဘောစနစ်တွေကောင်းလို့ ကားကိုအားကိုးဖို့မလိုသလောက် ဖြစ်လို့ ကားဝယ်သူနည်းတယ်။

ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာကားဈေးကမကြီးပေမဲ့ကားဝယ်ပြီးဆောင်ရတဲ့အခွန်နဲ့စရိတ်တွေအာမခံကြေးတွေကကြီးတော့လူအတော်များများကအလုပ်ရှုပ်ခံပြီးကားမဝယ်ကြတော့ဘူး။နောက်တချက်ကဖွံ့ဖြိုးပြီးနိုင်ငံတွေမှာကားစီးရတာဟာအလုပ်သွားအလုပ်ပြန်ကားပိုကျပ်လို့မစီးကြသလိုကားရပ်ခကားဖြတ်ခတွေကလည်းကြီးလို့ ကိုယ်ပိုင်ကားစီးသူနည်းတယ်၊

ကားပါကင်တွေ အလုံအလောက် လုပ်ထားပေးလို့ လမ်းပေါ်မှာကားရပ်ရမည့်ပါကင်ပြဿနာလည်း အတော်နည်းပေမဲ့အခွန်အခကမသေးဘူး။ဖွံ့ဖြိုးဆဲနိုင်ငံတွေကျတော့ကားတစီးတင်သွင်းလာတိုင်း အခွန်ပဲ ကောက်တတ်ကြတာ။ကားအတွက်ပါကင်နေရာတွေအဆင်ပြေဖို့မလုပ်ကြဘူး။ဖြစ်သလို မြေပြင်တွေပေါ်မှာကားတစီးကနေရာယူထားရော။

ကားတစီးသွင်းလာတိုင်းတိုင်းပြည်မှာကားတစီးအတွက်မြေနေရာ ၅ ပေ၁၀ ပေယူထားလိုက်သလိုဖြစ်နေတယ်။ရန်ကုန်လို မြေဈေးကြီးတဲ့ နေရာတွေအတွက် ရန်ကုန်လိုင်စင်နဲ့ စီးတာတောင် အတော် ကားကျပ်တဲ့အဖြစ်။အထပ်မြင့်ကားပါကင်နေရာတွေဆောက်ပေးဖို့မပြောနဲ့။မြေပြင်မှာမီးပွိုင့်စနစ်တောင်သေချာမလုပ်ပေးနိုင်ဘူး။

နှစ်စဉ်ကားကရသမျှအခွန်တွေကိုလည်းကားအတွက်ပြန်သုံးဖို့နေနေသာသာအခုလက်ရှိမှာကားခွန်ဘီးခွန်တွေသာရန်ကုန်မှာအဆမတန်ကောက်နေတာလမ်းတွေအတော်များများမှာကားလမ်းတွေဟာ အပေါက်ကြီးတွေ၊ချိုင့်ကြီးတွေနဲ့အတော်အခြေအနေဆိုးလာတယ်။အိမ်စီးကားတွေနည်းဖို့ ရထားစနစ်နဲ့ဘတ်စ်စနစ်ကတိုးတက်မလာတဲ့အပြင်ဘတ်စ်ကားစီးသူတွေကိုပါအစီးလိုက်ခေါ်ပြီး

လုယက်ဓမြတိုက်မှုတွေ ဖြစ်လာတော့အခုနောက်ပိုင်းမှာအရင်ကကားမဝယ်တဲသူတွေတောင်ကားကဝယ်ရင် ရှုံးမှန်းသိသိနဲ့ဝယ်လာကြတယ်။ဒီတော့ရထားစနစ်၊ဘတ်စ်စနစ်တွေမကောင်းတော့ကားချည်း စီးကြတော့လမ်းပိုကြပ်တော့ကားလမ်းတွေပိုပိတ်၊စက်သုံးဆီတွေပိုကုန်ရတယ်။အနိမ့်ကားတွေပိုသုံးကြတော့အရင်ကအပိုပစ္စည်းအလျှံပယ်ရှိတဲ့ကားအမျိုးအစားတွေတောင်အပိုပစ္စည်းတွေဒေါ်လာတက်ဈေးနဲ့ ထပ်သွင်းရတော့

အပိုပစ္စည်းဈေး တက်လာလေကားဟောင်းဈေးကလည်းလိုက်တက်လာတယ်။ကားဝယ်စီးလို့ အရင်ခေတ်တွေကလို မြတ်မယ်ဆိုပြီး စီးပွါးတွက်တွက်တဲ့သူတွေအတွက် မမြတ်ဘူး။ ဒါပေမဲ့ နေ့စဉ် ငွေသွင်းငွေထုတ်လုပ်နေသူတွေအတွက်တော့ဘတ်စ်ကားစီး၊အငှါးကားစီးလို့လုခံရမှာထက် ပိုပြီးလုံခြုံတော့အွန်လိုင်းစီးပွါးရေးလုပ်တဲ့သူအများစုဟာကိုယ်ပိုင်ကားတွေဝယ်၊ငှားလာကြတယ်။

ဒီတော့ ဥပမာ ရန်ကုန်လို လိုင်စင်နဲ့မှ မောင်းလို့ရတဲ့ကားတွေအတွက်တော့မြေနေရာတွေလိုလာတယ်။ ကားတစီးထားဖို့ မြေနေရာဟာ မြေဈေးအတိုင်းနေရာယူလာတော့ကားတစီးတင်သွင်းတိုင်းပါကင်နေရာရှားမှုကဖြစ်လာတယ်။ကွန်ဒိုတွေအထပ်မြင့်ကားပါကင်တွေမှာကားသွားထားပြန်ရင်လည်း တလကို အနည်းဆုံး ၅၀၀၀၀၊ ၆၀၀၀၀ အထက်ပေးရတယ်။

လူတချို့ကသိန်းစိန်ခေတ်ကလိုကားပါမစ်တွေ လွယ်လွယ်ပြန်ချပေးရင်ကားဈေးတွေဒလဟော ပြန်ကျမယ်လို့ပြောကြပေမဲ့လက်တွေ့အခြေအနေကိုနားလည်တဲ့သူတွေကတော့မဖြစ်နိုင်တာကိုသိကြတယ်။ ရွာတွေနယ်တချို့မှာကားပါကင်ပေါပြီးမိမိ အိမ်ခြံထဲမှာထားလို့ရတော့လိုင်စင်တောင်မလိုပဲနှစ်ပေါင်းများစွာစီးလာကြတာအတော်ကြာနေကြပြီမလား။

မန္တလေး၊ ရန်ကုန်၊ ဧရာဝတီ၊ ပဲခူးတို့ဆိုတာလည်း မြို့ပြင်မှာသာ W စီးနေကြတာ။လူကြီးပိုင်းနဲ့ ပိုင်တဲ့သူတွေက W စီးနေကြတော့ ကားလမ်းတွေဟာအရင်မှန်းထားတဲ့စီးရေထက်အဆမတန်များပြီး လမ်းတွေ ပိုကြပ်လို့ကားကိုတရားဝင်သွင်းဖို့ဆိုတာမဖြစ်နိုင်သေးတဲ့အချိန်ပါပဲ။ကားဈေးတွေအခုထက် ပိုကျ မကျကတော့ကိုယ်တိုင်ဆုံးဖြတ်ကြပေါ့။ (Aung Kyaw Oo)

Credit

Zawgyi

ကားေဈးဟာ ဖြံ႕ၿဖိဳးဆဲ ႏိုင္ငံတခ်ိဳ႕မွာ ေျမေဈးလို လိုက္တက္တဲ့အခ်က္ကေတာ့ ဖြံ႕ၿဖိဳးၿပီးႏိုင္ငံေတြမွာ ရထားစနစ္၊ဘတ္စ္စနစ္၊ သေဘၤာစနစ္ေတြေကာင္းလို႔ ကားကိုအားကိုးဖို႔မလိုသေလာက္ ျဖစ္လို႔ ကားဝယ္သူနည္းတယ္။

ဖြံ႕ၿဖိဳးၿပီးႏိုင္ငံေတြမွာကားေဈးကမႀကီးေပမဲ့ကားဝယ္ၿပီးေဆာင္ရတဲ့အခြန္နဲ႔စရိတ္ေတြအာမခံေၾကးေတြကႀကီးေတာ့လူအေတာ္မ်ားမ်ားကအလုပ္ရႈပ္ခံၿပီးကားမဝယ္ၾကေတာ့ဘူး။ေနာက္တခ်က္ကဖြံ႕ၿဖိဳးၿပီးႏိုင္ငံေတြမွာကားစီးရတာဟာအလုပ္သြားအလုပ္ျပန္ကားပိုက်ပ္လို႔မစီးၾကသလိုကားရပ္ခကားျဖတ္ခေတြကလည္းႀကီးလို႔ ကိုယ္ပိုင္ကားစီးသူနည္းတယ္၊

ကားပါကင္ေတြ အလုံအေလာက္ လုပ္ထားေပးလို႔ လမ္းေပၚမွာကားရပ္ရမည့္ပါကင္ျပႆနာလည္း အေတာ္နည္းေပမဲ့အခြန္အခကမေသးဘူး။ဖြံ႕ၿဖိဳးဆဲႏိုင္ငံေတြက်ေတာ့ကားတစီးတင္သြင္းလာတိုင္း အခြန္ပဲ ေကာက္တတ္ၾကတာ။ကားအတြက္ပါကင္ေနရာေတြအဆင္ေျပဖို႔မလုပ္ၾကဘူး။ျဖစ္သလို ေျမျပင္ေတြေပၚမွာကားတစီးကေနရာယူထားေရာ။

ကားတစီးသြင္းလာတိုင္းတိုင္းျပည္မွာကားတစီးအတြက္ေျမေနရာ ၅ ေပ၁၀ ေပယူထားလိုက္သလိုျဖစ္ေနတယ္။ရန္ကုန္လို ေျမေဈးႀကီးတဲ့ ေနရာေတြအတြက္ ရန္ကုန္လိုင္စင္နဲ႔ စီးတာေတာင္ အေတာ္ ကားက်ပ္တဲ့အျဖစ္။အထပ္ျမင့္ကားပါကင္ေနရာေတြေဆာက္ေပးဖို႔မေျပာနဲ႔။ေျမျပင္မွာမီးပြိဳင့္စနစ္ေတာင္ေသခ်ာမလုပ္ေပးႏိုင္ဘူး။

ႏွစ္စဥ္ကားကရသမွ်အခြန္ေတြကိုလည္းကားအတြက္ျပန္သုံးဖို႔ေနေနသာသာအခုလက္ရွိမွာကားခြန္ဘီးခြန္ေတြသာရန္ကုန္မွာအဆမတန္ေကာက္ေနတာလမ္းေတြအေတာ္မ်ားမ်ားမွာကားလမ္းေတြဟာ အေပါက္ႀကီးေတြ၊ခ်ိဳင့္ႀကီးေတြနဲ႔အေတာ္အေျခအေနဆိုးလာတယ္။အိမ္စီးကားေတြနည္းဖို႔ ရထားစနစ္နဲ႔ဘတ္စ္စနစ္ကတိုးတက္မလာတဲ့အျပင္ဘတ္စ္ကားစီးသူေတြကိုပါအစီးလိုက္ေခၚၿပီး

လုယက္ဓျမတိုက္မႈေတြ ျဖစ္လာေတာ့အခုေနာက္ပိုင္းမွာအရင္ကကားမဝယ္တဲသူေတြေတာင္ကားကဝယ္ရင္ ရႈံးမွန္းသိသိနဲ႔ဝယ္လာၾကတယ္။ဒီေတာ့ရထားစနစ္၊ဘတ္စ္စနစ္ေတြမေကာင္းေတာ့ကားခ်ည္း စီးၾကေတာ့လမ္းပိုၾကပ္ေတာ့ကားလမ္းေတြပိုပိတ္၊စက္သုံးဆီေတြပိုကုန္ရတယ္။အနိမ့္ကားေတြပိုသုံးၾကေတာ့အရင္ကအပိုပစၥည္းအလွ်ံပယ္ရွိတဲ့ကားအမ်ိဳးအစားေတြေတာင္အပိုပစၥည္းေတြေဒၚလာတက္ေဈးနဲ႔ ထပ္သြင္းရေတာ့

အပိုပစၥည္းေဈး တက္လာေလကားေဟာင္းေဈးကလည္းလိုက္တက္လာတယ္။ကားဝယ္စီးလို႔ အရင္ေခတ္ေတြကလို ျမတ္မယ္ဆိုၿပီး စီးပြါးတြက္တြက္တဲ့သူေတြအတြက္ မျမတ္ဘူး။ ဒါေပမဲ့ ေန႔စဥ္ ေငြသြင္းေငြထုတ္လုပ္ေနသူေတြအတြက္ေတာ့ဘတ္စ္ကားစီး၊အငွါးကားစီးလို႔လုခံရမွာထက္ ပိုၿပီးလုံၿခဳံေတာ့အြန္လိုင္းစီးပြါးေရးလုပ္တဲ့သူအမ်ားစုဟာကိုယ္ပိုင္ကားေတြဝယ္၊ငွားလာၾကတယ္။

ဒီေတာ့ ဥပမာ ရန္ကုန္လို လိုင္စင္နဲ႔မွ ေမာင္းလို႔ရတဲ့ကားေတြအတြက္ေတာ့ေျမေနရာေတြလိုလာတယ္။ ကားတစီးထားဖို႔ ေျမေနရာဟာ ေျမေဈးအတိုင္းေနရာယူလာေတာ့ကားတစီးတင္သြင္းတိုင္းပါကင္ေနရာရွားမႈကျဖစ္လာတယ္။ကြန္ဒိုေတြအထပ္ျမင့္ကားပါကင္ေတြမွာကားသြားထားျပန္ရင္လည္း တလကို အနည္းဆုံး ၅၀၀၀၀၊ ၆၀၀၀၀ အထက္ေပးရတယ္။

လူတခ်ိဳ႕ကသိန္းစိန္ေခတ္ကလိုကားပါမစ္ေတြ လြယ္လြယ္ျပန္ခ်ေပးရင္ကားေဈးေတြဒလေဟာ ျပန္က်မယ္လို႔ေျပာၾကေပမဲ့လက္ေတြ႕အေျခအေနကိုနားလည္တဲ့သူေတြကေတာ့မျဖစ္ႏိုင္တာကိုသိၾကတယ္။ ႐ြာေတြနယ္တခ်ိဳ႕မွာကားပါကင္ေပါၿပီးမိမိ အိမ္ၿခံထဲမွာထားလို႔ရေတာ့လိုင္စင္ေတာင္မလိုပဲႏွစ္ေပါင္းမ်ားစြာစီးလာၾကတာအေတာ္ၾကာေနၾကၿပီမလား။

မႏၲေလး၊ ရန္ကုန္၊ ဧရာဝတီ၊ ပဲခူးတို႔ဆိုတာလည္း ၿမိဳ႕ျပင္မွာသာ W စီးေနၾကတာ။လူႀကီးပိုင္းနဲ႔ ပိုင္တဲ့သူေတြက W စီးေနၾကေတာ့ ကားလမ္းေတြဟာအရင္မွန္းထားတဲ့စီးေရထက္အဆမတန္မ်ားၿပီး လမ္းေတြ ပိုၾကပ္လို႔ကားကိုတရားဝင္သြင္းဖို႔ဆိုတာမျဖစ္ႏိုင္ေသးတဲ့အခ်ိန္ပါပဲ။ကားေဈးေတြအခုထက္ ပိုက် မက်ကေတာ့ကိုယ္တိုင္ဆုံးျဖတ္ၾကေပါ့။ (Aung Kyaw Oo)

Credit

Leave a Comment