သီတင်းကျွတ်ကာလ ခရီးသွားမည့်သူများ အိမ်ပြန်ကြမည့်သူများအတွက်

သီတင်းကျွတ်ကာလ ခရီးသွား အိမ်ပြန်ကြမည့်သူတွေအတွက်

မကြာမှီ ရောက်ရှိလာတော့မှာ ဖြစ်တဲ့ သီတင်းကျွတ် ရုံးပိတ်ရက် ခရီးသွားမည့်သူများ အိမ်ပြန်ကြမည့်သူများအတွက် သိရှိထားရမည့် အချက်များကို ဖော်ပြပေးလိုက်ပါတယ်။

လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနရဲ့ ထုတ်ပြန်ထားချက်မှာ ခရီးသွားလာရာတွင် မှတ်ပုံတင်မူရင်း ယူဆောင်သွားရမှာ ဖြစ်ပြီး တည်းခို နေထိုင်ရာတွေမှာ ထောက်ခံစာ ခွင့်မပြုတော့ဘဲ မှတ်ပုံတင်သာ ကိုင်ဆောင်ရမယ်လို့ ထုတ်ပြန်ထားပြီး ဖြစ်ပါတယ်။

အောင်မင်္ဂလာ အဝေးပြေး ယာဥ်လိုင်းအချို့ကလည်း သူတို့ရဲ့ လူမှုကွန်ယက် စာမျက်နှာမှ တဆင့် ခရီးသွားမည့်သူများ မှတ်ပုံတင် မူရင်း မဖြစ်မနေ ယူဆောင်လာကြဖို့ အသိပေးထားတာ တွေ့ရပါတယ်။

YRTC ထုတ်ပြန်ချက်အရ ၄ – ၁၀ – ၂၀၂၂ ရက်နေ့ ရန်ကုန်မှ အဝေးပြေး ခရီးသည်တင် ယာဉ်လိုင်း ၁၉၇ လိုင်း၊ ယာဉ်စီးရေ – ၅၂၀ စီး၊ ခရီးသည် – ၇၉၅၁ ဦး ရှိတယ်လို့ သိရပါတယ်။

လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ ဧပြီလ ၁ ရက်နေ့မှ စတင်ကာ ခရီး သွားလာခြင်းနဲ့ တည်းခိုနေထိုင်ရာ နေရာတွေမှ နိုင်ငံသားကတ် (မှတ်ပုံတင်)သာ ကိုင်ဆောင်ရမည် ဖြစ်ပြီး

နိုင်ငံသားကတ် (မှတ်ပုံတင်) အစား ထောက်ခံစာတွေ ပြသပြီး ခရီး သွားလာခြင်း၊ အစစ်ဆေးခံခြင်းတွေကို ခွင့်ပြုတော့မှာ မဟုတ်ဘူးလို့ သိရပါတယ်။

နိုင်ငံသားကတ် (မှတ်ပုံတင်) အတု ကိုင်ဆောင်ခြင်းနဲ့ ကတ်အပို ကိုင်ဆောင်တာတွေဟာလည်း တည်ဆဲ ဥပဒေတွေအရ ပြစ်မှု မြောက်ကြောင်းနဲ့ စစ်ဆေး တွေ့ရှိပါက အရေးယူသွားမယ်လို့လည်း ထုတ်ပြန်ချက်မှာ အသိပေး ဖော်ပြထားပါတယ်။

အသက် ၁၆ နှစ်နဲ့ အထက် အကျုံးဝင်သူတွေကို ဥပဒေအရ ကိုင်ဆောင်သင့်တဲ့ ကတ်တစ်မျိုးမျိုး ထုတ်ပေးရေးအတွက် ပန်းခင်း စီမံချက်နဲ့ ရုံးမှာသာမက နေအိမ်တွေအထိ နိုင်ငံ တစ်ဝှမ်းလုံးမှ ကွင်းဆင်း ဆောင်ရွက်ပေးနေတာကြောင့် အရင်လို ထောက်ခံစာနဲ့ သွားလာခြင်းကို တားဆီးလိုက်တာလို့ ဆိုပါတယ်။

ဒါကြောင့် သီတင်းကျွတ်ကာလ ခရီးသွားကြမည့်သူများအတွက် မှတ်ပုံတင်မူရင်း ယူဆောင်သွားကြဖို့ အသိပေးလိုက်ပါတယ်။

Credit … White Sone

Zawgyi

သီတင္းကြၽတ္ကာလ ခရီးသြား အိမ္ျပန္ၾကမည့္သူေတြအတြက္

မၾကာမွီ ေရာက္ရွိလာေတာ့မွာ ျဖစ္တဲ့ သီတင္းကြၽတ္ ႐ုံးပိတ္ရက္ ခရီးသြားမည့္သူမ်ား အိမ္ျပန္ၾကမည့္သူမ်ားအတြက္ သိရွိထားရမည့္ အခ်က္မ်ားကို ေဖာ္ျပေပးလိုက္ပါတယ္။

လူဝင္မႈ ႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အား ဦးစီးဌာနရဲ႕ ထုတ္ျပန္ထားခ်က္မွာ ခရီးသြားလာရာတြင္ မွတ္ပုံတင္မူရင္း ယူေဆာင္သြားရမွာ ျဖစ္ၿပီး တည္းခို ေနထိုင္ရာေတြမွာ ေထာက္ခံစာ ခြင့္မျပဳေတာ့ဘဲ မွတ္ပုံတင္သာ ကိုင္ေဆာင္ရမယ္လို႔ ထုတ္ျပန္ထားၿပီး ျဖစ္ပါတယ္။

ေအာင္မဂၤလာ အေဝးေျပး ယာဥ္လိုင္းအခ်ိဳ႕ကလည္း သူတို႔ရဲ႕ လူမႈကြန္ယက္ စာမ်က္ႏွာမွ တဆင့္ ခရီးသြားမည့္သူမ်ား မွတ္ပုံတင္ မူရင္း မျဖစ္မေန ယူေဆာင္လာၾကဖို႔ အသိေပးထားတာ ေတြ႕ရပါတယ္။

YRTC ထုတ္ျပန္ခ်က္အရ ၄ – ၁၀ – ၂၀၂၂ ရက္ေန႔ ရန္ကုန္မွ အေဝးေျပး ခရီးသည္တင္ ယာဥ္လိုင္း ၁၉၇ လိုင္း၊ ယာဥ္စီးေရ – ၅၂၀ စီး၊ ခရီးသည္ – ၇၉၅၁ ဦး ရွိတယ္လို႔ သိရပါတယ္။

လူဝင္မႈ ႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အား ဦးစီးဌာနရဲ႕ ထုတ္ျပန္ခ်က္အရ ဧၿပီလ ၁ ရက္ေန႔မွ စတင္ကာ ခရီး သြားလာျခင္းနဲ႔ တည္းခိုေနထိုင္ရာ ေနရာေတြမွ ႏိုင္ငံသားကတ္ (မွတ္ပုံတင္)သာ ကိုင္ေဆာင္ရမည္ ျဖစ္ၿပီး

ႏိုင္ငံသားကတ္ (မွတ္ပုံတင္) အစား ေထာက္ခံစာေတြ ျပသၿပီး ခရီး သြားလာျခင္း၊ အစစ္ေဆးခံျခင္းေတြကို ခြင့္ျပဳေတာ့မွာ မဟုတ္ဘူးလို႔ သိရပါတယ္။

ႏိုင္ငံသားကတ္ (မွတ္ပုံတင္) အတု ကိုင္ေဆာင္ျခင္းနဲ႔ ကတ္အပို ကိုင္ေဆာင္တာေတြဟာလည္း တည္ဆဲ ဥပေဒေတြအရ ျပစ္မႈ ေျမာက္ေၾကာင္းနဲ႔ စစ္ေဆး ေတြ႕ရွိပါက အေရးယူသြားမယ္လို႔လည္း ထုတ္ျပန္ခ်က္မွာ အသိေပး ေဖာ္ျပထားပါတယ္။

အသက္ ၁၆ ႏွစ္နဲ႔ အထက္ အက်ဳံးဝင္သူေတြကို ဥပေဒအရ ကိုင္ေဆာင္သင့္တဲ့ ကတ္တစ္မ်ိဳးမ်ိဳး ထုတ္ေပးေရးအတြက္ ပန္းခင္း စီမံခ်က္နဲ႔ ႐ုံးမွာသာမက ေနအိမ္ေတြအထိ ႏိုင္ငံ တစ္ဝွမ္းလုံးမွ ကြင္းဆင္း ေဆာင္႐ြက္ေပးေနတာေၾကာင့္ အရင္လို ေထာက္ခံစာနဲ႔ သြားလာျခင္းကို တားဆီးလိုက္တာလို႔ ဆိုပါတယ္။

ဒါေၾကာင့္ သီတင္းကြၽတ္ကာလ ခရီးသြားၾကမည့္သူမ်ားအတြက္ မွတ္ပုံတင္မူရင္း ယူေဆာင္သြားၾကဖို႔ အသိေပးလိုက္ပါတယ္။

Credit … White Sone

Leave a Comment