အမျိုးသမီးများနတ်ပြည်သို့ အဘယ်ကြောင့်အရောက်များရသလဲ အမျိုးသမီးများသည် ခွန်အားဗလမှာသေးငယ်သော်လည်း ဉာဏ်ပညာအရာမှာ အမျိုသားများထက် လေးဆသာတယ်။ လုံ့လဝီရိယအရာမှာလည်း ခြောက်ဆသာတယ်ဟု မန်လည်ဆရာတော်ကဆိုပါသည်။ဒါကြောင့်လည်းကောသလမင်းကြီးဟာ တိုင်းသူပြည်သားများနဲ့အပြိုင် ဒါနပြုသည့်အခါ အသာဆုံး၊အမြတ်ဆုံး အသဒိသအလှူကြီးဖြစ်ဖို့ မလ္လိကာဖိဖုရားကြီး၏ ဉာဏ်ပညာနဲ့လုံ့လဝီရိယ အကူညီကိုယူခဲ့ရဘူးပါသည်။တဖန်အမျိုသမီးများသည် သဒ္ဓါယုံကြည်လွယ်သည် ကရုဏာသနားကြင်နာတတ်သည် စာဂစွန့်ကြဲမှု၌ ဝါသနာထုံသည် ပညာတွေးခေါ်မျှော်မြင်တတ်သည် ဝီရိယထကြွလုံလဝီရိယရှိတတ်သည်။ ဤငါးပါးသည် အမျိုးသမီးအများစုမှာ ရှိနေကြပါသည်။
ဒါကြောင့်အမျိုးသမီးများသည် အိမ်မှာနေလည်း သစ်သီးတစ်လုံးပန်းတစ်ပွင့် ဆွမ်းတစ်ယောက်မတော့ အမြဲလှူနေတတ်ကြသည်။ ဈေးဝယ်ထွက်ရင်း ခရီးထွက်ရင်း အလှူခံပုဂ္ဂိုလ်တွေ့ရင် အယုတ်အလတ်အမြတ်မရွေး ပေးလှူနေတတ်ကြသည်။ဒါကြောင့်လည်းသူတို့မှာနေ့တိုင်း ကုသိုလ်တွေက စုမိဆောင်းမိနေကြသည် ကျောင်းကန်ဘုရားများမှာ ဥပုသ်စောင့်လျှင် တရားနာလျှင် ဆွမ်းလောင်းလှူလျှင် တရားစခန်းဝင်ယောဂီတွေကစ အမျိုးသမီးတွေဘဲ များနေတတ်ကြသည်။ဤကုသိုလ်တွေကြောင့်ဘဲ ၎င်းတို့မှာနတ်ပြည်မှာ အဖြစ်များနေကြဟန်တူပါသည်။ ကျမ်းဂန်များအရ နတ်ပြည်မှာနတ်သားကရှားပြီး နတ်သမီးများမှာ အမတန်များပြီး နတ်သားတစ်ယောက်လျှင် နတ်သမီးကငါးရာတစ်ထောင် ရှိကြသည်ဟုဆိုပါသည်။
နေ့စဉ်သစ်သီးတစ်လုံး ပန်းတစ်ပွင့်ဆွမ်းတစ်ယောက်မအလှူများမှာ အမျိုးသားများ မလုပ်နိုင်သောအလှူ ဟုပင်ဆိုချင်ပါသည်။ အဘယ့်ကြောင့်ဆိုသော် အမျိုးသားများမှာ စားဝတ်နေရေး ရှာဖွေနေရသည်ကတစ်ကြောင်း (နည်းများမဆို ကုသိုလ်လေးတွေကို စိတ်မရောက်နိုင်) သဒ္ဓါတရားကို အမြဲသံသယ ဝင်နေတတ်ကြသည်ကတစ်ကြောင်းကိုယ်တွင်းဓာတ်ခံမှာ မာနတရားလေး ရှိနေတတ်ကြသည်ကလည်းတစ်ကြောင်း ဤအကြောင်းကြောင်းတွေကြောင့် အသေးအဖွဲကုသိုလ်လေးတွေ မစုမိကြတာဟုဆိုချင်ပါသည်။ “ကိုယ်ရှာထားတဲ့စည်းပွားဥစ္စာ မယားလှူတာ ယောက်ျားဖြစ်သူမရဘူးလား” မေးစရာရှိပါသည်။“မရပါဘူး” စိတ်မပါလျှင်လည်းမရဘူး မသိလျှင်လည်းမရပါဘူး။ အကုသိုလ်နဲ့ကုသိုလ်နှစ်ပါး ကံတရားကား မယားပြုရာစိတ်မပါလျှင်လင်မှာမရ လင်ပြုကလည်း မိန်းမအိမ်သူစိတ်မတူသော် မှတ်ယူမှန်စွာမရရှာဘူးတဲ့။ (မဃဒေဝ)
ဒါကြောင့်အမျိုးသမီးတွေမှာ နတ်ပြည်ရောက်နိုင်တဲ့ အခွင့်အရေးတွေ သူတို့မှာအများကြီးရှိနေပါသည်။ ကုန်ကုန်ပြောရသော် လင်ယောက်ျားဆူလို့ဆဲလို့သည်းခံပြီး အမျက်ဒေါသမထွက်လျှင်တောင် နတ်ပြည်ရောက်နိုင်ပါသည်။ သစ်သီးလေးတစ်လုံးလှူတာကစ နတ်ပြည်ရောက်နိုင်ပါသည်။သာဓကမှာအခါတပါး အရှင်မောဂ္ဂလာန်မထေရ်ကြီးဟာ နတ်ပြည်သို့ကြွတော်မူသောအခါ ကိုယ်ရောင်တောက်ပပြီး ဝင်းဝါနေတဲ့ နတ်သမီးများနဲ့တွေ့တော့ “အသင်နတ်သမီးလူ့ဘဝကဘအဘယ်ကုသိုလ်တွေများလုပ်ခဲ့လို့ ဒီလောက်ကြီးကျယ်တဲ့ ဗိမာန်ကြီးနဲ့ ကိုယ်ရောင်ကိုယ်ဝါတွေ တောက်ပလို့နေရတာလဲ” ဟုမေးပါသည်။
သည်အခါနတ်သမီးက “အရှင်ဘုရား မပြောပလောက်ပါဘူး ကုသိုလ်ရယ်လို့လည်း မရှိခဲ့ပါဘူး။ ကဿပဘုရားလက်ထက်က တပည့်တော်မသည် သူတစ်ပါးရဲ့ ကျွန်မဖြစ်ခဲ့ဘူးတယ်။ အဲဒီဘဝမှာ တပည့်တော်မရဲ့ လင်ယောကျ်ားဖြစ်သူကလည်း အမျိုးမျိုးနှိပ်စက်တယ် ရန်ရှာတယ်တွေ့တာနဲ့ကောက်ပေါက်တာ ဆံပင်ဆွဲခဏခဏ ရိုက်ပုပ်တာခံရတယ်။အဲ့ဒီခါတပည့်တော်မ ကိုယ့်ကိုယ်ကိုဆုံးမတယ် “ဤယောက်ျားကား နင့်အရှင်သခင်ဖြစ်သည်။ သံပူကပ်၍ တံဆိတ်ခပ်လျှင်လည်းခံရမည်။ ခြေ၊လက်၊နား၊နာခေါင်း ဖြတ်လျှင်လည်းခံရမည်။ ငါ၏လင်ယောကျ်ားသည် ငါ့အားအစိုးရပေသည်၊ အမျက်မထွက်နဲ့” ဟုမိမိကိုယ်ဆုံးမပြီး
အမျက်ဒေါသမထွက်ခဲ့ပါဘုရား။ ဒီလိုအမျက်ဒေါသကို ချုပ်တည်းနိုင်ခဲ့လို့ နတ်စည်းစိမ်ချမ်းသာကို ခံစားနေရတာပါဘုရား ဟုလျှောက်ပါသတဲ့။ နောက်မထေရ်ကြီးလည်း တစ်နေရာသွားပြန်တော့ နတ်သမီးတွေနဲ့တွေ့ပြန်ပါသတဲ့။ ဒီအခါမထေရ်ကြီးက“အသင်နတ်သမီးလူ့ဘဝက အဘယ်ကုသိုလ်တွေများ ပြုခဲ့တာပါလဲ”တဲ့။ နတ်သမီးက “အရှင်ဘုရား လူ့ဘဝကရဟန်းတစ်ပါးအား ကြံတစ်ချောင်းလှူခဲ့ပါတယ်ဘုရား” နောက်နတ်သမီးတစ်ပါးကလည်း “တပည့်တော်လည်း ရဟန်းတစ်ပါးအား တည်သီး လှူခဲ့ပါသည်ဘုရား”တဲ့။နောက်နတ်သမီးတစ်ပါးကလည်း “တပည့်တော်လည်း ရဟန်းတစ်ပါးအား တည်သီးလှူခဲ့ပါသည်ဘုရား”တဲ့။ နောက်ထပ်နတ်သမီးတစ်ပါးကလည်း “တပည့်တော်မလည်း ရဟန်းတစ်ပါးအား သခွါးသီးတစ်လုံးကိုလှူ ခဲ့ပါတယ်ဘုရား”တဲ့။ နောက်နတ်သမီးကလည်း ”တပည့်တော်မလည်း ဖက်သက်တရော်သီးကို လှူခဲ့ပါတယ်ဘုရား”တဲ့။
နောက်ထပ်နတ်သမီးကလည်း “သက်မြစ်တစ်ဆုပ်ကို လှူခဲ့ပါတယ်ဘုရား”တဲ့။ နောက်နတ်သမီးကလည်း “တပည့်တော်မလည်း တမာရွက်တစ်ဆုပ်ကို လှူခဲ့ပါတယ်ဘုရား”တဲ့။ ဤသို့သောကုသိုလ် အကြောင်းများကြောင့် နတ်စည်းချမ်းသာကို ခံစားနေရကြောင်း လျှောက်ထားကြပါသည်။အရှင်မောဂ္ဂလာန်မထေရ်ကြီးလည်း လူ့ပြည်သို့ပြန်ကြွပြီး ဘုရှင်းရှင်ကိုလျှောက်ထားခဲ့သည်။ “မြတ်စွာဘုရား၊ မပြောပလောက်တဲ့ ကုသိုလ်လေးတွေနဲ့ နတ်ပြည်ရောက်နိုင်သလားဘုရား”တဲ့။ ဘုရားရှင်က “ချစ်သားမောဂ္ဂလာန် ရောက်တယ်မရောက်ဘူးဆိုတာ သင်ကိုယ်တိုင် ဒိဋ္ဌမျက်မြင် တွေ့ခဲ့တယ်မဟုတ်လား” ဟုမိန့်တော်မူပါသည်။ဒါကြောင့်လူ့ပြည်မှာ ဘယ်သူတွေက ကုသိုလ်တွေ စုမိဆောင်းမိနေပြီ။ ဘယ်သူတွေကတော့ဖြင့် နတ်ပြည်ကိုအများဆုံး ရောက်နိုင်သည်ဆိုတာ သိလောက်ကြပြီထင်ပါသည်။ အဓိကကစေတနာဘဲ စေတနာကောင်းလျှင် ကံကောင်းနိုင်သည်။ အားလုံးကံကောင်းကြပါစေ။ (ဝန်းသိုအရှင်)
Credit
Zawgyi
အမ်ိဳးသမီးမ်ားနတ္ျပည္သို႔ အဘယ္ေၾကာင့္အေရာက္မ်ားရသလဲ အမ်ိဳးသမီးမ်ားသည္ ခြန္အားဗလမွာေသးငယ္ေသာ္လည္း ဉာဏ္ပညာအရာမွာ အမ်ိဳသားမ်ားထက္ ေလးဆသာတယ္။ လုံ႔လဝီရိယအရာမွာလည္း ေျခာက္ဆသာတယ္ဟု မန္လည္ဆရာေတာ္ကဆိုပါသည္။ဒါေၾကာင့္လည္းေကာသလမင္းႀကီးဟာ တိုင္းသူျပည္သားမ်ားနဲ႔အၿပိဳင္ ဒါနျပဳသည့္အခါ အသာဆုံး၊အျမတ္ဆုံး အသဒိသအလႉႀကီးျဖစ္ဖို႔ မလႅိကာဖိဖုရားႀကီး၏ ဉာဏ္ပညာနဲ႔လုံ႔လဝီရိယ အကူညီကိုယူခဲ့ရဘူးပါသည္။တဖန္အမ်ိဳသမီးမ်ားသည္ သဒၶါယုံၾကည္လြယ္သည္ က႐ုဏာသနားၾကင္နာတတ္သည္ စာဂစြန႔္ႀကဲမႈ၌ ဝါသနာထုံသည္ ပညာေတြးေခၚေမွ်ာ္ျမင္တတ္သည္ ဝီရိယထႂကြလုံလဝီရိယရွိတတ္သည္။ ဤငါးပါးသည္ အမ်ိဳးသမီးအမ်ားစုမွာ ရွိေနၾကပါသည္။
ဒါေၾကာင့္အမ်ိဳးသမီးမ်ားသည္ အိမ္မွာေနလည္း သစ္သီးတစ္လုံးပန္းတစ္ပြင့္ ဆြမ္းတစ္ေယာက္မေတာ့ အၿမဲလႉေနတတ္ၾကသည္။ ေဈးဝယ္ထြက္ရင္း ခရီးထြက္ရင္း အလႉခံပုဂၢိဳလ္ေတြ႕ရင္ အယုတ္အလတ္အျမတ္မေ႐ြး ေပးလႉေနတတ္ၾကသည္။ဒါေၾကာင့္လည္းသူတို႔မွာေန႔တိုင္း ကုသိုလ္ေတြက စုမိေဆာင္းမိေနၾကသည္ ေက်ာင္းကန္ဘုရားမ်ားမွာ ဥပုသ္ေစာင့္လွ်င္ တရားနာလွ်င္ ဆြမ္းေလာင္းလႉလွ်င္ တရားစခန္းဝင္ေယာဂီေတြကစ အမ်ိဳးသမီးေတြဘဲ မ်ားေနတတ္ၾကသည္။ဤကုသိုလ္ေတြေၾကာင့္ဘဲ ၎တို႔မွာနတ္ျပည္မွာ အျဖစ္မ်ားေနၾကဟန္တူပါသည္။ က်မ္းဂန္မ်ားအရ နတ္ျပည္မွာနတ္သားကရွားၿပီး နတ္သမီးမ်ားမွာ အမတန္မ်ားၿပီး နတ္သားတစ္ေယာက္လွ်င္ နတ္သမီးကငါးရာတစ္ေထာင္ ရွိၾကသည္ဟုဆိုပါသည္။
ေန႔စဥ္သစ္သီးတစ္လုံး ပန္းတစ္ပြင့္ဆြမ္းတစ္ေယာက္မအလႉမ်ားမွာ အမ်ိဳးသားမ်ား မလုပ္ႏိုင္ေသာအလႉ ဟုပင္ဆိုခ်င္ပါသည္။ အဘယ့္ေၾကာင့္ဆိုေသာ္ အမ်ိဳးသားမ်ားမွာ စားဝတ္ေနေရး ရွာေဖြေနရသည္ကတစ္ေၾကာင္း (နည္းမ်ားမဆို ကုသိုလ္ေလးေတြကို စိတ္မေရာက္ႏိုင္) သဒၶါတရားကို အၿမဲသံသယ ဝင္ေနတတ္ၾကသည္ကတစ္ေၾကာင္းကိုယ္တြင္းဓာတ္ခံမွာ မာနတရားေလး ရွိေနတတ္ၾကသည္ကလည္းတစ္ေၾကာင္း ဤအေၾကာင္းေၾကာင္းေတြေၾကာင့္ အေသးအဖြဲကုသိုလ္ေလးေတြ မစုမိၾကတာဟုဆိုခ်င္ပါသည္။ “ကိုယ္ရွာထားတဲ့စည္းပြားဥစၥာ မယားလႉတာ ေယာက္်ားျဖစ္သူမရဘူးလား” ေမးစရာရွိပါသည္။“မရပါဘူး” စိတ္မပါလွ်င္လည္းမရဘူး မသိလွ်င္လည္းမရပါဘူး။ အကုသိုလ္နဲ႔ကုသိုလ္ႏွစ္ပါး ကံတရားကား မယားျပဳရာစိတ္မပါလွ်င္လင္မွာမရ လင္ျပဳကလည္း မိန္းမအိမ္သူစိတ္မတူေသာ္ မွတ္ယူမွန္စြာမရရွာဘူးတဲ့။ (မဃေဒဝ)
ဒါေၾကာင့္အမ်ိဳးသမီးေတြမွာ နတ္ျပည္ေရာက္ႏိုင္တဲ့ အခြင့္အေရးေတြ သူတို႔မွာအမ်ားႀကီးရွိေနပါသည္။ ကုန္ကုန္ေျပာရေသာ္ လင္ေယာက္်ားဆူလို႔ဆဲလို႔သည္းခံၿပီး အမ်က္ေဒါသမထြက္လွ်င္ေတာင္ နတ္ျပည္ေရာက္ႏိုင္ပါသည္။ သစ္သီးေလးတစ္လုံးလႉတာကစ နတ္ျပည္ေရာက္ႏိုင္ပါသည္။သာဓကမွာအခါတပါး အရွင္ေမာဂၢလာန္မေထရ္ႀကီးဟာ နတ္ျပည္သို႔ႂကြေတာ္မူေသာအခါ ကိုယ္ေရာင္ေတာက္ပၿပီး ဝင္းဝါေနတဲ့ နတ္သမီးမ်ားနဲ႔ေတြ႕ေတာ့ “အသင္နတ္သမီးလူ႔ဘဝကဘအဘယ္ကုသိုလ္ေတြမ်ားလုပ္ခဲ့လို႔ ဒီေလာက္ႀကီးက်ယ္တဲ့ ဗိမာန္ႀကီးနဲ႔ ကိုယ္ေရာင္ကိုယ္ဝါေတြ ေတာက္ပလို႔ေနရတာလဲ” ဟုေမးပါသည္။
သည္အခါနတ္သမီးက “အရွင္ဘုရား မေျပာပေလာက္ပါဘူး ကုသိုလ္ရယ္လို႔လည္း မရွိခဲ့ပါဘူး။ ကႆပဘုရားလက္ထက္က တပည့္ေတာ္မသည္ သူတစ္ပါးရဲ႕ ကြၽန္မျဖစ္ခဲ့ဘူးတယ္။ အဲဒီဘဝမွာ တပည့္ေတာ္မရဲ႕ လင္ေယာက်္ားျဖစ္သူကလည္း အမ်ိဳးမ်ိဳးႏွိပ္စက္တယ္ ရန္ရွာတယ္ေတြ႕တာနဲ႔ေကာက္ေပါက္တာ ဆံပင္ဆြဲခဏခဏ ႐ိုက္ပုပ္တာခံရတယ္။အဲ့ဒီခါတပည့္ေတာ္မ ကိုယ့္ကိုယ္ကိုဆုံးမတယ္ “ဤေယာက္်ားကား နင့္အရွင္သခင္ျဖစ္သည္။ သံပူကပ္၍ တံဆိတ္ခပ္လွ်င္လည္းခံရမည္။ ေျခ၊လက္၊နား၊နာေခါင္း ျဖတ္လွ်င္လည္းခံရမည္။ ငါ၏လင္ေယာက်္ားသည္ ငါ့အားအစိုးရေပသည္၊ အမ်က္မထြက္နဲ႔” ဟုမိမိကိုယ္ဆုံးမၿပီး
အမ်က္ေဒါသမထြက္ခဲ့ပါဘုရား။ ဒီလိုအမ်က္ေဒါသကို ခ်ဳပ္တည္းႏိုင္ခဲ့လို႔ နတ္စည္းစိမ္ခ်မ္းသာကို ခံစားေနရတာပါဘုရား ဟုေလွ်ာက္ပါသတဲ့။ ေနာက္မေထရ္ႀကီးလည္း တစ္ေနရာသြားျပန္ေတာ့ နတ္သမီးေတြနဲ႔ေတြ႕ျပန္ပါသတဲ့။ ဒီအခါမေထရ္ႀကီးက“အသင္နတ္သမီးလူ႔ဘဝက အဘယ္ကုသိုလ္ေတြမ်ား ျပဳခဲ့တာပါလဲ”တဲ့။ နတ္သမီးက “အရွင္ဘုရား လူ႔ဘဝကရဟန္းတစ္ပါးအား ႀကံတစ္ေခ်ာင္းလႉခဲ့ပါတယ္ဘုရား” ေနာက္နတ္သမီးတစ္ပါးကလည္း “တပည့္ေတာ္လည္း ရဟန္းတစ္ပါးအား တည္သီး လႉခဲ့ပါသည္ဘုရား”တဲ့။ေနာက္နတ္သမီးတစ္ပါးကလည္း “တပည့္ေတာ္လည္း ရဟန္းတစ္ပါးအား တည္သီးလႉခဲ့ပါသည္ဘုရား”တဲ့။ ေနာက္ထပ္နတ္သမီးတစ္ပါးကလည္း “တပည့္ေတာ္မလည္း ရဟန္းတစ္ပါးအား သခြါးသီးတစ္လုံးကိုလႉ ခဲ့ပါတယ္ဘုရား”တဲ့။ ေနာက္နတ္သမီးကလည္း ”တပည့္ေတာ္မလည္း ဖက္သက္တေရာ္သီးကို လႉခဲ့ပါတယ္ဘုရား”တဲ့။
ေနာက္ထပ္နတ္သမီးကလည္း “သက္ျမစ္တစ္ဆုပ္ကို လႉခဲ့ပါတယ္ဘုရား”တဲ့။ ေနာက္နတ္သမီးကလည္း “တပည့္ေတာ္မလည္း တမာ႐ြက္တစ္ဆုပ္ကို လႉခဲ့ပါတယ္ဘုရား”တဲ့။ ဤသို႔ေသာကုသိုလ္ အေၾကာင္းမ်ားေၾကာင့္ နတ္စည္းခ်မ္းသာကို ခံစားေနရေၾကာင္း ေလွ်ာက္ထားၾကပါသည္။အရွင္ေမာဂၢလာန္မေထရ္ႀကီးလည္း လူ႔ျပည္သို႔ျပန္ႂကြၿပီး ဘုရွင္းရွင္ကိုေလွ်ာက္ထားခဲ့သည္။ “ျမတ္စြာဘုရား၊ မေျပာပေလာက္တဲ့ ကုသိုလ္ေလးေတြနဲ႔ နတ္ျပည္ေရာက္ႏိုင္သလားဘုရား”တဲ့။ ဘုရားရွင္က “ခ်စ္သားေမာဂၢလာန္ ေရာက္တယ္မေရာက္ဘူးဆိုတာ သင္ကိုယ္တိုင္ ဒိ႒မ်က္ျမင္ ေတြ႕ခဲ့တယ္မဟုတ္လား” ဟုမိန႔္ေတာ္မူပါသည္။ဒါေၾကာင့္လူ႔ျပည္မွာ ဘယ္သူေတြက ကုသိုလ္ေတြ စုမိေဆာင္းမိေနၿပီ။ ဘယ္သူေတြကေတာ့ျဖင့္ နတ္ျပည္ကိုအမ်ားဆုံး ေရာက္ႏိုင္သည္ဆိုတာ သိေလာက္ၾကၿပီထင္ပါသည္။ အဓိကကေစတနာဘဲ ေစတနာေကာင္းလွ်င္ ကံေကာင္းႏိုင္သည္။ အားလုံးကံေကာင္းၾကပါေစ။ (ဝန္းသိုအရွင္)
Credit