“ထမင်းပူကို မစားပါနဲ့” “ကြွေသီးကိုသာ စားပါ” “ရောက်ရာဒေသ ခြေရာချခဲ့ပါ” စကားပုံ၏ အဓိပ္ပါယ်
(၁) ထမင်းပူကို မစားနဲ့။
(၂) ကြွေသီးကိုသာ စားပါ။
(၃) ရောက်ရာဒေသ ခြေရာချခဲ့ပါ။
စကား(၃)ခွန်းရဲ့ အဓိပ္ပါယ်
(၁) ဘ၀တစ်လျှောက်လုံးမှာ ထမင်းပူကို မစားပါနဲ့။ ထမင်းအေးကိုပဲ စားပါ ။
ထမင်းပူဆိုတာ သူတစ်ပါး မျက်ရည်ပေါက်ကြီးငယ်ကျမှ စားရတဲ့ထမင်းကို ခေါ်တာပါ။ ဘယ်တော့မှ မစားမိပါစေနဲ့။ အခုအချိန် စားကောင်းချင် ကောင်းမယ်၊ သံသရာမှာ အလွန်ပူလောင်တတ်တယ်။
ထမင်းအေး ဆိုတာကတော့ မင်းကို ချစ်လို့ ခင်လို့ တန်ဖိုးထားလို့ ကြည်ညိုလို့ ကျွေးလာတဲ့ ထမင်းပဲ ။ ငါးပိရည်နဲ့ပဲ စားရ စားရ သံသရာမှာ အေးမြပါတယ်။ စားတတ်အောင် ကြိုးစားပါနော်။
(၂) အသီးကို စားမယ်ဆိုရင် ကြွေသီးကိုပဲ စားပါ။ ဘယ်တော့မှ ခူးမစားပါနဲ့။ ကြွေသီး စားပါ ဆိုတာ မင်းကို ချစ်လို့ ခင်လို့ ကြည်ညိုလို့ ကျွေးလာတဲ့အသီးကို စားပါလို့ ဆိုလိုတာပါ။
ဒါပေမယ့် ကြွေသီးတိုင်းလည်း မစားရဘူး ။ ကြွေသီးပေမယ့် မစင်ပုံပေါ် ကျရင် မင်းမစားတော့ဘူး မဟုတ်လား။ ဒီလိုပဲ ကြွေသီးတော့ ကြွေသီး။
မင်းကို ချစ်လို့ ခင်လို့ ကြည်ညိုုလို့ လာပေးတယ်။ ဒါပေမယ့် နောက်ကွယ်မှာ မျှော်လင့်ချက်တွေ ရလိုမှုတွေ ပါနေရင် မစားရဘူး။ မစားကောင်းပါဘူး။
ခူးမစားပါနဲ့ဆိုတာ မင်က ကူညီိစရာရှိရင် ကူညီ၊ လုပ်စရာရှိရင် လုပ်ပေးလိုက်ပါ။ အဲဒါကို ကူညီခ၊ လုပ်ပေးခ တောင်းနေရင် ခူးစားတာပဲ။
သူတစ်ပါးကို ကူညီပါ။ သူတို့ဆီက ကျေးဇူးတင်စကားတစ်ခွန်းတောင် မမျှော်လင့်ပါနဲ့။ မျှော်လင့်ပြီး ကူညီတာ ခူးစားတာပဲ။ မင်း ဘယ်တော့မှ ခူးမစားပါလေနဲ့။
(၃) တတိယ စကားကတော့ – ချိုးငှက်လေးတွေ ခါငှက်လေးတွေဟာ မြေမှာနားပြီး ပြန်သွားရင် ခြေရာ ထားခဲ့တယ် ။
ဒီလိုပါပဲ၊ မင်းလည်း ဘယ်နေရာ ဘယ်ဒေသ ရောက်ရောက် မင်း ပြန်ရင် မင်း ခြေရာကျန်ခဲ့ပါစေ။
ဒီလိုပါပဲ လူ့လောကကြီးကို တို့တတွေ လာခဲ့ကြ၊ တို့ပြန်ရင် တို့ခြေရာတွေ ကျန်မှ ဖြစ်မယ်။
သဘောကျ၍ ပြန်လည် မျှဝေပါသည်။
Credit – (ဘဝဂုဏ်ရည်)အရှင်ကုသလ USA
Zawgyi
“ထမင္းပူကို မစားပါနဲ႔” “ေႂကြသီးကိုသာ စားပါ” “ေရာက္ရာေဒသ ေျခရာခ်ခဲ့ပါ” စကားပုံ၏ အဓိပၸါယ္
(၁) ထမင္းပူကို မစားနဲ႔။
(၂) ေႂကြသီးကိုသာ စားပါ။
(၃) ေရာက္ရာေဒသ ေျခရာခ်ခဲ့ပါ။
စကား(၃)ခြန္းရဲ႕ အဓိပၸါယ္
(၁) ဘ၀တစ္ေလွ်ာက္လုံးမွာ ထမင္းပူကို မစားပါနဲ႔။ ထမင္းေအးကိုပဲ စားပါ ။
ထမင္းပူဆိုတာ သူတစ္ပါး မ်က္ရည္ေပါက္ႀကီးငယ္က်မွ စားရတဲ့ထမင္းကို ေခၚတာပါ။ ဘယ္ေတာ့မွ မစားမိပါေစနဲ႔။ အခုအခ်ိန္ စားေကာင္းခ်င္ ေကာင္းမယ္၊ သံသရာမွာ အလြန္ပူေလာင္တတ္တယ္။
ထမင္းေအး ဆိုတာကေတာ့ မင္းကို ခ်စ္လို႔ ခင္လို႔ တန္ဖိုးထားလို႔ ၾကည္ညိဳလို႔ ေကြၽးလာတဲ့ ထမင္းပဲ ။ ငါးပိရည္နဲ႔ပဲ စားရ စားရ သံသရာမွာ ေအးျမပါတယ္။ စားတတ္ေအာင္ ႀကိဳးစားပါေနာ္။
(၂) အသီးကို စားမယ္ဆိုရင္ ေႂကြသီးကိုပဲ စားပါ။ ဘယ္ေတာ့မွ ခူးမစားပါနဲ႔။ ေႂကြသီး စားပါ ဆိုတာ မင္းကို ခ်စ္လို႔ ခင္လို႔ ၾကည္ညိဳလို႔ ေကြၽးလာတဲ့အသီးကို စားပါလို႔ ဆိုလိုတာပါ။
ဒါေပမယ့္ ေႂကြသီးတိုင္းလည္း မစားရဘူး ။ ေႂကြသီးေပမယ့္ မစင္ပုံေပၚ က်ရင္ မင္းမစားေတာ့ဘူး မဟုတ္လား။ ဒီလိုပဲ ေႂကြသီးေတာ့ ေႂကြသီး။
မင္းကို ခ်စ္လို႔ ခင္လို႔ ၾကည္ညိဳုလို႔ လာေပးတယ္။ ဒါေပမယ့္ ေနာက္ကြယ္မွာ ေမွ်ာ္လင့္ခ်က္ေတြ ရလိုမႈေတြ ပါေနရင္ မစားရဘူး။ မစားေကာင္းပါဘူး။
ခူးမစားပါနဲ႔ဆိုတာ မင္က ကူညီိစရာရွိရင္ ကူညီ၊ လုပ္စရာရွိရင္ လုပ္ေပးလိုက္ပါ။ အဲဒါကို ကူညီခ၊ လုပ္ေပးခ ေတာင္းေနရင္ ခူးစားတာပဲ။
သူတစ္ပါးကို ကူညီပါ။ သူတို႔ဆီက ေက်းဇူးတင္စကားတစ္ခြန္းေတာင္ မေမွ်ာ္လင့္ပါနဲ႔။ ေမွ်ာ္လင့္ၿပီး ကူညီတာ ခူးစားတာပဲ။ မင္း ဘယ္ေတာ့မွ ခူးမစားပါေလနဲ႔။
(၃) တတိယ စကားကေတာ့ – ခ်ိဳးငွက္ေလးေတြ ခါငွက္ေလးေတြဟာ ေျမမွာနားၿပီး ျပန္သြားရင္ ေျခရာ ထားခဲ့တယ္ ။
ဒီလိုပါပဲ၊ မင္းလည္း ဘယ္ေနရာ ဘယ္ေဒသ ေရာက္ေရာက္ မင္း ျပန္ရင္ မင္း ေျခရာက်န္ခဲ့ပါေစ။
ဒီလိုပါပဲ လူ႔ေလာကႀကီးကို တို႔တေတြ လာခဲ့ၾက၊ တို႔ျပန္ရင္ တို႔ေျခရာေတြ က်န္မွ ျဖစ္မယ္။
သေဘာက်၍ ျပန္လည္ မွ်ေဝပါသည္။
Credit – (ဘဝဂုဏ္ရည္)အရွင္ကုသလ USA