“မွေးနေ့ သောကြာ တနင်္လာ ကေသာဆံဖြတ် မပြုအပ်” တဲ့ အကြောင်းရင်း

“မွေးနေ့ သောကြာ တနင်္လာ ကေသာဆံဖြတ် မပြုအပ်” တဲ့ အကြောင်းရင်း

ငယ်ငယ်ကတည်းက အမှတ်လွဲကြီးကို မှတ်လာခဲ့ရတာ အခုမှပဲ ကိုယ့်လွဲနေမှန်း သိလိုက်ရတယ်။

ဘာတဲ့ မွေးနေ့ သောကြာ၊ တနင်္လာ၊ ကေသာဆံသ မပြုရ တဲ့။ ဆိုရိုးစကား အားလုံးလည်း ကြားဖူးမှာပေါ့။

အဓိပ္ပာယ်မှန်ကို သိတဲ့သူ ရှိသလို ကိုယ့်လို အလွဲကြီး သိထားမိတဲ့သူတွေလည်း ရှိကြမှာပါ။

(စာရေးသူသည် မိမိမွေးနေ့၊ သောကြာနေ့၊ တနင်္လာနေ့များတွင် ဆံပင်ကို ပြုပြင်ခြင်း မပြုရဟုသာ ထင်ခဲ့မိသောကြောင့် ဖြစ်ပါသည်)

ထိုဆိုးရိုးစကား ဘယ်ကဘယ်လို ဖြစ်ပေါ်လာခဲ့တာလဲဆိုရင် ဗုဒ္ဓဘာသာလူမျိုး (ရဟန်း၊ ရှင်လူ)တို့မှ ဆင်းသက်လာတာဟု ပြောလို့ ရပါသည်။

အဘယ်ကြောင့်ဆိုသော် ဤဆိုရိုးစကားသည် မြတ်ဗုဒ္ဓ အကြောင်းနှင့် လုံးဝ သက်ဆိုင်နေသောကြောင့် ဖြစ်သည်။

မြတ်ဗုဒ္ဓသည် မဟာသက္ကရာဇ် ၆၈ – ခုနှစ်၊ ကဆုန်လပြည့် (သောကြာ) နေ့တွင် မွေးဖွားခဲ့သည်။

မဟာသက္ကရာဇ် ၉၇ -ခုနှစ်၊ ဝါဆိုလပြည့် တနင်္ဂနွေနေ့တွင် ပါရမီဉာဏ် ပေါက်၍ တောထွက်ချင်စိတ် ဖြစ်ပေါ်လာသောကြောင့် ဆန္နမြင်းထိန်းကို ခေါ်၍ ကဏ္ဏ္ထမြင်းကို စီးလျက် တောထွက်လာခဲ့ရာ တစ်ည လွန်မြောက်ပြီး တနင်္လာနေ့မြတ်ကူးမှ အနော်မာ မြစ်ကမ်းသို့ ရောက်ရှိခဲ့လေသည်။

ထိုနေ့၌ပင် ဆံပင် မုတ်ဆိတ်ကျင်စွယ်ကို ရိတ်သိမ်းပြီးလျှင် ဃဋိကာရ ဗြဟ္မာမင်း ကပ်လှူသော သင်္ကန်း ပရိက္ခရာတို့ကို လက်ခံယူခဲ့သည်။

ထိုမှ နောက်ပိုင်းကာလတွင် ဘုရားအဖြစ်သို့ ရောက်ရှိခဲ့ပါသည်။

ထို့ကြောင့် ဗုဒ္ဓကို ကြည်ညိုသူတို့အား မြတ်ဗုဒ္ဓ၏ မွေးဖွား (သောကြာ) ရက်နှင့် မွေးရက်တူသူတို့ကို မြတ်ဗုဒ္ဓ ဆံတော် ပယ်ခဲ့သော (တနင်္လာ) ရက်ကို

မြတ်ဗုဒ္ဓကို လေးစား တန်ဖိုးထားသောအားဖြင့် ဆံပင်ကို ပြုပြင်ခြင်း မလုပ်ကြဖို့ ရှေးပညာရှိ ရဟန်းရှင်လူတို့ ဆုံးမခဲ့ခြင်း ဖြစ်လေသည်။

မှတ်ချက်။ သောကြာနေ့ဖွား သားသ္မီးတို့မှတစ်ပါး အခြားနေ့နံ ဖွားသူတို့သည် မည်သည့်ရက်မဆို ဆံပင်ကို ပြုပြင်လို့ ရပါကြောင်း –

Credit

Zawgyi

“ေမြးေန႔ ေသာၾကာ တနလၤာ ေကသာဆံျဖတ္ မျပဳအပ္” တဲ့ အေၾကာင္းရင္း

ငယ္ငယ္ကတည္းက အမွတ္လြဲႀကီးကို မွတ္လာခဲ့ရတာ အခုမွပဲ ကိုယ့္လြဲေနမွန္း သိလိုက္ရတယ္။

ဘာတဲ့ ေမြးေန႔ ေသာၾကာ၊ တနလၤာ၊ ေကသာဆံသ မျပဳရ တဲ့။ ဆို႐ိုးစကား အားလုံးလည္း ၾကားဖူးမွာေပါ့။

အဓိပၸာယ္မွန္ကို သိတဲ့သူ ရွိသလို ကိုယ့္လို အလြဲႀကီး သိထားမိတဲ့သူေတြလည္း ရွိၾကမွာပါ။

(စာေရးသူသည္ မိမိေမြးေန႔၊ ေသာၾကာေန႔၊ တနလၤာေန႔မ်ားတြင္ ဆံပင္ကို ျပဳျပင္ျခင္း မျပဳရဟုသာ ထင္ခဲ့မိေသာေၾကာင့္ ျဖစ္ပါသည္)

ထိုဆိုး႐ိုးစကား ဘယ္ကဘယ္လို ျဖစ္ေပၚလာခဲ့တာလဲဆိုရင္ ဗုဒၶဘာသာလူမ်ိဳး (ရဟန္း၊ ရွင္လူ)တို႔မွ ဆင္းသက္လာတာဟု ေျပာလို႔ ရပါသည္။

အဘယ္ေၾကာင့္ဆိုေသာ္ ဤဆို႐ိုးစကားသည္ ျမတ္ဗုဒၶ အေၾကာင္းႏွင့္ လုံးဝ သက္ဆိုင္ေနေသာေၾကာင့္ ျဖစ္သည္။

ျမတ္ဗုဒၶသည္ မဟာသကၠရာဇ္ ၆၈ – ခုႏွစ္၊ ကဆုန္လျပည့္ (ေသာၾကာ) ေန႔တြင္ ေမြးဖြားခဲ့သည္။

မဟာသကၠရာဇ္ ၉၇ -ခုႏွစ္၊ ဝါဆိုလျပည့္ တနဂၤေႏြေန႔တြင္ ပါရမီဉာဏ္ ေပါက္၍ ေတာထြက္ခ်င္စိတ္ ျဖစ္ေပၚလာေသာေၾကာင့္ ဆႏၷျမင္းထိန္းကို ေခၚ၍ ကဏၰၳျမင္းကို စီးလ်က္ ေတာထြက္လာခဲ့ရာ တစ္ည လြန္ေျမာက္ၿပီး တနလၤာေန႔ျမတ္ကူးမွ အေနာ္မာ ျမစ္ကမ္းသို႔ ေရာက္ရွိခဲ့ေလသည္။

ထိုေန႔၌ပင္ ဆံပင္ မုတ္ဆိတ္က်င္စြယ္ကို ရိတ္သိမ္းၿပီးလွ်င္ ဃဋိကာရ ျဗဟၼာမင္း ကပ္လႉေသာ သကၤန္း ပရိကၡရာတို႔ကို လက္ခံယူခဲ့သည္။

ထိုမွ ေနာက္ပိုင္းကာလတြင္ ဘုရားအျဖစ္သို႔ ေရာက္ရွိခဲ့ပါသည္။

ထို႔ေၾကာင့္ ဗုဒၶကို ၾကည္ညိဳသူတို႔အား ျမတ္ဗုဒၶ၏ ေမြးဖြား (ေသာၾကာ) ရက္ႏွင့္ ေမြးရက္တူသူတို႔ကို ျမတ္ဗုဒၶ ဆံေတာ္ ပယ္ခဲ့ေသာ (တနလၤာ) ရက္ကို

ျမတ္ဗုဒၶကို ေလးစား တန္ဖိုးထားေသာအားျဖင့္ ဆံပင္ကို ျပဳျပင္ျခင္း မလုပ္ၾကဖို႔ ေရွးပညာရွိ ရဟန္းရွင္လူတို႔ ဆုံးမခဲ့ျခင္း ျဖစ္ေလသည္။

မွတ္ခ်က္။ ေသာၾကာေန႔ဖြား သားသၼီးတို႔မွတစ္ပါး အျခားေန႔နံ ဖြားသူတို႔သည္ မည္သည့္ရက္မဆို ဆံပင္ကို ျပဳျပင္လို႔ ရပါေၾကာင္း –

Credit

Leave a Comment