လူမဆန်တဲ့ တဏှာရူးကောင်ကြောင့် လောကကြီးကနေ ထွက်ခွါသွားခဲ့ရတဲ့ (၁၃)နှစ်အရွယ် ညီမလေး
တောင်ငူမြို့ ရွှေလေးအင်ကျေးရွာ အုပ်စု နေ အပြစ်ကင်းစင်တဲ့ ကျွန်တော်တို့ရဲ့ ညီမလေး လူမဆန်တဲ့လောဘသား ကောင်ကြောင့် လောကကြီးကနေ ပင်ပန်းဆင်းရဲစွာနဲ့ ထွက်သွားခဲ့ရပါတယ်။
ဒီနေ့ဆို ၇ ရက်လည်ခဲ့ပါပြီ ညီမလေးက အသက် ၁၄ နှစ်ပါမိသားစု 5 ယောက်ရှိပါတယ် အမေဖြစ်သူက လယ်ထဲသွားနေတယ်။
ကျန် ကလေးနှစ်ယောက်က ကျောင်းသွားနေတယ် အဖေဖြစ်သူနဲ့ နေ့လည် ၁၂ နာရီလောက်အထိ အလုပ်အတူ လုပ်နေခဲ့ပြီး အဖေက ရွာထဲသွားနေစဉ်
ကလေး တစ်ယောက်ထဲ ရှိနေချိန်လောဘသား ကောင်က ရည်ရွယ်ချက်ရှိရှိနဲ့ dar ပါကိုင်ဆောင်လာပြီး ကလေးအား အိမ်ပေါ်ထိ ကျူးကျော်ပြီး
ရက်ရက်စက်စက် မတရားပြုကျင့်ပြီး ကလေးကို အသက်မ tayမချင်း ညှင်းပန်းနှိ-ပ်စက်ခဲ့ပါတယ်။
အဲ့နေ့က တစ်နေကုန် မိုးတွေလဲ အရမ်းရွာနေခဲ့ပြီး အိမ်ခြေကလည်း ဝေးနဲ့ ကလေးခမျာ အော်နေပေမယ့်
ဘယ်သူမှ မကြားနိုင် မကူညီနိုင်နဲ့ လောကကြီးကနေ ပင်ပန်း ဆင်းရဲစွာနဲ့ ထွက်သွား ခဲ့ရပါတယ်။
ကလေးကို တွေ့တဲ့အချိန်မှာ ထွက်သက်ဝင်သက် မမှီလိုက်တော့ပါဘူး။
အမှု ဖြစ်တဲ့ကြာချိန်က တစ်နာရီ ခွဲ နှစ်နာရီ ဝန်းကျင်လောက် ကြာနိုင်ပါတယ်။
လောဘသားကောင် အပါအဝင်ကျန် ၃ ယောက်ကို ၁၂ ရက်နေ့ ညနေမှာပဲ ရဲက မသင်ကာမှုနဲ့ ဖမ်းသွားပြီး
ညတွင်းချင်း စစ်ဆေးရာမှာ လောဘသားကောင်က အပြစ်ဝန်ခံလာပါတယ်။
ကလေးကို နှိပ်စက်ခဲ့စဉ်က အသုံးပြုခဲ့တဲ့ dar မြောင်ကိုပါ ရှာဖွေတွေ့ရှိ ခဲ့ပါတယ်။
ဒီဖြစ်ရပ်ကြီးက ကျွန်တော်တို့ အတွက် သိပ်ကို စိတ်ထိခိုက် စေခဲ့တယ်။
၇ ရက်လည်မှ ပဲ ကျွန်တော်ကိုယ်တိုင် စိတ်အနည်းငယ် တည်ငြိမ်လာလို့ အားလုံးပဲ ကျွန်တော့ ညီမလေးလို အဖြစ်ဆိုးမျိုး မကြုံရအောင် ဝေမျှရခြင်း ဖြစ်ပါတယ်။
ကျွန်တော် တို့ဘက်ကတော့ လောဘသား ကောင်ကို သူလုပ်ခဲ့တဲ့ပြစ်မှုနဲ့ တန်အောင် ဥပဒေအရအရေးယူ နိုင်ဖို့ ကြိုးစားသွားမှာပါ
အားလုံးပဲ ကိုယ့်ရဲ့ ရင်သွေးညီငယ် ညီမငယ်လေးတွေကို စောင့်ရှောက်နိုင်ကြပါစေဗျာ သတိဆိုတာပိုတယ် မရှိဘူးဗျ။
Zawgyi