မိုးလေဝသဆရာမလေး စုစုစံရဲ့ခန့်မှန်းချက်

မိုးလေဝသဆရာမလေး စုစုစံရဲ့ခန့်မှန်းချက်

တိကျမှန်ကန်တဲ့ မိုးလေဝသဆရာမလေး စုစုစံရဲ့ခန့်မှန်းချက်

မိုးလေးတစ်ရက် နှစ်ရက်ပြတ်သွားရင် ပူတယ်ပြောကြတဲ့ရန်ကုန် ပူတယ်မပြောနဲ့ ရော့ယူလိုက်မိုးတွေ ISSUED TIME 06/10/2022

OCTOBER RAIN ဆောင်းခိုငှက်တွေကိုကြို့မည့်မိုး ၂၀၂၂အောက်တိုဘာလ ၆ရက်နေ့မှ နိုဝင်ဘာလ ၆ရက်နေ့အတွင်း ကချင်ပြည်နယ်တစ်ခုလုံးမိုးများစွာရွာသွန်းနိုင်ပြီး

ကချင်ပြည်နယ်မြောက်ပိုင်း မေခ မလိခ မြစ်ဖျား ပူတာအိုခရိုင်ကြီးမှာ ရွာသွန်းမြဲထက် ၃ဆပိုမိုရွာသွန်းနိုင်သဖြင့် ရေကြီးရေလျှံဖြစ်ပေါ်နိုင်မှုကို အထူးသတိထားကြရမှာဖြစ်ပါတယ်

အညာမြေ မြေပဲဖော်ကြမည့်သူတွေ မိုးသတိ

၂၀၂၂ အောက်တိုဘာလ ၈ရက်နေ့တွင် ပုဂံ ညောင်ဦး ငါ့သရောက် ဝဲလောင် တောင်သာမြင်းခြံ မလှိုင် မိတ္ထီလာ ဒေသများတွင် မိုးရွာနိုင်သဖြင့် မြေပဲဖော်မည့်တောင်သူများ မိုးကြောင့်အခက်ကြုံရနိုင်ပါတယ်

၂၀၂၂ အောက်တိုဘာလ ၉ရက်နေ့မှ ၁၂ရက်နေ့အတွင်း ရှမ်းပြည်နယ်ကချင်ပြည်နယ်နှင့်စစ်ကိုင်းတိုင်းတွေမှာ မိုးရွာနိုင်ပါတယ်

မိုးနည်းရပ်ဝန်းမှသည် မိုးများရပ်ဝန်းဆီသို့

မန္တလေးတိုင်းစစ်ကိုင်းတိုင်း မကွေးတိုင်းဒေသကြီးတွေသည် မိုးခေါင်ရေရှားရပ်ဝန်းဖြစ်ပါတယ် နွေရာသီရောက်ပြီဆိုလျှင် ကန်ရေခမ်းခြောက်ပြီး ကျွဲနွားတိရိစ္ဆာန် တွေတောင်သောက်သုံးရေပြတ်လပ်ပြီး ပိုင်ရှင်သခင်တွေက ရေရရှိနိုင်ရာအထိသွားရောက်ကာရေစည်တိုက်ပြီး နွားတွေရေသောက်ဖို့လုပ်ဆောင်ကြရပါတယ်

ယခုနှစ် ၂၀၂၂ အောက်တိုဘာလမှာ တောင်တရုတ်ပင်လယ်ပြင်မှာ မုန်တိုင်း ၂လုံးသိုမဟုတ် ၃လုံးထိဖြစ်နိုင်ပြီး ဗီယက်နမ်းကိုဝင်ရောက်တိုက်ခတ်နိုင်ပါတယ် အဆိုပါမုန်တိုင်းတွေရဲ့ အထက်လေစီး UAC က ရှမ်းရိုးမတောင်တန်းကြီးတွေကိုကျော်လွန်ကာ မိုးနည်းရပ်ဝန်းကြီးဖြစ်တဲ့ မန္တလေးတိုင်းစစ်ကိုင်းတိုင်းမကွေးတိုင်းတွေမှာ ကန်ရေပြည်လျှံအောင်မိုးတွေရွာမှာဖြစ်ပါတယ်

အောက်တိုဘာလထဲမှာ ကချင်ပြည်နယ်ကြီးမှာလည်း မုတ်သုန်နုတ်ဆက်မိုးတွေများစွာရွာသွန်းနိုင်ပါတယ် အဆိုပါဒေသတွေရဲ့မိုးရွာသွန်းမှုကြောင့် အောက်တိုဘာလအတွင်း ဧရာဝတီမြစ်ရေတိုးလာနိုင်သေးသဖြင့် ဧရာဝတီတိုင်းအတွင်းရှိ ရေကျကျွန်းပေါ် မြေနုကျွန်းစိုက်ပျိုးကြမည့်သူများ

အစောတလျှင် မစိုက်ပျိုးသင့်သေးပါဘူး နိုဝင်ဘာလရောက်မှသာလျှင်စိုက်ပျိုးသင့်ပါတယ် မိတ္ထီလာခရိုင်နှင့်ရမည်းသင်းခရိုင်ဒေသတွေမှာ ရွာသွန်းမြဲထက်၂ဆပိုမိုရွာသွန်းနိုင်သဖြင့် တပ်ကုန်းရမည်းသင်း

ရွှေဒါး ရွာတန်း၂၄ရွာ ပျော်ဘွယ် သာစည် လှိုင်းတက် တောမ မိတ္ထီလာ ဝမ်းတွင်း ဒေသရှိ စပျစ်စိုက်ပျိုးကြသူများ စပျစ်ဖြတ်ခြင်းသတိထားကြပါ မိုးကြောင့် စပျစ်ဖူးပွင့်တွေပျက်စီးနိုင်ပါတယ်

ကျောက်ဆည် စဉ့်ကိုင် မြို့ကြီး မြစ်သားကူမဲဒေသတွေမှာ ရွာသွန်းမြဲထက် ၃ဆပိုမိုရွာသွန်းနိုင်သဖြင့် ရဲရွာ မြို့ကြီး ကင်းတားဆည်ကြီးများ ရေများစွာစီးဝင်လာနိုင်ပါတယ်

ညောင်ဦးခရိုင်ပခုက္ကူခရိုင် မြင်းခြံရိုင် မုံရွာခရိုင်ဒေသတွေသည်လည်း ရွာသွန်းမြဲထက်၂ဆပိုမိုရွာသွန်းနိုင်သဖြင့် ဒေသအတွင်းရှိ ဆည်တမံ ကန်ချောင်းများ နွေရာသီရေပြတ်လပ်မှုမရှိအောင် ကန်ရေဝင်အားကောင်းအောင်ပြုလုပ်ခြင်း ထူးပေါက်ရှိမရှိစစ်ဆေးထိမ်းသိမ်းခြင်း( maintenance required) များလုပ်ဆောင်ထားသင့်ပါတယ်

ဒါမှလည်း နွေရာသီ ရေရှားမှုက ယခုလမိုးများစွာရွာသွန်းနိုင်ခြင်းကနေပြီး ရေရှားမှုမဖြစ်အောင် ထိထိမိမိလုပ်ဆောင်နိုင်တဲ့ အခွင့်အရေးကြီးတစ်ခုပါပဲ မိုးနည်းရပ်ဝန်းကနေ ယခုလမှာ မိုးများရပ်ဝန်းဖြစ်လာပါလိမ့်မယ်

Zawgyi

မိုးေလဝသဆရာမေလး စုစုစံရဲ႕ခန႔္မွန္းခ်က္

တိက်မွန္ကန္တဲ့ မိုးေလဝသဆရာမေလး စုစုစံရဲ႕ခန႔္မွန္းခ်က္

မိုးေလးတစ္ရက္ ႏွစ္ရက္ျပတ္သြားရင္ ပူတယ္ေျပာၾကတဲ့ရန္ကုန္ ပူတယ္မေျပာနဲ႔ ေရာ့ယူလိုက္မိုးေတြ ISSUED TIME 06/10/2022

OCTOBER RAIN ေဆာင္းခိုငွက္ေတြကိုႀကိဳ႕မည့္မိုး ၂၀၂၂ေအာက္တိုဘာလ ၆ရက္ေန႔မွ ႏိုဝင္ဘာလ ၆ရက္ေန႔အတြင္း ကခ်င္ျပည္နယ္တစ္ခုလုံးမိုးမ်ားစြာ႐ြာသြန္းႏိုင္ၿပီး

ကခ်င္ျပည္နယ္ေျမာက္ပိုင္း ေမခ မလိခ ျမစ္ဖ်ား ပူတာအိုခ႐ိုင္ႀကီးမွာ ႐ြာသြန္းၿမဲထက္ ၃ဆပိုမို႐ြာသြန္းႏိုင္သျဖင့္ ေရႀကီးေရလွ်ံျဖစ္ေပၚႏိုင္မႈကို အထူးသတိထားၾကရမွာျဖစ္ပါတယ္

အညာေျမ ေျမပဲေဖာ္ၾကမည့္သူေတြ မိုးသတိ

၂၀၂၂ ေအာက္တိုဘာလ ၈ရက္ေန႔တြင္ ပုဂံ ေညာင္ဦး ငါ့သေရာက္ ဝဲေလာင္ ေတာင္သာျမင္းၿခံ မလႈိင္ မိတၳီလာ ေဒသမ်ားတြင္ မိုး႐ြာႏိုင္သျဖင့္ ေျမပဲေဖာ္မည့္ေတာင္သူမ်ား မိုးေၾကာင့္အခက္ႀကဳံရႏိုင္ပါတယ္

၂၀၂၂ ေအာက္တိုဘာလ ၉ရက္ေန႔မွ ၁၂ရက္ေန႔အတြင္း ရွမ္းျပည္နယ္ကခ်င္ျပည္နယ္ႏွင့္စစ္ကိုင္းတိုင္းေတြမွာ မိုး႐ြာႏိုင္ပါတယ္

မိုးနည္းရပ္ဝန္းမွသည္ မိုးမ်ားရပ္ဝန္းဆီသို႔

မႏၲေလးတိုင္းစစ္ကိုင္းတိုင္း မေကြးတိုင္းေဒသႀကီးေတြသည္ မိုးေခါင္ေရရွားရပ္ဝန္းျဖစ္ပါတယ္ ေႏြရာသီေရာက္ၿပီဆိုလွ်င္ ကန္ေရခမ္းေျခာက္ၿပီး ကြၽဲႏြားတိရိစာၦန္ ေတြေတာင္ေသာက္သုံးေရျပတ္လပ္ၿပီး ပိုင္ရွင္သခင္ေတြက ေရရရွိႏိုင္ရာအထိသြားေရာက္ကာေရစည္တိုက္ၿပီး ႏြားေတြေရေသာက္ဖို႔လုပ္ေဆာင္ၾကရပါတယ္

ယခုႏွစ္ ၂၀၂၂ ေအာက္တိုဘာလမွာ ေတာင္တ႐ုတ္ပင္လယ္ျပင္မွာ မုန္တိုင္း ၂လုံးသိုမဟုတ္ ၃လုံးထိျဖစ္ႏိုင္ၿပီး ဗီယက္နမ္းကိုဝင္ေရာက္တိုက္ခတ္ႏိုင္ပါတယ္ အဆိုပါမုန္တိုင္းေတြရဲ႕ အထက္ေလစီး UAC က ရွမ္း႐ိုးမေတာင္တန္းႀကီးေတြကိုေက်ာ္လြန္ကာ မိုးနည္းရပ္ဝန္းႀကီးျဖစ္တဲ့ မႏၲေလးတိုင္းစစ္ကိုင္းတိုင္းမေကြးတိုင္းေတြမွာ ကန္ေရျပည္လွ်ံေအာင္မိုးေတြ႐ြာမွာျဖစ္ပါတယ္

ေအာက္တိုဘာလထဲမွာ ကခ်င္ျပည္နယ္ႀကီးမွာလည္း မုတ္သုန္ႏုတ္ဆက္မိုးေတြမ်ားစြာ႐ြာသြန္းႏိုင္ပါတယ္ အဆိုပါေဒသေတြရဲ႕မိုး႐ြာသြန္းမႈေၾကာင့္ ေအာက္တိုဘာလအတြင္း ဧရာဝတီျမစ္ေရတိုးလာႏိုင္ေသးသျဖင့္ ဧရာဝတီတိုင္းအတြင္းရွိ ေရက်ကြၽန္းေပၚ ေျမႏုကြၽန္းစိုက္ပ်ိဳးၾကမည့္သူမ်ား

အေစာတလွ်င္ မစိုက္ပ်ိဳးသင့္ေသးပါဘူး ႏိုဝင္ဘာလေရာက္မွသာလွ်င္စိုက္ပ်ိဳးသင့္ပါတယ္ မိတၳီလာခ႐ိုင္ႏွင့္ရမည္းသင္းခ႐ိုင္ေဒသေတြမွာ ႐ြာသြန္းၿမဲထက္၂ဆပိုမို႐ြာသြန္းႏိုင္သျဖင့္ တပ္ကုန္းရမည္းသင္း

ေ႐ႊဒါး ႐ြာတန္း၂၄႐ြာ ေပ်ာ္ဘြယ္ သာစည္ လႈိင္းတက္ ေတာမ မိတၳီလာ ဝမ္းတြင္း ေဒသရွိ စပ်စ္စိုက္ပ်ိဳးၾကသူမ်ား စပ်စ္ျဖတ္ျခင္းသတိထားၾကပါ မိုးေၾကာင့္ စပ်စ္ဖူးပြင့္ေတြပ်က္စီးႏိုင္ပါတယ္

ေက်ာက္ဆည္ စဥ့္ကိုင္ ၿမိဳ႕ႀကီး ျမစ္သားကူမဲေဒသေတြမွာ ႐ြာသြန္းၿမဲထက္ ၃ဆပိုမို႐ြာသြန္းႏိုင္သျဖင့္ ရဲ႐ြာ ၿမိဳ႕ႀကီး ကင္းတားဆည္ႀကီးမ်ား ေရမ်ားစြာစီးဝင္လာႏိုင္ပါတယ္

ေညာင္ဦးခ႐ိုင္ပခုကၠဴခ႐ိုင္ ျမင္းၿခံ႐ိုင္ မုံ႐ြာခ႐ိုင္ေဒသေတြသည္လည္း ႐ြာသြန္းၿမဲထက္၂ဆပိုမို႐ြာသြန္းႏိုင္သျဖင့္ ေဒသအတြင္းရွိ ဆည္တမံ ကန္ေခ်ာင္းမ်ား ေႏြရာသီေရျပတ္လပ္မႈမရွိေအာင္ ကန္ေရဝင္အားေကာင္းေအာင္ျပဳလုပ္ျခင္း ထူးေပါက္ရွိမရွိစစ္ေဆးထိမ္းသိမ္းျခင္း( maintenance required) မ်ားလုပ္ေဆာင္ထားသင့္ပါတယ္

ဒါမွလည္း ေႏြရာသီ ေရရွားမႈက ယခုလမိုးမ်ားစြာ႐ြာသြန္းႏိုင္ျခင္းကေနၿပီး ေရရွားမႈမျဖစ္ေအာင္ ထိထိမိမိလုပ္ေဆာင္ႏိုင္တဲ့ အခြင့္အေရးႀကီးတစ္ခုပါပဲ မိုးနည္းရပ္ဝန္းကေန ယခုလမွာ မိုးမ်ားရပ္ဝန္းျဖစ္လာပါလိမ့္မယ္

Leave a Comment