ကမ္ဘာ့စီးပွားပျက်ကပ်၊ တန်ဖိုးမရှိတော့တဲ့ ကျပ်ငွေနဲ့ မြန်မာပြည်ရဲ့ အိပ်မက်ဆိုး ဖြစ်လာမယ့် ၂၀၂၃ ခုနှစ်
ကမ္ဘာ့စီးပွါးရေး တကယ် ပြဿနာ တက်နေပြီ။ စတော့ချ် ဈေးကွက်တွေ ဆက်တိုက် ကျလာတယ်။ ဒေါ်လာဈေး အရမ်း မာလာပါတယ်။
တခြား ကမ္ဘာသုံး ငွေကြေးတွေ ဒေါ်လာကို ယှဉ်ပြိုင်နိုင်စွမ်း မရှိတော့ဘူး။ မိမိနိုင်ငံရဲ့ငွေကြေး အဆမတန် ပြုတ်ကျတော့ ဒေါ်လာကို ဝိုင်းစုလာတယ်။ ဒေါ်လာဈေး တက်လာတယ်။
ပေါင်စတာလင် နဲ့ အိန္ဒိယ ရူဘီငွေဟာ ဒေါ်လာကို ယှဉ်ရင် သမိုင်းတလျောက် မှာ အနိမ့်ဆုံး ဖြစ်လာတယ်၊ ဂျပန်ယန်းငွေ ယူရို ဟာ အနှစ် ၂၄ နှစ်အတွင်း အနိမ့်ဆုံး ဆင်းသွားတယ်။
အိန္ဒိယ စတော့ချ် ဈေးကွက်ဟာ တရက်အတွင်း ၄၉ ဘီလီယံ ဒေါ်လာ ဆုံးရှုံးသွားပါတယ်။ လူတွေဟာ စတော့ချ် ဈေးကွက်ထဲက ငွေတွေ ဆွဲထုတ်ပြီး ဒေါ်လာ ပြောင်းဝယ်ကြတယ်။
ဒီအချက်အလက်တွေဟာ ကမ္ဘာ့စီးပွါးရေးကမောက်ကမ ဖြစ်လာပြီလို့ ပြနေတယ်။ ကမ္ဘာ့စီးပွါးရေး တိုးတက်နှုန်း နှေးလာပြီ လို့ ပြပါတယ်။ အင်္ဂလန်နဲ့ ဥရောပ ဟာ သေချာပေါက် စီးပွါးပျက်ကပ်ထဲ ဝင်လာမယ်။
ဥရောပဟာ ရုရှက ဓါတ်ငွေ့ လုံလုံလောက်လောက် ဝယ်မရလို့ လက်ရှိမှာ လမ်းမီးတွေ ပိတ်၊ စက်ရုံတွေ ဓါတ်ငွေ့ လျော့သုံးနဲ့ ရာရှင်စနစ် အသုံးပြုနေရတယ်။
ရုရှ – ယူကရိန်း – စ.စ်.ပွဲ ဆက်ဖြစ်နေရင် အမေရိကန် ဗဟိုဘဏ်က အတိုးနှုန်း ဆက်မြှင့်နေရင် သေချာပေါက် စီးပွါးပျက်ကပ်ထဲ ဝင်မယ်။
လူတွေ ခရီးမသွား၊ အသုံးအဖြုန်းနည်းလို့ ရေနံဈေး ကျသွားမယ်။ ကွန်ပြူတာ ဆက်စပ်လုပ်ငန်းတွေ ခဏ ဈေးကွက် ပျက်သွားနိုင်တယ်။ ရွှေ ဒေါ်လာဈေး တက်လာနိုင်တယ်။
ကျွန်တော်တို့ ဘာပြင်ဆင်ထားလဲ။ အစိုးရတွေဟာ အတော် ပြင်ဆင်ထားဖို့ လိုမယ်။ အမုန်းတရားတွေ အဆုံးသတ်နိုင်တဲ့ ခေါင်းဆောင် ဖြစ်လာဖို့ လိုမယ်။
စီးပွါးပျက်ကပ်မှာ ကမ္ဘာနဲ့ မြန်မာကြား ဂျမ်းတုံး ခုပေးနိုင်တဲ့ စီးပွါးရေး နားလည်တဲ့ leadership ကောင်းကောင်း ဖြစ်ဖို့လိုမယ်။
တည်ငြိမ်မှု အမြန် တည်ဆောက်နိုင်မှု လိုမယ်။ မဟုတ်ရင် ၂၀၂၃ ဟာ မြန်မာအတွက် လေးနှစ်မြောက် အခက်အခဲတွေ ပြည့်နေတဲ့ နှစ် ဖြစ်လာနိုင်တယ်။
ငြိမ်းချမ်းရေး မတည်ဆောက်နိုင်ရင် စ.စ်.ပြီးခေတ် သမိုင်းမှာ မျိုးဆက်သစ်အတွက် အနာဆုံးနှစ်တွေ အဖြစ် သမိုင်းတင်သွားမယ်။
Credit … (Kyaw Swa Min)
Zawgyi
ကမာၻ႔စီးပြားပ်က္ကပ္၊ တန္ဖိုးမရွိေတာ့တဲ့ က်ပ္ေငြနဲ႔ ျမန္မာျပည္ရဲ႕ အိပ္မက္ဆိုး ျဖစ္လာမယ့္ ၂၀၂၃ ခုႏွစ္
ကမာၻ႔စီးပြါးေရး တကယ္ ျပႆနာ တက္ေနၿပီ။ စေတာ့ခ်္ ေစ်းကြက္ေတြ ဆက္တိုက္ က်လာတယ္။ ေဒၚလာေစ်း အရမ္း မာလာပါတယ္။
တျခား ကမာၻသုံး ေငြေၾကးေတြ ေဒၚလာကို ယွဥ္ၿပိဳင္ႏိုင္စြမ္း မရွိေတာ့ဘူး။ မိမိႏိုင္ငံရဲ႕ေငြေၾကး အဆမတန္ ျပဳတ္က်ေတာ့ ေဒၚလာကို ဝိုင္းစုလာတယ္။ ေဒၚလာေစ်း တက္လာတယ္။
ေပါင္စတာလင္ နဲ႔ အိႏၵိယ ႐ူဘီေငြဟာ ေဒၚလာကို ယွဥ္ရင္ သမိုင္းတေလ်ာက္ မွာ အနိမ့္ဆုံး ျဖစ္လာတယ္၊ ဂ်ပန္ယန္းေငြ ယူ႐ို ဟာ အႏွစ္ ၂၄ ႏွစ္အတြင္း အနိမ့္ဆုံး ဆင္းသြားတယ္။
အိႏၵိယ စေတာ့ခ်္ ေစ်းကြက္ဟာ တရက္အတြင္း ၄၉ ဘီလီယံ ေဒၚလာ ဆုံးရႈံးသြားပါတယ္။ လူေတြဟာ စေတာ့ခ်္ ေစ်းကြက္ထဲက ေငြေတြ ဆြဲထုတ္ၿပီး ေဒၚလာ ေျပာင္းဝယ္ၾကတယ္။
ဒီအခ်က္အလက္ေတြဟာ ကမာၻ႔စီးပြါးေရးကေမာက္ကမ ျဖစ္လာၿပီလို႔ ျပေနတယ္။ ကမာၻ႔စီးပြါးေရး တိုးတက္ႏႈန္း ေႏွးလာၿပီ လို႔ ျပပါတယ္။ အဂၤလန္နဲ႔ ဥေရာပ ဟာ ေသခ်ာေပါက္ စီးပြါးပ်က္ကပ္ထဲ ဝင္လာမယ္။
ဥေရာပဟာ ႐ုရွက ဓါတ္ေငြ႕ လုံလုံေလာက္ေလာက္ ဝယ္မရလို႔ လက္ရွိမွာ လမ္းမီးေတြ ပိတ္၊ စက္႐ုံေတြ ဓါတ္ေငြ႕ ေလ်ာ့သုံးနဲ႔ ရာရွင္စနစ္ အသုံးျပဳေနရတယ္။
႐ုရွ – ယူကရိန္း – စ.စ္.ပြဲ ဆက္ျဖစ္ေနရင္ အေမရိကန္ ဗဟိုဘဏ္က အတိုးႏႈန္း ဆက္ျမႇင့္ေနရင္ ေသခ်ာေပါက္ စီးပြါးပ်က္ကပ္ထဲ ဝင္မယ္။
လူေတြ ခရီးမသြား၊ အသုံးအျဖဳန္းနည္းလို႔ ေရနံေစ်း က်သြားမယ္။ ကြန္ျပဴတာ ဆက္စပ္လုပ္ငန္းေတြ ခဏ ေစ်းကြက္ ပ်က္သြားႏိုင္တယ္။ ေ႐ႊ ေဒၚလာေစ်း တက္လာႏိုင္တယ္။
ကြၽန္ေတာ္တို႔ ဘာျပင္ဆင္ထားလဲ။ အစိုးရေတြဟာ အေတာ္ ျပင္ဆင္ထားဖို႔ လိုမယ္။ အမုန္းတရားေတြ အဆုံးသတ္ႏိုင္တဲ့ ေခါင္းေဆာင္ ျဖစ္လာဖို႔ လိုမယ္။
စီးပြါးပ်က္ကပ္မွာ ကမာၻနဲ႔ ျမန္မာၾကား ဂ်မ္းတုံး ခုေပးႏိုင္တဲ့ စီးပြါးေရး နားလည္တဲ့ leadership ေကာင္းေကာင္း ျဖစ္ဖို႔လိုမယ္။
တည္ၿငိမ္မႈ အျမန္ တည္ေဆာက္ႏိုင္မႈ လိုမယ္။ မဟုတ္ရင္ ၂၀၂၃ ဟာ ျမန္မာအတြက္ ေလးႏွစ္ေျမာက္ အခက္အခဲေတြ ျပည့္ေနတဲ့ ႏွစ္ ျဖစ္လာႏိုင္တယ္။
ၿငိမ္းခ်မ္းေရး မတည္ေဆာက္ႏိုင္ရင္ စ.စ္.ၿပီးေခတ္ သမိုင္းမွာ မ်ိဳးဆက္သစ္အတြက္ အနာဆုံးႏွစ္ေတြ အျဖစ္ သမိုင္းတင္သြားမယ္။
Credit … (Kyaw Swa Min)