စိတ္တဇဆေးရုံရှေ့မှာ ကားတစ်စီး ဘီးပေါက်သွားလို့ စပါယ်ယာဘီးနဲ့လဲပြီးတပ်နေချိန် စိတ်ဝေဒနာသည်တစ်ဦး ရောက်လာသောအခါ…

စိတ္တဇဆေးရုံရှေ့မှာ ကားတစီး ဘီးပေါက်သွားလို့ စပါယ်ယာဘီးနဲ့လဲပြီးတပ်နေတာ…

ဘီးတွေဖြုတ်လဲပြီးလို့ ပြန်တပ်မဲ့အချိန်မှာ မူလီနတ်ခါင်းတွေအကုန်လုံး ရေမြောင်းအပေါက်ထဲကျကုန်လို့ တလုံးမှမကျန်တော့ဘူး

ကားဆရာလည်း စိတ်ပျက်လက်ပျက်ဖြစ်သွားပြီး ပတ်ဝန်းကျင်မှာ အကူညီတောင်းဖို့လိုက်ကြည့်နေချိန်

ဆေးရုံထဲက စိတ်ဝေဒနာသည်တဦးက”ကျန်တဲ့ဘီးသုံးလုံးက နတ်ခေါင်းတလုံးစီဖြုတ်ပြီး စပါယ်ယာဘီးကို ပြန်တပ်လိုက်လေကွာ ”

”ကားအပိုပစ္စည်းရောင်းတဲ့ဆိုင်ရောက်တဲ့ထိတော့ မောင်းသွားလို့ရပါတယ်ကွ”ဆိုတော့…

ကားဆရာလည်း သူပြောတဲ့အတိုင်းလုပ်ပြီး ကျေးဇူးတင်စကားပြောတာပေါ့…

”ကျွန်တော်မတွေးမိတာကို ပြောပြပေးလို့ ကျေးဇူးအများကြီးတင်ပါတယ်”

”ဒါပေမဲ့ ခင်ဗျားလိုလူက ဒီလိုစိတ္တဇဆေးရုံကိုရောက်နေတာ ကျွန်တော် ဘယ်လိုမှနားမလည်နိုင်ဘူးဗျာ “ဆိုတော့

ကျေးဇူးရှင် စိတ်ဝေဒနာသည်ပြန်ပြောတာက…

”ဟ ! ငါက ရူးနေလို့သာ ဒီဆေးရုံရောက်လာတာ…မင်းလိုတော့ ညဏ်မတုံးဘူးကွ “တဲ့…။

Zawgyi











Leave a Comment