အာရှရန်ကုန်ဘဏ်မှာအပ်နှံထားသည့် ငွေများအမြန်ဆုံးပြန်လည်ထုတ်ယူနိုင်ပြီ

အာရှရန်ကုန်ဘဏ်မှာအပ်နှံထားသည့် ငွေများအမြန်ဆုံးပြန်လည်ထုတ်ယူနိုင်ပြီ

အာရှရန်ကုန်ဘဏ်မှာ အပ်နှံထားသည့် ငွေတွေကို အမြန်ဆုံးပြန်လည်ထုတ်ယူနိုင်ကြောင်းထုတ်ပြန်ကြေညာထားပါသည်။ပြီးခဲ့သည့်အစိုးရလက်ထက်တွင် ဖျက်သိမ်းခံလိုက်ရသည့်အာရှရန်ကုန် ဘဏ်တွင်ငွေအပ်နှံခဲ့သူများအနေဖြင့်အမြန်ဆုံးလာရောက်ထုတ်ယူရန်

အောက်တိုဘာ ၇ ရက်ထုတ်နိုင်ငံပိုင်သတင်းစာများတွင်ဖော်ပြထားသည်။တရားရုံးအမိန့်ဖြင့်စာရင်းရှင်းလင်းဖျက်သိမ်းဆဲဖြစ်သည့်အာရှရန်ကုန်ဘဏ်တွင်ငွေအပ်နှံခဲ့သူများအနေဖြင့်အပ်နှံထားသည့်ငွေများနှင့်စပ်လျဉ်း၍ခိုင်လုံသောသက်သေခံအထောက်အထားများကိုယူဆောင်၍

အမှတ်(၃၁၉/၃၂၁)၊ မဟာဗန္ဓုလလမ်းနှင့် ဗိုလ်အောင်ကျော်လမ်းထောင့်၊ ဗိုလ်တထောင်မြို့နယ် ရန်ကုန်တိုင်းဒေသကြီး (သို့မဟုတ်) စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိသို့နိုဝင်ဘာ ၇ ရက် နောက်ဆုံးထားတင်ပြရန်အကြောင်းကြားထားပြီး

အဆိုပါရက်ကျော်လွန်ပါကအာရှရန်ကုန်ဘဏ်တွင်အပ်နှံထားသောငွေများ ပြန်လည်တောင်းဆိုပိုင်ခွင့်ရှိတော့မည်မဟုတ်ကြောင်းလည်း စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိကအသိပေးထားသည်။အာရှရန်ကုန်ဘဏ်အားအရင်အစိုးရလက်ထက်၌ဖျက်သိမ်းစဉ်ကအာရှရန်ကုန်ဘဏ်၏ မ,တည်ငွေရင်း တိုးမြှင့်ရန်အဆိုပြုငွေအပေါ်စစ်ဆေးရာ

အဆိုပါငွေမှာအခွန်ထမ်းဆောင်ပြီးတရားဝင်ရငွေဖြစ်ကြောင်းအထောက်အထားမရှိသည့်အပြင်အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနကစစ်ဆေးသည့်အထောက်အထားများတွင်ဘဏ်ရှယ်ယာ အရောင်းအဝယ်ပြုလုပ်စဉ်ကပေးချေသည့်ငွေများမှာအခွန်ဆောင်ထားပြီးတရားဝင်ရငွေဟုယူဆ၍မရသည့် အထောက်အထားများပါဝင်သည့်အတွက်

ဘဏ်လိုင်စင်ရုပ်သိမ်းပြီးဖျက်သိမ်းရန်လုပ်ဆောင်နေခြင်းဖြစ်ကြောင်းထိုအချိန်ကမြန်မာနိုင်ငံတော်ဗဟိုဘဏ်မှဒုတိယဥက္ကဋ္ဌ ဦးဘိုဘိုငယ်က ၂၀၂၀ ပြည့်နှစ်မတ် ၂၂ ရက်ထုတ် နိုင်ငံပိုင်သတင်းစာသို့ ဖြေခဲ့ဖူးသည်။

ထို့အပြင်အာရှရန်ကုန်ဘဏ်ကိုစတင်တည်ထောင်ခဲ့ချိန်တွင်မြန်မာနိုင်ငံသားအမည်ခံများနှင့် ထူထောင်ခဲ့သည်ဆိုသည့် အထောက်အထားများ တွေ့ရှိခဲ့ရသည့်အတွက် ဥပဒေကြောင်းအရဆက်လက်လုပ်ဆောင်ရန်သက်ဆိုင်ရာဌာနများသို့ပေးပို့သွားမည်ဖြစ်ကြောင်းဦးဘိုဘိုငယ်(လက်ရှိတွင်အရေးယူထိန်းသိမ်းခံနေရသူဗဟိုဘဏ်ဒုဥက္ကဋ္ဌဟောင်း)က

“ အာရှရန်ကုန်ဘဏ်ကို ၁၉၉၄ ခုနှစ် မတ် ၁၇ ရက်မှာဘဏ်လုပ်ငန်းလိုင်စင်ထုတ်ပေးခဲ့ပါတယ်။၁၉၉၀ ပြည့်နှစ် မြန်မာနိုင်ငံတော်ငွေရေးကြေးရေးအဖွဲ့အစည်းများဥပဒေအရလိုင်စင်ထုတ်ပေးခဲ့တာဖြစ်ပါတယ်။အခု ၂၀၂၀ ပြည့်နှစ်ဖေဖော်ဝါရီလအတွင်းကရရှိတဲ့အထောက်အထားတွေအရဘဏ်ကိုစတင်တည်ထောင်ခဲ့ချိန်မှာ

မြန်မာနိုင်ငံသားအမည်ခံတွေနဲ့ထူထောင်ခဲ့တယ်ဆိုတဲ့အထောက်အထားလည်းတွေ့ရှိရတဲ့အတွက် ငွေရေးကြေးရေးအဖွဲ့အစည်းများ ဥပဒေအပြင်တခြားတည်ဆဲဥပဒေတွေနဲ့လည်း ငြိစွန်းနေပါတယ်။ဒါတွေကတော့ဥပဒေကြောင်းအရလိုအပ်သလိုဆက်လက်လုပ်ဆောင်နိုင်ဖို့

သက်ဆိုင်ရာဌာနတွေကို ပေးပို့သွားမှာဖြစ်ပါတယ်။ဘဏ်အနေနဲ့ ဘဏ်လုပ်ငန်းတွေကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ခဲ့ခြင်းမရှိဘဲရုံးချုပ်နဲ့ ဘဏ်ခွဲ ၁၂ ခု နဲ့သာလုပ်ငန်းဆောင်ရွက်နေခဲ့ပါတယ်” ဟု ထိုအချိန်ကဖြေခဲ့သည်။Credit

Zawgyi

အာရွရန္ကုန္ဘဏ္မွာအပ္ႏွံထားသည့္ ေငြမ်ားအျမန္ဆုံးျပန္လည္ထုတ္ယူႏိုင္ၿပီ

အာရွရန္ကုန္ဘဏ္မွာ အပ္ႏွံထားသည့္ ေငြေတြကို အျမန္ဆုံးျပန္လည္ထုတ္ယူႏိုင္ေၾကာင္းထုတ္ျပန္ေၾကညာထားပါသည္။ၿပီးခဲ့သည့္အစိုးရလက္ထက္တြင္ ဖ်က္သိမ္းခံလိုက္ရသည့္အာရွရန္ကုန္ ဘဏ္တြင္ေငြအပ္ႏွံခဲ့သူမ်ားအေနျဖင့္အျမန္ဆုံးလာေရာက္ထုတ္ယူရန္

ေအာက္တိုဘာ ၇ ရက္ထုတ္ႏိုင္ငံပိုင္သတင္းစာမ်ားတြင္ေဖာ္ျပထားသည္။တရား႐ုံးအမိန္႔ျဖင့္စာရင္းရွင္းလင္းဖ်က္သိမ္းဆဲျဖစ္သည့္အာရွရန္ကုန္ဘဏ္တြင္ေငြအပ္ႏွံခဲ့သူမ်ားအေနျဖင့္အပ္ႏွံထားသည့္ေငြမ်ားႏွင့္စပ္လ်ဥ္း၍ခိုင္လုံေသာသက္ေသခံအေထာက္အထားမ်ားကိုယူေဆာင္၍

အမွတ္(၃၁၉/၃၂၁)၊ မဟာဗႏၶဳလလမ္းႏွင့္ ဗိုလ္ေအာင္ေက်ာ္လမ္းေထာင့္၊ ဗိုလ္တေထာင္ၿမိဳ႕နယ္ ရန္ကုန္တိုင္းေဒသႀကီး (သို႔မဟုတ္) စာရင္းရွင္းလင္းဖ်က္သိမ္းေရးအရာရွိသို႔ႏိုဝင္ဘာ ၇ ရက္ ေနာက္ဆုံးထားတင္ျပရန္အေၾကာင္းၾကားထားၿပီး

အဆိုပါရက္ေက်ာ္လြန္ပါကအာရွရန္ကုန္ဘဏ္တြင္အပ္ႏွံထားေသာေငြမ်ား ျပန္လည္ေတာင္းဆိုပိုင္ခြင့္ရွိေတာ့မည္မဟုတ္ေၾကာင္းလည္း စာရင္းရွင္းလင္းဖ်က္သိမ္းေရးအရာရွိကအသိေပးထားသည္။အာရွရန္ကုန္ဘဏ္အားအရင္အစိုးရလက္ထက္၌ဖ်က္သိမ္းစဥ္ကအာရွရန္ကုန္ဘဏ္၏ မ,တည္ေငြရင္း တိုးျမႇင့္ရန္အဆိုျပဳေငြအေပၚစစ္ေဆးရာ

အဆိုပါေငြမွာအခြန္ထမ္းေဆာင္ၿပီးတရားဝင္ရေငြျဖစ္ေၾကာင္းအေထာက္အထားမရွိသည့္အျပင္အထူးစုံစမ္းစစ္ေဆးေရးဦးစီးဌာနကစစ္ေဆးသည့္အေထာက္အထားမ်ားတြင္ဘဏ္ရွယ္ယာ အေရာင္းအဝယ္ျပဳလုပ္စဥ္ကေပးေခ်သည့္ေငြမ်ားမွာအခြန္ေဆာင္ထားၿပီးတရားဝင္ရေငြဟုယူဆ၍မရသည့္ အေထာက္အထားမ်ားပါဝင္သည့္အတြက္

ဘဏ္လိုင္စင္႐ုပ္သိမ္းၿပီးဖ်က္သိမ္းရန္လုပ္ေဆာင္ေနျခင္းျဖစ္ေၾကာင္းထိုအခ်ိန္ကျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္မွဒုတိယဥကၠ႒ ဦးဘိုဘိုငယ္က ၂၀၂၀ ျပည့္ႏွစ္မတ္ ၂၂ ရက္ထုတ္ ႏိုင္ငံပိုင္သတင္းစာသို႔ ေျဖခဲ့ဖူးသည္။

ထို႔အျပင္အာရွရန္ကုန္ဘဏ္ကိုစတင္တည္ေထာင္ခဲ့ခ်ိန္တြင္ျမန္မာႏိုင္ငံသားအမည္ခံမ်ားႏွင့္ ထူေထာင္ခဲ့သည္ဆိုသည့္ အေထာက္အထားမ်ား ေတြ႕ရွိခဲ့ရသည့္အတြက္ ဥပေဒေၾကာင္းအရဆက္လက္လုပ္ေဆာင္ရန္သက္ဆိုင္ရာဌာနမ်ားသို႔ေပးပို႔သြားမည္ျဖစ္ေၾကာင္းဦးဘိုဘိုငယ္(လက္ရွိတြင္အေရးယူထိန္းသိမ္းခံေနရသူဗဟိုဘဏ္ဒုဥကၠ႒ေဟာင္း)က

“ အာရွရန္ကုန္ဘဏ္ကို ၁၉၉၄ ခုႏွစ္ မတ္ ၁၇ ရက္မွာဘဏ္လုပ္ငန္းလိုင္စင္ထုတ္ေပးခဲ့ပါတယ္။၁၉၉၀ ျပည့္ႏွစ္ ျမန္မာႏိုင္ငံေတာ္ေငြေရးေၾကးေရးအဖြဲ႕အစည္းမ်ားဥပေဒအရလိုင္စင္ထုတ္ေပးခဲ့တာျဖစ္ပါတယ္။အခု ၂၀၂၀ ျပည့္ႏွစ္ေဖေဖာ္ဝါရီလအတြင္းကရရွိတဲ့အေထာက္အထားေတြအရဘဏ္ကိုစတင္တည္ေထာင္ခဲ့ခ်ိန္မွာ

ျမန္မာႏိုင္ငံသားအမည္ခံေတြနဲ႔ထူေထာင္ခဲ့တယ္ဆိုတဲ့အေထာက္အထားလည္းေတြ႕ရွိရတဲ့အတြက္ ေငြေရးေၾကးေရးအဖြဲ႕အစည္းမ်ား ဥပေဒအျပင္တျခားတည္ဆဲဥပေဒေတြနဲ႔လည္း ၿငိစြန္းေနပါတယ္။ဒါေတြကေတာ့ဥပေဒေၾကာင္းအရလိုအပ္သလိုဆက္လက္လုပ္ေဆာင္ႏိုင္ဖို႔

သက္ဆိုင္ရာဌာနေတြကို ေပးပို႔သြားမွာျဖစ္ပါတယ္။ဘဏ္အေနနဲ႔ ဘဏ္လုပ္ငန္းေတြက်ယ္က်ယ္ျပန႔္ျပန႔္ေဆာင္႐ြက္ခဲ့ျခင္းမရွိဘဲ႐ုံးခ်ဳပ္နဲ႔ ဘဏ္ခြဲ ၁၂ ခု နဲ႔သာလုပ္ငန္းေဆာင္႐ြက္ေနခဲ့ပါတယ္” ဟု ထိုအခ်ိန္ကေျဖခဲ့သည္။Credit

Leave a Comment