မြန်မာနိုင်ငံအတွင်း၌ လျှို့ဝှက်စွာ နေထိုင်ပြီး ထူးဆန်း၍ ရှားပါးလှသော သမန်းကျားများ

မြန်မာနိုင်ငံအတွင်း၌ လျှို့ဝှက်စွာ နေထိုင်ပြီး ထူးဆန်း၍ ရှားပါးလှသော သမန်းကျားများ

မြန်မာနိုင်ငံတွင် ထူးခြားသည့် သတ္တဝါတစ်မျိုး ရှိပါသည်။ ဒါကတော့ မြန်မာနိုင်ငံ အထက်ပိုင်းကသမန်းကျား တွေပါ။

သမန်းကျား ဆိုသည်မှာ လူကနေ ကျား အသွင်ပြောင်းလဲနိုင်သော မျိုးနွယ်စုကို ခေါ်ဆိုတာပါ။ ထိုလူမျိုးကို ထမန်းလူမျိုးဟုလည်း ခေါ်ဆိုကြပါသည်။

းလူမျိုးသည် တိဗက် ~ မြန်မာ အစုဝင် သက်အုပ်စုခွဲတွင် ပါဝင်၍ မြန်မာနိုင်ငံအထက် ချင်းတွင်းခရိုင်၏ မြောက်ဘက် ရှမ်း၊ ကချင်နှင့် ချင်းနယ်မြေတို့ ဆုံရာဒေသတွင် နေထိုင်ကြပါသည်။ လူဦးရေ နှစ်သောင်းခန့် ရှိ၏။

ထမန်းတို့ ပြောဆိုသော စကားသည် ကချင်စကား၊ နာဂစကားတို့နှင့် အဆက်အစပ် ရှိသည်ဟု ယူဆရပါသည်။ သို့ရာတွင် ကဒူးစကား ကဲ့သို့ပင် ရှမ်းနှင့်ချင်းတို့၏ အငွေ့အသက် မကင်းသည်ကို တွေ့ရပါသည်။ လူမျိုး အဆက်အနွယ်အားဖြင့် ကဒူးတို့နှင့် ဆက်စပ်မှုရှိသည်ဟု ယူဆရပါသည်။

ထမန်းလူဦးရေမှာ နည်းပါးလှပေရာ ထမန်းရွာဟူ၍ နာဂတောင်တန်းခရိုင် ဟုမ္မလင်းနယ်တွင် ထမန်သည် တစ်ရွာတည်းသာ ရှိပါသည်။ သို့သော် အထက် ချင်းတွင်းခရိုင်၏ မြောက်စူးစူးရှိ ရွာကလေးများ၌လည်း ထမန်းလူမျိုး အနည်းငယ်ကို တွေ့ရပါသည်။

ထမန်းတို့သည် လူစင်စစ်မှ ကျားအဖြစ်သို့ ပြောင်းလဲ၍ မိမိတို့ပိုင် ပစ္စည်းများကို ခိုးယူသူတို့အား ဒုက္ခပေးလေ့ ရှိကြောင်းကို ယခင် အထက်ချင်းတွင်းခရိုင်ဝန် ဖြစ်ခဲ့ဖူးသူ မစ္စတာ ဂရန့်ဗရောင်းဆိုသူက ၁၉၀၈ ခုနှစ်၌ စာအုပ်ရေးသား ထုတ်ဝေခဲ့ဖူးပါသည်။

သမန်းကျားဆိုသည်မှာ လူက ကျားအဖြစ် ပြောင်းလဲသော မိစ္ဆာအတတ်တစ်မျိုး ဖြစ်သည်ဟု ယူဆကြပါသည်။ မူလအမည်မှာ ရှမ်းစကား ထမန် ဖြစ်သည်။ ထမန်ကျားဟု ခေါ်ရာမှ ကာလရွေ့လျားလာသော် သမန်းကျား ဖြစ်လာသည်။

ချင်းတွင်းမြစ်ညာတွင် (ထမံသည်) ထမံသီရွာဟူ၍ ရှမ်းလူမျိုးများ နေထိုင်သောရွာ ယခုတိုင် ရှိသေးသည်။ အင်းတော်ကြီးအိုင် ဝန်းကျင်နှင့် ချင်းတွင်းမြစ်ညာတွင် နေထိုင်ကြသော ရှမ်းနီလူမျိုးတို့က လူမှ ဖြစ်သောကျားကို မော်လခေါင် ကျားဟု ခေါ်ကြသည်။

ထမန်တို့သည် ရှမ်းလူမျိုးများ ဖြစ်ကြပြီး တစ်ချိန်က အင်းတော်ကြီး အိုင် ဖြစ်လာမည့် နေရာတွင် စည်ခမ်းအမည်ရှိသည့် မြို့ကို တည်ထောင်နေထိုင်ခဲ့ကြသည်။

စည်ခမ်းမြို့ ရေအောက် ရောက်သွားပြီးနောက် ကျန်ခဲ့သော အဆက်အနွယ်များသည် အနောက်ဘက်သို့ ရွှေ့ပြောင်းသွားကြပြီး အခြားသူများနှင့် သွေးနှောခြင်း မပြုဘဲ (အခြားသူများကလည်း ယင်းတို့နှင့် သွေးနှောခြင်းမပြု) သီးခြား နေထိုင်ခဲ့ကြသည်။

အခြားသူများက ယင်းတို့ကို ထမန်များဟု ခေါ်ကြသည်။ ထမန်တို့ကလည်း မိမိတို့ ပညာများကို သားစဉ် မြေးဆက် သင်ကြားပေးခဲ့ပြီး ပြင်ပသို့ မပေါက်ကြားအောင် ထိန်းသိမ်းခဲ့ကြသဖြင့် ယင်းပညာတတ်ကြောင်း အခြားလူများ မသိနိုင်ကြချေ။

ရှမ်းလေးမြို့ ရာဇဝင်တွင် စည်ခမ်းမြို့မှ မင်းသားတစ်ယောက်သည် ကျားဖြူဘဝနှင့် တောလိုက်နေစဉ် တာပိန်မြစ်ညာရှိ တိုင်းပြည်တစ်ခုမှ ရေထဲမျောလာသော အမျိုးသမီးတစ်ဦးနှင့် အိမ်ထောင်ကျရာမှ မွေးဖွားလာသော ကလေးများသည် နောင်ကြီးပြင်းလာချိန်တွင် မိုးညှင်း၊ မိုးကောင်းမြို့၊ မိုးမိတ် မြို့များကို တည်ထောင်သည်ဟု ပါရှိသည်။

ထိုမင်းသားအား ကျားဖြူရှင်ဟူ၍ သိရှိကြပေသည်။ ခရီးသွားလာရာတွင် လူခန္ဓာကိုယ်ဖြင့် သွားလာသည်ထက် ကျားခန္ဓာကိုယ်ဖြင့် သွားလာသည်က များစွာ သက်သာခြင်း၊ အမဲလိုက်ရာတွင် လက်နက် ကိရိယာ မလိုဘဲ အချိန်ကုန်၊ လူပန်း သက်သာခြင်းကြောင့် ယင်းလုပ်ငန်းများတွင် အသုံးပြုသည်။

ယခုအခါ ယင်းအယူအဆများ ကွယ်ပျောက်သလောက် ရှိနေပြီ ဖြစ်သည်။ လူသားအဖြစ်မှ ကျားအဖြစ်သို့ ပြောင်းလိုသည့်အခါ ကျားဖြစ်မည့်သူနှင့် အတူ အဖော်တစ်ဦးလည်း လိုအပ်ပါသည်။ ထိုအဖော်နှင့်အတူ ကျားအဖြစ် ပြောင်းမည့်နေရာ သို့ သွားရောက်ရသည်။

အထူးသဖြင့် လူတို့နှင့် မနီးစပ်ရာ တောထဲသို့ သွားရောက်ကာ ကျားအဖြစ် ပြောင်းမည့်သူက ဝတ်ထားသည့် အဝတ်အစားများ အားလုံးကို ချွတ်ပြီး ပါလာသည့် အဖော်အား ပေးထားရပါသည်။

ထို့နောက် အဖော်ဖြစ်သူမှ အဝတ်အစားများ ယူကာ လုံခြုံမှုရှိသော အန္တရာယ်ကင်းသော သစ်ပင်အမြင့်ပေါ်သို့ တက်နေရပါသည်။

ထိုသို့တက်ရခြင်းသည် လူမှ သမန်းကျား ဖြစ်သောအခါ မိမိအဖော်အား အန္တရာယ် မဖြစ်စေရန် ဖြစ်၏။ ထို့နောက် ကျားဖြစ်မည့်သူက ကျားစိတ် ကျားမာန်များ ဝင်လာရန် အစီအမံများကို တဆင့်ချင်း ပြုလုပ်ကာ နောက်ဆုံး ကျွမ်းသုံးခေါက်ထိုးကာ ကျားအဖြစ်သို့ ရောက်ရှိသွားပြီး တောကောင်လိုက်ရန် တောအတွင်းသို့ စီးနင်း ဝင်ရောက်တော့၏။

တောအတွင်းသို့ ဝင်ရောက်လာပြီးနောက် သွက်လက်ဖျက်လတ်သော ရဲရင့်စွမ်းအား ပြည့်ဝသော ကျားတစ်ကောင်ကဲ့သို့ သားကောင်များအား ဖမ်းဆီး ကိုက်ဖြတ်တော့သည်။

သားကောင်များ ရရှိလာပြီးနောက် အဖော်ရှိရာသို့ ပြန်လာ၏။ ထိုအခါ အဖော်က ကျားဘဝမှ လူသားအဖြစ်သို့ ပြန်ဖြစ်လာရန် သူ၏ အဝတ်အစားများအား ပြသပေးရပါသည်။ အဝတ်အစားကို မြင်မှ တဖြည်းဖြည်း သတိရလာပြီး လူစိတ်ပြန်ဝင်ကာ လူသားဘဝ ပြန်ဖြစ်လာလေသည်။

ထိုအခါမှ အဖော်ဖြစ်သူက အဝတ်အစားများ ပေးပြီး သားကောင်များ ယူဆောင်ကာ ရွာအတွင်းသို့ အတူ ဝင်ကြလေ၏။

သမန်းကျား အတတ်ပညာမှာ အဓိက သုံးမျိုး ရှိပါသည်။

(၁) မွေးကတည်းက ထူးခြားစွာ ပါလာသော သမန်းကျား အတတ်

(၂) မျိုးရိုးစဉ်ဆက် တတ်ကျွမ်းခဲ့သော သမန်းကျား အတတ်

(၃) ဆေးဝါးမန္တန်တို့ဖြင့် သင်ယူထားသော သမန်းကျား အတတ်တို့ ဖြစ်ပါသည်။

သမန်းကျား အမျိုးအစား သုံးမျိုးရှိပါသည်။

(၁) လူစင်စစ်ကနေ တကယ့် ကျားအဖြစ် ကူးပြောင်းသွားသော အမျိုးအစား (များသောအားဖြင့် ၁၂ နာရီခန့် ကျားဘဝ ရောက်သွားပါတယ်)

(၂) လူစင်စင်ကနေ တကယ့် ကျားအဖြစ် ကူးပြောင်းမသွားဘဲ ကျားကဲ့သို့ တိရစ္ဆာန်စိတ် ဝင်လာသော အမျိုးအစား (နှစ်ဆယ့်လေးနာရီခန့်တိရစ္ဆာန်စိတ် ဝင်နေတတ်ပါတယ်)

(၃) လူဖြစ်လိုက် တကယ့် ကျားဖြစ်လိုက်နှင့် တစ်လှည့်စီ ကူးပြောင်းနေသော အမျိုးအစား (ဆိုလိုတာက လူနေအိမ်တွေနား ရောက်ရင် သာမန်လူ ဖြစ်သွားပြီး တောတွင်းထဲ ရောက်သွားရင် တကယ့်ကျား ဖြစ်သွားတာမျိုး၊ အဲဒီအမျိုးအစားကတော့ အချိန်အကြာဆုံး ကူးပြောင်းနိုင်ပါတယ်)

သမန်းကျားတွေမှာ လူစင်စစ်ကနေ ကျားအဖြစ် ကူးပြောင်းမယ့် အမျိုးအစားတွေက အချိန်အားဖြင့် လပြည့်ညနဲ့ လကွယ်ညတွေမှာ ကူးပြောင်းကြပါသည်။

လူစိတ်ကနေ ကျားတိရစ္ဆာန်စိတ် ဝင်တတ်တဲ့ အမျိုးအစားကတော့ အချိန် လပြည့်နေ့ လပြည့်ကျော် တစ်ရက် လကွယ်နေ့တွေမှာ လူစိတ်ပျောက်ပြီး ကျားတိရစ္ဆာန်စိတ် ဝင်တတ်ပါ သည်။

ကူးပြောင်းပုံကတော့ လူသူမရှိတဲ့ ကွင်းပြင်လို နေရာမျိုးမှာ လူ့စိတ်ကနေ တိရစ္ဆာန်စိတ် ဝင်စေသတည်းလို့ အာရုံပြုလိုက်တာနဲ့ စိတ်ပြောင်းသွားပြီး တကယ် ကျားတစ်ကောင်လိုပဲ သွားလာ လှုပ်ရှားပါတော့သည်။

အသံကအစ လူလို မပြောတတ်တော့ဘဲ ကျားလို ဟိန်းဟောက်တာမျိုး ဖြစ်လာပါသည်။ လူဖြစ်လိုက် ကျားဖြစ်လိုက် အမျိုးအစားကတော့ ကြိုက်တဲ့နေရာ ကြိုက်တဲ့ဒေသမှာ လူကနေ ကျားအဖြစ် ကူးပြောင်းနိုင်သလို ကျားအဖြစ်ကနေ ချက်ချင်း လူအဖြစ် ကူးပြောင်းနိုင်ပါသည်။

အမှတ်(၁) အမျိုးအစားနဲ့ အမှတ်(၂) အမျိုးအစားကတော့ သူတို့ ကူးပြောင်းရမယ့် အချိန်မကုန်သရွေ့ လူ့ဘဝ လူ့စိတ် ပြန်မရောက်နိုင်ပါဘူး။ သမန်းကျားတွေမှာ လူကနေ ကျားစင်စစ် ဖြစ်သွားရင်သော် လည်းကောင်း။ လူ ကနေ ကျားစိတ်ပေါက်သွားရင်သော် လည်းကောင်း။ လူတွေကို ဘယ်တော့မှ အန္တရာယ် မပြုပါဘူး။

သူတို့ဘာသာ စိတ်ကြိုက် ကျားဘဝနဲ့ ကျားစိတ်နဲ့ ခုန်လိုက် ပေါက်လိုက် ဟိန်းလိုက်ဟောက်လိုက် နေကြပါသည်။ တစ်ခါတလေတော့ ကျားသဘာဝ အမဲလိုက်ကြပါသည်။

တောထဲက ယုန်လေးတွေ ဆိတ်က လေးတွေ ကိုက်ချီလာမျိုး ရှိပေမယ့် လူတွေကို အန္တရာယ် မပေးတတ်ပါဘူး။

အမှတ်(၃) အမျိုးအစားကတော့ လူကို ဒုက္ခမပေးပါဘူး။ အဲဒီအမျိုးအစားက အရမ်းရှားပါးလို့ပါ။ အရင်တုန်းကတော့ ပဲခူးရိုးမ ရှမ်း ရိုးမ တောင်ခြေတစ်ဝိုက်မှာ သမန်းကျား မျိုးနွယ်ဝင်တွေဟာ ကိုယ့်ရွာ ကိုယ်တည်ပြီး နေကြပါသည်။ အခု ခေတ်အခါမှာတော့ အဲဒီအမျိုးအနွယ်တွေဟာ လူတွေနဲ့ ရောနှော နေထိုင်နေကြပါသည်။

သမန်းကျား ပညာသည်တွေဟာ သာမန်လူတွေလိုပါပဲ။ ပုံသဏ္ဌာန် ထူးခြားမှု၊ ခန္ဓာကိုယ် တည်ဆောက်ပုံ ထူးခြားမှု လုံးဝ မရှိပါဘူး။ သမန်းကျား အချင်းချင်းတော့ သိကြပါသည်။

သမန်းကျားပညာရှင် အချင်းချင်း တွေ့ရင် နှစ်ယောက်စလုံးက အမှတ်တမဲ့ ကိုယ့်ခြေတစ်ဖက်ကို နောက်ကို ဆုတ်လိုက်ကြပါသည်။

သမန်းကျား ပညာရှင် အချင်းချင်း တွေ့သည့် အချိန်ကျလျှင် တစ်ယောက်ကို တစ်ယောက် လေးစားသောအားဖြင့် ခြေထောက်ကို နောက်ပြန်ဆုတ်တဲ့ ပုံစံနဲ့ အရိုသေ ပေးပါသည်။

အထက်လမ်း ဆရာတွေကို တွေ့တဲ့ အခါကျရင်လည်း ဒီလိုပဲ ခြေတစ်လှမ်း နောက်ဆုတ် ပြီး အရိုအသေ ပေးပါသည်။

အောက်လမ်းတို့ စုန်း စသည့် အတတ်ပညာရှင်တို့နဲ့ တွေ့တဲ့အခါ ကျရင်တော့ ရှေ့ကို ခြေနှစ်လှမ်း တိုးပြီးတော့ မင်းတို့ကို ငါ သိတယ်ဆိုတဲ့ ပုံစံပြပါသည်။

ဘုန်းကြီးတွေ ဘာတွေ တွေ့ရင် နောက်ကို ခြေတစ်လှမ်းဆုတ်ကာ လက်အုပ်ချီသည်။ ငွေတစ်ထောင် လှူဒါန်းပါသည်။ အရင်ခေတ်ကတော့ ငွေတစ်ကျပ်၊ ငွေတစ်မတ်၊ ငွေဒင်္ဂါးတစ်ပြား လှူဒါန်းပါသည်။

CREDIT📝 လင်းညို့တာရာ
RED ~ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၅)

Zawgyi

ျမန္မာႏိုင္ငံအတြင္း၌ လွ်ိဳ႕ဝွက္စြာ ေနထိုင္ၿပီး ထူးဆန္း၍ ရွားပါးလွေသာ သမန္းက်ားမ်ား

ျမန္မာႏိုင္ငံတြင္ ထူးျခားသည့္ သတၱဝါတစ္မ်ိဳး ရွိပါသည္။ ဒါကေတာ့ ျမန္မာႏိုင္ငံ အထက္ပိုင္းကသမန္းက်ား ေတြပါ။

သမန္းက်ား ဆိုသည္မွာ လူကေန က်ား အသြင္ေျပာင္းလဲႏိုင္ေသာ မ်ိဳးႏြယ္စုကို ေခၚဆိုတာပါ။ ထိုလူမ်ိဳးကို ထမန္းလူမ်ိဳးဟုလည္း ေခၚဆိုၾကပါသည္။

းလူမ်ိဳးသည္ တိဗက္ ~ ျမန္မာ အစုဝင္ သက္အုပ္စုခြဲတြင္ ပါဝင္၍ ျမန္မာႏိုင္ငံအထက္ ခ်င္းတြင္းခ႐ိုင္၏ ေျမာက္ဘက္ ရွမ္း၊ ကခ်င္ႏွင့္ ခ်င္းနယ္ေျမတို႔ ဆုံရာေဒသတြင္ ေနထိုင္ၾကပါသည္။ လူဦးေရ ႏွစ္ေသာင္းခန္႔ ရွိ၏။

ထမန္းတို႔ ေျပာဆိုေသာ စကားသည္ ကခ်င္စကား၊ နာဂစကားတို႔ႏွင့္ အဆက္အစပ္ ရွိသည္ဟု ယူဆရပါသည္။ သို႔ရာတြင္ ကဒူးစကား ကဲ့သို႔ပင္ ရွမ္းႏွင့္ခ်င္းတို႔၏ အေငြ႕အသက္ မကင္းသည္ကို ေတြ႕ရပါသည္။ လူမ်ိဳး အဆက္အႏြယ္အားျဖင့္ ကဒူးတို႔ႏွင့္ ဆက္စပ္မႈရွိသည္ဟု ယူဆရပါသည္။

ထမန္းလူဦးေရမွာ နည္းပါးလွေပရာ ထမန္း႐ြာဟူ၍ နာဂေတာင္တန္းခ႐ိုင္ ဟုမၼလင္းနယ္တြင္ ထမန္သည္ တစ္႐ြာတည္းသာ ရွိပါသည္။ သို႔ေသာ္ အထက္ ခ်င္းတြင္းခ႐ိုင္၏ ေျမာက္စူးစူးရွိ ႐ြာကေလးမ်ား၌လည္း ထမန္းလူမ်ိဳး အနည္းငယ္ကို ေတြ႕ရပါသည္။

ထမန္းတို႔သည္ လူစင္စစ္မွ က်ားအျဖစ္သို႔ ေျပာင္းလဲ၍ မိမိတို႔ပိုင္ ပစၥည္းမ်ားကို ခိုးယူသူတို႔အား ဒုကၡေပးေလ့ ရွိေၾကာင္းကို ယခင္ အထက္ခ်င္းတြင္းခ႐ိုင္ဝန္ ျဖစ္ခဲ့ဖူးသူ မစၥတာ ဂရန္႔ဗေရာင္းဆိုသူက ၁၉၀၈ ခုႏွစ္၌ စာအုပ္ေရးသား ထုတ္ေဝခဲ့ဖူးပါသည္။

 

သမန္းက်ားဆိုသည္မွာ လူက က်ားအျဖစ္ ေျပာင္းလဲေသာ မိစာၦအတတ္တစ္မ်ိဳး ျဖစ္သည္ဟု ယူဆၾကပါသည္။ မူလအမည္မွာ ရွမ္းစကား ထမန္ ျဖစ္သည္။ ထမန္က်ားဟု ေခၚရာမွ ကာလေ႐ြ႕လ်ားလာေသာ္ သမန္းက်ား ျဖစ္လာသည္။

ခ်င္းတြင္းျမစ္ညာတြင္ (ထမံသည္) ထမံသီ႐ြာဟူ၍ ရွမ္းလူမ်ိဳးမ်ား ေနထိုင္ေသာ႐ြာ ယခုတိုင္ ရွိေသးသည္။ အင္းေတာ္ႀကီးအိုင္ ဝန္းက်င္ႏွင့္ ခ်င္းတြင္းျမစ္ညာတြင္ ေနထိုင္ၾကေသာ ရွမ္းနီလူမ်ိဳးတို႔က လူမွ ျဖစ္ေသာက်ားကို ေမာ္လေခါင္ က်ားဟု ေခၚၾကသည္။

ထမန္တို႔သည္ ရွမ္းလူမ်ိဳးမ်ား ျဖစ္ၾကၿပီး တစ္ခ်ိန္က အင္းေတာ္ႀကီး အိုင္ ျဖစ္လာမည့္ ေနရာတြင္ စည္ခမ္းအမည္ရွိသည့္ ၿမိဳ႕ကို တည္ေထာင္ေနထိုင္ခဲ့ၾကသည္။

စည္ခမ္းၿမိဳ႕ ေရေအာက္ ေရာက္သြားၿပီးေနာက္ က်န္ခဲ့ေသာ အဆက္အႏြယ္မ်ားသည္ အေနာက္ဘက္သို႔ ေ႐ႊ႕ေျပာင္းသြားၾကၿပီး အျခားသူမ်ားႏွင့္ ေသြးေႏွာျခင္း မျပဳဘဲ (အျခားသူမ်ားကလည္း ယင္းတို႔ႏွင့္ ေသြးေႏွာျခင္းမျပဳ) သီးျခား ေနထိုင္ခဲ့ၾကသည္။

 

အျခားသူမ်ားက ယင္းတို႔ကို ထမန္မ်ားဟု ေခၚၾကသည္။ ထမန္တို႔ကလည္း မိမိတို႔ ပညာမ်ားကို သားစဥ္ ေျမးဆက္ သင္ၾကားေပးခဲ့ၿပီး ျပင္ပသို႔ မေပါက္ၾကားေအာင္ ထိန္းသိမ္းခဲ့ၾကသျဖင့္ ယင္းပညာတတ္ေၾကာင္း အျခားလူမ်ား မသိႏိုင္ၾကေခ်။

ရွမ္းေလးၿမိဳ႕ ရာဇဝင္တြင္ စည္ခမ္းၿမိဳ႕မွ မင္းသားတစ္ေယာက္သည္ က်ားျဖဴဘဝႏွင့္ ေတာလိုက္ေနစဥ္ တာပိန္ျမစ္ညာရွိ တိုင္းျပည္တစ္ခုမွ ေရထဲေမ်ာလာေသာ အမ်ိဳးသမီးတစ္ဦးႏွင့္ အိမ္ေထာင္က်ရာမွ ေမြးဖြားလာေသာ ကေလးမ်ားသည္ ေနာင္ႀကီးျပင္းလာခ်ိန္တြင္ မိုးညႇင္း၊ မိုးေကာင္းၿမိဳ႕၊ မိုးမိတ္ ၿမိဳ႕မ်ားကို တည္ေထာင္သည္ဟု ပါရွိသည္။

ထိုမင္းသားအား က်ားျဖဴရွင္ဟူ၍ သိရွိၾကေပသည္။ ခရီးသြားလာရာတြင္ လူခႏၶာကိုယ္ျဖင့္ သြားလာသည္ထက္ က်ားခႏၶာကိုယ္ျဖင့္ သြားလာသည္က မ်ားစြာ သက္သာျခင္း၊ အမဲလိုက္ရာတြင္ လက္နက္ ကိရိယာ မလိုဘဲ အခ်ိန္ကုန္၊ လူပန္း သက္သာျခင္းေၾကာင့္ ယင္းလုပ္ငန္းမ်ားတြင္ အသုံးျပဳသည္။

ယခုအခါ ယင္းအယူအဆမ်ား ကြယ္ေပ်ာက္သေလာက္ ရွိေနၿပီ ျဖစ္သည္။ လူသားအျဖစ္မွ က်ားအျဖစ္သို႔ ေျပာင္းလိုသည့္အခါ က်ားျဖစ္မည့္သူႏွင့္ အတူ အေဖာ္တစ္ဦးလည္း လိုအပ္ပါသည္။ ထိုအေဖာ္ႏွင့္အတူ က်ားအျဖစ္ ေျပာင္းမည့္ေနရာ သို႔ သြားေရာက္ရသည္။

 

အထူးသျဖင့္ လူတို႔ႏွင့္ မနီးစပ္ရာ ေတာထဲသို႔ သြားေရာက္ကာ က်ားအျဖစ္ ေျပာင္းမည့္သူက ဝတ္ထားသည့္ အဝတ္အစားမ်ား အားလုံးကို ခြၽတ္ၿပီး ပါလာသည့္ အေဖာ္အား ေပးထားရပါသည္။

ထို႔ေနာက္ အေဖာ္ျဖစ္သူမွ အဝတ္အစားမ်ား ယူကာ လုံၿခဳံမႈရွိေသာ အႏၲရာယ္ကင္းေသာ သစ္ပင္အျမင့္ေပၚသို႔ တက္ေနရပါသည္။

ထိုသို႔တက္ရျခင္းသည္ လူမွ သမန္းက်ား ျဖစ္ေသာအခါ မိမိအေဖာ္အား အႏၲရာယ္ မျဖစ္ေစရန္ ျဖစ္၏။ ထို႔ေနာက္ က်ားျဖစ္မည့္သူက က်ားစိတ္ က်ားမာန္မ်ား ဝင္လာရန္ အစီအမံမ်ားကို တဆင့္ခ်င္း ျပဳလုပ္ကာ ေနာက္ဆုံး ကြၽမ္းသုံးေခါက္ထိုးကာ က်ားအျဖစ္သို႔ ေရာက္ရွိသြားၿပီး ေတာေကာင္လိုက္ရန္ ေတာအတြင္းသို႔ စီးနင္း ဝင္ေရာက္ေတာ့၏။

ေတာအတြင္းသို႔ ဝင္ေရာက္လာၿပီးေနာက္ သြက္လက္ဖ်က္လတ္ေသာ ရဲရင့္စြမ္းအား ျပည့္ဝေသာ က်ားတစ္ေကာင္ကဲ့သို႔ သားေကာင္မ်ားအား ဖမ္းဆီး ကိုက္ျဖတ္ေတာ့သည္။

သားေကာင္မ်ား ရရွိလာၿပီးေနာက္ အေဖာ္ရွိရာသို႔ ျပန္လာ၏။ ထိုအခါ အေဖာ္က က်ားဘဝမွ လူသားအျဖစ္သို႔ ျပန္ျဖစ္လာရန္ သူ၏ အဝတ္အစားမ်ားအား ျပသေပးရပါသည္။ အဝတ္အစားကို ျမင္မွ တျဖည္းျဖည္း သတိရလာၿပီး လူစိတ္ျပန္ဝင္ကာ လူသားဘဝ ျပန္ျဖစ္လာေလသည္။

 

ထိုအခါမွ အေဖာ္ျဖစ္သူက အဝတ္အစားမ်ား ေပးၿပီး သားေကာင္မ်ား ယူေဆာင္ကာ ႐ြာအတြင္းသို႔ အတူ ဝင္ၾကေလ၏။

သမန္းက်ား အတတ္ပညာမွာ အဓိက သုံးမ်ိဳး ရွိပါသည္။

(၁) ေမြးကတည္းက ထူးျခားစြာ ပါလာေသာ သမန္းက်ား အတတ္

(၂) မ်ိဳး႐ိုးစဥ္ဆက္ တတ္ကြၽမ္းခဲ့ေသာ သမန္းက်ား အတတ္

(၃) ေဆးဝါးမႏၲန္တို႔ျဖင့္ သင္ယူထားေသာ သမန္းက်ား အတတ္တို႔ ျဖစ္ပါသည္။

သမန္းက်ား အမ်ိဳးအစား သုံးမ်ိဳးရွိပါသည္။

(၁) လူစင္စစ္ကေန တကယ့္ က်ားအျဖစ္ ကူးေျပာင္းသြားေသာ အမ်ိဳးအစား (မ်ားေသာအားျဖင့္ ၁၂ နာရီခန္႔ က်ားဘဝ ေရာက္သြားပါတယ္)

(၂) လူစင္စင္ကေန တကယ့္ က်ားအျဖစ္ ကူးေျပာင္းမသြားဘဲ က်ားကဲ့သို႔ တိရစာၦန္စိတ္ ဝင္လာေသာ အမ်ိဳးအစား (ႏွစ္ဆယ့္ေလးနာရီခန္႔တိရစာၦန္စိတ္ ဝင္ေနတတ္ပါတယ္)

(၃) လူျဖစ္လိုက္ တကယ့္ က်ားျဖစ္လိုက္ႏွင့္ တစ္လွည့္စီ ကူးေျပာင္းေနေသာ အမ်ိဳးအစား (ဆိုလိုတာက လူေနအိမ္ေတြနား ေရာက္ရင္ သာမန္လူ ျဖစ္သြားၿပီး ေတာတြင္းထဲ ေရာက္သြားရင္ တကယ့္က်ား ျဖစ္သြားတာမ်ိဳး၊ အဲဒီအမ်ိဳးအစားကေတာ့ အခ်ိန္အၾကာဆုံး ကူးေျပာင္းႏိုင္ပါတယ္)

သမန္းက်ားေတြမွာ လူစင္စစ္ကေန က်ားအျဖစ္ ကူးေျပာင္းမယ့္ အမ်ိဳးအစားေတြက အခ်ိန္အားျဖင့္ လျပည့္ညနဲ႔ လကြယ္ညေတြမွာ ကူးေျပာင္းၾကပါသည္။

 

လူစိတ္ကေန က်ားတိရစာၦန္စိတ္ ဝင္တတ္တဲ့ အမ်ိဳးအစားကေတာ့ အခ်ိန္ လျပည့္ေန႔ လျပည့္ေက်ာ္ တစ္ရက္ လကြယ္ေန႔ေတြမွာ လူစိတ္ေပ်ာက္ၿပီး က်ားတိရစာၦန္စိတ္ ဝင္တတ္ပါ သည္။

ကူးေျပာင္းပုံကေတာ့ လူသူမရွိတဲ့ ကြင္းျပင္လို ေနရာမ်ိဳးမွာ လူ႔စိတ္ကေန တိရစာၦန္စိတ္ ဝင္ေစသတည္းလို႔ အာ႐ုံျပဳလိုက္တာနဲ႔ စိတ္ေျပာင္းသြားၿပီး တကယ္ က်ားတစ္ေကာင္လိုပဲ သြားလာ လႈပ္ရွားပါေတာ့သည္။

အသံကအစ လူလို မေျပာတတ္ေတာ့ဘဲ က်ားလို ဟိန္းေဟာက္တာမ်ိဳး ျဖစ္လာပါသည္။ လူျဖစ္လိုက္ က်ားျဖစ္လိုက္ အမ်ိဳးအစားကေတာ့ ႀကိဳက္တဲ့ေနရာ ႀကိဳက္တဲ့ေဒသမွာ လူကေန က်ားအျဖစ္ ကူးေျပာင္းႏိုင္သလို က်ားအျဖစ္ကေန ခ်က္ခ်င္း လူအျဖစ္ ကူးေျပာင္းႏိုင္ပါသည္။

အမွတ္(၁) အမ်ိဳးအစားနဲ႔ အမွတ္(၂) အမ်ိဳးအစားကေတာ့ သူတို႔ ကူးေျပာင္းရမယ့္ အခ်ိန္မကုန္သေ႐ြ႕ လူ႔ဘဝ လူ႔စိတ္ ျပန္မေရာက္ႏိုင္ပါဘူး။ သမန္းက်ားေတြမွာ လူကေန က်ားစင္စစ္ ျဖစ္သြားရင္ေသာ္ လည္းေကာင္း။ လူ ကေန က်ားစိတ္ေပါက္သြားရင္ေသာ္ လည္းေကာင္း။ လူေတြကို ဘယ္ေတာ့မွ အႏၲရာယ္ မျပဳပါဘူး။

 

သူတို႔ဘာသာ စိတ္ႀကိဳက္ က်ားဘဝနဲ႔ က်ားစိတ္နဲ႔ ခုန္လိုက္ ေပါက္လိုက္ ဟိန္းလိုက္ေဟာက္လိုက္ ေနၾကပါသည္။ တစ္ခါတေလေတာ့ က်ားသဘာဝ အမဲလိုက္ၾကပါသည္။

ေတာထဲက ယုန္ေလးေတြ ဆိတ္က ေလးေတြ ကိုက္ခ်ီလာမ်ိဳး ရွိေပမယ့္ လူေတြကို အႏၲရာယ္ မေပးတတ္ပါဘူး။

အမွတ္(၃) အမ်ိဳးအစားကေတာ့ လူကို ဒုကၡမေပးပါဘူး။ အဲဒီအမ်ိဳးအစားက အရမ္းရွားပါးလို႔ပါ။ အရင္တုန္းကေတာ့ ပဲခူး႐ိုးမ ရွမ္း ႐ိုးမ ေတာင္ေျခတစ္ဝိုက္မွာ သမန္းက်ား မ်ိဳးႏြယ္ဝင္ေတြဟာ ကိုယ့္႐ြာ ကိုယ္တည္ၿပီး ေနၾကပါသည္။ အခု ေခတ္အခါမွာေတာ့ အဲဒီအမ်ိဳးအႏြယ္ေတြဟာ လူေတြနဲ႔ ေရာေႏွာ ေနထိုင္ေနၾကပါသည္။

 

သမန္းက်ား ပညာသည္ေတြဟာ သာမန္လူေတြလိုပါပဲ။ ပုံသဏၭာန္ ထူးျခားမႈ၊ ခႏၶာကိုယ္ တည္ေဆာက္ပုံ ထူးျခားမႈ လုံးဝ မရွိပါဘူး။ သမန္းက်ား အခ်င္းခ်င္းေတာ့ သိၾကပါသည္။

သမန္းက်ားပညာရွင္ အခ်င္းခ်င္း ေတြ႕ရင္ ႏွစ္ေယာက္စလုံးက အမွတ္တမဲ့ ကိုယ့္ေျခတစ္ဖက္ကို ေနာက္ကို ဆုတ္လိုက္ၾကပါသည္။

သမန္းက်ား ပညာရွင္ အခ်င္းခ်င္း ေတြ႕သည့္ အခ်ိန္က်လွ်င္ တစ္ေယာက္ကို တစ္ေယာက္ ေလးစားေသာအားျဖင့္ ေျခေထာက္ကို ေနာက္ျပန္ဆုတ္တဲ့ ပုံစံနဲ႔ အ႐ိုေသ ေပးပါသည္။

 

အထက္လမ္း ဆရာေတြကို ေတြ႕တဲ့ အခါက်ရင္လည္း ဒီလိုပဲ ေျခတစ္လွမ္း ေနာက္ဆုတ္ ၿပီး အ႐ိုအေသ ေပးပါသည္။

ေအာက္လမ္းတို႔ စုန္း စသည့္ အတတ္ပညာရွင္တို႔နဲ႔ ေတြ႕တဲ့အခါ က်ရင္ေတာ့ ေရွ႕ကို ေျခႏွစ္လွမ္း တိုးၿပီးေတာ့ မင္းတို႔ကို ငါ သိတယ္ဆိုတဲ့ ပုံစံျပပါသည္။

ဘုန္းႀကီးေတြ ဘာေတြ ေတြ႕ရင္ ေနာက္ကို ေျခတစ္လွမ္းဆုတ္ကာ လက္အုပ္ခ်ီသည္။ ေငြတစ္ေထာင္ လႉဒါန္းပါသည္။ အရင္ေခတ္ကေတာ့ ေငြတစ္က်ပ္၊ ေငြတစ္မတ္၊ ေငြဒဂၤါးတစ္ျပား လႉဒါန္းပါသည္။

CREDIT📝 လင္းညိဳ႕တာရာ
RED ~ ျမန္မာ့စြယ္စုံက်မ္း၊ အတြဲ(၅)

Leave a Comment