၂၁ရာစု မိန်းကလေး အများစုရဲ့ ဖွင့်ဟ ဝန်ခံချက်…. (ပိုက်ဆံမရှိတဲ့ သူတောင်းစားတစ်ယောက်ကိုလဲ မယူနိုင်ပါဘူး…)
ပိုက်ဆံမရှိတဲ့ သူတောင်းစားတစ်ယောက်ကိုလဲ မယူနိုင်ပါဘူး အတူတူမတောင်းစားနိုင်လို့ပါသိပ်ချမ်းသာလွန်းတဲ့ ခရိုနီတွေလဲ မယူနိုင်ပါဘူးမယားကြီးဘွဲ့မခံယူလို့ပါ
ထမင်းရည်လဲတူတူမသောက်နိုင်ပါဘူးကျွန်မကအစားမက်လို့ပါဒါပေမယ့် ဟင်းတွေမျိုးစုံနဲ့ တစ်ယောက်တည်း အထီးကျန်ကျန်နဲ့ ယောက်ျားက ပြန်လာတစ်ရက် မပြန်လာတစ်ရက်လဲ မနေနိုင်ပါဘူးတဲအိုပျက်မှာလဲမနေနိုင်ဘူး ကျွန်မက ချမ်းတတ်လို့ပါ
အိမ်အကြီးကြီးနဲ့လဲ အထီးကျန်ပြီး မနေချင်ပါဘူး စုတ်စုတ်ပြတ်ပြတ်လဲမနေနိုင်ပါဘူး ကျွန်မကအကောင်းကြိုက်လို့ပါ
ပိုက်ဆံရှိပြီး မိဘပိုက်ဆံထိုင်ဖြုံးနေတဲ့ဘော်ကြော့တွေ မယူနိုင်သလို ပိုက်ဆံမရှိဘဲ ကြိုးစားပြီး အရည်အချင်းရှိတဲ့သူကိုလဲ ယူဖို့ဝန်မလေးပါဘူးတကယ်တော့ ကျွန်မလိုချင်တာ ပိုက်ဆံရှိတဲ့ယောက်ျား မဟုတ်သလို ဆင်းရဲတဲ့ယောက်ျားလဲ မဟုတ်ပါဘူး
ကျွန်မအတွက် အရာရာကို ကြိုးစားပေးပြီး ကျွန်မမရှိရင် မဖြစ်ဘူး ကျွန်မကို ဘယ်တော့မှ အဆုံးရှုံးမခံနိုင်တဲ့ သူမျိုးကျွန်မဘဝကို ဖခင်လိုလုံခြုံမှုပေးနိုင်ပြီး မိခင်လို အေးချမ်းစေနိုင်မယ့် ယောက်ျားကောင်းမျိုးနဲ့တွေ့ဆုံပြီး အေးချမ်းတဲ့မိသားစုလေးပိုင်ဆိုင်ချင်ရုံပါ
မရနိုင်ဘူး ကျွန်မလောဘကြီးမိတယ်ဆိုလဲအပျိုကြီးဘဝနဲ့နေဖို့လဲ ဝန်မလေးပါဘူး ယောက်ျားတစ်ယောက်ရှိမှ ရပ်တည်နိုင်မယ့် မိန်းမလဲ မဟုတ်ဘူးပိုက်ဆံအတွက်နဲ့ ကိုယ့်ကိုယ်ကိုယ်မရောင်းစားသလိုအချစ်အတွက်လဲ စုံလုံးကန်းမရူးမိုက်နိုင်ပါဘူးယောက်ျားမလိုချင်တာ မဟုတ်ပေမယ့်ယောက်ျားရှိမှဖြစ်မယ်ဆိုတာမျိုးလဲ မဟုတ်ပါဘူးဒါလေးပါဘဲ
Credit
Zawgyi
Credit