ရည်ညွှန်းစျေး တစ်ပိဿာကို ကျပ်(၄)ထောင်အောက်ပြန်လည်ရောက်ရှိသွားတဲ့ ပြည်တွင်း စားအုံးဆီစျေးနှုန်း

ရည်ညွှန်းဈေး တစ်ပိဿာကို ကျပ်(၄)ထောင်အောက်ပြန်လည်ရောက်ရှိသွားတဲ့ ပြည်တွင်း စားအုံးဆီဈေးနှုန်း


စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေး ကော်မတီကအောက်တိုဘာ ၁၁ ရက်ကနေ ၁၆ ရက်အထိရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးအဖြစ်စားအုန်းဆီတစ်ပိဿာကို ၃၈၈၀ ကျပ်သတ်မှတ်ထားပါတယ်။

စားအုန်းဆီဈေးနှုန်းတွေ ဆက်တိုက်ကျဆင်းလာခဲ့တာမှာပြီးခဲ့တဲ့အပတ်ကတစ်ပိဿာကို ၄၀၂၀ ကျပ်ရှိခဲ့ပြီးအခုအပတ်မှာတော့ ကျပ် ၁၄၀ ဈေးထပ်ကျသွားတာဖြစ်ပါတယ်။စားအုန်းဆီလက်ကားရည်ညွှန်းဈေးနှုန်းကို

အဓိကတင်ပို့နေတဲ့ နိုင်ငံတွေရဲ့ဈေးနှုန်း၊ သယ်ယူပို့ဆောင်ခကုန်ကျစရိတ်တွေ၊ဘဏ်စရိတ်တွေအခွန်အခတွေကိုထည့်သွင်းတွက်ချက်ပြီးထုတ်ပြန်တာဖြစ်တယ်လို့ ဆိုပါတယ်။ပြည်တွင်းဈေးကွက်ထဲမှာ စားအုန်းဆီကို

ဈေးကစားဖို့ရည်ရွယ်ချက်နဲ့သိုလှောင်တာ၊ ဈေးနှုန်းမြှင့်တင်ရောင်းချတာတွေကိုလည်းအရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေအရ အရေးယူမယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ဘုရင့်နောင် ပွဲရုံရှိ လက်ကားဈေးကွက်တွင်

ယနေ့စားအုံးဆီဈေး ၁၀ပေပါအထက်ကို ၆၃၀၀ကျပ်ဖြစ်ပြီး ၅ပေပါအထက်ကို ၆၃၅၀ ကျပ်ဖြင့်ရောင်းချနေကြောင်းလည်းသိရှိရပါသည်။

Credit

Zawgyi

ရည္ၫႊန္းေစ်း တစ္ပိႆာကို က်ပ္(၄)ေထာင္ေအာက္ျပန္လည္ေရာက္ရွိသြားတဲ့ ျပည္တြင္း စားအုံးဆီေစ်းႏႈန္း

စားသုံးဆီတင္သြင္းသိုေလွာင္ျဖန႔္ျဖဴးျခင္းလုပ္ငန္း ႀကီးၾကပ္ေရး ေကာ္မတီကေအာက္တိုဘာ ၁၁ ရက္ကေန ၁၆ ရက္အထိရန္ကုန္အထိုင္ေဈး အေျခခံလက္ကားရည္ၫႊန္းေဈးအျဖစ္စားအုန္းဆီတစ္ပိႆာကို ၃၈၈၀ က်ပ္သတ္မွတ္ထားပါတယ္။

စားအုန္းဆီေဈးႏႈန္းေတြ ဆက္တိုက္က်ဆင္းလာခဲ့တာမွာၿပီးခဲ့တဲ့အပတ္ကတစ္ပိႆာကို ၄၀၂၀ က်ပ္ရွိခဲ့ၿပီးအခုအပတ္မွာေတာ့ က်ပ္ ၁၄၀ ေဈးထပ္က်သြားတာျဖစ္ပါတယ္။စားအုန္းဆီလက္ကားရည္ၫႊန္းေဈးႏႈန္းကို

အဓိကတင္ပို႔ေနတဲ့ ႏိုင္ငံေတြရဲ႕ေဈးႏႈန္း၊ သယ္ယူပို႔ေဆာင္ခကုန္က်စရိတ္ေတြ၊ဘဏ္စရိတ္ေတြအခြန္အခေတြကိုထည့္သြင္းတြက္ခ်က္ၿပီးထုတ္ျပန္တာျဖစ္တယ္လို႔ ဆိုပါတယ္။ျပည္တြင္းေဈးကြက္ထဲမွာ စားအုန္းဆီကို

ေဈးကစားဖို႔ရည္႐ြယ္ခ်က္နဲ႔သိုေလွာင္တာ၊ ေဈးႏႈန္းျမႇင့္တင္ေရာင္းခ်တာေတြကိုလည္းအေရးႀကီးကုန္စည္ႏွင့္ဝန္ေဆာင္မႈ ဥပေဒအရ အေရးယူမယ္လို႔ထုတ္ျပန္ခ်က္မွာေဖာ္ျပထားပါတယ္။ဘုရင့္ေနာင္ ပြဲ႐ုံရွိ လက္ကားေစ်းကြက္တြင္

ယေန႔စားအုံးဆီေစ်း ၁၀ေပပါအထက္ကို ၆၃၀၀က်ပ္ျဖစ္ၿပီး ၅ေပပါအထက္ကို ၆၃၅၀ က်ပ္ျဖင့္ေရာင္းခ်ေနေၾကာင္းလည္းသိရွိရပါသည္။

Credit

Leave a Comment