မလေးရှားနိုင်ငံက စားသောက်ဆိုင်မှ မြန်မာအလုပ်သမား သိန်း ၆၀၀ နီးပါး ဆုကြေးရတဲ့ မလေးထီပေါက်
မလေးရှားနိုင်ငံရှိ စားသောက်ဆိုင်တစ်ဆိုင်တွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာ နိုင်ငံသားတစ်ဦး မလေးရှား ၆ လုံးထီပေါက်လို့ မြန်မာငွေ ကျပ်သိန်း ၆၀၀ နီးပါးခန့်ရရှိခဲ့သည်ဟု နှလုံးလှပရဟိတလူငယ်များသွေးလှူရှင်အဖွဲ့(ကွာလာလမ်ပူ-မလေးရှား)မှ သိရပါတယ်။
ကျပ်သိန်း ၆၀၀ ခန့်ကံထူးခဲ့သူမှာ မလေးရှားနိုင်ငံ၊Batu Pahat မြို့ရှိ စားသောက်ဆိုင်တစ်ဆိုင်တွင် အလုပ်လုပ်ကိုင်နေသည့် ရခိုင်ပြည်နယ်၊ရမ်းဗြဲမြို့နယ်နေ ကိုနေကျော်လင်း ဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။
နှလုံးလှပရဟိတလူငယ်များသွေးလှူရှင်အဖွဲ့(ကွာလာလမ်ပူ-မလေးရှား)က ဒီတပတ် မလေး ( ၆ )လုံးထီ ရင်းဂစ် ( ၁ )ဖိုး မြန်မာငွေ သိန်း ( ၆၀၀ )နီးပါးကံထူးသွားတာကတော့ မလေးရှားနိုင်ငံ Batu Pahat မြို့
စားသောက်ဆိုင်တွင်အလုပ်လုပ်နေတဲ့ ရခိုင်သားလေး မောင်နေကျော်လင်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံနေရပ်ကတော့ ( ရခိုင်ပြည်နယ်-ရမ်းဗြဲမြို့နယ် )မှဖြစ်ပါတယ်။
မလေးရောက် မြန်မာနိုင်ငံသားများအားလုံး နောက်ထပ်များများကံထူးနိုင်ကြပါစေခင်ဗျာ လို့ ပြောကြားထားပါတယ်။
နှလုံးလှပရဟိတလူငယ်များသွေးလှူရှင်အဖွဲ့(ကွာလာလမ်ပူ-မလေး ရှား)မှကူညီပေးမှု များ ပြုလုပ်ပေးလျက်ရှိတယ်လို့လည်း သိရပါတယ်။
Credit နှလုံးလှ ပရဟိတလူငယ်များသွေးလှူရှင်အဖွဲ့ – Lovely heart
Zawgyi