ရန်ကုန် −မန္တလေး အမြန်လမ်းကြီး မိုင်တိုင် ၃၄၉/၂ နှင့် ၃ ကြား သတိထား မောင်းကြရန်
ရန်ကုန် – မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၃၄၉ /၂ နှင့် ၃၄၉ /၃ ကြားတွင် မိုးရေ တိုက်စားမှုကြောင့် ဖြစ်ပေါ်နေသည့် ကျင်းများက
ကားကြီးများ ကျွံကျနိုင်လောက်သည့် အခြေအနေမျိုး ဖြစ်နေကြောင်း အမြန်လမ်း အသုံးပြု မောင်းနှင်နေသည့် ယာဉ်မောင်းများထံမှ သိရသည်။
အဆိုပါ အမြန်လမ်းမကြီး၏ မိုင်တိုင် ၃၄၉ /၂ နှင့် ၃၄၉ /၃ ကြားတွင် ယခု ရက်ပိုင်းအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လမ်းအတွင်း အလယ်ထဲအထိ အတွင်းဘက်ခြမ်းမှရေတိုက်စားထားကာ
ကျင်းများ ဖြစ်နေပြီး ကားကြီးများ အနေဖြင့် ကျွံကျနိုင်လောက်သည်အထိ ဖြစ်လာနိုင်ကြောင်း သိရသည်။
ထိုရေ တိုက်စားမှုကြောင့် ဖြစ်ပေါ်နေသော အခြေအနေကိုလည်း ကိုယ်တိုင် ကြုံတွေ့ခဲ့သူ တစ်ဦးက လူမှု ကွန်ရက်ပေါ်တွင် အသိပေးကာဖော်ပြခဲ့သည်။
ထို့အတူ ယနေ့ (အောက်တိုဘာ ၁၁ ရက်) နံနက်ပိုင်းကလည်း မန္တလေးတိုင်း ဒေသကြီး၊ သာစည်မြို့နယ် ငှက်မင်းကုန်း ကျေးရွာအနီးရှိ မိတ္ထီလာ – တောင်ကြီး ကားလမ်း၊
မိုင်တိုင်အမှတ် ၁၆ /၅ နှင့် ၁၆ /၆ ကြားရှိ တံတားအမှတ် (၄ /၁၇) တွင် တံတား ယာဘက်ခြမ်းရှိ မြေသားများမှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့်
ရေတိုက်စားမှု ဖြစ်ပွားခဲ့သည့်အပေါ် ဌာနဆိုင်ရာများ နှင့် အရန် မီးသတ်တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာ အဖွဲ့အစည်းများ ပူးပေါင်းကာ
တာဘောင် ကျောက်ကြီး စီခြင်း နှင့် ရေစီးရာ လမ်းကြောင်းများ ကောင်းမွန်စေရေးတို့ အတွက်ကိုလည်း လုပ်ဆောင်ခဲ့ကြကြောင်း သိရသည်။
Credit
Photo Ko Ko Aung
Zawgyi
ရန္ကုန္ −မႏၲေလး အျမန္လမ္းႀကီး မိုင္တိုင္ ၃၄၉/၂ ႏွင့္ ၃ ၾကား သတိထား ေမာင္းၾကရန္
ရန္ကုန္ – မႏၲေလး အျမန္လမ္းမႀကီး မိုင္တိုင္အမွတ္ ၃၄၉ /၂ ႏွင့္ ၃၄၉ /၃ ၾကားတြင္ မိုးေရ တိုက္စားမႈေၾကာင့္ ျဖစ္ေပၚေနသည့္ က်င္းမ်ားက
ကားႀကီးမ်ား ကြၽံက်ႏိုင္ေလာက္သည့္ အေျခအေနမ်ိဳး ျဖစ္ေနေၾကာင္း အျမန္လမ္း အသုံးျပဳ ေမာင္းႏွင္ေနသည့္ ယာဥ္ေမာင္းမ်ားထံမွ သိရသည္။
အဆိုပါ အျမန္လမ္းမႀကီး၏ မိုင္တိုင္ ၃၄၉ /၂ ႏွင့္ ၃၄၉ /၃ ၾကားတြင္ ယခု ရက္ပိုင္းအတြင္း မိုးသည္းထန္စြာ ႐ြာသြန္းမႈေၾကာင့္ လမ္းအတြင္း အလယ္ထဲအထိ အတြင္းဘက္ျခမ္းမွေရတိုက္စားထားကာ
က်င္းမ်ား ျဖစ္ေနၿပီး ကားႀကီးမ်ား အေနျဖင့္ ကြၽံက်ႏိုင္ေလာက္သည္အထိ ျဖစ္လာႏိုင္ေၾကာင္း သိရသည္။
ထိုေရ တိုက္စားမႈေၾကာင့္ ျဖစ္ေပၚေနေသာ အေျခအေနကိုလည္း ကိုယ္တိုင္ ႀကဳံေတြ႕ခဲ့သူ တစ္ဦးက လူမႈ ကြန္ရက္ေပၚတြင္ အသိေပးကာေဖာ္ျပခဲ့သည္။
ထို႔အတူ ယေန႔ (ေအာက္တိုဘာ ၁၁ ရက္) နံနက္ပိုင္းကလည္း မႏၲေလးတိုင္း ေဒသႀကီး၊ သာစည္ၿမိဳ႕နယ္ ငွက္မင္းကုန္း ေက်း႐ြာအနီးရွိ မိတၳီလာ – ေတာင္ႀကီး ကားလမ္း၊
မိုင္တိုင္အမွတ္ ၁၆ /၅ ႏွင့္ ၁၆ /၆ ၾကားရွိ တံတားအမွတ္ (၄ /၁၇) တြင္ တံတား ယာဘက္ျခမ္းရွိ ေျမသားမ်ားမွာ မိုးသည္းထန္စြာ ႐ြာသြန္းမႈေၾကာင့္
ေရတိုက္စားမႈ ျဖစ္ပြားခဲ့သည့္အေပၚ ဌာနဆိုင္ရာမ်ား ႏွင့္ အရန္ မီးသတ္တပ္ဖြဲ႕ဝင္မ်ား၊ သက္ဆိုင္ရာ အဖြဲ႕အစည္းမ်ား ပူးေပါင္းကာ
တာေဘာင္ ေက်ာက္ႀကီး စီျခင္း ႏွင့္ ေရစီးရာ လမ္းေၾကာင္းမ်ား ေကာင္းမြန္ေစေရးတို႔ အတြက္ကိုလည္း လုပ္ေဆာင္ခဲ့ၾကေၾကာင္း သိရသည္။
Credit
Photo Ko Ko Aung