နှစ်ပေါင်း (၁၃၀) ကျော်သွားတာတောင် အခုထိ ဆောက်လို့မပြီးသေးတဲ့ ဘုရားကျောင်း

နှစ်ပေါင်း (၁၃၀) ကျော်သွားတာတောင် အခုထိ ဆောက်လို့ မပြီးသေးတဲ့ ဘုရားကျောင်း

ဒီတစ်ခါမှာတော့ ပရိသတ်ကြီးကို စိတ်ဝင်စားဖွယ်ရာ ကောင်းတဲ့ အကြောင်းအရာလေး တစ်ခုကို မိတ်ဆက်ပေးချင်ပါတယ်။

ဒါကတော့ နှစ်ပေါင်း ရာကျော်တဲ့ တိုင်အောင် ဆောက်လို့ မပြီးသေးတဲ့ ဘုရားကျောင်းကြီး တစ်ခု အကြောင်းပဲ ဖြစ်ပါတယ်။

ဒါ့ကြောင့် Sagrada Famalia ဆိုတဲ့ ဘုရားကျောင်းကြီး အကြောင်းကို လေ့လာ ကြည့်လိုက် ရအောင်လားဗျာ။

စပိန်နိုင်ငံ ဘာစီလိုနာမြို့မှာရှိတဲ့ Sagrada Famalia ဆိုတဲ့ ဘုရားကျောင်းဟာဆိုရင် ၁၈၈၂ ခုနှစ်ထဲက ရှိခဲ့တာ ဖြစ်လို့ အတော်လေးကို သက်တမ်းရင့်နေပြီပဲ ဖြစ်ပါတယ်။

ဒါပေမယ့် ဟောင်းပေမယ့် ကောင်းဆဲဆိုတဲ့ စကားပုံအတိုင်း အဆောက်အဦးရဲ့ ဒီဇိုင်းက လုံးဝကို ရင်သပ် ရှုမောစရာပါပဲ။

ဒါပေမယ့် ထူးဆန်းတာ တစ်ခုက ဒီဘုရားကျောင်းကြီး ဟာ နှစ်ပေါင်း ၁၃၀ ကျော်သွားတာတောင် အခုအချိန်အထိ ဆောက်လုပ်လို့ မပြီးသေးပါဘူး။

တွက်ချက်မှုတွေအရ ဒီဘုရားကျောင်းကြီးကို တည်ဆောက်ပြီးစီးမယ့် အချိန်ဟာ ၂၀၂၆ ခုနှစ်မှသာ ပြီးစီးမယ်လို့ မျှော်မှန်းထားကြပါတယ်။

အခုလောက်ထိ ဆောက်လုပ်ရေး ကြာနေရတဲ့ အကြောင်းအရင်းကတော့ များစွာ ရှိပါတယ်။ ဒီအဆောက်အဦးကို ဒီဇိုင်းဆွဲတဲ့ ဗိသုကာ ပညာရှင်တွေ တစ်ယောက်ပြောင်းတိုင်း နောက်ထပ် ဒီဇိုင်းအသစ် ဖန်တီးကြတာအပြင် ပြည်တွင်းစ.စ် ဖြစ်ပွားနေတဲ့ အချိန်မှာ ခေတ္တ ရပ်နားထားတာတွေနဲ့ မီးလောင်သွားမှုတွေကြောင့် အစကနေ နီးပါး ပြန်လည် ဒီဇိုင်းဆွဲပြီး တည်ဆောက်ကြလို့ပဲ ဖြစ်ပါတယ်။

အခုဆိုရင်တော့ Sagrada Famalia ဆိုတဲ့ ဘုရားကျောင်းကြီးဟာ ၇၀ ရာခိုင်နှုန်း ပြီးစီးနေပီလို့လည်း သိရပါတယ်။

လက်ရှိမှာတော့ တည်ဆောက်နေတဲ့ ဒီဇိုင်းကို ကနဦး ဒီဇိုင်းပညာရှင် Antoni Gaudí ရဲ့ ၁၈၈၂ ခုနှစ်က လက်ရာအတိုင်း ပြန်လည် တည်ဆောက်နေတာပဲ ဖြစ်ပါတယ်။

ဆောက်လုပ်ရေးတွေ လုပ်နေပေမယ့်လည်း အချို့နေရာတွေကိုတော့ ခရီးသွားသူတွေ အတွက် လည်ပတ်ခွင့် ပေးထားပါသေးတယ်။

နောက်ပြီး နှစ် ၁၀၀ ကျော်သွားတာကြောင့် UNESCO (ယူနက်စကို) ရဲ့ ကမ္ဘာ့အမွေအနှစ် စာရင်းထဲမှာလည်း ပါဝင်ထားပါတယ်။

အခု ဖော်ပြပေးထားတာကတော့ နှစ်ရာကျော်သည့်တိုင်အောင် ဆောက်လို့ မပြီးသေးတဲ့ ဘာစီလိုနာက ဘုရားကျောင်းကြီး တစ်ခုအကြောင်းကို ဗဟုသုတ အဖြစ် ဖော်ပြပေးထားတာပဲ ဖြစ်ပါတယ်။

Credit … ထူးခြားဆန်းပြားကမ္ဘာတလွှား

Zawgyi

ႏွစ္ေပါင္း (၁၃၀) ေက်ာ္သြားတာေတာင္ အခုထိ ေဆာက္လို႔ မၿပီးေသးတဲ့ ဘုရားေက်ာင္း

ဒီတစ္ခါမွာေတာ့ ပရိသတ္ႀကီးကို စိတ္ဝင္စားဖြယ္ရာ ေကာင္းတဲ့ အေၾကာင္းအရာေလး တစ္ခုကို မိတ္ဆက္ေပးခ်င္ပါတယ္။

ဒါကေတာ့ ႏွစ္ေပါင္း ရာေက်ာ္တဲ့ တိုင္ေအာင္ ေဆာက္လို႔ မၿပီးေသးတဲ့ ဘုရားေက်ာင္းႀကီး တစ္ခု အေၾကာင္းပဲ ျဖစ္ပါတယ္။

ဒါ့ေၾကာင့္ Sagrada Famalia ဆိုတဲ့ ဘုရားေက်ာင္းႀကီး အေၾကာင္းကို ေလ့လာ ၾကည့္လိုက္ ရေအာင္လားဗ်ာ။

စပိန္ႏိုင္ငံ ဘာစီလိုနာၿမိဳ႕မွာရွိတဲ့ Sagrada Famalia ဆိုတဲ့ ဘုရားေက်ာင္းဟာဆိုရင္ ၁၈၈၂ ခုႏွစ္ထဲက ရွိခဲ့တာ ျဖစ္လို႔ အေတာ္ေလးကို သက္တမ္းရင့္ေနၿပီပဲ ျဖစ္ပါတယ္။

ဒါေပမယ့္ ေဟာင္းေပမယ့္ ေကာင္းဆဲဆိုတဲ့ စကားပုံအတိုင္း အေဆာက္အဦးရဲ႕ ဒီဇိုင္းက လုံး၀ကို ရင္သပ္ ရႈေမာစရာပါပဲ။

ဒါေပမယ့္ ထူးဆန္းတာ တစ္ခုက ဒီဘုရားေက်ာင္းႀကီး ဟာ ႏွစ္ေပါင္း ၁၃၀ ေက်ာ္သြားတာေတာင္ အခုအခ်ိန္အထိ ေဆာက္လုပ္လို႔ မၿပီးေသးပါဘူး။

တြက္ခ်က္မႈေတြအရ ဒီဘုရားေက်ာင္းႀကီးကို တည္ေဆာက္ၿပီးစီးမယ့္ အခ်ိန္ဟာ ၂၀၂၆ ခုႏွစ္မွသာ ၿပီးစီးမယ္လို႔ ေမွ်ာ္မွန္းထားၾကပါတယ္။

အခုေလာက္ထိ ေဆာက္လုပ္ေရး ၾကာေနရတဲ့ အေၾကာင္းအရင္းကေတာ့ မ်ားစြာ ရွိပါတယ္။ ဒီအေဆာက္အဦးကို ဒီဇိုင္းဆြဲတဲ့ ဗိသုကာ ပညာရွင္ေတြ တစ္ေယာက္ေျပာင္းတိုင္း ေနာက္ထပ္ ဒီဇိုင္းအသစ္ ဖန္တီးၾကတာအျပင္ ျပည္တြင္းစ.စ္ ျဖစ္ပြားေနတဲ့ အခ်ိန္မွာ ေခတၱ ရပ္နားထားတာေတြနဲ႔ မီးေလာင္သြားမႈေတြေၾကာင့္ အစကေန နီးပါး ျပန္လည္ ဒီဇိုင္းဆြဲၿပီး တည္ေဆာက္ၾကလို႔ပဲ ျဖစ္ပါတယ္။

အခုဆိုရင္ေတာ့ Sagrada Famalia ဆိုတဲ့ ဘုရားေက်ာင္းႀကီးဟာ ၇၀ ရာခိုင္ႏႈန္း ၿပီးစီးေနပီလို႔လည္း သိရပါတယ္။

လက္ရွိမွာေတာ့ တည္ေဆာက္ေနတဲ့ ဒီဇိုင္းကို ကနဦး ဒီဇိုင္းပညာရွင္ Antoni Gaudí ရဲ႕ ၁၈၈၂ ခုႏွစ္က လက္ရာအတိုင္း ျပန္လည္ တည္ေဆာက္ေနတာပဲ ျဖစ္ပါတယ္။

ေဆာက္လုပ္ေရးေတြ လုပ္ေနေပမယ့္လည္း အခ်ိဳ႕ေနရာေတြကိုေတာ့ ခရီးသြားသူေတြ အတြက္ လည္ပတ္ခြင့္ ေပးထားပါေသးတယ္။

ေနာက္ၿပီး ႏွစ္ ၁၀၀ ေက်ာ္သြားတာေၾကာင့္ UNESCO (ယူနက္စကို) ရဲ႕ ကမာၻ႔အေမြအႏွစ္ စာရင္းထဲမွာလည္း ပါဝင္ထားပါတယ္။

အခု ေဖာ္ျပေပးထားတာကေတာ့ ႏွစ္ရာေက်ာ္သည့္တိုင္ေအာင္ ေဆာက္လို႔ မၿပီးေသးတဲ့ ဘာစီလိုနာက ဘုရားေက်ာင္းႀကီး တစ္ခုအေၾကာင္းကို ဗဟုသုတ အျဖစ္ ေဖာ္ျပေပးထားတာပဲ ျဖစ္ပါတယ္။

Credit … ထူးျခားဆန္းျပားကမာၻတလႊား

Leave a Comment