ငါပြောသလိုရောင်း ငါရောင်းသလို မရောင်းနဲ့ဆိုတဲ့ ရွှေအသင်း ( YGEA မှ ရွှေပိဿာချိန်(၁၀)ပိဿာကျော်ကို ၎င်းတို့ကြေငြာထားသည့် သတ်မှတ် ရည်ညွန်းဈေးထက် ၅သိန်းခွဲနီးပါကွာဟပြီးရောင်းချ)

ယနေ့YGEA မှ ရွှေပိဿာချိန်(၁၀)ပိဿာကျော်ကို ၎င်းတို့သတ်မှတ် ရည်ညွန်းစျေးထက် ၅သိန်းခွဲနီးပါကွာဟပြီးရောင်းချ

ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း (YGEA) က မီးလင်းရွှေ (၁၀) ပိဿာကျော်ကို တစ်ကျပ်သား ကျပ် ၂၅ သိန်းဈေးနဲ့ ယနေ့နေ့လည်ပိုင်းမှာစတင်ရောင်းချပေးခဲ့ပါတယ်။

မီးလင်းရွှေ အတုံးအခဲ ၁၂ ပိဿာနဲ့ ၇၇ ကျပ်သားကို ရောင်းချပေးဖို့ စီစဉ်ထားပြီး ပြင်ပပေါက်ဈေးထက်သက်သာတဲ့ နှုန်းထားနဲ့ရောင်းပေးနေတာလို့ YGEA အသင်း တာဝန်ရှိသူကပြောပါတယ်။YGEA ရဲ့နေ့စဉ် ထုတ်ပြန်နေတဲ့ကြမ်းခင်းဈေးကိုကြည့်ရင်

အကယ်ဒမီ မီးလင်းရွှေတစ်ကျပ်သားကိုကျပ် ၁,၉၅၈,၀၀၀ နဲ့ ဈေးဖွင့်ထားပေမယ့် ကျပ် ၂၅ သိန်းနဲ့ ရောင်းချတဲ့ ဈေးနှုန်းနဲ့ နှိုင်းယှဉ်လိုက်ရင် ကျပ် ၅ သိန်းခွဲနီးပါးအထိကွာဟနေပါတယ်။လက်ရှိ ရောင်းချပေးနေတဲ့ရွှေတွေထဲမှာ အကယ်ဒမီရွှေဆိုင်က ၂ ပိဿာ၊

အောင်သမာဓိရွှေဆိုင်က ၁ ပိဿာ၊ ဇွဲထက်ရွှေဆိုင်က ၁ ပိဿာ၊ YGEA ဒုဥက္ကဋ္ဌက ၁ ပိဿာ၊ရွှေကုန်သည်ဦးဧရာစိုးနိုင်က ၁ ပိဿာနဲ့ YGEA ဥက္ကဋ္ဌက ၅၀ ကျပ်သားအပါအဝင် YGEA အလုပ်အမှုဆောင်နဲ့ အသင်းဝင် ၂၄ ယောက်တို့ကထည့်ဝင်ရောင်းချပေးထားပါတယ်။

ရွှေချိန် ၁၀ ပိဿာကျော်ကို အသင်းဝင်တွေကလွဲပြီးမည်သူမဆို မှတ်ပုံတင်မိတ္တူ၊သန်းခေါင်စာရင်း မိတ္တူနဲ့တကွတစ်ဦးကို တစ်ကျပ်သားကနေ ၁၀ ကျပ်သားအထိတစ်ကြိမ်စီဝယ်ယူနိုင်တယ်လို့သိရှိရပါတယ်။

ပြီးခဲ့တဲ့အောက်တိုဘာ ၇ ရက်နေ့တုန်းကလည်း မန္တလေးတိုင်းရွှေလုပ်ငန်းရှင်အသင်းက ရွှေတစ်ကျပ်သားကိုကျပ် ၂၅ သိန်း ၄ သောင်းနှုန်းနဲ့မီးလင်းရွှေ (၇) ပိဿာကိုရောင်းချပေးခဲ့ပြီးအောက်တိုဘာ ၈ ရက်မှာလည်း (၄) ပိဿာခွဲထပ်မံရောင်းချပေးခဲ့ပါတယ်။Credit

Zawgyi

ယေန႔YGEA မွ ေ႐ႊပိႆာခ်ိန္(၁၀)ပိႆာေက်ာ္ကို ၎တို႔သတ္မွတ္ ရည္ၫြန္းေစ်းထက္ ၅သိန္းခြဲနီးပါကြာဟၿပီးေရာင္းခ်

ရန္ကုန္တိုင္းေဒသႀကီး ေ႐ႊလုပ္ငန္းရွင္မ်ားအသင္း (YGEA) က မီးလင္းေ႐ႊ (၁၀) ပိႆာေက်ာ္ကို တစ္က်ပ္သား က်ပ္ ၂၅ သိန္းေဈးနဲ႔ ယေန႔ေန႔လည္ပိုင္းမွာစတင္ေရာင္းခ်ေပးခဲ့ပါတယ္။

မီးလင္းေ႐ႊ အတုံးအခဲ ၁၂ ပိႆာနဲ႔ ၇၇ က်ပ္သားကို ေရာင္းခ်ေပးဖို႔ စီစဥ္ထားၿပီး ျပင္ပေပါက္ေဈးထက္သက္သာတဲ့ ႏႈန္းထားနဲ႔ေရာင္းေပးေနတာလို႔ YGEA အသင္း တာဝန္ရွိသူကေျပာပါတယ္။YGEA ရဲ႕ေန႔စဥ္ ထုတ္ျပန္ေနတဲ့ၾကမ္းခင္းေဈးကိုၾကည့္ရင္

အကယ္ဒမီ မီးလင္းေ႐ႊတစ္က်ပ္သားကိုက်ပ္ ၁,၉၅၈,၀၀၀ နဲ႔ ေဈးဖြင့္ထားေပမယ့္ က်ပ္ ၂၅ သိန္းနဲ႔ ေရာင္းခ်တဲ့ ေဈးႏႈန္းနဲ႔ ႏႈိင္းယွဥ္လိုက္ရင္ က်ပ္ ၅ သိန္းခြဲနီးပါးအထိကြာဟေနပါတယ္။လက္ရွိ ေရာင္းခ်ေပးေနတဲ့ေ႐ႊေတြထဲမွာ အကယ္ဒမီေ႐ႊဆိုင္က ၂ ပိႆာ၊

ေအာင္သမာဓိေ႐ႊဆိုင္က ၁ ပိႆာ၊ ဇြဲထက္ေ႐ႊဆိုင္က ၁ ပိႆာ၊ YGEA ဒုဥကၠ႒က ၁ ပိႆာ၊ေ႐ႊကုန္သည္ဦးဧရာစိုးႏိုင္က ၁ ပိႆာနဲ႔ YGEA ဥကၠ႒က ၅၀ က်ပ္သားအပါအဝင္ YGEA အလုပ္အမႈေဆာင္နဲ႔ အသင္းဝင္ ၂၄ ေယာက္တို႔ကထည့္ဝင္ေရာင္းခ်ေပးထားပါတယ္။

ေ႐ႊခ်ိန္ ၁၀ ပိႆာေက်ာ္ကို အသင္းဝင္ေတြကလြဲၿပီးမည္သူမဆို မွတ္ပုံတင္မိတၱဴ၊သန္းေခါင္စာရင္း မိတၱဴနဲ႔တကြတစ္ဦးကို တစ္က်ပ္သားကေန ၁၀ က်ပ္သားအထိတစ္ႀကိမ္စီဝယ္ယူႏိုင္တယ္လို႔သိရွိရပါတယ္။

ၿပီးခဲ့တဲ့ေအာက္တိုဘာ ၇ ရက္ေန႔တုန္းကလည္း မႏၲေလးတိုင္းေ႐ႊလုပ္ငန္းရွင္အသင္းက ေ႐ႊတစ္က်ပ္သားကိုက်ပ္ ၂၅ သိန္း ၄ ေသာင္းႏႈန္းနဲ႔မီးလင္းေ႐ႊ (၇) ပိႆာကိုေရာင္းခ်ေပးခဲ့ၿပီးေအာက္တိုဘာ ၈ ရက္မွာလည္း (၄) ပိႆာခြဲထပ္မံေရာင္းခ်ေပးခဲ့ပါတယ္။

Leave a Comment