မုန်း၍ လည်းကျိန်စာ မတိုက်နဲ့ ချစ်ခင်၍လည်း နောက် ဘဝပြန်တွေ့ ပါရစေ ဆုမတောင်း ပါနဲ့
ဘယ်သောအခါမှ မုန်း၍လည်း ကျိန်စာ မတိုက်ပါနှင့် ချစ်ခင် ၍လည်း နောက်ဘဝပြန်တွေ့ပါရစေ ဆုမတောင်းကြ ပါနဲ့ ကံ ကံ၏ အကျိုးရယ် သံသရာ ဆိုတာ ကိုရယ်
ယုံကြည် သက်ဝင် ကြပါစေ။ ကံမှန် ပါက အကျိုးပေး သန်၏ ပြုသူအသစ် ဖြစ်သူ အဟောင်းပါ။ ကံ ကံ၏ အကျိုးပေးတွေပါ။ ပဋာစာရီ လင်ကို မြွေကိုက်၊သားကြီး ရေနစ်၊သားငယ် စွန်ချီ၊
မိဘနှစ်ပါး နှင့် အကိုကြီး လေပြင်း မုန်တိုင်းကြောင့်ဆုံးရှုံး အဝတ်အစားမဲ့ အောင်ရူးခဲ့ ရတယ်။
မြတ်ဗုဒ္ဓ နှင့် တွေ့တော့ ချစ်သမီး ဒီပွဲဟာ ငိုရမယ့် ပွဲ မဟုတ်ဘူး လက်ခုပ်လက်ဝါး တီးပြီး ရယ်မော ရမယ့် ပွဲ တဲ့ ဘာလို့လည်း ဆိုတော့
အတိတ်ဘဝ တစ်ခုတုန်းက ခုသေဆုံး သွားကြတဲ့ ဆွေမျိုးရင်းချာ ၆ ဦးဟာချစ်သမီး ရဲ့ အိမ်ကို ဓားပြ တိုက် မီးရှို့ လူသက် လုပ်ကြတော့
ချစ်သမီးကပဲ စိတ်ဆိုး လွန်းလို့ ဒင်းတို့ ၆ ဦးလုံး ငါ့ မျက်စေ့ရှေ့မှာ အသေဆိုး နဲ့ သေတာကို တပ်အပ်မြင် ရပါစေသားလို့ ဆုတောင်းခဲ့ ဖူးသတဲ့။
ခု အဲ့ဒိဆုတောင်း ပြည့်ပြီ လေတဲ့.. ပြုသူအသစ် ဖြစ်သူ အဟောင်း ကံမှန်ရင် အကျိုးပေးသန် လွန်းပါတယ်။ သံသရာဟာ ဉာဏ်နဲ့ မဖြတ်ရင် မပြတ်ပါဘူး။
ပဋာစာရီ ရူးသွပ်နေချိန် မြတ်ဗုဒ္ဓနှင့် ဘာ့ကြောင့် ကြုံဆုံခွင့်ရခဲ့ပါသလဲ? အတိတ်က တစ်ကြိမ်တစ်ခါ ဝိပဿနာတရား အားထုတ် ခဲ့ဖူး လို့ပါပဲ။
အဲ့ဒါကြောင့် ဓမ္မမိတ်ဆွေ တို့ ကျုပ်တို့တွေ ဟာ ပဋာစာရီ လောက် လည်း အခြေနေ မဆိုး ခဲ့ကြပါဘူး။
ကံကောင်း သူများ တရားနာယူခွင့် ရကြသည်။ ကံ အလွန် ကောင်းသူများ တရား အားထုတ်ခွင့် ရကြသည်။ ကံဆိုးသူများ တရားကို ရှောင်ကြ သည်။
ဓမ္မမိတ်ဆွေများ ကံ ကောင်းသူလား.. ကံ ဆိုးသူလား.. သဗ္ဗေ သတ္တာ ကမ္မသကာ သဗ္ဗေ သင်္ခါရ အနိစ္စ ပါ တကား။
Cedit
Zawgyi
မုန္း၍ လည္းက်ိန္စာ မတိုက္နဲ႔ ခ်စ္ခင္၍လည္း ေနာက္ ဘဝျပန္ေတြ႕ ပါရေစ ဆုမေတာင္း ပါနဲ႔
ဘယ္ေသာအခါမွ မုန္း၍လည္း က်ိန္စာ မတိုက္ပါႏွင့္ ခ်စ္ခင္ ၍လည္း ေနာက္ဘဝျပန္ေတြ႕ပါရေစ ဆုမေတာင္းၾက ပါနဲ႔ ကံ ကံ၏ အက်ိဳးရယ္ သံသရာ ဆိုတာ ကိုရယ္
ယုံၾကည္ သက္ဝင္ ၾကပါေစ။ ကံမွန္ ပါက အက်ိဳးေပး သန္၏ ျပဳသူအသစ္ ျဖစ္သူ အေဟာင္းပါ။ ကံ ကံ၏ အက်ိဳးေပးေတြပါ။ ပဋာစာရီ လင္ကို ေႁမြကိုက္၊သားႀကီး ေရနစ္၊သားငယ္ စြန္ခ်ီ၊
မိဘႏွစ္ပါး ႏွင့္ အကိုႀကီး ေလျပင္း မုန္တိုင္းေၾကာင့္ဆုံးရႈံး အဝတ္အစားမဲ့ ေအာင္႐ူးခဲ့ ရတယ္။
ျမတ္ဗုဒၶ ႏွင့္ ေတြ႕ေတာ့ ခ်စ္သမီး ဒီပြဲဟာ ငိုရမယ့္ ပြဲ မဟုတ္ဘူး လက္ခုပ္လက္ဝါး တီးၿပီး ရယ္ေမာ ရမယ့္ ပြဲ တဲ့ ဘာလို႔လည္း ဆိုေတာ့
အတိတ္ဘဝ တစ္ခုတုန္းက ခုေသဆုံး သြားၾကတဲ့ ေဆြမ်ိဳးရင္းခ်ာ ၆ ဦးဟာခ်စ္သမီး ရဲ႕ အိမ္ကို ဓားျပ တိုက္ မီးရႈိ႕ လူသက္ လုပ္ၾကေတာ့
ခ်စ္သမီးကပဲ စိတ္ဆိုး လြန္းလို႔ ဒင္းတို႔ ၆ ဦးလုံး ငါ့ မ်က္ေစ့ေရွ႕မွာ အေသဆိုး နဲ႔ ေသတာကို တပ္အပ္ျမင္ ရပါေစသားလို႔ ဆုေတာင္းခဲ့ ဖူးသတဲ့။
ခု အဲ့ဒိဆုေတာင္း ျပည့္ၿပီ ေလတဲ့.. ျပဳသူအသစ္ ျဖစ္သူ အေဟာင္း ကံမွန္ရင္ အက်ိဳးေပးသန္ လြန္းပါတယ္။ သံသရာဟာ ဉာဏ္နဲ႔ မျဖတ္ရင္ မျပတ္ပါဘူး။
ပဋာစာရီ ႐ူးသြပ္ေနခ်ိန္ ျမတ္ဗုဒၶႏွင့္ ဘာ့ေၾကာင့္ ႀကဳံဆုံခြင့္ရခဲ့ပါသလဲ? အတိတ္က တစ္ႀကိမ္တစ္ခါ ဝိပႆနာတရား အားထုတ္ ခဲ့ဖူး လို႔ပါပဲ။
အဲ့ဒါေၾကာင့္ ဓမၼမိတ္ေဆြ တို႔ က်ဳပ္တို႔ေတြ ဟာ ပဋာစာရီ ေလာက္ လည္း အေျခေန မဆိုး ခဲ့ၾကပါဘူး။
ကံေကာင္း သူမ်ား တရားနာယူခြင့္ ရၾကသည္။ ကံ အလြန္ ေကာင္းသူမ်ား တရား အားထုတ္ခြင့္ ရၾကသည္။ ကံဆိုးသူမ်ား တရားကို ေရွာင္ၾက သည္။
ဓမၼမိတ္ေဆြမ်ား ကံ ေကာင္းသူလား.. ကံ ဆိုးသူလား.. သေဗၺ သတၱာ ကမၼသကာ သေဗၺ သခၤါရ အနိစၥ ပါ တကား။
Cedit