ဘုရင်နောင်ပွဲရုံသို့ ပြီးခဲ့တဲ့လထက် ဝင်ရောက်လာမှုလျော့နည်းလာတဲ့ ကြက်သွန်နီများ

ဘုရင်နောင်ပွဲရုံသို့ ပြီးခဲ့တဲ့လထက် ဝင်ရောက်လာမှုလျော့နည်းလာတဲ့ ကြက်သွန်နီများ

အခြေခံစားသောက်ကုန်ဈေးကွက်အတွင်းသို့ ကြက်သွန်နီများ ကားဖြင့်ဝင်ရောက်ရာတွင် ယခုအောက်တိုဘာလအတွင်းဝင်ရောက်မှုမှာစက်တင်ဘာလကအလားတူကာလနှင့်နှိုင်းယှဉ်ပါကအစီးရေ ၂၀ ကျော်လောက်လျော့ကျသွားကြောင်းရန်ကုန်မြို့ရှိဘုရင့်နောင်ကုန်စည်ဒိုင်မှသိရသည်။

အဆိုပါ ကြက်သွန်ကားများသည် မိတ္ထီလာ၊ပျော်ဘွယ်၊ဆိပ်ဖြူနှင့် မုံရွာဘက်မှရန်ကုန်မြို့ရှိဘုရင့်နောင်ကုန်စည်ဒိုင်သို့ဝင်ရောက်နေခြင်းဖြစ်ပြီးယခုအောက်တိုဘာလ၏ ပထမ ၁၀ ရက်တွင်းတွင်ကားအစီးရေပေါင်း ၁၅၀ ကျော်ဝင်ရောက်ခဲ့သည်။

“ဒီရက်ပိုင်းကသီတင်းကျွတ်ပိတ်ရက်တွေနဲ့ဘာတွေနဲ့ဆိုတော့ကြက်သွန်ကားတွေအဝင်အခြေအနေက သိပ်တော့မကောင်းသေးဘူး၊ပိတ်ရက်မတိုင်ခင်ကတော့တစ်ရက်ပျမ်းမျှ အစီး ၂၀ လောက်အဝင်ရှိလာပေမယ့်ဒီရက်ပိုင်းကအဝင်နည်းတယ်”ဟုလည်း ပွဲရုံလုပ်ငန်းရှင်တစ်ဦးကပြောပြသည်။

လွန်ခဲ့သော စက်တင်ဘာ ပထမ ၁၀ ရက်အတွင်းတွင်ကြက်သွန်ကားအစီးရေ ၁၈၆ စီးဝင်ရောက်ခဲ့ပြီး ယခုအောက်တိုဘာတွင် ၁၅၈ စီးသာဝင်ရောက်ခဲ့သည့်အတွက်စက်တင်ဘာလအောက် စီးရေ ၂၈ စီးလောက်လျော့ကျသွားခဲ့ကြောင်း လွန်ခဲ့သော ဩဂုတ် ပထမ ၁၀ ရက်အတွင်းကမူကြက်သွန်ကားအစီးရေ ၁၇၆ စီး ဝင်ရောက်ခဲ့ကြောင်းသိရသည်။

ကြက်သွန်နီဈေးနှုန်းများမှာ ယခင် ဩဂုတ်လကုန်စက်တင်ဘာလဆန်းကအခြေအနေနှင့် နှိုင်းယှဉ်ပါက အနည်းငယ်ကျဆင်းလာသည်ဟုဆိုနိုင်သော်လည်းလက်ရှိအောက်တိုဘာလအတွင်းဖြစ်ပေါ်နေသည့် ဈေးနှုန်းများအရဈေးအမြင့်ပိုင်းတွင်ငြိမ်နေသည့်အခြေအနေမျိုးဖြစ်နေကြောင်းသိရသည်။လက်ရှိတွင်ပွဲရုံလက္ကားဈေးနှုန်းများမှာအရွယ်အစားနှင့်အရည်အသွေးပေါ်မူတည်၍

တစ်ပိဿာလျှင် အနိမ့်ဆုံး ၂၆၀၀ ကျပ်မှအမြင့်ဆုံး ၃၂၀၀ ကျပ်ကြားဖြစ်နေသည်ပြီး လက်လီ ဈေးကွက်ထဲမှာတော့အနိမ့်ဆုံး ၃၂၀၀ကျပ် မှ ၃၅၀၀ကျပ်ထိ ဈေးနှုန်းအမြင့်ပိုင်းမှာဆက်လက်ရှိနေတယ်လို့သိရပါတယ်။

Credit

Zawgyi

ဘုရင္ေနာင္ပြဲ႐ုံသို႔ ၿပီးခဲ့တဲ့လထက္ ဝင္ေရာက္လာမႈေလ်ာ့နည္းလာတဲ့ ၾကက္သြန္နီမ်ား

အေျခခံစားေသာက္ကုန္ေစ်းကြက္အတြင္းသို႔ ၾကက္သြန္နီမ်ား ကားျဖင့္ဝင္ေရာက္ရာတြင္ ယခုေအာက္တိုဘာလအတြင္းဝင္ေရာက္မႈမွာစက္တင္ဘာလကအလားတူကာလႏွင့္ႏႈိင္းယွဥ္ပါကအစီးေရ ၂၀ ေက်ာ္ေလာက္ေလ်ာ့က်သြားေၾကာင္းရန္ကုန္ၿမိဳ႕ရွိဘုရင့္ေနာင္ကုန္စည္ဒိုင္မွသိရသည္။

အဆိုပါ ၾကက္သြန္ကားမ်ားသည္ မိတၳီလာ၊ေပ်ာ္ဘြယ္၊ဆိပ္ျဖဴႏွင့္ မုံ႐ြာဘက္မွရန္ကုန္ၿမိဳ႕ရွိဘုရင့္ေနာင္ကုန္စည္ဒိုင္သို႔ဝင္ေရာက္ေနျခင္းျဖစ္ၿပီးယခုေအာက္တိုဘာလ၏ ပထမ ၁၀ ရက္တြင္းတြင္ကားအစီးေရေပါင္း ၁၅၀ ေက်ာ္ဝင္ေရာက္ခဲ့သည္။

“ဒီရက္ပိုင္းကသီတင္းကြၽတ္ပိတ္ရက္ေတြနဲ႔ဘာေတြနဲ႔ဆိုေတာ့ၾကက္သြန္ကားေတြအဝင္အေျခအေနက သိပ္ေတာ့မေကာင္းေသးဘူး၊ပိတ္ရက္မတိုင္ခင္ကေတာ့တစ္ရက္ပ်မ္းမွ် အစီး ၂၀ ေလာက္အဝင္ရွိလာေပမယ့္ဒီရက္ပိုင္းကအဝင္နည္းတယ္”ဟုလည္း ပြဲ႐ုံလုပ္ငန္းရွင္တစ္ဦးကေျပာျပသည္။

လြန္ခဲ့ေသာ စက္တင္ဘာ ပထမ ၁၀ ရက္အတြင္းတြင္ၾကက္သြန္ကားအစီးေရ ၁၈၆ စီးဝင္ေရာက္ခဲ့ၿပီး ယခုေအာက္တိုဘာတြင္ ၁၅၈ စီးသာဝင္ေရာက္ခဲ့သည့္အတြက္စက္တင္ဘာလေအာက္ စီးေရ ၂၈ စီးေလာက္ေလ်ာ့က်သြားခဲ့ေၾကာင္း လြန္ခဲ့ေသာ ဩဂုတ္ ပထမ ၁၀ ရက္အတြင္းကမူၾကက္သြန္ကားအစီးေရ ၁၇၆ စီး ဝင္ေရာက္ခဲ့ေၾကာင္းသိရသည္။

ၾကက္သြန္နီေစ်းႏႈန္းမ်ားမွာ ယခင္ ဩဂုတ္လကုန္စက္တင္ဘာလဆန္းကအေျခအေနႏွင့္ ႏႈိင္းယွဥ္ပါက အနည္းငယ္က်ဆင္းလာသည္ဟုဆိုႏိုင္ေသာ္လည္းလက္ရွိေအာက္တိုဘာလအတြင္းျဖစ္ေပၚေနသည့္ ေစ်းႏႈန္းမ်ားအရေစ်းအျမင့္ပိုင္းတြင္ၿငိမ္ေနသည့္အေျခအေနမ်ိဳးျဖစ္ေနေၾကာင္းသိရသည္။လက္ရွိတြင္ပြဲ႐ုံလကၠားေစ်းႏႈန္းမ်ားမွာအ႐ြယ္အစားႏွင့္အရည္အေသြးေပၚမူတည္၍

တစ္ပိႆာလွ်င္ အနိမ့္ဆုံး ၂၆၀၀ က်ပ္မွအျမင့္ဆုံး ၃၂၀၀ က်ပ္ၾကားျဖစ္ေနသည္ၿပီး လက္လီ ေစ်းကြက္ထဲမွာေတာ့အနိမ့္ဆုံး ၃၂၀၀က်ပ္ မွ ၃၅၀၀က်ပ္ထိ ေစ်းႏႈန္းအျမင့္ပိုင္းမွာဆက္လက္ရွိေနတယ္လို႔သိရပါတယ္။

Credit

Leave a Comment