နောက်ထပ် အိမ်ထောင်ပြုဖို့ အစီအစဥ် ရှိ/မရှိ ဆိုတာကို ပြောပြလာတဲ့ သရုပ်ဆောင် ချမ်းမီမီကို

ပရိတ်သတ်ကြီးရေ ချမ်းမီမီကို ဟာဆိုရင် တချိန်က ရုပ်ရှင်နဲ့video ဇာတ်ကားတွေမှာ ပီပြင်စွာ သရုပ်ဆောင် ခဲ့တဲ့ အနုပညာ ရှင်ဖြစ်ပါတယ်။

အခုတစ်ခါမှာဆိုရင် သရုပ်ဆောင်ချမ်းမီမီကိုက နောက်ထပ် အိမ်ထောင်ပြုဖို့ အစီအစဉ် ရှိ/မရှိ ဆိုတာကိုအခုလို ပြောပြလာခဲ့ပါတယ်နော်။

သရုပ်ဆောင် ချမ်းမီမီကိုက ချမ်းမီက စကားကိုတော့ အကုန်မပြောချင်ဘူး၊ ကိုယ်ကလည်း ထပ်ပြီးတော့ အိမ်ထောင်မပြုချင်ဘူး၊ ကိုယ့်သားကိုပဲ အချိန်ပေးမယ်ဆိုပြီး ပြောလိုက်ပေမယ့် စကားကျွံရင် နှုတ်လို့မရတာတွေ ရှိတယ်၊ နောင်တချိန် ကံစပ်လို့ တခုခုဖြစ်သွားခဲ့ရင် ဆိုတာလည်း ရှိတယ် ။

ပညာရေး၊ လူမှုရေး၊ ယဉ်ကျေးမှုအပိုင်းကို ပံ့ပိုးပေးမယ်၊ အဲ့လိုမျိုးလေးတော့ စဉ်းစားထားပါတယ်၊ ကိုယ့်ကလေးကိုလည်း အရမ်းဖြစ်ရမယ်ဆိုတဲ့ ဇော မရှိပါဘူး၊ ကိုယ်နိုင်သလောက်လေးပဲ ဖြည့်ဆည်းပေးရမှာပေါ့ ။

အခုအချိန်မှာတော့ အိမ်ထောင်ရေးကို စိတ်မဝင်စားသေးဘူး၊ အလုပ် လုပ်မယ်၊ တချို့အမျိုးသမီးတွေလည်း ဘယ်အိမ်ထောင်ပြုချင်ပါ့မလဲ၊ ကံအကြောင်းတရားတွေ ဖူးစာကံဆိုတာ ဘယ်ပြောလို့ ရမလဲ၊ ဖြစ်ချိန်တန်ရင် ဖြစ်တယ်ဆိုတာ ရှိကြတော့ ပြောလို့ မရဘူး၊ ကိုယ့်ကလေးအတွက်ကို နှလုံးသားထဲမှာ ကိန်းပြီး စဉ်းစားသွားမယ် ဆိုပြီးပြောပြလာခဲ့ပါတယ်။

စိတ်ဝင်စားစရာကောင်းတဲ့အတွက် စာဖတ် ပရိတ်သတ်ကြီးများ ကို ပြန်လည်တက်ဆက်ပေးလိုက်ပါတယ်နော်။

Credit

Zawgyi







Credit

Leave a Comment