ပြည်တွင်းမှ တညင်းသီးများကို ပြည်ပမှ ယခင်နှစ်များထက်ဈေးကောင်းပေးပြီးရသလောက်အကုန်ဝယ်ယူနေ
မြန်မာနိုင်ငံမှစိုက်ပျိုးထွက်ရှိသည့် တညင်းသီးများကိုဘင်္ဂလားဒေ့ရှ်ဘက်မှဈေးကောင်းပေး၍အများအပြားဝယ်ယူနေကြောင်း ပို့ကုန်သွင်းကုန်လုပ်ငန်းလုပ်ကိုင်သူများထံမှသိရသည်။
အဆိုပါတညင်းသီးများကိုနှစ်စဉ်ဝယ်ယူသော်လည်းယခုနှစ်တွင်ပိုမို၍ ရသလောက်အကုန်ဝယ်ယူခြင်းမျိုးဖြစ်ပြီးမြန်မာဘက်အခြမ်းရှိမောင်တောနယ်စပ်မှတင်ပို့ရကြောင်းသိရသည်။ထိုသို့ပြည်ပတင်ပို့ရန်အတွက်ပို့ကုန်ဝယ်လက်များကနယ်စုံမှဝယ်ယူ၍
ရန်ကုန်နှင့်ရခိုင်ပြည်နယ်အတွင်းစုဆောင်းကာဘင်္ဂလားဒေ့ရှ်ဈေးကွက်သို့တင်ပို့ခြင်းလည်းဖြစ်သည်။ယခုနှစ်တွင်လည်း မြန်မာနိုင်ငံမှထွက်သောတညင်းသီးများသည် ပို့ကုန်အမယ်တစ်မျိုးဖြစ်လာခဲ့ပြီး ပို့ကုန်ဝယ်လက်များကရသလောက်စုဆောင်းဝယ်ယူနေကြကြောင်းသိရသည်။
ဈေးကွက်အတွင်းတွင်ယခင်ကအချိန် ၁၀၀ ကို ၈၀၀၀ ကျပ်မှ ၉၀၀၀ ကျပ်ကြားရှိရာမှယခုအခါ ၁၀၀၀၀ ကျော်ရှိလာခဲ့သည်။လက်ရှိအချိန်အထိ ယခု ၂၀၂၂-၂၃ ဘဏ္ဍာနှစ်၏ နှစ်ဝက်ကာလအတွင်း မောင်တောကုန်သွယ်ရေးစခန်းမှဘင်္ဂလားဒေ့ရှ်ဈေးကွက်သို့
မြန်မာ့တညင်းသီးများ တန်ချိန် ၇၂၀ ကျော်အထိတင်ပို့ထားပြီးလည်းဖြစ်ကြောင်းစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ စာရင်းများအရသိရသည်။ယခုဘဏ္ဍာနှစ်အတွင်း မောင်တောနယ်စပ်မှ ပို့ကုန် ၈ ဒသမ ၆၅၄ သန်းဖိုး၊
သွင်းကုန် ၀ ဒသမ ၀၂၄ သန်းဖိုးနှင့်ကုန်သွယ်မှုပမာဏ ၈ ဒသမ ၆၇၈ သန်းဖိုးကုန်သွယ်မှုလုပ်ဆောင်ထားနိုင်ခဲ့ကြောင်းလည်းသိရသည်။Credit
Zawgyi
ျပည္တြင္းမွ တညင္းသီးမ်ားကို ျပည္ပမွ ယခင္ႏွစ္မ်ားထက္ေစ်းေကာင္းေပးၿပီးရသေလာက္အကုန္ဝယ္ယူေန
ျမန္မာႏိုင္ငံမွစိုက္ပ်ိဳးထြက္ရွိသည့္ တညင္းသီးမ်ားကိုဘဂၤလားေဒ့ရွ္ဘက္မွေစ်းေကာင္းေပး၍အမ်ားအျပားဝယ္ယူေနေၾကာင္း ပို႔ကုန္သြင္းကုန္လုပ္ငန္းလုပ္ကိုင္သူမ်ားထံမွသိရသည္။
အဆိုပါတညင္းသီးမ်ားကိုႏွစ္စဥ္ဝယ္ယူေသာ္လည္းယခုႏွစ္တြင္ပိုမို၍ ရသေလာက္အကုန္ဝယ္ယူျခင္းမ်ိဳးျဖစ္ၿပီးျမန္မာဘက္အျခမ္းရွိေမာင္ေတာနယ္စပ္မွတင္ပို႔ရေၾကာင္းသိရသည္။ထိုသို႔ျပည္ပတင္ပို႔ရန္အတြက္ပို႔ကုန္ဝယ္လက္မ်ားကနယ္စုံမွဝယ္ယူ၍
ရန္ကုန္ႏွင့္ရခိုင္ျပည္နယ္အတြင္းစုေဆာင္းကာဘဂၤလားေဒ့ရွ္ေစ်းကြက္သို႔တင္ပို႔ျခင္းလည္းျဖစ္သည္။ယခုႏွစ္တြင္လည္း ျမန္မာႏိုင္ငံမွထြက္ေသာတညင္းသီးမ်ားသည္ ပို႔ကုန္အမယ္တစ္မ်ိဳးျဖစ္လာခဲ့ၿပီး ပို႔ကုန္ဝယ္လက္မ်ားကရသေလာက္စုေဆာင္းဝယ္ယူေနၾကေၾကာင္းသိရသည္။
ေစ်းကြက္အတြင္းတြင္ယခင္ကအခ်ိန္ ၁၀၀ ကို ၈၀၀၀ က်ပ္မွ ၉၀၀၀ က်ပ္ၾကားရွိရာမွယခုအခါ ၁၀၀၀၀ ေက်ာ္ရွိလာခဲ့သည္။လက္ရွိအခ်ိန္အထိ ယခု ၂၀၂၂-၂၃ ဘ႑ာႏွစ္၏ ႏွစ္ဝက္ကာလအတြင္း ေမာင္ေတာကုန္သြယ္ေရးစခန္းမွဘဂၤလားေဒ့ရွ္ေဈးကြက္သို႔
ျမန္မာ့တညင္းသီးမ်ား တန္ခ်ိန္ ၇၂၀ ေက်ာ္အထိတင္ပို႔ထားၿပီးလည္းျဖစ္ေၾကာင္းစီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရး ဝန္ႀကီးဌာနမွ စာရင္းမ်ားအရသိရသည္။ယခုဘ႑ာႏွစ္အတြင္း ေမာင္ေတာနယ္စပ္မွ ပို႔ကုန္ ၈ ဒသမ ၆၅၄ သန္းဖိုး၊
သြင္းကုန္ ၀ ဒသမ ၀၂၄ သန္းဖိုးႏွင့္ကုန္သြယ္မႈပမာဏ ၈ ဒသမ ၆၇၈ သန္းဖိုးကုန္သြယ္မႈလုပ္ေဆာင္ထားႏိုင္ခဲ့ေၾကာင္းလည္းသိရသည္။Credit