ရည်းစား မရှိသူများအတွက် ချစ်သူရည်းစား ရသွားစေမည့် အံ့အားသင့်ဖွယ် ရေတွင်းကြီး
လောကကြီးမှာတော့ ထူးဆန်းပြီးတော့ အံ့အားသင့်စရာ ကောင်းသော အရာများနှင့် ပြည့်နှက်နေတာပဲ ဖြစ်ပါတယ်နော်။
အခုလည်းပဲ ဗီယက်နမ်နိုင်ငံမှ Cu Lao Cham ကျွန်းရှိ နှစ်ပေါင်း ၂၀၀ ကြာထိ တည်ရှိနေသေးသော ၅ မီတာ အနက်ရှိတဲ့ ရေတွင်း တစ်တွင်းသည် အလွန် ထူးခြား သောကြောင့် ခရီးသွားများ၏ အာရုံကို ဆွဲဆောင်ထားတယ်လို့ သိရပါတယ်နော်။
ရေတွင်းကြီးဟာ မိုးခေါင်ပြီးတော့ ရေများ ခန်းခြောက်နေသည့် အချိန်လျှင်ပင် ရေက မပြတ်ဘဲ သောက်သုံးနိုင်သေးပြီး စိတ်ကို ကြည်လင်စေတာပဲ ဖြစ်ပါတယ်တဲ့။
ထို့အပြင် အမျိုးသားများ ထိုရေတွင်းထဲမှ ရေ ၇ ခွက်တိတိ သောက်ပါက ချစ်သူ ရည်းစား ရနိုင်ပြီးတော့ မိန်းကလေးများကတော့ ၉ ခွက်တိတိ သောက်ရကာ အနည်းငယ်လေး ပိုသောက်မိပါက အကြံအစည် မအောင်မြင်နိုင်ပါဘူးတဲ့နော်။
အချို့သောသူများမှာ ကံကောင်းစေရန်အတွက် ရေသောက်ခြင်းဖြင့် ဆုတွေပါ တောင်းကြပြီးတော့ ရေတွင်း၏ ထူးခြားမှုမှာ တဖြည်းဖြည်း နာမည်ကြီးလာခဲ့တာပါနော်။
Credit – (Love Feeling )
Zawgyi
ရည္းစား မရွိသူမ်ားအတြက္ ခ်စ္သူရည္းစား ရသြားေစမည့္ အံ့အားသင့္ဖြယ္ ေရတြင္းႀကီး
ေလာကႀကီးမွာေတာ့ ထူးဆန္းၿပီးေတာ့ အံ့အားသင့္စရာ ေကာင္းေသာ အရာမ်ားႏွင့္ ျပည့္ႏွက္ေနတာပဲ ျဖစ္ပါတယ္ေနာ္။
အခုလည္းပဲ ဗီယက္နမ္ႏိုင္ငံမွ Cu Lao Cham ကြၽန္းရွိ ႏွစ္ေပါင္း ၂၀၀ ၾကာထိ တည္ရွိေနေသးေသာ ၅ မီတာ အနက္ရွိတဲ့ ေရတြင္း တစ္တြင္းသည္ အလြန္ ထူးျခား ေသာေၾကာင့္ ခရီးသြားမ်ား၏ အာ႐ုံကို ဆြဲေဆာင္ထားတယ္လို႔ သိရပါတယ္ေနာ္။
ေရတြင္းႀကီးဟာ မိုးေခါင္ၿပီးေတာ့ ေရမ်ား ခန္းေျခာက္ေနသည့္ အခ်ိန္လွ်င္ပင္ ေရက မျပတ္ဘဲ ေသာက္သုံးႏိုင္ေသးၿပီး စိတ္ကို ၾကည္လင္ေစတာပဲ ျဖစ္ပါတယ္တဲ့။
ထို႔အျပင္ အမ်ိဳးသားမ်ား ထိုေရတြင္းထဲမွ ေရ ၇ ခြက္တိတိ ေသာက္ပါက ခ်စ္သူ ရည္းစား ရႏိုင္ၿပီးေတာ့ မိန္းကေလးမ်ားကေတာ့ ၉ ခြက္တိတိ ေသာက္ရကာ အနည္းငယ္ေလး ပိုေသာက္မိပါက အႀကံအစည္ မေအာင္ျမင္ႏိုင္ပါဘူးတဲ့ေနာ္။
အခ်ိဳ႕ေသာသူမ်ားမွာ ကံေကာင္းေစရန္အတြက္ ေရေသာက္ျခင္းျဖင့္ ဆုေတြပါ ေတာင္းၾကၿပီးေတာ့ ေရတြင္း၏ ထူးျခားမႈမွာ တျဖည္းျဖည္း နာမည္ႀကီးလာခဲ့တာပါေနာ္။
Credit – (Love Feeling )