ရွှေနဲ့ပါတ်သတ်ပြီး မသိသေးသူများအတွက် မီးလင်းရွှေ (သို့မဟုတ်) အခေါက်ရွှေဆိုတာ

ရွှေဆိုတာ ‘မရှိ ဝမ်းစာ၊ ရှိ တန်ဆာ’ ဆိုသလို ရွှေဆိုတာ အရေးပေါ်ငွေလိုအပ်လာချိန် ငွေဖြစ်လွယ်ဆုံးအဖြစ် သတ်မှတ်ထားကြတာဖြစ်ပါတယ်

ဒါကြောင့် ရွှေကို စီးပွားရေးလုပ်ငန်းတစ်ခုလိုဝယ်ရောင်းလုပ်ကြတာရှိသလိုလက်ထဲမှာပိုက်ဆံမထားချင်တဲ့သူတွေအနေနဲ့ ရွှေကို ဝယ်စုထားတတ်ကြတာဖြစ်ပါတယ်။

ဒါကြောင့် ဝယ်ရောင်းလုပ်တဲ့နေရာမှာဖြစ်ဖြစ် ရွှေဝယ်စုတဲ့နေရာမှာဖြစ်ဖြစ် ရောင်းမှား ဝယ်မှားမဖြစ်ကြစေဖို့ ရွှေအကြောင်း မသိနားမလည်ရင် အကျိုးအမြတ်ထက် အရှုံးနှင့် ရင်ဆိုင်တွေ့ကြုံရတတ်ပါတယ်။

အဲ့ဒီအတွက် ရွှေနဲ့ပတ်သက်ပြီး ဗဟုသုတဖြစ်စေဖို့ မီးလင်းရွှေဆိုတာဘာလဲဆိုတာဖော်ပြပေးလိုက်ပါတယ်။

ရွှေဆိုသည်မှာ အရည်အကောင်းဆုံးမှ အရည်လျော့အထိ အစဉ်အားဖြင့်

၁။ အခေါက်ရွှေ(သို့မဟုတ်)မီးလင်း

၂။ ၁၅ပဲရည်

၃။ ဒင်္ဂါးရည် (သို့မဟုတ်) ၁၂ ရွေးစပ်

၄။ ၁၄ ပဲရည်

၅။ ရွေးသုံးဆယ်စပ်

၆။ မိုးကြိုး ဆိုပြီး အဆင့်ဆင့်ရှိပါသည်။

မီးလင်းရွှေဆိုတာ ၁၆ ပဲရည်ပြည့်အခေါက်ရွှေကို မီးဖုတ်လိုက်ပြီးလည်းအရောင်မပြောင်းဘဲသဘာဝရွှေသားအရောင်လေး ဖြစ်နေတာကို တင်စားပြောတာဖြစ်ပါတယ်။ ဘာဒြပ်စင်မှ မရောထားတဲ့ ၁၀၀% ရွှေသားစစ်စစ်ဖြစ်ပါတယ်။

ဒီနေရာမှာကြုံလို့ ပြောပြချင်တာက အချို့တွေ ၁၅ ပဲရည်ရွှေထည်ကို မီးထိလိုက်လို့ မည်းသွား/အရောင်ပြောင်းသွားတဲ့အခါ စိတ်ထဲတစ်မျိုးထင်တတ်ကြပါတယ်။

ရွှေကို အခြားဒြပ်စင်ရောထားတဲ့အခါ မီးဖုတ်လိုက်ရင်အရောင်ပြောင်းပါတယ်။ ၁၅ ပဲရည်ဖြစ်ဖို့ဆိုတာ ရွှေသားကို ကြေး၊ ဘော် ဒြပ်စင်တို့ အချိုးကျရောစပ်ထားတာဖြစ်ပါတယ်။

မီးလင်း အခေါက်ရွှေဆိုသည်မှာ ၉၉.၉၉ ရာခိုင်နှုန်း ဒြပ်စင်ဖြစ်ပါတယ်။ ဒါကြောင့် သန့်စင်သော ရွှေစစ်စစ်အရည်လို့ပြောနိုင်ပါတယ်။

အခေါက်ရွှေကို လုံးဝ ဂဟေမစက်ဘဲ ပြောင်အတိုင်း/ မူလအတိုင်း ရစ်ထား ခွေထားသော အခေါက်အရည်အသွေး လက်ဝတ်အထည်များကတော့ များသောအားဖြင့်

အလျော့လက်ခ မပါဝင်သဖြင့် ပြန်ရောင်းလျှင် အရှုံးမရှိဘဲကာလပေါက်စျေးအတိုင်းငွေသားပြန်လည်ရရှိမှာဖြစ်ပါတယ်။

ဒီလောက်ဆို ရွှေနှင့်ပတ်သက်ပြီး ဗဟုသုတ တစ်ခုအဖြစ် သိရှိသွားမယ်လို့ ထင်ပါတယ်။
Credit

Zawgyi

ေ႐ႊဆိုတာ ‘မရွိ ဝမ္းစာ၊ ရွိ တန္ဆာ’ ဆိုသလို ေ႐ႊဆိုတာ အေရးေပၚေငြလိုအပ္လာခ်ိန္ ေငြျဖစ္လြယ္ဆုံးအျဖစ္ သတ္မွတ္ထားၾကတာျဖစ္ပါတယ္

ဒါေၾကာင့္ ေ႐ႊကို စီးပြားေရးလုပ္ငန္းတစ္ခုလိုဝယ္ေရာင္းလုပ္ၾကတာရွိသလိုလက္ထဲမွာပိုက္ဆံမထားခ်င္တဲ့သူေတြအေနနဲ႔ ေ႐ႊကို ဝယ္စုထားတတ္ၾကတာျဖစ္ပါတယ္။

ဒါေၾကာင့္ ဝယ္ေရာင္းလုပ္တဲ့ေနရာမွာျဖစ္ျဖစ္ ေ႐ႊဝယ္စုတဲ့ေနရာမွာျဖစ္ျဖစ္ ေရာင္းမွား ဝယ္မွားမျဖစ္ၾကေစဖို႔ ေ႐ႊအေၾကာင္း မသိနားမလည္ရင္ အက်ိဳးအျမတ္ထက္ အရႈံးႏွင့္ ရင္ဆိုင္ေတြ႕ႀကဳံရတတ္ပါတယ္။

အဲ့ဒီအတြက္ ေ႐ႊနဲ႔ပတ္သက္ၿပီး ဗဟုသုတျဖစ္ေစဖို႔ မီးလင္းေ႐ႊဆိုတာဘာလဲဆိုတာေဖာ္ျပေပးလိုက္ပါတယ္။

ေ႐ႊဆိုသည္မွာ အရည္အေကာင္းဆုံးမွ အရည္ေလ်ာ့အထိ အစဥ္အားျဖင့္

၁။ အေခါက္ေ႐ႊ(သို႔မဟုတ္)မီးလင္း

၂။ ၁၅ပဲရည္

၃။ ဒဂၤါးရည္ (သို႔မဟုတ္) ၁၂ ေ႐ြးစပ္

၄။ ၁၄ ပဲရည္

၅။ ေ႐ြးသုံးဆယ္စပ္

၆။ မိုးႀကိဳး ဆိုၿပီး အဆင့္ဆင့္ရွိပါသည္။

မီးလင္းေ႐ႊဆိုတာ ၁၆ ပဲရည္ျပည့္အေခါက္ေ႐ႊကို မီးဖုတ္လိုက္ၿပီးလည္းအေရာင္မေျပာင္းဘဲသဘာဝေ႐ႊသားအေရာင္ေလး ျဖစ္ေနတာကို တင္စားေျပာတာျဖစ္ပါတယ္။ ဘာျဒပ္စင္မွ မေရာထားတဲ့ ၁၀၀% ေ႐ႊသားစစ္စစ္ျဖစ္ပါတယ္။

ဒီေနရာမွာႀကဳံလို႔ ေျပာျပခ်င္တာက အခ်ိဳ႕ေတြ ၁၅ ပဲရည္ေ႐ႊထည္ကို မီးထိလိုက္လို႔ မည္းသြား/အေရာင္ေျပာင္းသြားတဲ့အခါ စိတ္ထဲတစ္မ်ိဳးထင္တတ္ၾကပါတယ္။

ေ႐ႊကို အျခားျဒပ္စင္ေရာထားတဲ့အခါ မီးဖုတ္လိုက္ရင္အေရာင္ေျပာင္းပါတယ္။ ၁၅ ပဲရည္ျဖစ္ဖို႔ဆိုတာ ေ႐ႊသားကို ေၾကး၊ ေဘာ္ ျဒပ္စင္တို႔ အခ်ိဳးက်ေရာစပ္ထားတာျဖစ္ပါတယ္။

မီးလင္း အေခါက္ေ႐ႊဆိုသည္မွာ ၉၉.၉၉ ရာခိုင္ႏႈန္း ျဒပ္စင္ျဖစ္ပါတယ္။ ဒါေၾကာင့္ သန္႔စင္ေသာ ေ႐ႊစစ္စစ္အရည္လို႔ေျပာႏိုင္ပါတယ္။

အေခါက္ေ႐ႊကို လုံးဝ ဂေဟမစက္ဘဲ ေျပာင္အတိုင္း/ မူလအတိုင္း ရစ္ထား ေခြထားေသာ အေခါက္အရည္အေသြး လက္ဝတ္အထည္မ်ားကေတာ့ မ်ားေသာအားျဖင့္

အေလ်ာ့လက္ခ မပါဝင္သျဖင့္ ျပန္ေရာင္းလွ်င္ အရႈံးမရွိဘဲကာလေပါက္ေစ်းအတိုင္းေငြသားျပန္လည္ရရွိမွာျဖစ္ပါတယ္။

ဒီေလာက္ဆို ေ႐ႊႏွင့္ပတ္သက္ၿပီး ဗဟုသုတ တစ္ခုအျဖစ္ သိရွိသြားမယ္လို႔ ထင္ပါတယ္။
Credit

Leave a Comment