ရွှေတွေ ထုတ်ရောင်းနေလို့ ရွှေဈေး ဒေါ်လာဈေးကျမှာလား ? ဘယ်လောက်အထိကျနိုင်လဲဆိုတာ….
ကားဈေးကျမလား? တင်သွင်းခွင့်ပေးရင်ကျမယ်။ ရွှေဈေး၊ဒေါ်လာဈေး ကျရင် ကျမယ်။
ဘယ်လောက်ထိကျမလဲ? ဒေါ်လာပေါက်ဈေးဝန်းကျင်ထိ ကျမှာပေါ့။
ဒေါ်လာကဘယ်လောက်ပေါက်လဲ? အခု ရွှေတစ်အောင်စကို $၁၆၉၅ ပေါက်တယ်။ ရွှေကဒေါ်လာပေါ်မှီတာလား၊ဒေါ်လာကရွှေပေါ်မှီပြီး အတက်ကျဖြစ်တာလား?
နှစ်မျိုးစလုံးပဲ။ရေနံဈေး၊ စတော့မားကက်အညွှန်းကိန်း နဲ့ နိုင်ငံရေး(စစ်ဖြစ်မှာစိုးရိမ်တာ..စသည်)တွေကဈေးနူန်း အပြောင်းအလဲဖြစ်စေတာပေါ့။ကမ္ဘာ့စီးပွါးရေးကောင်း၊ မကောင်းအပေါ်လည်းတည်တာပေါ့။
ပုံမှန်ဆိုရင်တော့ ရွှေတစ်အောင်စကို $၁၆၈၀ နဲ့ $၁၇၁၅ ကြားမှာပေါက်ဈေးရှိနေတယ်။ဒါကို ဗဟိုဘဏ်သတ်မှတ် ရည်ညွှန်းဈေးနဲ့ချိန်ကြည့်ရင် (၁၉)သိန်းနဲ့ (၁၉.၅)သိန်းကြား ရွှေတစ်ကျပ်သားရဲ့ပေါက်ဈေးရှိရမှာပေါ့။(ဘာလို့မရှိတာ လဲတော့ ထပ်မမေးနဲ့တော့ဗျာ။)
ရွှေတွေထုတ်ရောင်းပေးနေရင်ဈေးတွေကျမလား? (၇)ပိသာပဲရောင်းရောင်း၊(၇)တန်ပဲရောင်းရောင်း ရွှေက ကမ္ဘာ့ပေါက်ဈေးရှိတယ်လေ။ (၁၉)သိန်းထက်နည်းရင် တရုတ်နဲ့အိန္ဒိယရောက်ချင်ရောက်သွားမှာပေါ့။
ဒေါ်လာကို ၂၁၀၀ ဝန်းကျင်နဲ့ဝယ်လို့ရရင်တော့ ရွှေက လည်း သိန်း(၂၀) ဝန်းကျင်ဖြစ်မှာပေါ့။ ဒီလိုမှမဟုတ်ရင် ရွှေဆိုတာ ဘယ်ဆိုင်ဝင်ဝယ်ဝယ်ရတယ်မဟုတ်လားဗျာ။
ဒါဆို အိမ်ခြံမြေဈေးရောကျဦးမလား? ရွှေနဲ့ဒေါ်လာကျရင် ကျမှာပေါ့ခင်ဗျာ။ လူတွေလက်ထဲ
လှည့်ပတ်ငွေနည်းသွားရင်လည်းကျမှာပေါ့ဗျာ။ ဒီတော့ ကျပ်ငွေကို ဒေါ်လာဘယ်လောက်နဲ့လဲရသလဲဆိုတာက အခရာကျတာသိလျှက်နဲ့ လျှောက်မေးမနေပါနဲ့တော့ဗျာ။
Kyaw San
Zawgyi
Kyaw San
Leave a Comment