စက်သုံးဆီတင်သွင်းသည့် ကုမ္ပဏီများအား ပုဂ္ဂလိကဘဏ်(၇)ခုမှ ကန်ဒေါ်လာ (၆.၇)သန်းအားရောင်းချပေး
ပုဂ္ဂလိကဘဏ် (၇) ခုကစက်သုံးဆီတင်သွင်းသည့်ကုမ္ပဏီများအား တစ်ဒေါ်လာ ၂၈၇၀ ကျပ်ဖြင့် ကန်ဒေါ်လာ ၆.၇ သန်း ရောင်းချပေးခဲ့ကြောင်းသိရပါသည်။
အောက်တိုဘာ(၁၃) ရက်တွင်ပုဂ္ဂလိကဘဏ် (၇) ခုမှစက်သုံးဆီတင်သွင်းသည့်ကုမ္ပဏီများအား ကန်ဒေါ်လာ ၆.၇ သန်းကို၂၈၇၀ နှုန်းဖြင့်ရောင်းချပေးခဲ့ကြောင်းသိရသည်။အဆိုပါပုဂ္ဂလိကဘဏ်များမှာ KBZ ဘဏ်၊ဧရာဝတီဘဏ်၊မြန်မာ့ရှေ့ဆောင်ဘဏ်၊CB ဘဏ်၊ရိုးမဘဏ်၊
တောင်သူလယ်သမားများ ဖွံ့ဖြိုးရေးဘဏ်နှင့်ကမ္ဘာ့ရတနာဘဏ်တို့ ဖြစ်ကြောင်းသိရသည်။အဆိုပါငွေထုတ်ရောင်းခြင်းအစီအစဉ်သည်ပြင်ပဈေးကွက်၌တည်ငြိမ်စပြုလာသည့်ဒေါ်လာဈေးကွက်ကိုတည်ငြိမ်စေရန်အစိုးရ၏လမ်းညွှန်မှုကြောင့်ဖြစ်နိုင်ပြီး
စက်သုံးဆီဈေးနှုန်းလည်းထပ်မံကျဆင်းလာနိုင်သည့်အခြေအနေရှိကြောင်း ငွေရေးကြေးရေးကျွမ်းကျင်သူများကသုံးသပ်ကြသည်။” အစိုးရက ညွှန်ကြားမှုကြောင့် ဖြစ်မယ်ထင်တယ်။ဘာဖြစ်လို့လဲဆိုတော့ အပြင်မှာငွေဈေးကောဆီဈေးပါတည်ငြိမ်စပြုလာပြီ။
ဒီလိုလုပ်ခြင်းအားဖြင့် ငွေဈေးရောဆီဈေးပါတက်မယ့်ကိစ္စကိုထိန်းချုပ်နိုင်မယ်လို့ ယူဆတဲ့သဘောပေါ့” ဟု ရန်ကုန်အခြေစိုက် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကပြောသည်။အောက်တိုဘာ(၁၃)ရက်တွင်ဒေါ်လာဈေးနှုန်းမှာ ၃၀၀၀ ကျပ်အဖြစ်တည်ရှိနေပြီး
ပြီးခဲ့သည့်နှစ်လအတွင်းအတက်ကြမ်းခဲ့သည့်ဒေါ်လာဈေးနှုန်းမှာ တည်ငြိမ်နေခြင်းဖြစ်သည်။ယင်းအပြင် စက်သုံးဆီ ဈေးနှုန်းမှာလည်း ၂၀၀၀ ကျပ်ဝန်းကျင်၌သာရှိနေပြီး ဆက်လက်ကျဆင်းမည့် အရိပ်အယောင်ရှိနေကြောင်းအဆိုပါ စီးပွားရေးလုပ်ငန်းရှင်ကပြောသည်။
ယနေ့ အောက်တိုဘာ (၁၄) ရက် ရန်ကုန်မြို့ရှိ စက်သုံးဆီဈေးနှုန်းများမှာ 92 တစ်လီတာလျင် ၁၉၇၀ ကျပ်၊ 95 တစ်လီတာလျင်၂၀၃၅ ကျပ်နှင့် ဒီဇယ်တစ်လီတာ ၂၇၀၀ ကျပ် နှင့်ပရီမီယံ ဒီဇယ် တစ်လီတာ ၂၇၈၅ကျပ် ဖြစ်ကြောင်းသိရသည်။
Credit
Zawgyi
စက္သုံးဆီတင္သြင္းသည့္ ကုမၸဏီမ်ားအား ပုဂၢလိကဘဏ္(၇)ခုမွ ကန္ေဒၚလာ (၆.၇)သန္းအားေရာင္းခ်ေပး
ပုဂၢလိကဘဏ္ (၇) ခုကစက္သုံးဆီတင္သြင္းသည့္ကုမၸဏီမ်ားအား တစ္ေဒၚလာ ၂၈၇၀ က်ပ္ျဖင့္ ကန္ေဒၚလာ ၆.၇ သန္း ေရာင္းခ်ေပးခဲ့ေၾကာင္းသိရပါသည္။
ေအာက္တိုဘာ(၁၃) ရက္တြင္ပုဂၢလိကဘဏ္ (၇) ခုမွစက္သုံးဆီတင္သြင္းသည့္ကုမၸဏီမ်ားအား ကန္ေဒၚလာ ၆.၇ သန္းကို၂၈၇၀ ႏႈန္းျဖင့္ေရာင္းခ်ေပးခဲ့ေၾကာင္းသိရသည္။အဆိုပါပုဂၢလိကဘဏ္မ်ားမွာ KBZ ဘဏ္၊ဧရာဝတီဘဏ္၊ျမန္မာ့ေရွ႕ေဆာင္ဘဏ္၊CB ဘဏ္၊႐ိုးမဘဏ္၊
ေတာင္သူလယ္သမားမ်ား ဖြံ႕ၿဖိဳးေရးဘဏ္ႏွင့္ကမာၻ႔ရတနာဘဏ္တို႔ ျဖစ္ေၾကာင္းသိရသည္။အဆိုပါေငြထုတ္ေရာင္းျခင္းအစီအစဥ္သည္ျပင္ပေဈးကြက္၌တည္ၿငိမ္စျပဳလာသည့္ေဒၚလာေဈးကြက္ကိုတည္ၿငိမ္ေစရန္အစိုးရ၏လမ္းၫႊန္မႈေၾကာင့္ျဖစ္ႏိုင္ၿပီး
စက္သုံးဆီေဈးႏႈန္းလည္းထပ္မံက်ဆင္းလာႏိုင္သည့္အေျခအေနရွိေၾကာင္း ေငြေရးေၾကးေရးကြၽမ္းက်င္သူမ်ားကသုံးသပ္ၾကသည္။” အစိုးရက ၫႊန္ၾကားမႈေၾကာင့္ ျဖစ္မယ္ထင္တယ္။ဘာျဖစ္လို႔လဲဆိုေတာ့ အျပင္မွာေငြေဈးေကာဆီေဈးပါတည္ၿငိမ္စျပဳလာၿပီ။
ဒီလိုလုပ္ျခင္းအားျဖင့္ ေငြေဈးေရာဆီေဈးပါတက္မယ့္ကိစၥကိုထိန္းခ်ဳပ္ႏိုင္မယ္လို႔ ယူဆတဲ့သေဘာေပါ့” ဟု ရန္ကုန္အေျခစိုက္ စီးပြားေရးလုပ္ငန္းရွင္တစ္ဦးကေျပာသည္။ေအာက္တိုဘာ(၁၃)ရက္တြင္ေဒၚလာေဈးႏႈန္းမွာ ၃၀၀၀ က်ပ္အျဖစ္တည္ရွိေနၿပီး
ၿပီးခဲ့သည့္ႏွစ္လအတြင္းအတက္ၾကမ္းခဲ့သည့္ေဒၚလာေဈးႏႈန္းမွာ တည္ၿငိမ္ေနျခင္းျဖစ္သည္။ယင္းအျပင္ စက္သုံးဆီ ေဈးႏႈန္းမွာလည္း ၂၀၀၀ က်ပ္ဝန္းက်င္၌သာရွိေနၿပီး ဆက္လက္က်ဆင္းမည့္ အရိပ္အေယာင္ရွိေနေၾကာင္းအဆိုပါ စီးပြားေရးလုပ္ငန္းရွင္ကေျပာသည္။
ယေန႔ ေအာက္တိုဘာ (၁၄) ရက္ ရန္ကုန္ၿမိဳ႕ရွိ စက္သုံးဆီေဈးႏႈန္းမ်ားမွာ 92 တစ္လီတာလ်င္ ၁၉၇၀ က်ပ္၊ 95 တစ္လီတာလ်င္၂၀၃၅ က်ပ္ႏွင့္ ဒီဇယ္တစ္လီတာ ၂၇၀၀ က်ပ္ ႏွင့္ပရီမီယံ ဒီဇယ္ တစ္လီတာ ၂၇၈၅က်ပ္ ျဖစ္ေၾကာင္းသိရသည္။
Credit