ပြည်ပသို့သွားမည့်သူများအတွက် လေဆိပ်တွင် ဒေါ်လာများရောင်းချပေးရန်စီစဉ်နေ
ပြည်ပသို့ ထွက်ခွာအလုပ်လုပ်ကိုင်မည့်သူများ၊ဆေးကုသမှုခံယူရန်ထွက်ခွာမည့်သူများနှင့်ပညာတော်သင်သွားရောက်မည့်သူများအားအသေးသုံးနိုင်ငံခြားငွေအဖြစ်ရန်ကုန်လေဆိပ်တွင်ဒေါ်လာရောင်းချပေးရန်စီစဉ်နေကြောင်းသိရသည်။
ပြည်ပသို့ထွက်ခွာသူများအနေဖြင့်ပြင်ပဈေးကွက်အတွင်းဈေးနှုန်းမြင့်မားစွာဝယ်ယူနေရပြီးအဆိုပါ ဝယ်ယူမှုများကြောင့်ဈေးကစားသူများနှင့်လေပတ်ကားသမားများ၏ငွေဈေးကစားမှုများကိုထိန်းချုပ်ရန် ကြိုးပမ်းမှုဖြစ်နိုင်ကြောင်းသုံးသပ်မှုများလည်းရှိသည်။
အဆိုပါ ဒေါ်လာငွေရောင်းချပေးမည့်အစီအစဉ်ကိုမြန်မာနိုင်ငံဗဟိုဘဏ်နှင့်မြန်မာနိုင်ငံဘဏ်များအသင်းတို့ပူးပေါင်းစီစဉ်နေခြင်းဖြစ်ကြောင်းသိရသည်။ဗဟိုဘဏ်အနေဖြင့် ပြည်တွင်းရှိ နိုင်ငံခြားငွေ ဈေးကွက်တွင်မတည်မငြိမ်ဖြစ်နေသည့်အမေရိကန်ဒေါ်လာဈေးနှုန်းကိုထိန်းချုပ်ရန်
နည်းလမ်းမျိုးစုံဖြင့်ကြိုးစားနေသော်လည်းအတက်အကျရှိနေဆဲဖြစ်သည်။ပြီးခဲ့သည့် လများအတွင်း ပြည်ပထွက်ခွာ၍ အလုပ်လုပ်ကိုင်သူရာနှင့်ချီရှိပြီ ၎င်းတို့အတွက်လိုအပ်သည့်ဒေါ်လာအရေအတွက်ကို ပြင်ပဈေးကွက်တွင်မတန်တဆဈေးနှုန်းများဖြင့်ဝယ်ယူရမှုများရှိခဲ့သည်။
အဆိုပါ အခက်အခဲကိုဖြေရှင်းသည့်အနေဖြင့် ယခုကဲ့သို့ ဒေါ်လာထုတ်ရောင်းပေးမှုသည်အစီအစဉ်ကောင်းတစ်ခုဖြစ်သော်လည်း ဗဟိုဘဏ်ရည်ညွှန်းဈေးအတိုင်းရောင်းချပေးသင့်ကြောင်း ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီတစ်ခုမှတာဝန်ရှိသူတစ်ဦးကပြောသည်။
” တချို့က Show Money ပြရတာတွေရှိတယ်လေ။အဲတော့ ပြည်ပထွက်မယ့်သူတွေအတွက်ဒေါ်လာက မဖြစ်မနေလိုအပ်တယ်။အခုလိုရောင်းပေးမယ်ဆိုရင်တော့ကောင်းတာပေါ့။ဒါပေမဲ့ဘယ်ဈေးနဲ့ ရောင်းမှာလဲ။ဗဟိုဘဏ်ရည်ညွှန်းဈေးအတိုင်းရောင်းပေးရင်တော့ကောင်းတာပေါ့” ဟု
၎င်းက ပြောသည်။အဆိုပါဒေါ်လာရောင်းချပေးမည့်အစီအစဉ်ကိုမည်သည့်အချိန်စတင်မည်ဖြစ်ပြီး လူတစ်ဦးလျင်မည်မျှရောင်းချပေးမည်နှင့်ဈေးနှုန်းသတ်မှတ်ချက်အပေါ်သက်ဆိုင်ရာကသတင်းထုတ်ပြန်ထားခြင်းမရှိသေးပေ။
Credit
Zawgyi
ျပည္ပသို႔သြားမည့္သူမ်ားအတြက္ ေလဆိပ္တြင္ ေဒၚလာမ်ားေရာင္းခ်ေပးရန္စီစဥ္ေန
ျပည္ပသို႔ ထြက္ခြာအလုပ္လုပ္ကိုင္မည့္သူမ်ား၊ေဆးကုသမႈခံယူရန္ထြက္ခြာမည့္သူမ်ားႏွင့္ပညာေတာ္သင္သြားေရာက္မည့္သူမ်ားအားအေသးသုံးႏိုင္ငံျခားေငြအျဖစ္ရန္ကုန္ေလဆိပ္တြင္ေဒၚလာေရာင္းခ်ေပးရန္စီစဥ္ေနေၾကာင္းသိရသည္။
ျပည္ပသို႔ထြက္ခြာသူမ်ားအေနျဖင့္ျပင္ပေဈးကြက္အတြင္းေဈးႏႈန္းျမင့္မားစြာဝယ္ယူေနရၿပီးအဆိုပါ ဝယ္ယူမႈမ်ားေၾကာင့္ေဈးကစားသူမ်ားႏွင့္ေလပတ္ကားသမားမ်ား၏ေငြေဈးကစားမႈမ်ားကိုထိန္းခ်ဳပ္ရန္ ႀကိဳးပမ္းမႈျဖစ္ႏိုင္ေၾကာင္းသုံးသပ္မႈမ်ားလည္းရွိသည္။
အဆိုပါ ေဒၚလာေငြေရာင္းခ်ေပးမည့္အစီအစဥ္ကိုျမန္မာႏိုင္ငံဗဟိုဘဏ္ႏွင့္ျမန္မာႏိုင္ငံဘဏ္မ်ားအသင္းတို႔ပူးေပါင္းစီစဥ္ေနျခင္းျဖစ္ေၾကာင္းသိရသည္။ဗဟိုဘဏ္အေနျဖင့္ ျပည္တြင္းရွိ ႏိုင္ငံျခားေငြ ေဈးကြက္တြင္မတည္မၿငိမ္ျဖစ္ေနသည့္အေမရိကန္ေဒၚလာေဈးႏႈန္းကိုထိန္းခ်ဳပ္ရန္
နည္းလမ္းမ်ိဳးစုံျဖင့္ႀကိဳးစားေနေသာ္လည္းအတက္အက်ရွိေနဆဲျဖစ္သည္။ၿပီးခဲ့သည့္ လမ်ားအတြင္း ျပည္ပထြက္ခြာ၍ အလုပ္လုပ္ကိုင္သူရာႏွင့္ခ်ီရွိၿပီ ၎တို႔အတြက္လိုအပ္သည့္ေဒၚလာအေရအတြက္ကို ျပင္ပေဈးကြက္တြင္မတန္တဆေဈးႏႈန္းမ်ားျဖင့္ဝယ္ယူရမႈမ်ားရွိခဲ့သည္။
အဆိုပါ အခက္အခဲကိုေျဖရွင္းသည့္အေနျဖင့္ ယခုကဲ့သို႔ ေဒၚလာထုတ္ေရာင္းေပးမႈသည္အစီအစဥ္ေကာင္းတစ္ခုျဖစ္ေသာ္လည္း ဗဟိုဘဏ္ရည္ၫႊန္းေဈးအတိုင္းေရာင္းခ်ေပးသင့္ေၾကာင္း ျပည္ပအလုပ္အကိုင္ရွာေဖြေရးေအဂ်င္စီတစ္ခုမွတာဝန္ရွိသူတစ္ဦးကေျပာသည္။
” တခ်ိဳ႕က Show Money ျပရတာေတြရွိတယ္ေလ။အဲေတာ့ ျပည္ပထြက္မယ့္သူေတြအတြက္ေဒၚလာက မျဖစ္မေနလိုအပ္တယ္။အခုလိုေရာင္းေပးမယ္ဆိုရင္ေတာ့ေကာင္းတာေပါ့။ဒါေပမဲ့ဘယ္ေဈးနဲ႔ ေရာင္းမွာလဲ။ဗဟိုဘဏ္ရည္ၫႊန္းေဈးအတိုင္းေရာင္းေပးရင္ေတာ့ေကာင္းတာေပါ့” ဟု
၎က ေျပာသည္။အဆိုပါေဒၚလာေရာင္းခ်ေပးမည့္အစီအစဥ္ကိုမည္သည့္အခ်ိန္စတင္မည္ျဖစ္ၿပီး လူတစ္ဦးလ်င္မည္မွ်ေရာင္းခ်ေပးမည္ႏွင့္ေဈးႏႈန္းသတ္မွတ္ခ်က္အေပၚသက္ဆိုင္ရာကသတင္းထုတ္ျပန္ထားျခင္းမရွိေသးေပ။
Credit