သားသမီး ၇ ယောက်ကို ထောက်ပံ့ရင်း အသက် ၅၅ နှစ်အရွယ်မှာမှ စီးပွါးရေးဘွဲ့ကိုရရှိခဲ့တဲ့ လမ်းသန့်ရှင်းရေးဝန်ထမ်း
အသက် ၅၅နှစ်အရွယ်လမ်းသန့်ရှင်းရေးသမားတစ်ဦးဟာစီးပွားရေးဘွဲ့ရရှိပြီးသူမဟာအခြားသူများအားအခြေအနေများမည်သို့ပင်ရှိနေပါစေ ၎င်းတို့၏အိပ်မက်များသို့ရောက်အောင်လှမ်းရန် လှုံ့ဆော်ပေးခဲ့တာကြောင့် လူသိများသွားခဲ့ပါတယ်။ တကယ်လည်း နောက်ဆုံးတော့ အသက်ဟာ ကိန်းဂဏန်းတစ်ခုသာသာဘဲမဟုတ်လားဗျာ။
လူအများစုဟာ ကောလိပ်ကနေဘွဲ့ရပြီး အလုပ်ကောင်းကောင်းရှာဖို့အိမ်မက်မက်ကြပါတယ်။ သို့သော် ၎င်းဟာ အထူးသဖြင့်ကျောင်းမတက်နိုင်တဲ့ဆင်းရဲသားများအတွက်ခက်ခဲတဲ့ဆန္ဒတစ်ခုပါ။ဖိလစ်ပိုင်လူမျိုးများစွာဟာ၎င်းတို့ရဲ့မိသားစုများကိုအရင်ကူညီပံ့ပိုးဖို့အလုပ်အကိုင်ရှာဖွေရန် ၎င်းတို့ရဲ့လေ့လာနေဆဲပညာရေးကို ရပ်ဆိုင်းထားတတ်ကြပါတယ်။
ဒီလူတွေအတွက် ၎င်းတို့ရဲ့ကောလိပ်ပညာရေးကိုပြီးမြောက်ဖို့ဆိုတာက အရမ်းခက်ခဲတဲ့ပန်းတိုင်တစ်ခုပါဘဲ။ သို့ပေမယ့် လမ်းသန့်ရှင်းရေးသမားတစ်ဦးဖြစ်တဲ့ Ofelia Mondaya အမည်ရှိဒီအမျိုးသမီးကတော့သူမရဲ့အိမ်မက်တွေကိုမရပ်ဘဲဆက်မက်နေခဲ့ပါတယ်။သူမဟာငယ်ရွယ်စဉ်ကအထက်တန်းကျောင်းကိုတောင်မတက်နိုင်ခဲ့ပေမယ့် သူမဟာ ပညာရေးဝန်ကြီးဌာနရဲ့အခြားနည်းပညာသင်ယူမှုစနစ် (DepEd) ကိုလည်း တက်ရောက်သင်ယူခဲ့ပါတယ်။
ထို့နောက် သူမဟာ ၂၀၁၄ ခုနှစ်တွင် အထက်တန်းဒီပလိုမာတစ်ခုရရှိခဲ့ပြီးနောက် သူမဟာ စီးပွားရေးစီမံခန့်ခွဲမှုသင်တန်းတစ်ခုအတွက် Batangas City ရှိ Colegio ng Lungsod ng Batangas တွင်ကျောင်းအပ်ခဲ့ပါတယ်။သူမကိုယ်တိုင်နှင့်သူမရဲ့မိသားစုကိုထောက်ပံ့ရန်သူမရဲ့အလုပ်အကိုင်ရှိဖို့လည်းလိုအပ်တာကြောင့် Ofelia ဟာ လမ်းသန့်ရှင်းရေးသမားအဖြစ်ဆက်လက်ရပ်တည်ခဲ့ပါတယ်။
ကြင်နာတဲ့သူမရဲ့အထက်ကြီးကြပ်ရေးမှူးကလည်း သူမအလုပ်လုပ်ရင်း ကျောင်းဆက်တက်နိုင်ရန် သူမရဲ့အချိန်ဇယားကို ကူညီစီစဉ်ပေးခဲ့ပါသေးတယ်။နှစ်ပေါင်းများစွာကြာပြီးနောက် Ofelia ဟာ နောက်ဆုံးတွင်ကောလိပ်မှဘွဲ့ရခဲ့ပါတယ်။
ဘွဲ့နှင်းသဘင်အခမ်းအနားများဖျက်သိမ်းလိုက်တာကြောင့်စင်ပေါ်သို့မတက်နိုင်ခဲ့သော်လည်းသူမနှင့်သူမရဲ့မိသားစုဟာဤအံ့သြဖွယ်သမိုင်းမှတ်တိုင်ကိုအောင် မြင်နိုင်ခဲ့ခြင်းအတွက် ဂုဏ်ယူနေခဲ့ကြပါတယ်။Ofelia အတွက်နောက်ထပ်ခြေလှမ်းတစ်ခုမှာ သူမဟာ မြို့တော်ခန်းမတွင် ‘ job order’ ဝန်ထမ်းတစ်ဦး သာဖြစ်တာကြောင့် သူမရဲ့ဒီပလိုမာကိုသုံးပြီး အတည်တကျဖြစ်မဲ့အလုပ်တစ်ခုကိုရှာရန်ဘဲဖြစ်ပါတယ်။
သူမအနေနဲ့ သူမရဲ့သားသမီး ၇ ယောက်စလုံးကို ကောလိပ်သို့ပို့နိုင်အောင် ပိုကောင်းတဲ့ အလုပ်တစ်ခုရှာနိုင်လိမ့်မယ်လို့မျှော်လင့်ထားကြောင်း ပြောကြားခဲ့ပါတယ်။
Credit
Zawgyi
သားသမီး ၇ ေယာက္ကို ေထာက္ပံ့ရင္း အသက္ ၅၅ ႏွစ္အ႐ြယ္မွာမွ စီးပြါးေရးဘြဲ႕ကိုရရွိခဲ့တဲ့ လမ္းသန႔္ရွင္းေရးဝန္ထမ္း
အသက္ ၅၅ႏွစ္အ႐ြယ္လမ္းသန႔္ရွင္းေရးသမားတစ္ဦးဟာစီးပြားေရးဘြဲ႕ရရွိၿပီးသူမဟာအျခားသူမ်ားအားအေျခအေနမ်ားမည္သို႔ပင္ရွိေနပါေစ ၎တို႔၏အိပ္မက္မ်ားသို႔ေရာက္ေအာင္လွမ္းရန္ လႈံ႕ေဆာ္ေပးခဲ့တာေၾကာင့္ လူသိမ်ားသြားခဲ့ပါတယ္။ တကယ္လည္း ေနာက္ဆုံးေတာ့ အသက္ဟာ ကိန္းဂဏန္းတစ္ခုသာသာဘဲမဟုတ္လားဗ်ာ။
လူအမ်ားစုဟာ ေကာလိပ္ကေနဘြဲ႕ရၿပီး အလုပ္ေကာင္းေကာင္းရွာဖို႔အိမ္မက္မက္ၾကပါတယ္။ သို႔ေသာ္ ၎ဟာ အထူးသျဖင့္ေက်ာင္းမတက္ႏိုင္တဲ့ဆင္းရဲသားမ်ားအတြက္ခက္ခဲတဲ့ဆႏၵတစ္ခုပါ။ဖိလစ္ပိုင္လူမ်ိဳးမ်ားစြာဟာ၎တို႔ရဲ႕မိသားစုမ်ားကိုအရင္ကူညီပံ့ပိုးဖို႔အလုပ္အကိုင္ရွာေဖြရန္ ၎တို႔ရဲ႕ေလ့လာေနဆဲပညာေရးကို ရပ္ဆိုင္းထားတတ္ၾကပါတယ္။
ဒီလူေတြအတြက္ ၎တို႔ရဲ႕ေကာလိပ္ပညာေရးကိုၿပီးေျမာက္ဖို႔ဆိုတာက အရမ္းခက္ခဲတဲ့ပန္းတိုင္တစ္ခုပါဘဲ။ သို႔ေပမယ့္ လမ္းသန႔္ရွင္းေရးသမားတစ္ဦးျဖစ္တဲ့ Ofelia Mondaya အမည္ရွိဒီအမ်ိဳးသမီးကေတာ့သူမရဲ႕အိမ္မက္ေတြကိုမရပ္ဘဲဆက္မက္ေနခဲ့ပါတယ္။သူမဟာငယ္႐ြယ္စဥ္ကအထက္တန္းေက်ာင္းကိုေတာင္မတက္ႏိုင္ခဲ့ေပမယ့္ သူမဟာ ပညာေရးဝန္ႀကီးဌာနရဲ႕အျခားနည္းပညာသင္ယူမႈစနစ္ (DepEd) ကိုလည္း တက္ေရာက္သင္ယူခဲ့ပါတယ္။
ထို႔ေနာက္ သူမဟာ ၂၀၁၄ ခုႏွစ္တြင္ အထက္တန္းဒီပလိုမာတစ္ခုရရွိခဲ့ၿပီးေနာက္ သူမဟာ စီးပြားေရးစီမံခန႔္ခြဲမႈသင္တန္းတစ္ခုအတြက္ Batangas City ရွိ Colegio ng Lungsod ng Batangas တြင္ေက်ာင္းအပ္ခဲ့ပါတယ္။သူမကိုယ္တိုင္ႏွင့္သူမရဲ႕မိသားစုကိုေထာက္ပံ့ရန္သူမရဲ႕အလုပ္အကိုင္ရွိဖို႔လည္းလိုအပ္တာေၾကာင့္ Ofelia ဟာ လမ္းသန႔္ရွင္းေရးသမားအျဖစ္ဆက္လက္ရပ္တည္ခဲ့ပါတယ္။
ၾကင္နာတဲ့သူမရဲ႕အထက္ႀကီးၾကပ္ေရးမႉးကလည္း သူမအလုပ္လုပ္ရင္း ေက်ာင္းဆက္တက္ႏိုင္ရန္ သူမရဲ႕အခ်ိန္ဇယားကို ကူညီစီစဥ္ေပးခဲ့ပါေသးတယ္။ႏွစ္ေပါင္းမ်ားစြာၾကာၿပီးေနာက္ Ofelia ဟာ ေနာက္ဆုံးတြင္ေကာလိပ္မွဘြဲ႕ရခဲ့ပါတယ္။
ဘြဲ႕ႏွင္းသဘင္အခမ္းအနားမ်ားဖ်က္သိမ္းလိုက္တာေၾကာင့္စင္ေပၚသို႔မတက္ႏိုင္ခဲ့ေသာ္လည္းသူမႏွင့္သူမရဲ႕မိသားစုဟာဤအံ့ၾသဖြယ္သမိုင္းမွတ္တိုင္ကိုေအာင္ ျမင္ႏိုင္ခဲ့ျခင္းအတြက္ ဂုဏ္ယူေနခဲ့ၾကပါတယ္။Ofelia အတြက္ေနာက္ထပ္ေျခလွမ္းတစ္ခုမွာ သူမဟာ ၿမိဳ႕ေတာ္ခန္းမတြင္ ‘ job order’ ဝန္ထမ္းတစ္ဦး သာျဖစ္တာေၾကာင့္ သူမရဲ႕ဒီပလိုမာကိုသုံးၿပီး အတည္တက်ျဖစ္မဲ့အလုပ္တစ္ခုကိုရွာရန္ဘဲျဖစ္ပါတယ္။
သူမအေနနဲ႔ သူမရဲ႕သားသမီး ၇ ေယာက္စလုံးကို ေကာလိပ္သို႔ပို႔ႏိုင္ေအာင္ ပိုေကာင္းတဲ့ အလုပ္တစ္ခုရွာႏိုင္လိမ့္မယ္လို႔ေမွ်ာ္လင့္ထားေၾကာင္း ေျပာၾကားခဲ့ပါတယ္။
Credit